အလင်းတိုင်မှသည်………အလင်းရောင်ဆီသို့

 

“အလင်းတိုင်မှသည်…..အလင်းရောင်ဆီသို့”

…………………………………………………………………………………………………………….
အလင်းရောင်ဟူသည်လောကလူသားတို့လိုလားတောင်းတကြသည်မဟုတ်ပါလား။
အမှောင်လောကကြီးထဲမှာလွတ်မြှောက်ဖို့အလင်းရောင်ကိုတောင်းတခဲ့ကြ၏။
ထိုအလင်းရောင်သည်အမိုက်မှောင်လောကကြီးကိုဖြိုခွဲနိူင်စွမ်းရှိလေသည်။
အလင်းရောင်ရရှိဖို့အတွက်အမျိုးမျိုးဖုံဖုံကြံစည်ကြံဆကြပေသည်။နည်းစနစ်အဟောင်း
အသစ်တွေအမျိုးမျိုးအဖုံဖုံတွေ့မြင်နေကြရသည်။
သက်ရှိ/သက်မဲ့ဖြစ်စေအမှောင်လောက
ကြီးထဲမှာမဖြစ်စေလိုအားလုံးလိုလိုမြင်တွေ့စေဖို့အလင်းရောင်ကိုဖန်တီးကြသည်။
ထိုအလင်းရောင်တွေဟာလောကရုပ်ဝတ္ထုမြင်နိူင်စေဖို့ကြံစည်ကြံဆတွေးတောကြခြင်းဖြစ်သည်။
အလင်းရောင်အမျိုးမျိုးအဖုံဖုံရှိကြသည်အနက်ဘဝများစွာတို့ကိုအလင်ရောင်ဖြန့်ဝေပေးနေသည့်အလင်းတိုင်တစ်တိုင်၏စွမ်းအားကားမည်မျှကျယ်ပြန့်ပုံကိုစာရှု့သူအားဝေငှပေးချင်နေမိသည်။
ထိုအလင်းတိုင်အဖြစ်ထွန်းညှိလိုက်သူကအခြားမဟုတ်တပည့်တွေကိုမွေးထုတ်ပေးနေတဲ့ဆရာသမားများပင်ဖြစ်သည်။
သူတို့ထွန်းညှိလိုက်သောအလင်းတိုင်တစ်တိုင်ကြောင့်များစွာဘဝတို့ရဲ့အမှောင်လောကကိုချေဖျက်ခွင့်ရခဲ့လေပြီ။
အမှန်တော့ကျဉ်းမြှောင်းသေးငယ်သောအခန်းတွင်းမှာထွန်းညှိထားသောဆီမီးတစ်တိုင်၏
စွမ်းအားကမထင်ရှားပေမယ့်၊ထိုတိုင်လေးမှထွန်းညှိပွားယူလိုက်သောဆီမီးတိုင်တို့ရဲ့စွမ်း
အားတွေကတော့အံ့မခန်းဖြစ်လှပါဘိ။ အားလုံးတက်ညီလက်ညီနဲ့ယိမ်းထိုးနေလေရဲ့။
တစ်တိုင်သောစွမ်းအား၏အလင်းရောင်ဟာတိုင်ပေါင်းများစွာတို့ရဲ့စွမ်းအားကိုမြင့်တင်ပေး
နေခဲ့သည်။ ထိုအလင်းတိုင်လေးမှပွာယူခဲ့သောအလင်းရောင်တွေဟာတိုက်ခန်းအကျယ်ကိုလည်းမမှု့
က့မ္ဘာလောကကြီးကိုတောင်အန်တုလေနေရဲ့ထိုနည်းတူစွာကျွန်ုပ်တို့ရဲ့ဘဝတွေကိုအလင်းရောင်ပေးဝေခဲ့သောဆရာသမား
