ကိုယ့်တာဝန်နှင့် အခန်းဆက်အတွေးများ ..

ယောဆရာကြီးက တောမှာနေရသူပါ ၊မြို့ရောက်မှ ကွန်ပျူတာရှေ့ထိုင်ရပါတယ်။ ကိုယ့်တာဝန် ဆိုတဲ့ တွေးစရာပုံပြင်ပိုစ့်လေး တင်ပြီး နောက်တစ်ကြိမ်ကွန်ပျူတာရှေ့ရောက်တော့ ကိုယ်တင်တဲ့ပိုစ့်က စာမျက်နှာ (၂)ကိုရွေ့သွားပြီး Comments ၁၃ ခုတွေ့တယ် ။ပြန်ဆွေးနွေးဖို့စဉ်းစားရင်းဒီပိုစ့်လေးနဲ့ပဲ တွေးကြမယ် ၊ ဆွေးနွေးကြမယ် .. ..

ကိုပေ ပြောသလိုပါပဲ ဒီပုံပြင်ကလေးက ရွာသားတွေကို ရည်ညွန်း ပါတယ် ..
ကိုသန်းထွဋ်ဦး ဆွေးနွေးသလို ယောဆရာကြီးက ယောနယ်ကမဟုတ်ပါဘူး . အညတရ တောသားတစ်ယောက်ပါပဲ ကိုယ့်အလုပ်မဟုတ်ဘဲ သူများအလုပ်ကို ဝင်လုပ်မိရင် ဝါးရင်းတုတ်နဲ့အရိုက်ခံရတတ်တယ်ဆိုတာကို ဖောက်သည်ချတာပါ ၊ .. ပန်ပန် ဆွေးနွေးသလို နေသာသလို နေလို့တော့မရပါဘူး .. မမအညာသူ ပြောသလို သူခိုးလာတာကို ဒီအတိုင်းထိုင်ကြည့်နေလို့လည်း မဖြစ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်လုပ်ပြီး သူများကိုမကူညီ လို့လည်းမရပါဘူး ။

MaMa ဆွေးနွေးတဲ့အထဲမှာ ကိုယ့်အလုပ်ပဲကိုယ်လုပ်မယ်ဆိုတာ အမှန်တရားပါ .. သူများအလုပ်ကို မကူဘူးဆိုတာတော့ အမှန်တရား မဟုတ်ပါဘူး ၊ သူများအလုပ်ကို ဝင်မလုပ်တာ တနည်း သူများခွင့်ပြုချက်မရပဲ ဝင်မလုပ်ရတာပါ ။ အကူအညီ တော့ပေးသင့်ပါတယ် ။

Ko Kin Kha ရဲ့မဆိုဝင်မကိုင် ဆိုသလိုနေသာသလို နှစ်ပေါင်းများစွာနေခဲ့ကြလို့ တို့တိုင်းပြည် အခုလို အရမ်း တိုးတက်သာယာလျှက်ပါ ဆွေးနွေးချက်က ပြောင်းပြန် ပြောချင်တာလို့ ယူဆမိပါတယ် ဒီနေရာမှာ တာဝန်(အလုပ်)ကို ပြန်ဆွေးနွေးချင်ပါတယ်၊ ဒီရွာ စည်ပင်ဝပြောဖို့အတွက် ခေါင်းဆောင်တဲ့ သူကြီး နဲ့ရွာသူ ရွာသားတွေရဲ့တာဝန်ပါ ။ သူကြီး မရှိရင် ရွာမရှိနိုင်သလို ရွာသူရွာသားတွေ မရှိရင်လည်း ရွာမရှိနိုင်ပါဘူး ။ သူကြီး တာဝန် ရွာသားတာဝန် ဆိုတာတော့ ခြားနားချက် ရှိပါတယ် ။ ဥပဒေ ပြဒါန်းမထားသော်လည်း အားလုံးရဲ့ရင်ထဲမှာ ဒါက သူကြီးအလုပ် ၊ ဒါက ရွာသားအလုပ်ဆိုတာ ကွဲကွဲပြားပြားရှိနေပါတယ်။ သူကြီးကလည်း ရွာသားတစ်ယောက်ဖြစ်လို့သူက ရွာသားအလုပ်ကို ဝင်လုပ်လို့ရပေမယ့် ရွာသားကတော့ သူကြီး အလုပ် ဝင်လုပ်လို့ မရပါဘူး ။ သူကြီးက အိပ်ချင်အိပ်နေမယ် (( သူကြီးကို တုတ်ပေါ နှင့်နှိုင်းယှဉ်ခြင်း မဟုတ်ကြောင်း တောင်းပန်ပါ၏ )) သူကြီး အလုပ်ပျက်ကွက်တာကိုရွာသားတစ်ဦးတစ်ယောက်က ငါတို့သူကြီး မရှိတုန်း ငါသူကြီး ဝင်လုပ်လို့မရပါဘူး ။ သူကြီး လုပ်ဆောင်ချက်ကို မကြိုက်ရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ သူကြီးဝင်အရွေးခံရုံပဲ ရှိပါသည်။

