တစ်နေ့သောအခါ

marblecommetJuly 28, 20121min29232

တစ်နေ့သောအခါ . . .
ကောင်းကင်အမိုးပြာကြီးရဲ့
ကြယ်တာရာတွေ ကြားမှာ
ရင်ခုန်သံ တုန်လှုပ်နေတဲ့
ရမ္မက် မီးသင်္ဘောလေး တစ်စင်း
ခုတ်မောင်းနေပါတယ် . . .။

တစ်နေ့သောအခါ . . .
တံတားအောက်က စီးဆင်းသွားတဲ့
မြစ်ရေတွေမှာ
ပျိုမြစ်ခြင်းကို မောက်မာထားကြတယ် . . .။

တစ်နေ့သောအခါ . . .
ကံတရားရဲ့ စစ်သည်တော်တွေဟာ
အချစ်နဲ့ မူးမိုက်သမ်းဝေနေတဲ့
ကောင်လေး တစ်ယောက်ကို
လောက ကမ်းပါးပေါ်က
ပြစ်ဒဏ်ချမှတ်လိုက်တယ် . . . ။

တစ်နေ့သောအခါ . . .
ခြောက်ကပ်နေတဲ့
မျက်နှာစုံညီ မိသားစု ထမင်းဝိုင်းပေါ်က
မြော့မြော့လေး လွတ်ကျသွားတဲ့
အမေအိုရဲ့ မျက်ရည် တစ်စက်ဟာ
ပျောက်ဆုံးသွားတဲ့
သံယောဇဉ် သိုက်မြုံကို ညှို့ထားတယ် . . .။

တစ်နေ့သောအခါ . . .
ညီအစ်ကို နှစ်ယောက်ရဲ့
ချစ်ခြင်းမေတ္တာမှာ
အပေါင်းအနုတ် မှားတဲ့
ရောဂါ လက္ခဏာ က
ကြားဝင် ရက်စက်သွားတယ် . . .။

တစ်နေ့သောအခါ . . .
ငါရယ်…သူမရယ်…ကမ္ဘာကြီးရယ်…
တစ်သားတည်း ရိုးသား ပေါင်းစည်းကြဖို့
မျှော်လင့်ထားပါတယ်…..။

28 ၊ ဇူလိုင်၊ 2012 (စနေ)
9 း 12 နာရီ

32 comments

  • pan pan chit

    July 28, 2012 at 9:35 pm

    နေရာလာဦးတာ
    ပီးမှ ဖြေးဖြေးမန့်မယ်နော် အူးလေး
    😀

    • pan pan chit

      July 28, 2012 at 11:43 pm

      အူးလေး
      ကတ်တီဂိုရီက များလှချည်လားဂျ
      တစ်နေ့သောအခါ……
      ကနေ့လည်း တစ်နေ့ပဲနော်
      နက်ဖန်လည်း နေ့တစ်နေ့ပဲ
      အဲ့လာဆို အူးလေးရဲ့တစ်နေ့က နေတိုင်းကြီးပါလားဂျ
      ဒါနဲ့ သူမရယ်…ကမ္ဘာကြီးရယ်…ဆိုတော့
      ကမ္ဘာကြီးကတော့ထားပါတော့
      သူမဆိုတဲ့တစ်ယောက်က အူးလေးမှာချိရို့လား
      အထင်ကြီးအောင် ဟန်ဆောင်ဘီ ခိခိ
      စတာနော်..အူးလေး 😛 :mrgreen:
      တစ်နေ့သောအခါ တကယ့်သူမ ရပါစေသတည်းးးး

      အင်း…..တစ်နေ့ဆိုတဲ့ အဲ့နေ့မှာ
      ဘယ်သူတွေဘာဖြစ်ဖြစ်၊ ဘယ်နေရာမှာ ဘာဖြစ်ဖြစ် (လူတွေဟာ၊ တနေရာရာမှာတော့ နေ့တိုင်း တခုခုဖြစ်တာပဲ)
      အူလေးကလည်း လူထဲကလူဆိုတော့….တစ်နေ့နေ့မှာ…………………
      အူလေးရယ်၊ အူးလေးရဲ့ သူမရယ် ပေါင်းစည်းနိုင်ပါဇေ (ထပ်ဆုတောင်းပေးတာ :mrgreen: )

      • pan pan chit

        July 28, 2012 at 11:55 pm

        ကွန်ကျလို့ မန့်တာတော်တေားနောက်ကျသွားတယ်
        နေရာအူးထားလို့တော်သေး အဟေး ^_^ °_° o_~

        • marblecommet

          July 29, 2012 at 12:22 am

          အော် ဒေါ်လေးရယ်….
          လူဂိုများ အထင်စမောထှာကွယ်…
          တော်သေးဒယ်..ဆုတောင်းပေးလို့ …
          ခွင့်လွွှတ်လိုက်ထှာ….

