လိုင်းပေါ်မှာ ၀က်ဆိုဒ်တွေမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ပွစိလန် ဆဲကြ ဆိုကြနဲ့… ဖွာလဖွာ ကျနေတဲ့ အချိန်မှာ ဒီပို့စ်ကိုမတင်သင့်သေးဘူးဆိုပြီး စောင့်နေခဲ့တာ………..။ ဒါပေမဲ့ သူတို့ တွေကမရပ် သေးပေမဲ့ အတော်လေး တည်ငြိမ်လာပြီ စဉ်းစားချင့်ချိန်နိုင်လာပြီလို့ ယူဆလို့ ဒီပို့လေးကိုကောက်ရေးလိုက်တာပါ…။ ဒီပို့စ်ကိုရေးတဲ့သူကိုယ်တိုင် ရခိုင်ပြည်ဆိုတာ မရောက်ဖူးခဲ့ပါ…။ ဒါပေမဲ့ တစ်ချို့တွေ ၀က်ဆိုဒ်လင့်တွေ ပေးပြီးတင်နေကြတဲ့ အချိန်မှာ ကိုယ်က နှစ်ပေါင်းနှစ်ဆယ်ကျော် ပေါင်းသင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမြင်.. သူ့ရဲ့ အယူအဆကို ဘာကြောင့် မရေးရဲ မတင်ရဲရမှာလဲ ဆိုပြီး အားယူရေးလိုက်ရပါတော့တယ်…။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပျဉ်းမနားကို ကိစ္စတစ်ခုနဲ့ရောက်သွားတုန်း ကားဂိတ်တစ်ခုမှာ……….
“ ဟေးးး တောပုန်းကြီး ဘာလာလုပ်တာလဲကွ”
ဆိုတဲ့ အသံပြဲကြီးကြားလိုက်ရလို့ နောက်ကိုလှည့်ကြည့်လိုက်မိတဲ့ အချိန်မှာ ရုံး ယူနီဖောင်းနဲ့ သူငယ်ချင်း ကိုကြီးကျော်ကို တွေ့လိုက်တာကြောင့်……..
“ ဟာ…. ရခိုင်ကနေ ပြန်ပြေးလာတာလား”
နေ၀န်းနီ နောက်ဆုံးသိထားတာက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကိုကြီးကျော်တစ်ယောက် နစခ ကို လေးကြိမ်မြောက် ပြန်သွားရတယ်လို့ သိထားရလို့ပါ…။
“ နင့် ဘကြီး ပြန်ပြေးလာရမှာလား ဒီပြန်ရောက်နေတာ ခြောက်လလောက်ရှိပြီ…။”
သူက ထုံးစံအတိုင်း အဆဲလေးတစ်ဝက်နဲ့ ပြန်ပြောပါတယ်…။
“တော်သေးတာပေါ့……..။ နို့မို့ဆို…….နောက်က တစ်ငင်ငင်နဲ့ နေမှာ မိတုတ်က ငါတို့ကတော့ ၀လကလ (ဝေးလေကောင်းလေ)ပဲ…။”
“နင့် အကြောင်းငါ သိသားပဲ…။ လမ်းပေါ်က ဖြတ်သွားတဲ့ ခပ်လန်လန် ကောင်မလေးတစ်ယောက်လောက် ဘယ်သူမှ ဂရုမထားဘူးဆိုတာ….. ခု မိတုတ် လိုက်လာလို့ သူ့ကိုကားလိုက်တင်ပေးတာ ….။ နင်အချိန်ရရင် အေးအေး ဆေးဆေး စကားပြောရအောင် ငါ့ အခန်းလိုက်ခဲ့ပါလား နင့်ကိစ္စ ပြီး၇င်……”
“ အေး ကောင်းသားဟ…… နင့် ဆီမှာ ဘာချက်ထားလဲ ငါဗိုက်ဆာပြီ…။ မိတုတ် ကခုမှ ပြန်သွားတာဆိုတော့ နင့်ဖို့ သေချာ ချက်ပေးခဲ့မှာ မိတုတ်ချက်ပေးတာ စားရင်းသောက်ရင်း စကားပြောတာပေါ့ သွားရအောင်”
