ရွာသူ အသစ်လေးပါရှင်

shwe zinJuly 28, 20121min22940

မန်းဂေဇက်မှာ register မလုပ်ဘဲ ဝင်ဝင်ဖတ်နေမိတာ တစ်နှစ်ကျော်ပါပြီ။

သူကြီး ဦးခိုင်၊ အဘဖော ၊ဦးပေ ၊ကြီးမိုက်၊  မိုက်ကယ်ဂျော်နီအောင်ပု ၊ချိုပေါ့ကျပိုင်ရှင် ဘ ဘလက်

ဒက်ဂလောက် ဂီ ( update နာမည်တွေတော့ မမှတ်နိုင်တော့ဘူး)၊ တစ်ခါတစ်ရံ ပွဲဆူအောင်လုပ်တတ်ပြီး တစ်ခါတစ်ရံ လူကြီးလူကောင်း ပီသနေတတ်ပြန်တဲ့ ကိုဘုုန်းကျော် ၊မခိုင်ခိုင်၊ မအိတုံ၊

အရီးလတ်..(အကုန်မရေးတော့ပါဘူးနော်) စတဲ့ နာမည်တွေကိုလည်း ရင်းနှီးနေတာ

ကြာပါပြီ။ ပွဲကြည့် ပုရိသတ်အဖြစ်ကနေ ရွာသူလေး တစ်ယောက်အဖြစ် ပါဝင်ချင်လို့ လက်ခံကြို

ဆိုပေးကြပါလို့ ။စာဖတ်ဝါသနာပါသူတစ်ယောက်ပါရှင့်။

40 comments

  • shwe zin

    July 28, 2012 at 5:27 pm

    ဒါ့ပုံဆြာ လေးပေါက်ရဲ့ လက်ရာလေးတွေကိုလည်း အမြဲအာပေးနေသူပါလို့ ( ဒီနေ့ပဲဝင် ဒီနေ့ပဲတင်လို့ အမှားပါရင် ခွင့်လွှတ်ကြပါလို့…။

  • ဥဥ

    July 28, 2012 at 5:30 pm

    ရက်ဂျစ်စတာ မလုပ်ပဲဖတ်နေတာ တစ်နှစ်ကျော်ဘီဒဲ့
    အခုမှ ဝင်လာတယ်ဆိုတော့ ဘယ်သူ့ကိုများ ဖဲ့မလို့ပါလိမ့် ဟိဟိ 😀
    ကြည့်ရတာတော့ အဟောင်းထဲကပဲဖြစ်မယ်ထင်တယ်နော်
    အဗာတာပုံကိုကြည့် ဟိဟိ
    သတိတော့ထားမှ တော်ကြာဖဲ့ခံနေရအုံးမယ် 😆

    • YE YINT HLAING

      July 28, 2012 at 8:24 pm

      ဥဥ က ဖဲ့ လို့ မရလို့ ဥ ကို ခွဲ ပစ်လိုက်မယ်တဲ့ ။ ဟဲဟဲ ။နောက်တာနော် !

  • အရီးခင်လတ်

    July 28, 2012 at 5:52 pm

    ကြိုဆိုပါတယ် ရွှေဇင် ရယ်။
    ရွှေဇင့် အတွေး ဆန်းလေးတွေ ကိုလဲ ဖတ်ဖို့ စောင့်နေကြပါတယ်။ 🙂

  • cobra

    July 28, 2012 at 5:53 pm

    အချိန်အကြာကြီးယူပြီးမှဝင်လာတော့
    တော်တော်လေးပြင်ဆင်လာပုံရတယ်
    ထုစရာလက်နက်တွေရောပါသေးလား 🙂

  • manawphyulay

    July 28, 2012 at 6:04 pm

    အသစ်ကလေးကတော့ ရေးသားမှုဆန်းဆန်းလေးတွေနဲ့ ဝင်လာပြီဆိုတော့ အားပေးဖို့စောင့်မျှော်နေပါတယ်နော်။