အခုဆိုရင် ရွာထဲမှာ အခန်းဆက်ဆောင်းပါးရှင်တွေ ရေးနေကြပါပြီ .. ယင်းအခန်းဆက်ဆောင်းပါးများသည် မူရင်းဆောင်းပါးရှင်၏မူပိုင်ဖြစ်သဖြင့် အခြားသူဝင်ရေးခွင့်မရှိပါ ။ ဥပမာ – ချို ပေါ့ ကျ အခန်းဆက်ဆောင်းပါးကို ယောဆရာကြီး ဝင်ရေးခွင့်မရှိပါ။ ဆောင်းပါးမူပိုင်ရှင် blackchaw ကသာအခန်းဆက် ရေးသားခွင့်ရှိပြီး ယောဆရာကြီးအလုပ်က သူရေးတာကို ဖတ်မယ်၊ ကြိုက်ရင်ထောက်ခံမယ်၊ မကြိုက်ရင် ကန့်ကွက်မယ်၊ လိုနေရင် ဖြည့်ပေးမယ်၊ ပိုနေရင် ထောက်ပြမယ်၊ သူ့တာကိုယ့်တာ ခွဲခြားကြည့်တာပါ ။ ပုံပြင်ထဲက ဂျက်ကီ ဟာသူခိုးလာတာကို အသံမပြုရင် သခင့်စီးပွါးကို ထိခိုက်မှာမို့ သူ့စိတ်ကူးနှင့်တာဝန်ယူမှု ကောင်းပါသည်။ လုပ်ဆောင်ချက်သာမှန်ပါလျှင် ရွှေတံဆိပ် ဆုရှင်သေချာပါသည်။ မြင်းကို ဇောင်းထဲတွင် ကြိုးချည်ထားလေ့ မရှိပါ သူခိုးကပ်ချိန်မှာ ဂျက်ကီဟာ တုတ်ပေါက်ို “ဟိတ်ကောင် ကိုယ့်တာဝန်ကိုယ်သိ ”လို့ပြောလိုက်ရင် အိတုန် ရဲ့ဆွေးနွေးချက်နဲ့ တစ်သားတည်းဖြစ်သွားမှာပါ (အိတုန် ကိုကျေးဇူးတင်ပါသည် )

