နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ် ဦးနှောက်မှာ ရပ်တန့်နေသော…. (အပိုင်း7)

စပြောမယ်ဆိုရင် “ဗစ်တာခင်ညို ” နဲ့ ” တူးတူး ” တို့ရဲ့ဦးလေး အဆိုတော်”ရီလေး ” ရဲ့ခင်ပွန်းဖြစ်တဲ့
” ကိုမင်းနောင် “ကဘဲစပြောရပါမယ်။
သီချင်းဆိုရင် အမူအယာပို်င်ပို်င်လေးနဲ့ အခုခေတ်လိုပြောရင် ပါဖော့မင့်အပြည့်နဲ့ဆိုတတ်သူပေါ့။
သူက ရုပ်ရှင်မင်းသားလဲလုပ်ဘူးတယ်လို့သိရပါတယ်။
” မုန်းရစ်လေဦး “၊ ” ဇရာ “၊ ” ထန်းတက်သမား ” ၊” ဂျင်မလေးဂျမ်း” ၊” တကမ္ဘာခြားလဲချစ်နေမယ် ”
အစရှိတဲ့နာမယ်ကျော်သီချင်းများရဲ့ပိုင်ရှင်ဖြစ်တဲ့အပြင် သီချင်းပေါင်းများစွာကိုသီဆိုထားပါတယ်။

နောက်သူနဲ့ခေတ်ပြိုင်ဖြစ်တဲ့ အဆွဲအငင် အရစ်အဖွဲ့အကောင်းဆုံး တီးလုံးတီးကွက်အကောင်းဆုံးလို့ဆိုနိုင်တဲ့
“မိုး “သီချင်းပိုင်ရှင်ဖြစ်တဲ့အပြင်သူ့ခေတ်က နာမယ်ကျော်ခဲ့တဲ့
” မခင်နှင်းဆီ “သီချင်းသုံးပုဒ်က လွှင့်ခွင့်အပိတ်ခံရတယ်လို့လဲကြားရဘူးတဲ့ ” ဒီသူငယ်မ အလှဆုံး ”
“မေ “၊” ငွေနှင်းစိုစို “၊” လတန်ဆောင်တိုင် “စတာတွေကိုဆိုထားဘူးခဲ့တဲ့”ကိုမြကြီး “။

ရုပ်ရည်မလှတဲ့လူငယ်တော်တော်များများရဲ့ရင်ထဲကိုစူးနစ်သွားအောင်ကောင်းလွန်းတဲ့
“အကျည်းတန်ချစ်သူ “”သစ်ခြောက်ပင်အောက်ပန်းကောက်သူ “၊ ” စိမ်းလဲ့ညို ” ၊ ” လွမ်းအိပ်မက်သံသရာရှည် ”
သီချင်းတွေရဲ့သခင် “မောင်မောင်ကြီး ”

နောက် “တွံတေးသိန်းတန် “အောင်မြင်လာတဲ့ အချိန် ကျေးလက်သီချင်းတွေခေတ်စားလာချိန်မှာ
ပေါ်ပေါက်လာသူကတော့” ဟင်္သာတထွန်းရင် “ပါ။
သူ့ထူးခြားချက်ကတော့ အမေသီချင်းတွေအဆိုကောင်းတယ်လို့ပြောနိုင်ရုံတင်မကဘဲ
“စံပယ်လှလှပန်ပြပါ “” စက္ကန့်လေးတွေစိန်စီထားမယ် “ဆိုတဲ့ အလွမ်းသီချင်းတွေပိုင်နိုင်တဲ့အပြင်
1985ခုနှစ်လောက်မှာ ကို “ချစ်တောင်ပြုံး “၊”ချစ်သောရာမညဧကရီ ” ” မစိမ်းပင် “၊ “အေးကြည်မ “၊
အစရှိတဲ့သီချင်းပေါင်းများစွာနဲ့အောင်ပွဲခံခဲ့ပါသေးတယ်။