မိဘတွေရဲ့ဘဝမှာကောအခန်းကျဉ်းလေးထဲကဆီမီးတစ်တိုင်ပင်လော။
အစဖြစ်တည်ပုံကဒီအခန်းကျဉ်းလေးထဲမှာပင်ဘဝရဲ့စွန့်လွတ်မှု့၊အနစ်နာခံမှုတွေရောယှက်ပြီးမေတ္တာ
စေတနာတွေအပြည့်နဲ့တပည့်တိုရဲ့ဘဝတွေကိုဝေငှပေးခဲ့တာသက်ဆုံးထိတိုင်အောင်ပင်ဖြစ်နေခဲ့သည်။
ယ္ခုအလင်းတိုင်လေးအဖြစ်ရပ်တည်နေသူဆရာသမားများမှာလည်းဘဝများစွာတို့အလင်း
ရောင်ဝေငှပေးနိူင်ဖို့ဘဝရဲ့စွန့်လွတ်မှု၊အနစ်နာခံမှုတွေရောယှက်ပြီးမေတ္တာစေတနာအပြည်နဲ့တပည့်ပေါင်းများစွာကိုမွေးထုတ်ပေးလိုက်ပြီ။
နှစ်ကာလဆိုသောအချိန်တွင်းမှာမျာစွာသောဘဝတွေကိုဒုက္ခအမျိုးမျိုးအဖုံဖုံကြားမှာ
အလင်းရောင်တွေပေးဝေနေခဲ့သည်။ယနေ့အချိန်ထိလည်းပေးဝေနေဆဲပင်ဖြစ်ပေသည်။
နှစ်ကာလဆိုတဲ့အချိန်ကလတစ်ခုဟာနည်းသောအချိန်ကာလမဟုတ်ပေ၊ ”ရေကန်အသင့်
ကြာအသင့်”ဖြစ်နေသူအဖို့အချိန်ကဘာမှမဟုတ်ပေမယ့်အုတ်မြှစ်မှစ၍အခြေတည်နေသူအဖို့ပင်ပန်းမှုဒဏ်စသည်
ဒုက္ခနည်းမျိုးစုံကြားမှာရုန်းကန်ပြီးတည်ငြိမ်စွာဖြစ်နေဖို့မလွယ်ကူလှပေ။တော်ရုံတန်ရုံစိတ်ဓာတ်ဝီရိယခွန်အားနှင့်မလွယ်ကူပါ။အားလုံးကခိုင်မြဲနေမှသာ
တည်ငြိမ်မှုအဖြစ်ရပ်တည်နေနိူင်မည်။သားသမီးတွေဟာမိဘရဲ့အုပ်ထိန်းမှုအောက်မှာရှိနေစဉ်၊
ဘဝကိုရှင်သန်ဖို့ရုန်းကန်လုပ်ရှားရတာတွေကိုအလေးနက်မထားကြပါ။
ကျော့ကျော့မောမောနဲ့သာကိုယ့်ဘဝတွေကိုကုန်ဆုံးစေခဲ့သည်။
ကိုယ့်ဒူးကိုယ်ချွန်ရှာရသူအဖို့သိပါလိမ့်မည်။မိဘအုပ်ထိန်းမှုအောက်မှာလွတ်လာပြီး
ကိုယ့်သားကိုယ့်မယားနှင့်ဖြစ်လာပြီဆိုလျှင်ဖြင့်ဘဝရဲ့ပင်ပန်းမှုဒဏ်တွေကိုယ့်ကိုဖိစီးလာခဲ့ပြီ။
ထိုအခါမှဘဝရဲ့အရသာဟာမလွယ်ကူပါလားဆိုပြီးညည်းတွားမှုတွေနဲ့သက်ပြင်းချခဲ့ကြ
သည်။မိဘနှင့်သားသမီးနှစ်ဦးသားမှာမိဘကအလင်းတိုင်အဖြစ်တည်ရှိနေကာ
ထိုအလင်းတိုင်လေးမှထွန်းညှိလိုက်သောအလင်းရောင်တွေအဖြစ်သားသမီးတွေရှင်သန်လာခဲ့ကြတာပင်။