သူ့ ဆိုင်ကယ် လေးနဲ့ သူ့အခန်းကို သွားကြပါတယ်…။ သူ့ဇနီးသည် မိတုတ်ကိုလိုက်ပို့ တာဆိုတော့ ဦးထုပ်တစ်လုံးလည်း ပိုနေတာနဲ့ အတော်ပါပဲ…။ ဆိုင်ကယ်လေးကတော့ ပြောမှာပဲ….။ အော် ငါ့မှာ အပြန်တော့ သက်သာပြီမှတ်တာ နောက်က ပါလှက်ပါလျှက်ပါပဲလားလို့ ………..။
“ ဟိုမှာ ဆူနေတယ်ကြားလို့ ငါ ကနင်ပါရောပါလောက်ပြီမှတ်နေတာ ပြိးတော့ နင်က ဒီပြန်ရောက်ပြီ နှပ်နေတာကိုး….။ ငါတို့ဆီတောင် အလည်လေးဘာလေး မလာပါလား ဘာတွေ အလုပ်ရှုပ်နေလို့လဲ………”
နေ၀န်းနီက ဆိုင်ကယ်နောက်ကနေထိုင်ရင်း သူ့ကိုပြောပါတယ်…။
“ ငါလည်း ပြန်ရောက်ကတည်းက နားကိုမနားရတာ …။ နယ်ဆင်းမှတ်ပုံတင်လုပ်ပေး ရပ်/ကျေး မြေပုံတွေ ဆွဲနဲ့………”
သူကအဲဒိလိုပြန်ပြောတော့ …..
“ ဟဲ့ နယ်လှည့် မှတ်ပုံတင်လုပ်ပေးနေတာက စီမံချက်မို့ ထားပါတော့ ဘာလဲ မြေပုံတွေ ဆွဲနေတာက”
“ ဒီလိုဟ….။ နင်ဟိုရောက်တော့ မြင်ပါလိမ့်မယ်………။ ငါဆိုင်ကယ် မောင်းနေတုန်း စကားမပြောနဲ့ အေးဆေးလိုက်ခဲ့”
အဲဒိလိုနဲ့ နေ၀န်းနီ လည်း သူ့နောက်က စကားမပြောတော့ပဲ….လိုက်လာခဲ့ပါတယ်…။ မကြာခင်မှာပဲ… သူ ငှားနေတဲ့ အိမ်ကလေးကိုရောက်လာပါတယ်…။ မိသားစုက တစ်နေရာမှာ သူကတစ်နေရာမှာ တစ်ကွဲစီနေရတဲ့ သူ့ကို နဲနဲတော့ စာနာမိပါတယ်…။ အိမ်ရှေ့ ရောက်တော့ သော့ဖွင့်ပြီး ကိုကြီးကျော်က ရှေ့ကနေဦးဆောင်ဝင်သွားပါတယ်..။ နေ၀န်းနီက နောက်ကနေကပ်လိုက်သွားတာပေါ့…….။ အိမ်ပေါ်ရောက်တော့ စားပွဲတစ်လုံး ကုတင်တစ်လုံးးနဲ့ သေတ္တာ တစ်လုံး ခပ်ကျဲကျဲ နေရာယူထားတာတွေ့လိုက်ပါတယ်…။ စားပွဲပေါ်မှာတော့ သူ့ တီဗွီ ပေါက်စလေး (7” TV လို့ ပြောတာပဲ…။ အဖြူအမဲ ) တစ်လုံးနဲ့ လက်ပ်တော့ တစ်လုံးတင်ထားလေရဲ့…။ စားပွဲတစ်ခြမ်းမှာတော့ ဆွဲလက်စ မြေပုံ စာရွက် ကနေရာယူထားပါတယ်……။
“ ဒီမြေပုံတွေက 2014 ဧပြီ ၁ရက်ကနေ ၇ အတွင်း ကောက်ယူမဲ့ သန်းကောင် စာရင်း အတွက် စာရင်းကောက်ယူရမဲ့ အခြေပြမြေပုံတွေပဲ…။ စာရင်းကောက်မဲ့ အဖွဲ့တွေက ဒီမြေပုံပေါ်မှာ ပါတဲ့ အိမ်တွေ အတိုင်းလိုက်ကောက်ရမှာ………. မင်းလာဆွဲပေးချင် လာဆွဲပေးလှည့်…….”
