-ကဗျာဆရာ-

ဝေဒနာ သုသေတနသမား

အက္ခရာ ဆော့ကစားသူ

ကလောင် သူရဲကောင်း

သုံရာသီဆက် ခြေရာ

ကမ္ဘာလှည့် ခရီးသည်

မေတ္တာဝေရာ ဂိုဒေါင်

ပဟေဠိပိုင်ရှင်

အရူးလွယ်အိတ်

လိုတရ ဆီးမီးခွက်

ဓာတ်လေးပါး မုဆိုး

လောကဓံ ဂျိုကာရုပ်

ကောင်းကင်မူပိုင် (ကြယ်)

စကားနည်းသော ပညာရှိ ။ ။

စေပိုင်ထွဋ်(ပုသိမ်)

9 comments

    • စေပိုင်ထွဋ် (ပုသိမ်)

      August 1, 2012 at 4:45 pm

      title poetry ပုံစံထွင်ရေးထားတာပါ။

  • may flowers

    July 28, 2012 at 7:41 pm

    အားပေးသွားပါတယ်။

  • ဝေးလွင့်တိမ်

    July 28, 2012 at 9:01 pm

    ကဗျာဆရာဆိုတာ လမင်းကိုဘေးလွယ်အိတ်ထဲထည့်ပြီး ကြယ်တွေကို ခိုးခိုးသောက်တတ်တဲ့သူတွေပါ။

  • မောင်ပေ

    July 28, 2012 at 9:17 pm

    ကျွန်တော်လဲ ကဗျာဖတ်ရတာ
    ကဗျာရေးရတာ ကို ဝါသနာကြီးတယ်
    ကျွန်တော် ကဗျာတစ်ပုဒ်ရေးဖို ့အတွက်
    ပထမဆုံး
    ဘီယာ၄ခွက် အရင်းအနှီးလိုအပ်တယ်
    အဲဒါပြီးရင်
    ခံစားချက်တွေကို
    စကားလုံးတွေအဖြစ် ထုဆစ်မယ်
    ပြောနေတာကြာတယ်
    ကဗျာတစ်ပုဒ်ရလို ့ရငြား
    ဘီယာဆိုင်ကို ပြေးမယ်

  • mamanoyar

    July 29, 2012 at 10:11 am

    ဖတ်ရှုအားပေးသွားပါတယ်ရှင့်

  • မဟာရာဇာ အံစာတုံး

    July 29, 2012 at 3:38 pm

    အပေါ်က လူဂျီးလိုပါပဲ ..
    သို့ပေသိ ကျနော်ကတော့ဖြင့်
    သူ့လို ဘီယာ မဟုတ် ..
    လိုတာက ချေးလိပ်ဘာ ..
    ချေးလိပ်လေးများ ဖွာပြီး တွေးလိုက်ရင်
    ကဗျာတွေက မီးခိုးငွေ့တွေကြားမှာ လွှင့်ပျံလို့ …

    ကိုစေပိုင်ထွဋ် ..
    ခင်ဗျားလည်း ပျောက်ချက်ကား ကောင်းသားဗျနော့ ..
    အားရင် ရွာထဲ ရေးတင်ပါဦးလို့ ..

    • စေပိုင်ထွဋ် (ပုသိမ်)

      August 1, 2012 at 4:55 pm

      ကျွန်တော် ပြန်လာပြီဖြစ်ကြောင်း
      မောင်းထုအပ်ပါတယ်
      ဒူ….ဝေ…ဝေ

  • zoonzom andeson

    July 29, 2012 at 5:14 pm

    Juicy Couture Ohrringe JCER0051 – €19.65 : Zen Cart!, The Art of E-commerce

Leave a Reply