နောက်ချန်ထားလို့မဖြစ်သော ခုထိသူ့သီချင်းပြန့်လွင့်နေသော ” မီးသတိပြု “ရဲ့”သီချင်းပိုင်ရှင်
အလှူသီချင်းပေါင်းများစွာကိုသီဆိုထားသော “ကိုထွန်းရွှေ”
နောက် ” စကားပြောကောင်းတဲ့မသဲအူ “၊” တစ်ဆောင်းသစ်ပြန်ပြီ “၊” အလွမ်းတွေကို စမ်းရေထဲမှာမျောလိုက်မည် “၊
” အစိမ်းရင့်ရာသိ “တွေအပါအဝင် သီချင်းပေါင်းများစွာကိုဆိုညည်းခဲ့တဲ့”ကိုသန်းလှိုင်”
သူနဲ့တွဲဘက် “သံသရာဆုတောင်း ” ၊”အမုန်းခွန်အားပေးသနားပါ “၊” ယောက်ျားမှာလဲအသဲနဲ့ပါ “၊
“ပန်းနဲ့ပေါက်တာလဲနာချင်တယ် “၊”ဒုတိယမ်ပိဆုတောင်း “၊စတဲ့အဆွေးသီချင်းတွေကိုဆိုခဲ့တဲ့
ယနေ့တေးပလ္လင်မှအဆွေးသခင်” ကိုတင်လှိုင် ”
မိန်းကလေးထဲကဆိုရင် “တောင်တန်းပြာနဲ့ကျောပိုးအိပ် “၊”ပုဂံမြို့ဟောင်းတစ်နေရာ “၊
” တစ်ကျော့နှစ်ကျော့တေးကိုသီ “၊”ချစ်သူတို့လျှောက်သောလမ်း “၊
” ယောဆရာကြီး “၊တို့ကိုပိုင်ဆိုင်တဲ့ ” တင်တင်မြ ”
နောက်ထူးခြားသူတစ်ယောက်ကတော့ “တက္ကသိုလ်ကျောင်းကငွေလမင်း “၊” တမာလမ်းကိုပြန်ခဲ့ပါ “၊
“ပန်းပိတောက်ကြွေရာမြေ “၊”ပိတောက်စိမ်း”၊စတဲ့နာမယ်ကျော်မြန်မာသံအလွမ်းသီချင်းတွေကိုဆိုပြီး
ရုပ်ရှင်ပိုင်းမှာ လဲ အကယ်ဒမီကိုတောင်ပိုင်ဆိုင်အောင်စွမ်းဆောင်နိုင်ရုံမကတဲ့အပြင်
စတီရီယိုခေတ်ဦးမှာလဲ လူကြိုက်များတဲ့သီချင်းတွေ စုံတွဲသီချင်းတွေကို သာမကသေးဘဲ
“ဘိုင်စကုတ်မင်းသမီးမချို “၊”အလိုက်သင့်မောင်ဘဦး “၊စတဲ့သီချင်းတွေနဲ့
သည်ဘက်ခေတ်မှာထိအောင်ပွဲခံခဲ့တဲ့ အများအချစ်တော် “မချို “၊သို့မဟုတ်” ချိုပြုံး “၊
အခုအချိန်ထိ လူငယ်များနဲ့တွဲဖက်လို့ ” အချစ်ရုှံးသမားဒဿဂီရိ “နိုင်သေးတဲ့
” ယောင်ပေစူး “၊”ပိတောက်လက်ဆောင် “၊”နန်းပွင့်ရွှေကြာ “၊” မိုးလုံးပါတ်လည် “၊
တို့ရဲ့ဖခင် ” အကော်ဒီယံအုန်းကျော် “၊သူကလဲ စတီရီယိုခေတ်ကို” မာမာအေး”ရဲ့”ဘူးသီးခရမ်းသီး”သီချင်းနဲ့
သူက စတင်ခဲ့တယ်လို့ ပြောဘူးပါတယ်။