Kyeemite ဆွေးနွေးသလို လုပ်သင့်တဲ့အလုပ်ကို ဘယ်လို အခက်အခဲ အကြပ်အတည်းနဲ့တွေ့တွေ့ရင်ဆိုင်ဖြေရှင်းရမှာပါ ဒါပေမယ့် လုပ်နည်းလုပ်ဟန်တော့လိုပါလိမ့်မည်၊ တုန်တုန်ချိချိ အဖွားအိုတစ်ယောက်က လမ်းဖြတ်ကူးချင်တာ သူ့အလုပ်ပါ ၊ ဘေးကင်းဖို့အတွက်ကူညီတာက ပရဟိတ ဝါသနာပါသူတိုင်းရဲ့အလုပ်ပါ၊ အဖွားကူးရင်အန္တရာယ် များပါတယ် ကျွန်တော်ပဲကူးလိုက်မယ်လို့ဝင်လုပ်ကြည့်ပါလား ခါးတောင်းကြိုက်တစ်ခြား ဟိုဟာတစ်ခြားဖြစ်သွားမှာပါ ၊ နိုင်ငံရေးကို မဆွေးနွေးလိုပါ ။ ယင်းနေရာတွင်ဂေဇက်ရွာနှဲ့အစားထိုးဆွေးနွေးကြရအောင် သူကြီးက တာဝန်ယူလုပ်ရမယ့်အလုပ်တွေမှာ ရွာသူ ရွာသားတွေ ဝိုင်းဝန်းကူညီရမှာ ဝါးရင်းတုတ်ကြောက်ဖို့မလိုပါဘူး ။ မီးလောင်တာကို မီးငြိမ်းသတ်ဖို့က ပရဟိတ စိတ်ရှိတဲ့ ရွာသားတွေ ရဲ့တာဝန်ပါ။ မီးစလောင်သူကို တရားစွဲ ဖို့က သူကြီးအလုပ်ဖြစ်သွားပြီ ။ ရွာသားတွေဝင်လုပ်လို့မရပါ ။မကျေနပ်ရင် သူကြီးကို တိုင်လို့ရပါသည်။သူကြီးအလုပ်ဝင်လုပ်ချင်ရင်တော့ ကိုယ်ပိုင်တစ်ရွာထောင်ပြီး သူကြီးလုပ်ပါ ။ဒါတောင် ရွာသားတွေ ရှိပါမှသူကြီး လုပ်လို့ရမှာ .. ရွာထဲမှာ သူကြီးတစ်ယောက်တည်းရှိနေရင် ပျင်းစရာကြီး ။
Kyeemite ကိုဆွေးနွေးရင်းနဲ့ Shwe Ei ရဲ့ပရဟိတ လုပ်ငန်းလေးပါ တစ်စွန်းတစ်စ ပါသွားပြီ။ ပရဟိတ အလုပ်က သူသားအားလုံးရဲ့အလုပ်ပါ ။ ပရဟိတ လုပ်သူနဲ့အလုပ်ခံရသူ ၊ ကူညီသူနဲ့အကူအညီ လိုအပ်သူ ၊ အလျှူရှင်နဲ့ဒုက္ခသည် တို့နေရာယူမမှားဖို့ကအရေးကြီးပါသည် ။ဆွေးနွေးချက်အားလုံးကို ခြုံလိုက်ရင် အရီးခင်လတ် ဆွေးနွေးချက်တွေလည်းပါသွားပါပြီ ..

MaMa ကိုတောင်းပန်ချင်ပါသည်၊ ယောဆရာကြီး ပိုစ့်ကြောင့် အတွေးလွဲမသွားစေလိုပါ၊ ဓာတ်ပုံပြပွဲကျင်းပ တာဟာ ချစ်ရင်ထူးII ရဲ့တစ်ကိုယ်တော် စိတ်ကူးပါ ၊ အထောက်အပံ့ပေးကြသူတွေက သူကြီးနဲ့ မောင်ဂီ ပါ။ ဝိုင်းဝန်းဆွေးနွေးကြ၊ အကြံပေးကြ ၊ မိမိလက်ရာလေးတွေ ဝင်ပြကြတာက ရွာသူ ရွာသားတွေ တာဝန်ပါ ၊ ဒါကြောင့် မတတ်တတတ်ပဲ ဖြစ်ဖြစ်၊ တတ်လို့ပဲဖြစ်ဖြစ်၊ ဝါသနာပါလို့ပဲဖြစ်ဖြစ်၊ ပညာရှင်ပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ပြီး ပြပွဲတင်ပေးတာ ကိုယ့်တာဝန်( ကိုယ့်အလုပ် )ဖြစ်လို့ ဒီပြပွဲလေး ရှင်သန်ရန်အတွက် ဆက်လက်ပြပွဲဝင်ပေးဖို့တိုက်တွန်းပါရစေ ။ ယောဆရာကြီးကတော့ ဓာတ်ပုံမရိုက်တတ်လို့အားပေးသူအနေနဲ့ပဲ ရှိပါမည်။