  • marblecommet

    July 28, 2012 at 9:45 pm

    ပွဲကြိုက်ခင် ပေါ့နော်……ဟိဟိ…..

  • မောင်ပေ

    July 28, 2012 at 10:30 pm

    တစ်နေ့သောအခါ
    ကမ်းကြီးနဲ့မောင်ပေ
    ထပ်ဆုံမည်
    ဘီယာသောက်မည်
    ကေတီဗီသွားဟဲမည်
    ထွေရာလေးပါး
    တောပြော တောင်ပြေ ထိုင်ပြောကာ
    ကြီးကျယ်ခန်းနားဟန် သရုပ်ဆောင်မည်
    ဂူးလား

  • marblecommet

    July 28, 2012 at 10:35 pm

    ိသိပ်ကောင်းတဲ့ အစီအစဉ်ပဲ
    ဂွတ်ရှယ်……
    လေကြီးမိုးကြီးတိုက်ကြတာပေါ့….

  • အရီးခင်လတ်

    July 28, 2012 at 10:47 pm

    အရီးတို့လဲ
    တနေ့သောအခါ
    မောင်ကမ်း ထံမှ
    မင်္ဂလာဆောင်ဖိတ်စာ ရဖို့
    မျှော်လင့်ထားပါတယ်…..။ 😉

    မျှော်လင့်ချက်များ ပြည့်စေသတည်း။ 🙂

  • သန်းထွဋ်ဦး

    July 28, 2012 at 10:57 pm

    ရိုးမြေကျပေါင်းသင်း၍ မိသားစုပျော်ရွှင်နိုင်ပ့စေသောဝ်။

  • marblecommet

    July 29, 2012 at 12:31 am

    အရီးခင်ဗျား…..
    စောတင်မောင်တို့
    ဗိုက်ကလေးတို့လို
    ကိုယ့်ဘက်က အပိုင်ပေါ့ခင်ဗျာ
    အရီးဆုတောင်းလေးတော့
    ပြည့်ချင်ပါရဲ့…..
    ………
    ကိုသန်းထွဋ်ဦးရေ့
    ဆုတောင်းပေးတာ ကျေးဇူးဗျား…….
    လေးစားတဲ့
    ခင်တဲ့
    မောင်ကမ်း…..

  • ကြောင်ဝတုတ်

    July 29, 2012 at 8:03 am

    တစ်နေ့သောအခါ ကမ်းရယ်၊ သူမရယ်၊ ကမ္ဘာကြီးရယ်ပေါ့ဗျ

    ကြောင်ဝတုတ်

  • mamanoyar

    July 29, 2012 at 9:40 am

    တစ်နေ့သောအခါ မိဘကိုပြုစုလုပ်ကျွေးနိုင်သူတစ်ယောက်
    ဖြစ်ရပါလို၏

  • htet way

    July 29, 2012 at 9:55 am

    အဖွဲ့ အနွဲ့တွေက ကောင်း
    အော် ကဗျာဆရာကိုး ….
    ဘာတဲ့…တစ်နေ့သောအခါ . . .
    ကောင်းကင်အမိုးပြာကြီးရဲ့
    ကြယ်တာရာတွေ ကြားမှာ
    ရင်ခုန်သံ တုန်လှုပ်နေတဲ့
    ရမ္မက် မီးသင်္ဘောလေး တစ်စင်း
    ခုတ်မောင်းနေပါတယ် . . .။
    လူတိုင်း ဟာ ရမ္မက်မီးသင်္ဘောနဲ့ ပင်လယ်ထဲ ခရီး နှင်နေကြတယ် ဆရာရေ့