“ အောင်မာ ရာရာစစ နင့် ကို ဒါတွေ လုပ်ဖို့ လစာတွေ ပေးထားတာ ငါက ဘာဆိုင်လို့ လာလုပ်ပေးရမှာလဲဟ ခုဆို သုံးသောင်းတောင် တိုးပေးထားတာ…..လုပ်ပေါ့… ကိုယ့်တာဝန်ကိုယ်…..”
နေ၀န်းနီက ပြန်ငေါက်လိုက်တော့
“ အေးပါ…… သူငယ်ချင်း အကြောင်းသိပြီးသားပါ…… ဒါအသာထား နင်စားဖို့ ငါပြင်လိုက်ဦးမယ်…။”
အဲဒိလိုပြောဆိုပြီး နောက်ခန်းထဲဝင်သွားပါတယ်…။
“ နင် ဟိုမှာ (ရခိုင်မှာ ) ဘယ်လောက်ကြားခဲ့လဲ ခုတစ်ခေါက်..။ တို့တို့ဟာ တစ်ယောက်ထဲ လေးခါတောင်ပြန်သွားရတယ်ဆိုတော့ နင်တို့ ရုံးမှာ လူမရှိတော့လို့ လား”
နေ၀န်းနီကလည်း ဒီအကြောင်းကို သိချင်လို့ လိုက်လာတာဆိုတော့ သူ့ကို အချိန်ဆွဲမနေပဲ လှမ်းမေးလိုက်ပါတယ်…။
“ မရှိလို့ မဟုတ်ဘူးဟ ငါ့ကို စိတ်ချလို့ ပြန်လွှတ်တာ…..။ ငါတို့ရုံးမှာ လူတွေ ပေါ……”
“ ဘာစိတ်ချတာလဲ……. ပိုက်ဆံတောင်းတဲ့ နေရာမှာလား ဟိုမှာ ကုလားမလေးတွေနဲ့ ငြိမလာဘူးလား”
“ပိုက်ဆံတောင်းတဲ့ ကောင်တွေ များနေလို့ ငါတို့လို မတောင်းတတ်တဲ့ တောင်းရမှာ ချေးထက်ကြောက်တဲ့ ကောင်တွေနဲ့ တွဲတွဲထည့်နေရတာဟေ့…။”
“ နင်က လည်း စားခါနီး သောက်ခါနီး ချေးအကြောင်းလာပြောနေပြန်ပြီ”
“ အေးလေ…… ငါအကြောင်းနင်သိသားနဲ့..။ နင်ကလာ လာစနေတာကိုး……..”
သူ့ အကြောင်းကို သိလို့ စ လိုက်တာပါ…။ ပေါင်းလာတာ ဟိုး ရှစ်တန်း ကိုးတန်းကျောင်းသားကတည်းက ဆိုတော့ ………. သူ့ အကြောင်းကို နေ၀န်းနီက အသိဆုံးပါဆိုရင် နည်းနည်း ပိုတယ်ပြောခံရမလား မသိဘူုး……….။ ဟို တစ်ချိန် သူအလုပ် ၀င်ခါစ နေ၀န်းနီလည်းရုံးတစ်ရုံးမှာ လုပ်နေတုန်း နေ၀န်းနီ ဆီကို ဒေါသတွေ တစ်လှေကြီးနဲ့ ပေါက်ချလာပါတယ်…။ ပြဿနာက သူ့ဦးစီးမှူးက ပိုက်ဆံတောင်းခိုင်းတာ မတောင်းရဲဘူးပြောလို့ပါ…။ သူကလည်း ငယ်တုံးဆိုတော့ သူများဆီကပိုက်ဆံ တောင်းရမဲ့ အစား ချေးကိုင်ခိုင်းရင် ကိုင်လိုက်ချင်သေးတယ်လို့ ပြောလိုက်တာပါ…။ အဲ…….. သူ့ဦးစီးက မူးနေတုန်းဆိုတော့ အဲဒါဆိုလည်း ချေးကိုင်ကွာ…….ခုကိုင် နောက်မင်းကိုမတောင်းခိုင်းဘူုးလို့ ပြောသတဲ့…..။ သူကဘာပြောလိုက်သလဲ ဆိုတော့ အဲဒိနေရာက မထပဲ ခင်ဗျားပါရင် ကိုင်ပြမယ်လို့ ပြောလိုက်သတဲ့ …။ အဲဒါနဲ့ သူနဲ့ နင်ဘဲငဆ ဖြစ်ပြီး ဒေါသထွက်ထွက်နဲ့ ထွက်မိထွက်ရာထွက်လာတာက နေ၀န်းနီ ရှိရာကိုရောက်လာတာပါ……….။ ဒီအကြောင်းကိုထည့်ပြောနေတာက သူ့ရဲ့ ပင်ကိုယ်စရိုက်ကို မှန်းကြည့်နိုင်အောင်ပါ…….။