ထိုအလင်းတိုင်လေးဟာဘဝရဲ့စွန့်လွတ်မှု့၊အနစ်နာခံမှုတွေအမြဲလိုလို
ခါးစည်းခံကာအလင်းရောင်တွေပေးဝေခဲ့ကြသည်။
ကျွန်ုပ်တို့အားလုံးပင်လျှင်အလင်းတိုင်လေးရဲ့စွမ်းပကားဖြင့်တောက်ပလာခဲ့သည်
၊စိုပြေလာခဲ့သည်။ထိုအလင်းတိုင်လေးတွေကိုကျွန်ုပ်တို့မမေ့သင့်ပေ။
နေမင်းကြီးသည်သူ၏အလင်းရောင်ဖြင့်ကမ္ဘာလောကရဲ့အလှပကိုမြင်စေခဲ့သလို၊
ထိုနည်းတူစွာမိဘဆရာသမားတို့ဟာလည်းကျွန်ုပ်တို့ကိုဘဝရဲ့အလှပတွေကိုမြင်စေခဲ့သည်။
“လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယမိနှင့်ဘ”ဆိုသကဲ့သို့မိဘဆိုတာဆရာတစ်ဆူအမည်ရှိသလို
မိမိတို့ကိုအသိပညာဉာဏ်အလင်းရောင်ပေးသောဆရာသမားများကိုမိဘလို့
သတ်မှတ်ရပေလိမ့်မည်။ကျွန်ုပ်တို့မွေးဖွားပေးခဲ့သောမိဘဟာလက်ဦးဆရာပါ
“ရပ်နိူင်ပေ့…………ရပ်နိူင်ပေ့”စသည်ကအစသင်ပေးခဲ့သည်မဟုတ်ပါလား။
ထိုနည်းတူစွာသိတက်သောအရွယ်၊တနည်းဆိုရသော်မူကြိုအရွယ်မှာ
“ဒုတိယဆရာ”ထံသို့အသိဉာဏ်တည်းဟူသောပညာအလင်းကိုသင်စေခဲ့သည်။
ဆရာသမားများဟာလည်းအရပ်လေးမျက်နှာမှလာရောက်ကုန်သောတပည့်အပေါင်းတို့
အားစေတနာမေတ္တာအပြည့်နှင့်ဘဝရဲ့အလင်းရောင်တွေကိုဝေငှပေးခဲ့ခြင်းဖြစ်သည်။
ဆရာသမားတွေဟာလည်းတပည့်အပေါင်းတို့ရဲ့ခိုလှုံရာအရိပ်အာဝါသအဖြစ်တည်ရှိနေပြီး
ထိုအရိပ်အာဝါသအောက်သို့ခိုလှုံကြသောတပည့်အပေါင်းတို့ကိုမမြင်စမ်းတမ်းမှောင်မှောင်မဲမဲဖြစ်နေမှာစိုးသည့်အတွက်”အလင်းတိုင်”အဖြစ်တည်ရှိနေသူပင်။
အလင်းတိုင်လေးဟာတစ်တိုင်ပင်ဖြစ်သော်လည်းများစွာသောဘဝတွေကိုထွန်းလင်းပေးနိူင်ခဲ့သည်။
သူထွန်းလင်းလိုက်သောအလင်းတိုင်တွေဟာကမ္ဘာလောကကြီးကိုဉာဏ်ပညာ
အလင်းရောင်ဖြင့်သာယာစေခဲ့သည်၊လှပစေခဲ့သည်၊တောက်ပစေခဲ့သည်၊စိုပြေစေခဲ့သည်။
ထိုအလင်းတိုင်လေးကတော့ဒုက္ခရဲ့ရန်မူခြင်းတွေနဲ့အတူအခန်းကျဉ်းလေးတစ်နေရာမှာအလင်းရောင်ဖြန့်ဝေခြင်းဖြင့်ဘဝကိုကုန်ဆုံးစေခဲ့သည်။
အလင်းတိုင်လေးဟာ……….