နောက် အခု နာမယ်ကြီးနေတဲ့ ” ထွန်းထွန်း “ရဲ့အဘိုး၊”သန်းနိုင် “၊”ပုလဲ “၊”အေးမောင် “၊”စိန်လွင် “၊
တို့ရဲ့ ဦးလေးဖြစ်သူ “စိမ့်ကြီးမြိုင်ကြီး “၊”ဝန္တေမာတရံ “၊”ကသစ်ပန်း “၊လိုသီချင်းအခံ့တွေအပြင် မြူးကြွတဲ့သံစဉ်
လေးတွေဖြစ်တဲ့” ပြုံးတုံ့လှယ်”၊” သုံးရာသီ “၊”ကမ်းသာ “၊” နှစ်သစ်ချစ်ဦး “၊”ကျောင်းသွားဖော် “၊”ယဉ်တကိုယ်မယ် “၊
အစရှိတဲ့သီချင်းပေါင်းများစွာပိုင်ရှင် အခုထိအသက်ထင်ရှားရှိနေသေးသော အမေရိကန်မှာနေထိုင်တယ်လို့သိရတဲ့
“ဦးအံ့ကြီး “၊
“ခက်ခက်ကိုမှလိုချင်တယ် “၊”မွှေးလွန်းသည့်ပန်း “၊” ချောကလျာ “၊”မောင့်ရင်ထဲကနွေ “၊
“ချစ်အားငယ်ရသူမယ် “၊” မုန်းဆက်ဆက်မရွယ် “၊”ပြန်လည်ဆုံဆည်းကြမယ် “၊
တွေကို ကို်ယ်တိုင်ရေးကိုယ်တိုင်ဆိုနိုင်တဲ့ ” စန္ဒယားချစ်ဆွေ”၊
” မေတ္တာပုလဲပန်းများသီကြရာဝယ် “၊” နေမလားမောင့်ရင်ထဲ “၊” စနေနေ့ညကိုးနာရီ “၊” ကြာလေလေခိုင်မြဲလေလေ “၊
” တောင်လှေကားမြို့တော် “၊တွေကိုဆိုထားပြီး အခုထိဆိုနိုင်သေးတဲ့ ” မျိုးမြင့်လေး “၊
ရုပ်ရှင်ထဲမှာ ဟာသ သရုပ်ဆောင်ဖြစ်ပေမဲ့
” တစ်နေ့နေ့တစ်ချိန်ချိန်တစ်နေရာရာ “၊” ငယ်ကချစ်အနှစ်တရာမမေ့သာ “စတဲ့
၊အလွမ်းသီချင်းတွေကိုမယုံနိုင်လောက်အောင်ဆိုပြထားတဲ့ “လွှမ်းမိုး “ရဲ့အမျိုးလို့ပြောတဲ့
” သန်းဖေလေး ”

မြန်မာပြည်မှထူးခြားတဲ့သံစဉ် လှပတဲ့စာသားတွေကို ရေးဖွဲ့ခဲ့တဲ့ “ဂီတနက်သန်ကိုစောငြိမ်း “၊ရဲ့သီချင်းတွေဖြစ်တဲ့
” စိမ် “၊” ဆောင်းနတ်မယ် “၊”မိုးနတ်မယ် “၊” မိုးသက်လေနှင် “၊”မြနဒီ “၊” ပွင့်ဦး “၊
သူရေးတယ်ငါရေးတယ်နဲ့အဖြေမပေါ်သေးတဲ့” နွေနှောင်းရက်ကျန် “၊သီချင်းတွေကိုပိုင်ပိုင်နို်င်နိုင်ဆိုနို်င်တဲ့အပြင်
” ကျနော်တင်တဲ့ရွှေမင်းသမီး “သီချင်းနဲ့လဲ နာမယ်ကြီးခဲ့တဲ့၊”မောင်မောင်ညွန့် “၊
“စကားဝါမြေ “၊”မန္တလေးကိုလိုက်ခဲ့မလားအကို “၊”ဇေယျာကမ်းအလှပန်းချီ “၊” မျက်ဝန်းမှတစ်ဆင့် “၊” ချစ်မိုးကြီး “၊