“ ဒီမှာနေ၀န်းနီ…။ ငါ အခက်အခဲ တွေ အကျပ်အတည်းတွေ အများကြီး ကြုံခဲ့ဖူးတယ်…။ ငါက တောင်းလိုက်ရင် ရမယ်ဆိုတာလည်း သိတယ်…။ ဒါပေမဲ့ အဲဒိလို ချေးထက် ရွံတယ်ဆိုပြီး ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ကိစ္စကို ဒီပိုက်ဆံလေး မဖြစ်စလောက်တောင်းပြီး အပျက်ခံရမလား ဟေ့……… ငတ်လို့ သေချင်သေသွားပါစေ ငါ စထားတဲ့ စကား ငါပြန်မဖျက်ဖူး…။”
“ အေးပါ……နင်ပြန်လာတော့ ဟိုမှာ အေးအေးဆေးဆေးပဲ မဟုတ်လား”
“ ငါတို့ ပြန်လာတော့ အေးဆေးပါ……..။ ငါပြန်လာပြီး လေးလ ကျော်မှဖြစ်တာဟ….။ အော် နင်မေးလို့ ပြောရဦးမယ်…။ ကုလားမလေးတွေနဲ့ မငြိဘူးလားဆိုတာ……… သူတို့က မိန်းကလေးတွေ အရွယ် ရောက်လာတာနဲ့ အပြင်ကို မထုတ်တော့ဘူး…။ လင်ပေးစားဖို့ အိမ်ထဲ အောင်းခိုင်းထားတာ အိမ်တွင်းပုန်းကုလားမ ဆိုတာနင်ကြားဖူးတယ် မဟုတ်လား အဲဒိအတိုင်းပဲ…။ အဲဒါကြောင့် နင်ပြောသလိုငြိစရာလည်းမရှိဘူး ရှင်းပြီလား ……။”
“ ဒါဆို ခုဖြစ်တဲ့ ပြဿနာက ဘယ်သူလွန်တာလဲ”
နေ၀န်းနီက သူပြောတာ ကြားချင်လို့ မေးလိုက်ပါတယ်…။
“ လွန်တာက နှစ်ဖက်လုံးပဲ…။ ဘေးက သွေးထိုးပေးတာလည်းပါလိမ့်မယ်…။ အရင် ကတည်းက ဖြစ်ချင်ချင်ရယ်……. ခုလိုဖြစ်သွားတာလည်း တစ်မျိုးကောင်းသွားပါတယ်..။ နို့မို့ဆို ရခိုင်မှာ ဒီလိုဖြစ်စဉ်တွေက ထမင်းစားရေသောက်ကို ဘယ်သူမှ ဂရုမစိုက်မိကြဘူး…။ အဲဒိ ကုလားတွေနဲ့ ငါတို့ လိပ်ခဲ့တည်းလည်း ဖြစ်နေတာလည်း ဘယ်သူမှဂရုမစိုက်မိကြဘူး…။ ငါတို့နဲ့ ပြဿနာတက်တိုင်း UNHCR က ကာဆီးကာဆီးလုပ်တာ …။ အဲဒါလည်း လူမသိဘူး…။ ခုတော့ အတွင်းလှိုက်စားနေတဲ့ အနာက အပြင်ကိုပွင့်ထွက်လာပြီ…။ ဆေးကောင်းဝါးကောင်းနဲ့ ကုသပေးရင်တော့ မြန်မြန်ပျောက်မှာပါ…။ အရင်က အတွင်း လှိုက်စားနေတဲ့ မြှုံနေတဲ့အနာကို ဆေးမြီးတိုနဲ့ကုနေရတာ…။ ခုတော့ အနာကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ…။ ကုတတ်ဖို့ပဲလိုတော့တယ်……..။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010