  • ဥဥ

    July 28, 2012 at 6:08 pm

    ပုန်းစရာနေရာလေးကြိုရှာထားအုံးမှပါ….. 😉
    ရွာထဲလည်း တိုက်ပွဲဖြစ်နေတော့ကာ… သံခမောက်တော့ဆောင်းထားမှ :mrgreen:
    Dရွာသူအသစ်ကိုတော့ဖြင့် သံသယရှိသဗျား ဟီးဟီး 😎
    ဘူလေးလဲ အဲ့ဒါဘူယေးလဲ….
    ဘူယေးလဲ အဲ့ဒါ ဘူလေးယဲ….

  • ကိုရင်စည်သူ

    July 28, 2012 at 6:10 pm

    မင်္ဂလာပါ.. ကျွန်တော်လည်း ရွာသားအသစ်ကလေးပါခင်ဗျာ.. 😳
    ရွှေဇင်နာမည်ကြားတော့ မောင်စေတန်မှာ နာမည်ကျော်နေတဲ့
    မော်ဒယ်လ်ရွှေစင်ကို သွားသွားမြင်မိနေဒယ်… 😛
    ရွာသူားအသစ်အသစ်ချင်း အားပေးနေပါတယ်နော်… ဟီးး.. 😎

  • ပင်လယ် ပျော်

    July 28, 2012 at 6:18 pm

    အဟောင်းထဲက အသစ်ဖြစ်ဖြစ် တကယ့်new လေးပဲဖြစ်ဖြစ် Welcome ပါခင်ဗျာ…

  • YE YINT HLAING

    July 28, 2012 at 8:27 pm

    မရွှေဇင် ရဲ့ ပို့ ( စ ) တွေ မန့်တွေကို မျှော်နေပါ့မယ်ဗျာ !

  • မောင်ပေ

    July 28, 2012 at 8:52 pm

    မင်္ဂလာပါ မရွှေဇင်
    လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်
    မရွှေဇင် ရေးမယ့် စာတွေကိုလဲ
    အမြန်ဆုံး ဖတ်ချင်နေပြီဆိုတဲ့အကြောင်းလေး ပြောရင်း
    ဝမ်းသာအားရ ကြိုဆိုပါတယ် ခင်ဗျ

  • may flowers

    July 28, 2012 at 9:13 pm

    ကြိုဆိုပါတယ် ရွှေဇင်…………မင်္ဂလာပါ။

  • ပိုင်လေး

    July 28, 2012 at 10:05 pm

    မင်္ဂလာပါ…လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် မမရွှေဇင်

  • ဇွဲမာန်(အင်းဝ)

    July 28, 2012 at 10:34 pm

    ကြိုဆိုပါတယ် ရွှေစင်ရေ…..
    အမှန်ဆုံးသာပြေးလာခဲ့နော်…အဲ ခလုပ်တိုက်အုံးမယ်နော်

  • သန်းထွဋ်ဦး

    July 28, 2012 at 11:03 pm

    ကြိုပါ၏
    ဤ ရွာသာ
    ဝင်လာပါ
    ပျော်စရာ၊
    ဝေငှတာ
    ပြုံးလို ့ပျော်စေမှာ

  • မိုးတိမ်

    July 28, 2012 at 11:33 pm

    အဟဟ ဘာတွေမှန်းကိုမသိဘူး
    ထွက်ချင်သူနဲ့၊ဝင်ချင်သူနဲ့ ရှုပ်နေတာပဲ။
    ကျုပ်ဝင်ဝင်ဖတ်နေတာ ၂ နှစ်ကျော်ပေ့ါ။ရီဂျစ်စတာလုပ်တာကတော့ စိတ်ပါလာမှပါဗျာ။
    ဘယ်သူ့မှ ခွင့်တောင်းပြီးဝင်လာတာမဟုတ်သလို ထွက်ချင်လဲဘာခွင့်တောင်းစရာလိုတုန်း။
    ကိုယ့်စိတ်နဲ့ကိုယ်လုပ်စမ်းဘာ။ကျုပ်ကိုမကြေနပ်ရင်သူကြီးက block လိုက်ပေါ့။
    ရှင်းနေတာကိုလာမရှုပ်စမ်းပါနဲ့။လာပြီးအော်မနေနဲ့ ခဏခဏဖတ်ရလို့သောက်ညင်ကပ်နေပြီနော်။
    သစ်သစ်ဟောင်းဟောင်း ယုစွဆုံး သူကြီးဘဲ ဖြစ်ဖြစ်မဟုတ်ရင်တော့ ဗျင်းမှာပဲ။