အစရှိတဲ့ သီချင်းတွေကိုပိုင်ဆိုင်းခဲ့ပြီး အရပ်တီးဝုိုင်းလေးများကနေ မြန်မာတပြည်လုံးရင်ထဲရောက်ခဲ့တဲ့ ” ရီရီသန့် “၊
သူတို့တွေကတော့ သီချင်းပေါင်းများစွာကိုဆိုခဲ့ ကျနော်ရင်ထဲကိုရောက်လာတဲ့သီချင်းများစွာကိုပိုင်ဆိုင်သူတွေ့ပါဘဲ။
နောက်တပုဒ်ချင်း နှစ်ပုဒ်ချင်းနာမယ်ကြီးခဲ့တဲ့အဆိုတောင်ပေါင်းလဲမြောက်များစွာရှိပါသေးတယ်။
ဒီအထဲကမှကျနော့်ရင်ထဲမှာကျန်နေသေးတဲ့ သီချင်းများကတော့ အတော်လေးဘဲများပါတယ်။
အဲဒါတွေကတော့
ပိုးအိစံရဲ့အဖေ” သန်းထွန်းလေး “ရဲ့” မွေးဌာနီ “၊”ကျနော့်မမ ပုသိမ်သူ “၊
” မောင်မျိုးတင့်”ရဲ့” ငယ်ချစ်ဟောင်းနဲ့စောင်းအိုရှင် “၊”တပ်ကြပ်ကြီးလှမြင့် “ရဲ့” ပန်သစ္စာ “၊
“မောင်ကြည်တိုး “ရဲ့” ကလောအလွန်တစ်ဘူတာ “၊” မောင်မောင်သန်း “ရဲ့” တိမ်ပြာသောနေ့ “၊
” ကိုမင်းသူ “၊ရဲ့” ပုံပမာ “၊”ခင်သစ်လွင် “ရဲ့” ပန်းရည်ဘဏ်တိုက် “၊
“ညွန့်ညွန့်စိန် “ရဲ့”ခရေပင်အောက်က ပိတောက်ချစ်သူ “၊” ခင်နှင်းသက် “ရဲ့” အမေ့အိမ် “၊
” စန္ဒယားထွန်းညွန့် “ရဲ့” စာဆိုစစ်သည် “၊” ကိုယ့်ရပ်ဌာနေ”၊၊”တင်လှထွန်း “ရဲ့”ပန်းစိုက်သမား “၊
” စန္ဒယားလှထွတ်”ရဲ့” တိမ်တမာန် “၊”ချစ်တဲ့သူငယ်လေ ”
“ကိုတင်လတ် ရဲ့ “သံသရာတစ်ကွေ့ဝယ်”၊
“ချိုဝေလွင် “ရဲ့” လင်တော်မောင်နဲ့နှစ်ယောက်ကွယ်လိမ္မော်သီးစားရင်းရီရတယ် “၊လို့”ဘူးကိုကို”တွေကို ဟာသလုပ်ထားတဲ့သီချင်း။
“ဌေးဌေးမြင့် “ရဲ့” မိုးဇာဗျော “၊” အေးအေးအောင် “ရဲ့”အရိပ်ပမာ မခွဲခွာ “၊
” မိုးမင်းဝင်း” ရဲ့”အချစ်ချောင်းလေး ခြားမှာစိုးတယ် “။ “သန်းသန်းဆင့် ” ရဲ့”ကျေးဇူးတင်ပါတယ်ရှင် “။
” ထား” ရဲ့” နက်ဖြန်သို့မဟုတ်ဘယ်သောခါ”။ “မွန်တို့ဌာနီ ” ၊” ဘုတ်တလုပ်ကန်”။
” မြင့်မြင့်စိန်” ရဲ့”မှန်ကြိုက်သူ “။ “ရီရီခင် ” ရဲ့”မလေးလက်ခတ်သံ “။” ပြောလိုက်ပါစန္ဒာ”
” မောင်မောင်လတ်” ရဲ့” လှိုင်းပုတ်သံကြောင့်ဗျိုင်းလန့်ပျံသည်”။ “ကိုခင်လတ် ” ရဲ့”ကမ်းခြေဇေယျာဦးဝယ် “။
