Paint နဲ့ ပန်းချီဆွဲကြမယ်

manawphyulayJuly 28, 20122min24812

ဒီနေ့တော့ မောင်အငယ်ဆုံးလေး ၁၃ နှစ်ကလေးရဲ့ Paint လက်ရာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ သူကတော့ ပုံဆွဲတာ အတော်ဝါသနာပါတယ်။ စာရွက်အလွတ်ဆိုတာ မရှိသလောက်ပဲ အကုန်ပုံဆွဲတာ။ ကွန်ပျူတာမှာလည်း Paint သုံးပုံသုံးနည်းလေးနည်းနည်းပဲ ပြောလိုက်ရတယ်။ ဆွဲတော့တာပဲ။ သူဖန်တီးထားတဲ့လက်ရာတွေကို မမကြီး အင်တာနက်ပေါ်တင်ပေးမယ်ပြောတာနဲ့ ဝမ်းတွေ အတော်သာနေတဲ့ကလေးတစ်ယောက်ရဲ့ လက်ရာပဲဖြစ်ပါတော့တယ်။ အားပေးဝေဖန်ပေးကြပါဦးရှင်။ မောင်လေးနာမည်က အိမ်နာမည်စီးဖိန်လို့ ခေါ်ပါတယ်။


၁၃ နှစ်ရှိပြီဖြစ်သော မောင်လေးရဲ့လက်ရာဖြစ်ပါတယ်

Paint နဲ့ အိမ်လေးတွေ ဖန်တီးကြည့်ထားခြင်း ဖြစ်ပါတယ်။
ဒါကတော့ သူ့ဝါသနာကို ဖော်ကျူးထားခြင်း ဖြစ်ပါတယ်။
သဘာဝကိုလည်း ဖော်ကျူးတတ်သေးတယ်။
သူများကိုလည်း ကူညီချင်စိတ်အပြည့်ရှိတယ်

12 comments

  • a me

    July 28, 2012 at 9:24 pm

    အရမ်းတော်ပါတယ် နောက်လည်း အားပေးပါ့မယ် စိတ်မပြတ်ပါ နဲ့ ကြိုးစားထားနော်

  • သန်းထွဋ်ဦး

    July 28, 2012 at 11:08 pm

    ကလေး၏ ပါရမီကတော့ အံ့မခန်းပါဗျာ။ကျနော်တို ့ခေတ်တွေနဲ ့မတူတော့ဘူးနော်။

  • ကိုရင်မောင်

    July 29, 2012 at 7:59 am

    တယ်တော်တဲ့ ကလေးပါလား…
    paint တောင်သုံးတတ်နေပြီဘဲ
    မမကြီးအားကိုးရမဲ့မောင်ငယ်လေးပေါ့….
    ဝမ်းသာပါတယ်……..

  • mamanoyar

    July 29, 2012 at 9:48 am

    ပုံလေးတွေ အရမ်းမိုက်တာပဲ မမမနောရယ်
    ဆယ့်သုံးနှစ်အရွယ်က ဒီလောက်ဆွဲတတ်နေတာ
    ဝါသနာကြောင့်လဲ ပိုတော်တာဖြစ်မယ်
    နိုရာဆို ဘာမှမဆွဲတတ်ဘူး
    တကယ်အားကျမိပါတယ်

  • မဟာရာဇာ အံစာတုံး

    July 29, 2012 at 3:58 pm

    တယ်တော်တဲ့ ကလေးလေးပါလားဟရို့ ..
    ပန်းချီ ဦးဘဉာဏ် ဝင်စားတာများလားကွယ် …
    အဲ့ ကလေးလေးနဲ့များ
    အမျိုးတော်ချင်လိုက်စမ်းပါဘိ .. အဟိ ..
    😀

    • manawphyulay

      July 30, 2012 at 7:08 pm

      နောက်ကိုလည်း မောင်လေးဆွဲတာတွေတင်ပေးပါဦးမယ်။ အားပေးဝေဖန်ပေးပါဦးရှင်။ အမျိုးတော်ချင်တဲ့သူလည်း နောက်ဘဝမှ တော်ပါလို့နော်…. 😛

  • si tone

    August 9, 2012 at 4:32 pm

    ဟာ…… အရမ်းလှတယ်…….si tone တောင်အဲလောက်မဆွဲတကဘူး
    ဟီးဟီး….. 🙂

  • ho leo

    August 9, 2012 at 4:57 pm

    တော်တော်မိုက်တယ်။ leo တောင်မဆွဲတက်ဘူး။ ဆက်ကြိုးစားနော်။

  • မွန်မွန်

    August 9, 2012 at 6:07 pm

    မကြီး..မကြီး… နေကောင်းလား.. (ဟီး… 😛 )

    paint နဲ့ ဆွဲတာ.. အောင်မယ်လေး… တော်လိုက်တာ….
    ဘယ်သူနဲ့ တူလို့ပါလိမ့်… ….

    အစ်မရေ… နောက်လည်း ပုံတွေတင်ပေးဦးနော်… သူ့ကိုလည်း အားပေးကြတဲ့ အကြောင်း ပြောပြပေးပါဦး…

    • manawphyulay

      August 9, 2012 at 6:11 pm

      အမယ်လေး… သူက သူ့ပုံတွေကို အင်တာနက်မှာ အားပေးကြတယ်လည်းပြောရော စာမေးပွဲရက်တောင် ကွန်ပျူတာရှေ့ထိုင်ချင်နေတာ မနည်းဆူထားရတယ်ညီမလေးရဲ့…

  • padonmar

    August 9, 2012 at 7:28 pm

    မနော မောင်လေး လက်ရာလေးတွေ ကောင်းပါတယ်။
    အားပေးတယ်လို့ ပြောလိုက်ပါနော်။

    • manawphyulay

      August 13, 2012 at 6:00 pm

      ဟုတ်ကဲ့ပါ အန်တီ။ ပြန်ပြောပြတော့ အတော်ဝမ်းသာနေတယ်သိလား။ ဝါသနာကို သူက ပါတာ အန်တီရဲ့။

Leave a Reply