စကားချပ် ။ ။ဥပမာများကို သူကြီးနှင့်ပေးမိခြင်းအတွက် သူကြီးကို တောင်းပန်ပါသည်။

ခင်မင်လေးစားစွာဖြင့်
ယောဆရာကြီး

11 comments

  • ko khin kha

    July 29, 2012 at 1:24 pm

    အခုလိုရှင်းလင်းစွာရေးပြပေးတာကျေးဇူးပါ

  • MaMa

    July 29, 2012 at 4:49 pm

    တောင်းပန်စရာမလိုပါ ယောဆရာကြီးရှင့်။
    ိမိမိ၏ ရပ်တည်ချက် သဘောထားကို တင်ပြရုံမျှသာ ဖြစ်ပါသည်။

  • မမ အညာသူ

    July 29, 2012 at 5:12 pm

    ခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်
    တစ်ယောက်နှင့်တစ်ယောက်အတွေးအမြင်ချင်းမတူသလိုခံယူချက်ချင်းလဲဘယ်တူမလဲနော်

  • မှော်ဆရာ

    July 29, 2012 at 5:23 pm

    စာရေးသူက ဘာကို ပြောချင်သလဲဆိုတာကို သဘောမပေါက်ဘူး ဖြစ်နေတယ် ..
    ရည်ညွှန်းထားတာက အားမာန်ဓါတ်ပုံပြပွဲ ၃ သို့ ဆိုတော့ အရင်အခေါက် ဓါတ်ပုံပြပွဲတွေတုန်းက ပြသနာ မပေါ်ဘူး …။ အခုမှ ဘာကို ပြောချင်မှန်း မသိတဲ့ ပိုစ့်တက်လာတယ်ဆိုတော့ ယခုတစ်ခေါက် ခေါင်းစဉ်ရှင် မှော်ဆရာကို ရည်ညွှန်းနေတယ်လို့ပဲ ယူဆရမလို ဖြစ်နေပါတယ် ..။
    ဘာကို ပြောချင်တာပါလဲ … ။ ဘာကို မကျေနပ်ပါသလဲ သိချင်တယ် ..။ ပွင့်ပွင့်လင်းလင်းပေါ့ဗျာ ..။
    ဘာကိုရည်ညွှန်းမှန်းမသိ သို့လော သို့လော တွေးယူရတဲ့ အရေးအသားမျိုးတွေနဲ့ ကောင်းရာ ကောင်းကျိုး လုပ်ဆောင်နေတာကို လက်သီးပုန်း မထိုးစေချင်ဘူး …။
    မကျေနပ်တာ ရှိရင်လဲ အကျေအလည် ဆွေးနွေးကြတာပေါ့ ..
    စာမူရှင်ကို မျှော်နေပါတယ် …
    ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့ မှော်ဆရာ