” တင်တင်မူ” ရဲ့”ရွှေလည်တိုင် “။ သူ့သမီး “ဒေစီကျော်ဝင်း ” ရဲ့”ရွှေပိုးကောင် “။
” ခင်ယုမေ” ရဲ့”စကားတက္ကသိုလ် “။ “ဓနုဖြူစိုးသိန်း ” ရဲ့”စာရေးကြီး “။” မေတ္တာစကား”
သိပ်ကြိုက်ပေမဲ့ အဆိုတော်နာမယ် လွဲမှာစိုးလို့ အဆိုတော်နာမယ်ထဲ့မပြောရဲတဲ့သီချင်းလေးတွေကတော့
“ပင်မြက်ကလေး ” ၊”မိုးယံမှသည်ချစ်သူဆီသို့ “။ “မေ့ဘဝနဲ့ငှက်ငယ် “၊”အိုဘယ့်တန်ချုရှင် “၊စတာတွေဖြစ်ပါတယ်။
နောက် မြို့မငြိမ်းရေးပြီး မြို့မပင်တိုင်သီချင်းတွေဖြစ်ပြီးအဆိုတော်တွေသာ အဆိုများတဲ့
” တင်တင်မာ” ရဲ့”မုန့်စား “။ “လားတွေထပ် ” ၊ ” ခင်ခင်” ရဲ့” ဖရဲသီးနဲ့ဘဲဥ”။
“ရေခင်းတော် “၊”မြင်းခင်းတော် “၊” တစ်ကြိုက်ထဲကြိုက်”၊”ဘုရားဈေး “၊”ချိုအီ “၊
” ရေချိုးဆိပ်”၊”စောင်းသံ “၊” “၊ဘင်ဂျို၊”အလှပြိုင်ပွဲ “၊”မြို့မသဝဏ်လွှာ “၊ဆိုတဲ့သီချင်းတွေကလဲရင်ထဲမှာအပြည့်ပါ။
နောက်ထူးခြားတာတစ်ချက်က မြန်မာပြည်မှာအဖွဲ့လိုက်ဆိုတဲ့သီချင်းတွေ ခေတ်စားခဲ့ဘူးပါသေးတယ်။
မှတ်မိတာ ရင်ထဲမှကျန်တာပြောရရင် “မြန်မာပြည်သား “၊” မေတ္တာဖျန်းမှလန်းဆန်းမယ်”၊”သည်နွေသည်မိုးသည်ဆောင်း “၊
အစရှိတဲ့သီချင်းတွေကိုတော့ရင်ထဲမှာမှတ်မိနေပါသေးတယ်။
နောက် အရင်ခေတ်က ပေါ်လစီခေတ်မှာ မကြာမကြာလာတဲ့သီချင်းလေးက “အိမ်မှာနားလို့ အပျင်းမပြေ လုပ်အားပေးနေ ကလေးကလေးတို့အဖေ “၊စာသား
ပါတဲ့သီချင်းလေးကတော့ဘယ်သူဆိုမှန်းမသိပေမဲ့ ဒီစာသားလေးကတော့ခုထိရင်ထဲညိနေဆဲပါ။
နောက်ကြားချင်ပေမဲ့လဲ ကြားခွင့်မရ နားဆင်ချင်တိုင်းလဲ နားဆင်လို့မရအခါအခွင့်သင့်မှ နားဆင်ရတဲ့သီချင်းကတော့
” ဒို့ဗမာနိုင်ပြီ “ဆိုတဲ့သီချင်းလေးပါဘဲ။
ဒါတွေကတော့ မိုနိုသီချင်းထဲက သီချင်းလေးတွေဖြစ်ပြီးကျနော်တေးသံသွင်းလုပ်သက်(1981ကနေ1991)အထိဆယ်နှစ်သက်တမ်းအတွင်းမှာ
ပေါ်ထွန်းလာတဲ့ အောင်မြင်တဲ့ စတီရီယိုတေးသံရှင်များကတော့……………………………..