ISO ထဲဝင်ပါ

phone_kyawJuly 28, 20121min593
တရုတ်နိုင်ငံဟာ International Organization for Standardization (ISO) ရဲ ့မန်ဘာတစ်ဦးဖြစ်တယ်။ ဒီတော့ အိုင်အက်စ်အိုရဲ ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ အကောင်အထည်ဖော်ရပါတယ်။

ISO 26000 Social responsibility
ISO 14000 Environmental management

ဆိုတဲ့ ဥပဒေပဲခေါ်ခေါ် စည်းမျဉ်းပဲခေါ်ခေါ် ခေါ်ချင်သလိုသာခေါ်ပါ။ ဒါတွေကို တရုတ်နိုင်ငံက လူတိုင်း၊ Company တိုင်းလေးစားလိုက်နာရပါတယ်။

ဒါပေမဲ့ တရုတ်က မြန်မာနိုင်ငံနဲ ့ပက်သက်ရင် အဲဒိလိုမလုပ်ပါဘူး။

အရည်အသေးနိမ်တဲ့ပစ္စည်းတွေထုတ်ပြီးရောင်းတယ်။ ပြည်တွင်းထဲမှာ တူးချင်သလိုတူးတယ်။ လုပ်ချင်သလိုလုပ်တယ်။

ဩစတျေးလျအပါအဝင်၊ ချမ်းသာတဲ့နိုင်ငံတွေကို ပိုတဲ့ ကုန်ပစ္စည်းကြတော့ အိုင်အက်စ်ကိုရဲ ့စည်းကမ်းကို လိုက်နာတယ်။ မြန်မာပြည်နဲ ့လုပ်ရင် စောက်ဂရုမစိုက်ဘူး။ ဘာ့ကြောင့်လဲဆိုတော့….မြန်မာနိုင်ငံဟာ အိုင်အက်စ်ကိုရဲ ့အဖွဲ ့ဝင်မဟုတ်လို ့ပါ။

ဒါ့ကြောင့် မြန်မာနိုင်ငံထဲမှာ Company တွေ ထင်တိုင်းကျဲနေတာပါ။ မြန်မာအစိုးရ အိုင်အက်စ်ထဲကို ဝင်ပါ။ ဒါဆိုရင် တိုင်းပြည်က ဒိထက့်ပိုပြီးစနစ်ကျလာပါမယ်။

3 comments

  • သရဲ ပြေး ဘီလူး ငို

    July 28, 2012 at 6:55 pm

    ဟုတ်ကပါ ကိုဘုန်းကျော် ပြောလိုက်ပါပြီ
    လွှတ်တော်မှာ တင်ပြပေးမယ် တဲ့လေ

  • မောင်ပေ

    July 29, 2012 at 12:17 pm

    တရုတ်ပစ္စည်းတွေဟာ မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေ အတွက် ဝယ်နိုင်တယ် ၊ သုံးပျော်တယ် လို ့ဆိုပေမယ့် ၊ စိတ်ချရမှု လုံးဝမရှိတာကို တစ်ဖြေးဖြေးနဲ ့တွေ ့လာကြပါပြီ ။
    နောက်ပြီး မြန်မာနိုင်ငံကနေ တရုတ်ကို သွားပြီးကုန်သယ်နေတဲ့ တစ်နိုင်တစ်ပိုင် နဲ ့ သိန်းထောင်ချီ သောင်းချီ သယ်နေကြတဲ့ ကုန်သည်ကြီး ၊ ကုန်သည်လတ် ၊ ကုန်သည်လေးတွေ က လဲ ကုန်ပစ္စည်းရဲ ့အရည်အသွေးကို တစ်ခါသယ် တစ်ခါပြောင်း တဲ့ ပုံစံမျိုး လုပ်လာပါတယ် ။
    ကုန်ပစ္စည်း ရဲ ့အရည်အသွေး တစ်ခါသယ် တစ်ခါပြောင်း ဆိုတာ ၊ ပစ္စည်း အရည်အသွေး ကျလာတာပါ
    မြန်မြန်သုံး မြန်မြန်ကုန် မြန်မြန်ထပ်ဝယ် ဆိုတဲ့ လမ်းစဉ်ကို လိုက်နေကြတော့ ၊ သုံးစွဲရသူတွေ မှာ အရမ်းနစ်နာပါတယ် ။
    ဥပမာဆိုရရင် ကုန်သည်တစ်ယောက် ဟာ ရွှေလီ ဘက်ကို ရောက်သွားပြီး ၊ ဒီမှာ သုံးနေကြတဲ့ ကုန်ပစ္စည်း တစ်ခုကို အရည်အသွေးကောင်းကောင်းနဲ ့ သယ်လာပါတယ် ။ အဲဒီပစ္စည်း ကို ဈေးကွက်မှာ ရအောင် အမြတ်နဲနဲပဲ ယူပြီး ဖောက်ပါတယ် ။ နံမည်ရပြီ ဆိုတာနဲ ့ … နောက်ထပ် ထပ်ဝင်လာတဲ့ ပစ္စည်းအားလုံးဟာ တစ်နေ ့တစ်ခြား ညံ့လာပါတော့တယ် ။

  • P chogyi

    July 29, 2012 at 5:14 pm

    ဝင်ချင်တယ်
    ဘယ်လိုဝင်ရမလဲ
    ပြောပေးပါဦး

Leave a Reply