  • maung khinmin

    July 29, 2012 at 10:45 am

    တစ်နေ ့သောအခါ …

    ကျုပ်တို ့ရွာ၌

    လှုပ်လီလှုပ်လဲ့

    ကာရန်ငှက် တို ့

    ကဗျာ စပ်ရင်း

    သက်ပြင်းချည်း ချ

    ငြင်းကြ ရှင်းပြ

    ဝေဖန်ကြ နဲ ့

    ကြံဆမှု နည်း

    သစ်လည်းမသစ်

    အဟောင်းမြစ်ပြင်

    စုန်ဆန် နှင် …

    ***ဆရာရေ … ကဗျာကောင်းလေး …အားပေးလိုက်မိပါတယ်ဗျာ ….***

  • aye.kk

    July 29, 2012 at 11:23 am

    တစ်နေ ့သောအခါ…
    မေတ္တာများများ…
    သစ္စာတွေထားပြီး..
    ကမ္ဘာကြီးနဲ ့အတူ…
    ကိုကမ်းကြီးတယောက်…
    သူမနဲ ့သာထာဝရ….
    အိုသည်အထိတိုင်…
    ရွှေလက်တွေခိုင်ခိုင်မြဲမြဲတွဲပြီး…
    ရခဲလှတဲ့လူ ့ဘဝလေးမှာ…
    ဘာဝနာတရား၊စာဂအကျင့်….
    တူညီစွာနဲ ့အတူတကွပြုနိုင်ကြပါစေ။။

  • surmi

    July 29, 2012 at 12:00 pm

    တနေ ့သောအခါမှာ
    ဖိတ်စာနဲ ့အတူကြွပါဆိုတဲ ့နှလုံးသားချင်းပေါင်းဆုံပွဲကို
    သေသေချာချာစောင် ့နေမယ်နော
    တကယ်လာမှာ မပြောဘဲတော ့မနေနဲ ့

    ကိုကမ်းရေ
    သိပ်ကောင်းတဲ ့ အသုံးအနှုံးနဲ ့ ဖွဲ ့စည်းမှုလေးပါဗျာ
    ကျုပ်မှာ ဖတ်ပြီးတော ့အားကျ ရပါတယ်
    တခါတလေခံစားမှုလေးတွေကိုဒီလိုလေးရေးကြည် ့ချင်သား
    ဘယ်လိ်ုမှမဖြစ်နိုင်တာတော ့ ကိုယ် ့ဟာကိုယ်သိပါတယ်
    ခံစားမှုထပ်တူပါဘဲ ကိုကမ်းရေ

  • ကိုရင်စည်သူ

    July 29, 2012 at 1:23 pm

    တစ်နေ့သောအခါမှာ ကမ်းကြီး၊ဂီ့ကြီး၊စည်ကြီး၊ ပေကြီး
    ဘီယာသောက်သောက်
    မာဆပ်ရောက်…
    အကြောပြေတုန်း
    တော်ကီရောင်း
    ခဏကျင့်ကြံလိုက်ရုံမျှ
    စော်ကြည်၊ ထီပေါက်၊ နတ်ပြည်ရောက်ကြဦးမည်… 😉 😎

    ပင်လယ်နီကမ်းနံဘေးမှ
    အလွမ်းတေးသမားလေး
    ကိုရင်စည် 😀 😀

  • မဟာရာဇာ အံစာတုံး

    July 29, 2012 at 3:27 pm

    တစ်နေ့သောအခါ
    ကိုကမ်းကြီးရယ် ..
    အမည်မသိတဲ့ သူမရယ် ..
    ပေါင်းစည်းကြတဲ့အခါ
    လာရောက် စားသောက်ဖို့အတွက်
    ကြိုတင် ပြင်ဆင်ထားပါသည် …. 😀
    အားပေးသွားပါတယ် ကိုကမ်းကြီးရေ …

  • မမ အညာသူ

    July 29, 2012 at 3:36 pm

    တစ်နေ့သောအခါ လမင်းကြီးကွယ်ပျောက်သွားရင်တောင်
    ကြယ်တာရာလေးတွေကအမြဲလင်းလတ်နေဆဲပါ………….