  • စိန်ဗိုက်ဗိုက်

    July 29, 2012 at 5:26 pm

    ကိုဘုန်းကျော်လို ပွင့်ပွင့်လင်းလင်းပြောပါ..
    မရှက်ပါနဲ ့
    🙂

  • မှော်ဆရာ

    July 29, 2012 at 5:34 pm

    ဒီပြပွဲ မပေါ်ခင်ကတဲက ဒီရွာရဲ့ ဓါတ်ပုံအဆင့်အတန်း တိုးတက်ရေးကို လုပ်ခဲ့တယ် ..
    အခုလဲ လုပ်နေတယ် ..။ မနေ့တနေ့ကမှ ကင်မရာ ကိုင်လာတာမဟုတ်ဘူး …။ကင်မရာကိုင်ပြီး ငွေ သိန်းပေါင်းများစွာ ရှာလာခဲ့ပြီးပြီ..။
    ဒီဝက်ဆိုက်မှာ ဓါတ်ပုံနဲ့ပါတ်သက်ပြီး လုပ်နေတယ်ဆိုတာ ပိုက်ဆံရလို့ လုပ်နေတယ် မထင်နဲ့ …။ နာမည်ကြီးချင်လို့ လုပ်နေတယ် မထင်နဲ့ ..။
    အချိန်ကုန်ခံ ငွေကုန်ခံပြီး ဝက်ဆိုက် တိုးတက်ရာ တိုးတက်ကြောင်းလုပ်နေတာ …။
    မကျေနပ်ရင် မှော်ဆရာ ကို မကျေနပ်ဘူးဆိုပြီး ပွင့်ပွင့်လင်းလင်း ပိုစ့်တင်လိုက် …။ အချိန်မရွေး ပြန်ဖြေရှင်းရဲတယ် …။ ဝေ့လည်ကြောင်ပတ်နဲ့ ဟိုဟာကို ပြောသလိုလို ဒီဟာကို ပြောသလိုလို မလုပ်နဲ့ …
    ယောကျင်္ားမပီသရာ ကြတယ် ..။ ဒီလ မှော်ဆရာ ခေါင်းစဉ်ပေးလို့ မကျေနပ်ဘူး ဆိုရင်လဲ ယောဆရာကြီး ကိုယ်တိုင်သာ ပေး … အချိန်မရွေး အားမာန် ပိုစ့်ကို ဖျက်ပေးလိုက်မယ် …
    ရှေ့က သွားရင်လဲသွား … နောက်ကလိုက်ရင်လဲ လိုက် …
    ဂဏန်းလို ဘေးတိုက်တော့ မလိုက်နဲ့ .. လမ်းပျက်တယ် …

  • ကိုရင်စည်သူ

    July 29, 2012 at 6:30 pm

    မှော်ဆရာနဲ့ ယောဆရာတို့ ထိပ်တိုက်တွေ့ကြလေပြီ…။
    အားလုံးကတော့ ဓါတ်ပုံပညာတိုးတက်စေချင်လို့
    ဝိုင်းလုပ် ဝိုင်းကူနေကြသည်ပဲ ရိုးသားစွာမြင်မိပါသည်။
    တစ်ဦးနဲ့ တစ်ဦးအမြင်မှန်ကြဖို့လိုသည်…။
    အောင်မြင်တော့မယ် ကြံကာစမှာ ဘေသံတွေလည်း မကြားချင်မိပါ။
    ပြီးတော့လည်း ပြီးသွားမှာပါပဲ….
    ကိုရင်က မှော်ပညာ၊ ယောနည်းလမ်းတွေဆို
    သိပ်ကြောက်တော့ ဝင်မပါတော့ဘူးနော်… 🙁 🙁

    • ပင်လယ် ပျော်

      July 29, 2012 at 8:13 pm

      ကိုရင်စည်သူ ကျောတာ မှန်ပါဒယ် ဂျ…

  • မောင်ပေ

    July 29, 2012 at 7:42 pm

    အိုင်ပီလေးတွေကို
    သဂျီးနဲ ့
    မော်ဒရေတာ များကို
    မေးတော်မူကြပါ
    ဒါဆို အဖြူအမဲ
    ကွဲသွားပါလိမ့်မယ်
    နို ့
    မရှင်းမရှင်းနဲ ့
    လိပ်ခဲသဲလဲ ဖြစ်နေအုန်းမှာကလား

  • ယောလေး

    July 29, 2012 at 8:18 pm

    ယောဆရာကြီးက သူ့အတွေးနဲ့သူ မြင်မြင်သမျှ တင်ပြသွားသည်။ မှော်ဆရာက ရေးတာတွေဖတ် မနေတတ်လို့ အော်ဒါထပ်၍ မှာသွားပြန်သည်။ ဘာပဲပြောပြော ဖတ်ကောင်းကြည့်ကောင်းရှိ၏။

Leave a Reply