  • mamanoyar

    July 29, 2012 at 9:38 am

    ကြိုဆိုပါတယ်ရွှေဇင်ရေ
    ရွာထဲမှာပျော်ရွှင်နိုင်ပါစေရှင်

  • ကိုသင်း

    July 29, 2012 at 11:21 am

    ရွှေဇင် အိမ်နိးချင်းတွေ ထင်တယ်
    ဟို မျက်နှာစာအုပ် မှာ

  • မဟာရာဇာ အံစာတုံး

    July 29, 2012 at 1:22 pm

    ရွာသူ အသစ်ကို
    ရွာသား အချစ်နဲ့
    ပျူငှာစွာ ကြိုဆိုပါတယ် ..
    ဝဲလ်ကမ်းဘာနော့ ..

    • surmi

      July 29, 2012 at 1:40 pm

      ဝဲမကမ်းခင် ရတနာသိုက်အရင်ကမ်းဦး
      ကျုပ်တို ့မှာမျှော်ရတာ လည်ပင်းရှည်နေပြီမဟာရာဂျာကြီးရေ

      • မဟာရာဇာ အံစာတုံး

        July 29, 2012 at 3:29 pm

        ရတနာသိုက်ကို ဆက်ဖို့
        ရေးထားပါတယ် ခညာ့ …
        နည်းနည်းလေး နည်းနေသေးလို့
        မတင်ဖြစ်သေးတာပါ ခညာ့ ..
        ခုလို တခုတ်တရ ပြောလာတာကို ကျေးဇူးပါ ခညာ့ …
        😀 😀

  • မမ အညာသူ

    July 29, 2012 at 3:29 pm

    ရွာသူအသစ်လေး မရွှေဇင်ကို
    ကြိုဆိုပါတယ်နော်…..

  • shwe zin

    July 29, 2012 at 5:33 pm

    ဘုရားစူး အသစ်စက်စက်ပါနော်..ဖဲ့ဖို့ဝင်လာတာ မဟုတ်ရပါဘူး..တစ်ချို့ ပို့စ်တွေမှာ ကိုယ်ဝင်ပြောချင်တာလေးတွေ ရှိပေမယ့် member မဟုတ်တော့ ဝင်မန့် လို့မရ ၊ နောက် ကိုယ့်ရဲ့ ခံစားချက် ( ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း )တွေ မျှဝေဖို့အကောင်းဆုံးနေရာလို့ ခံစားမိလို့ ၊သူများတွေရဲ့ ခံစားချက်တွေကိုလည်း မျှဝေခံစားပေးချင်လို့ register လုပ်လိုက်တာပါ ။ ဝင်လာဖို့ ခွင့်တောင်းတာ မဟုတ်ပါဘူး ။ သာမန်မိတ်ဆက်တဲ့ ပို့စ်ေလေးပါ (ဝင်လာတဲ့အကြောင်းကို ကြော်ငြာတာပါနော်)။ အလင်းဆက်ရေ..အလင်းဆက်ကိုလည်း သိပါတယ်။ သိသလောက်ရေးပေးလိုက်ရရင် အရမ်းရှည်သွားမှာရယ်၊ ရုံးဆင်းခါနီး အပြေးအလွှားရေးရတာမို့ ဖျတ်ခနဲ ပေါ်လာတဲ့ နာမည်လေးတွေပဲ ရေးလိုက်ရလို့ပါ။ လှိုက်လှိုက်လှဲလှဲကြိုဆိုကြတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်လို့….