  • Moe Z

    July 29, 2012 at 3:59 pm

    အူးလေးကမ်းကြီး ..
    တစ်နေ့သောအခါမှာ တစ်ယောက်သောသူကလေးနဲ့
    တစ်ခုသောမင်္ဂလာဆောင်ကို ဆင်နွှဲနိုင်ပါစေကြောင်း :mrgreen:

  • MaMa

    July 29, 2012 at 5:48 pm

    ပရိုကမ်း သို့…….
    ပရိုဟာ ပရိုပါပဲ တကားးးးးးးးးးးးးးးးးးးးးးး
    [:)]

  • ရဲစည်

    July 29, 2012 at 8:45 pm

    အလွန်ကောင်းတဲ့ ကဗျာဖြစ်ပါတယ်လို့ ပြောရင်းနဲ့ဘဲ
    သမာရိုးကျ မြှောက်ပေးခြင်းရဲ့ တဖက် ဝေခွဲရန်ခက်နေတယ်…
    ဒီတော့
    ၁။အလွန်ကောင်း
    ၂။လွန်ကောင်း
    ၃။ကောင်း
    ၄။လွန်
    ၅။အ
    အဲ့တိုင်း ဖြစ်သွားတယ် ဆြာရေ :mrgreen:

  • Khaing Khaing

    July 29, 2012 at 9:08 pm

    ကိုကမ်းညီမကတော့ ဒီလိုစာတွေကို နားလည်ဖို့ဆိုတာမမှီဘူးရယ် … ကိုယ့်အစ်ကိုကြီးရဲ့ ရင်ထဲခံစားချက်တွေကိုတော့ ဝေမျှခံစားသွားပါတယ်ရှင် …….
    တစ်ဝါဝင် တစ်ဝါထွက် ကျွတ်ခဲ့တဲ့ သီတင်း ဒီသီတင်းမှာတော့ ငါကျွတ်လိုက်ချင်ရဲ့ ….

  • pooch

    July 29, 2012 at 9:31 pm

    လူဆိုတာ တဦးအရိပ်ကို တဦးခိုရင်း နေကြရတာပါတဲ့ ကိုကမ်းကြီးရယ်….
    တနေ့သောအခါ တယောက်သောသူရဲ့ အေးရိပ်မှာ အနှောင့်အယှက်ကင်းစွာ ခိုဝင်နိုင်ပါစေလို့…..

  • marblecommet

    July 30, 2012 at 2:20 am

    ပန်ပန်…..
    ရဲဘော်ကြီးပေ….
    အရီးလတ်…..
    ကိုသန်းထွဋ်ဦး…
    ဘော်ဒါကြီးကြောင်ဝတုတ်….
    mamanoyar…….
    ရဲဘော်ကြီး ကိုထက်ဝေး….
    ကိုခင်မင်……
    အန်တီအေး…
    နောင်တော်ကြီးကိုဆာမိ….
    ခွက်ပြိုင်ကြီး ကိုရင်စီ…..
    အဆွေတော်ကိုခြောက်ဘက်…..
    မမ အညာသူ….
    ဒေါ်ဒေါ်ကလေး မိုးဇက်…..
    အန်တီ မမ…..
    ကွမ်ကျိုးတစ်ကိုယ်တော် သိုင်းထီးကြီး ကိုရဲ….
    ညီမ ခိုင်လေး….
    မပုချ်…..
    ကွန်မန့်များ…ဆုတောင်းများ…..အားပေးမှုများအတွက်
    ကျေးဇူးဗျ…….
    အဲ…….
    တစ်ခုတော့ ရှိတာပေါ့ဗျာ…..
    ကျနော်က ကိုမတ်ကြီး သင်ပေးထားတဲ့
    နည်းကလေး အတိုင်း
    ရွာထဲမှာ လူအထင်ကြီးအောင် လုပ်နေတာပါ
    ရွာထဲက ကောင်မလေး တစ်ယောက် လင်နောက်လိုက်ပြီဆို
    ကိုကမ်း ခင်ဗျား အိမ်ထဲမှာ တစ်ပတ်လောက် ပုန်းသာနေလိုက်တဲ့
    အထင်ခံရလား နည်းလားဗျ…တဲ့…..
    ဟုတ်ကဲ့ အဲလိုဘွပါခင်ဗျာ……အာဟင့်…..
    ပြေးပြီ …..
    အားလုံး ရှဲရှဲ…..
    လေးစားတဲ့
    မောင်ကမ်း…..

    • MaMa

      July 30, 2012 at 4:44 pm

      အော်……..
      အမတ်မင်းရဲ့ အကြံဉာဏ်ဆိုတော့လည်း …….
      လေးစားလောက်ပါပေတယ်။ :mrgreen:

  • ကြောင်ကြီး

    July 30, 2012 at 8:04 am

    မောင်ကမ်း
    ထောင်ဖမ်း
    ယောင်ရမ်း
    ဗြောင်နမ်း
    သောင်ကမ်း
    ဖောင်မြန်း
    အောင်စမ်း
    ကြောင်ရမ်း…။

  • etone

    July 30, 2012 at 1:35 pm

    ကိုကမ်းကြီးရဲ့ အရေးသားကတော့ ဖျားလောက်ပါတယ် …
    ဟဲဗီးစကားလုံးတွေ ထည့်မသုံးထားပဲ …… ပေါ့ပေါ့ပါးပါးလေးနဲ့ … တဖက်လူရဲ့ အတွေးထဲရောက်အောင် ရေးနိုင်တဲ့ ….. ပညာကို လေးစားမိပါတယ် …. ။ လက်မပိချိလေးထောင်ပြီး အားပေးပါတယ် ..ကိုကမ်းကြီးရေ …. ။

  • ko khin kha

    July 30, 2012 at 5:03 pm

    တစ်နေ့သောအခါ . . .
    ငါရယ်…သူမရယ်…ကမ္ဘာကြီးရယ်…
    တစ်သားတည်း ရိုးသား ပေါင်းစည်းကြဖို့
    မျှော်လင့်ထားပါတယ်…..။

    ရောက်ကိုရောက်ရမယ်လား၊
    ရောက်လာလိမ့်မယ်လား ဆိုတာကိုတော့ဖြင့်——-။

    ဖတ်ပြီးအားပေးမိပါတယ်။အရေးကောင်းလို့တော့ပြောခဲ့မယ်နော်။

  • ဖိုးထောင်

    July 31, 2012 at 12:59 am

    တစ်နေ့သောအခါ
    ကျနော် မောင်ဖိုးထောင် ကဗျာဆရာ့အရင် မိန်းမရပါစေ ဂွတ်ဂွတ်ဂွတ်

  • Thakhin CJ

    July 31, 2012 at 8:57 am

    ညီလေးရေ…။
    လေးလေးစားစား
    နှစ်နှစ်ခြိုက်ခြိုက်
    တရှိုက်မက်မက်
    ဖတ်သွားပါတယ် ဗျာ…။
    မပြောင်းလဲသော လေးစားခြင်းများဖြင့်…
    သခင် စီဂျေ….

  • marblecommet

    August 1, 2012 at 2:02 am

    အူးကြောင် သိပ်မရမ်းနဲ့..
    ိသိပ်ရမ်းရင်..မောင်းဂွမ်းသွားမယ်
    မောင်းဂွမ်းရင်…တောင်းထမ်းလို့မရတော့ဘူး..
    တောင်းထမ်းလို့မရရင် သောင်းကျန်သမျှ အဟောသိကံဖြစ်မဗျ….
    အဟိ…….
    …………
    မအိတုန်ရေ့….
    လက်မ ပိချိကလေး ထောင်ပေးတာကျေးကျေးဗျာ….
    မအိတုန် ချီးကျူးသလောက်လည်း မဟုတ်ရပါဗျာ..
    ရှိစုမဲ့ ကိုယ်ခံဝမ်းစာကလေးနဲ့
    ရေးမိရေးရာ တွေးမိတွေးရာလေးတွေ
    ရေးစမ်းကြည့်တာပါနော့
    ခင်တဲ့…..
    …………
    ကိုခင်ခရေ့……
    ပသို့ပင်ဆိုစေ….
    ရေးသူဖတ်သူ ခံစားချက်တူချင်မှ တူပါလိမ့်မယ်နော့…..
    ကျွန်တော်ကတော့ ရောက်ချင်နေပါတယ်
    ဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးဗျာ…..
    ခင်တဲ့……
    ………
    ကိုဖိုးထောင်ရေ့
    ခင်ဗျားအရင်ရရင်လည်း
    ကျနော် အရင်လာစားမပေါ့ဗျာ…..
    ကျွန်တော့်ထက် အရင်စွံသွားရင်လည်း
    ဗရာဗိုပေါ့ အာဟိ…..
    ……….
    အစ်ကိုသခင်စီဂျေခင်ဗျား
    ကဗျာကို နှစ်သက်လို့ဝမ်းသာပါတယ်
    ဝေဖန်ထောက်ပြစရာရှိကလည်း
    ထောက်ပြပေးပါဗျ…..
    လေးစားတဲ့
    မောင်ကမ်း….

Leave a Reply