  • စံပယ်တင်မှဲ.လေး

    July 29, 2012 at 6:03 pm

    မန်းဂေဇာက်မှ……အေးချမ်းစွာကြိုဆိုပါတယ်…..မမရွှေဇင်……
    ညလေးကိုလည်းခင်နိုင်ပါတယ်……..

  • Gipsy

    July 29, 2012 at 8:12 pm

    ဟင် .. စံပယ်တင်မှဲ့လေး ဆိုသမို့ ဒီက အသစ်ခေး များလားလို့ … 🙄
    သီးခြားစီပဲကိုး… နာမီလေးဂ ဆန်းပ …
    အများနည်းတူ ကြိုဆိုပြီးသားပါ … တခုတော့ တခုခုပဲ …
    ဘယ်တခု လဲတော့ ကျုပ်လဲ မသိဘူး … :mrgreen:

  • Khaing Khaing

    July 29, 2012 at 8:42 pm

    ရွှေဇင်လေးရေ … အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် ကြိုဆိုပါတယ် …. မနေ့က မန့်တာလိုင်းကျသွားတော့ ဒီနေ့မှ ထပ်မန့်ဖြစ်တယ် … ဘယ်လိုပဲဖြစ်ဖြစ်ဒီရွာလေးက ပျော်စရာ စိတ်ဝင်စားစရာကောင်းပါတယ် ….. ကိုယ်ကိုခင်လို့ပြောတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အရေးအသားတွေကို မထောက်ခံတာဖြစ်ဖြစ် အဲဒီလိုကော်မန့်လေးတွေကိုက ပျော်စရာကောင်းစိတ်လှုပ်ရှားစရာကောင်းတဲ့ ရွာလေးပါ ……..

  • Gipsy

    July 29, 2012 at 9:01 pm

    ဪ အများသိတဲ့ အတိုင်း မာရေ ကျောရေ ရှိရမယ်နော့ …
    ဒူပေ နပေ ခံနိုင်ရည်လဲရှိရမယ် … စာတွေလဲရေး.. အရေခွံမာမာလေး စွပ်လာခဲ့ …
    ကျုပ်တို့တော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ နေသားကြနေပီ …။

  • etone

    September 27, 2012 at 4:36 pm

    ရွှေစင် … ရွှေစင် … ရွှေစင် …. ဘာရယ်မဟုတ်ပါဘူး ……. မနေ့က ရောက်ခဲ့တဲ့ ရွှေဆိုင်နာမည်လေး …. ရေးရေးလေးပေါ်လာလို့ ……… တိုက်ဆိုင်တာနဲ့ …. ။

    နာမည်လေးချန် နှုတ်ဆက်ပြီး .. ဘယ်ပျောက်သွားပါလိမ့် …….။ သတိရသလိုလို ဖြစ်မိလို့ပါ … ။ :harr:

    • R Ga

      September 27, 2012 at 5:34 pm

      စိတ်ထဲ ဒီနာမည်လေး ရင်းနီးနေသလားလို့….ထင်နေတာ အီးတုံးပြောမှပဲသေချာသွားတော့တယ်။ ….မူးမဲမ ဘယ်ရောက်နေလဲမသိ..။ အဟိ

  • မိုးသောက်ချိန်

    September 27, 2012 at 10:05 pm

    အသစ်ဆိုလို့
    ဟီးးးးးးးးးးးးးးးးးးးးးးးးး
    ပြောတော့ပါဘူးအေ … အဲလေ ဗျာ …..
    ပိတ်ကားထက်မှာ စောင့်မျှော်လျှက် ……………. 😆

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 27, 2012 at 10:31 pm

    အသစ်ရောက်ဒယ်ဟေ့ :mrgreen:

  • ဝရမ်းပြေးအဘဝက်

    September 27, 2012 at 10:36 pm

    အသစ်လေးရေဗျ ၊ အထူးသဖင့် ရွာ့ ပင်တိုင် ရွာသားကြီးများ မျှော်လင့်စောင့်စားနေကြ
    ပါကြောင်း ။
    ပျောက်သောသူ ရှာရင်တွေ့
    သေသောသူ ကြာရင် မမေ့ တဲ့
    ဟဲ့ မှားများမှားသွားပီလား မသိ ။ :harr:

  • uncle gyi

    September 28, 2012 at 8:41 am

    ရွှေဆိုတာလူတိုင်းတန်ဖိုးထားတာလိုချင်ကြတာ
    အဲဒီရွှေထဲကမှရွှေစင်ဆိုတော့ဘာပြောကောင်းမလဲ
    လူတိုင်းတန်ဖိုးထားတဲ့ရွှေစင်ဖြစ်ဖို့ကိုယ့်ကိုယ်ကိုဆောက်တည်နိုင်ပါစေကွယ်

  • kyeemite

    September 28, 2012 at 11:35 am

    ရွာသူအသစ်လေး မရွှေဇင်ကို
    ကြိုဆိုပါတယ်နော်….. 😆
    shwe zin says:
    ( ဒီနေ့ပဲဝင် ဒီနေ့ပဲတင်လို့ အမှားပါရင် ခွင့်လွှတ်ကြပါလို့…။
    ဆိုတော့ကာ…ဘယ်ရွာသူ ရွာသားအဟောင်းကြီးများရဲ့ ထောက်ခံချက်နဲ့များ
    ဝင်လာပါလိမ့်လို့ ..သိချင်မိသား… :harr:

  • Khaing Khaing

    September 28, 2012 at 12:42 pm

    အဟစ် ….. အဟစ် သူကရွာထဲဝင်တာကြာနေပီပေ့ါ …… အခုမှ ပြန်အသက်ဝင်လာတာပါ …. သူတင်ထား တဲ့ ဒိတ်ကလေးကို ပြန်ကြည့်ပေးကြပါ …… သူက ရွာထဲကို မိတ်ဆက်စာတစ်စောင်နဲ့ဝင်လာပြီး သမီးတို့ကို ခင်တယ် သဘောကျတယ်ဆိုတာ ပြောပြီး ကော်မန့်ရော ပို့စ်တွေပါမလာတော့တဲ့ ညီမလေးပေ့ါ ……

    • etone

      September 28, 2012 at 1:16 pm

      ယောက္ခမဂျီး …
      တမီးက …. ဟိုးတုန်းက တော့မန့် အရေးရဒေးရို့ …. ဝင်ပွားမိဒါပါ ……. မွှားတာ ချိယင် ဒေါင်းပေါ်က ဂျိုကိုင်ဘီး တောင်းပံပါတယ် ချင့် … အခွိခွိ ။ 😆

      • Khaing Khaing

        September 28, 2012 at 3:05 pm

        တည်တည်တံ့တံ့ရေးပါအေ … လူအထင်သေးခံရအောင် ရွာဆူအောင်မလုပ်ပါနဲ့ …… ချွေးမလေးက ကိစ္စမရှိပေမယ့် … မာမီက လူကြီးလေ … ရုပ်ကိုတည်ထားရမှာပေါ့လို့ ….

        • etone

          September 28, 2012 at 3:14 pm

          ယောက္ခမဂျီး …. တားကိုတောင် မရသေးဘူး … ချုပ်လား ချယ်လား မလုပ်ပါနဲ့အေ … ။ ကွန်ထရိုးလုပ်လို့ ရတဲ့ ချွေးမမျိုးဟုတ်ဘူးနော် …. ။
          မာမီဘာသာ တည်ချင်တည် ရီချင်ရီ … တမီးကတော့ ကမ်း ကုန်အောင် ပေါမှာပဲ .. တူညားအထင်ဂျီးအောင် …. လူဂျီးလူဂေါင်းလို ဟန်ဆောင်နေရတာ ပင်ပန်းဒယ် ….. ဒါဗြဲ …. :harr:

Leave a Reply