“လောကကြီးထဲမှာကျွန်တော်မွေးဖွားလာတယ်၊ဒါပေမယ့်လောကကြီးဟာကျွန်တော့်
အတွက်မဟုတ်ပါ၊ကျွန်တော်ဟာလောကကြီးအတွက်ပါ”တဲ့။ကျူးရင့်လိုက်တဲ့ဥဒါန်းသံက
လောကကြီးကိုတုန်လှုပ်စေခဲ့သည်မဟုတ်ပါလား။
စေတနာမေတ္တာအပြည့်နဲ့ရင်ထဲကထွက်ပေါ်လာတဲ့ဥဒါန်းသံဟာလည်းအေးမြခြင်းကိုဖော်
ဆောင်ခဲ့သည်။ “ဆရာဟူသည်တပည့်မရှား၊တပြားမရှိပီတိကိုစားအားရှိပါ၏”ကျွန်ုပ်ငယ်ငယ်ကဖတ်ခဲ့ဖူး
သောကဗျာလေးပါ။စာရေးဆရာနာမည်မမှတ်မိတော့သို့ပေမယ့်ထိုကဗျာလေးကိုကျွန်တော်နှစ်သက်မိပါသည်။
“ဆရာဆိုတာတပည့်မရှား”မှန်ပါသည်။
ဆရာတို့မည်သည်မှာတပည့်မရှားလှပါ။အရပ်လေးမျက်နှာမှလာရောက်ကုန်သော
သူတို့ကိုအသိဉာဏ်ပညာသင်ပေးနေသူအဖို့တပည့်ဆိုတာမရှာလှပါ။
ကောင်းသူ/ဆိုးသူမည်သူမည်ဝါမသိတပည့်အဖြစ်ခံယူသူတို့ကိုဉာဏ်အလင်းပေးမည်မှာ
ဆရာသမားများပင်ဖြစ်သည်။
“ဆရာသမားဆိုတာကတော့၊ဘဲဥကိုရင်ငွေ့နဲ့ဝပ်ပေးရတဲ့ကြက်မိခင်လိုပါပဲလေ။
အတောင်အလက်စုံတဲ့အခါသူတို့ကရေထဲဆင်ပြီးကူးနေကြတာကိုကုန်းပေါ်ကနေ
ရင်တမမနဲ့ကြည့်ကြီးပူနေရတာပါပဲ”ပခုက္ကူနိကာယမဟာရတ္တညူမဟာထေရဆရာတော်
ဘုရားကြီးဘဒ္ဒန္တဇောတိကမိန့်ကြားသောဩဝါဒလေးပါ။
ဆရာတော်ဘုရားကြီးမိန့်ကြားသလိုမှန်ပါသည်။
ဆရာသမားဆိုတာဘဲဥကိုရင်ငွေ့နဲ့ဝပ်ပေးရတဲ့ကြက်မိခင်ကိုအတောင်အလက်စုံလင်တဲ့
“ဘဲကလေး”တွေဟာသူတို့ရဲ့မျိုရိုးဗီးဇအလိုက်ရေထဲမှာဆင်းပြီးအစာရှာကြတာဓမ္မတာတစ်ခုဖြစ်ပေမယ့်
ကြက်မကြီးရဲ့ရင်ထဲမှာသားသမီးအဖြစ်ခံယူထားတဲ့စေတနာမေတ္တာတရား
တွေကဓမ္မတာကိုဖုံးလွမ်းထားတဲ့အတွက် “ရေများနစ်လေမလား”ဆိုတဲ့ပူပင်စိတ်တွေက
စိုးမိုးနေခဲ့သည်။ထို့အတူဆရာသမားတွေကလည်းသွေးသားမတော်စပ်သောလူမျိုး,
ဘာသာမတူတဲ့လူမျိုးပေါင်းစုံကိုတပည့်အဖြစ်လက်ခံထားလေတော့“ဓမ္မတာ”တွေကို
စေတနာမေတ္တာတရားတွေကဖုံးလွမ်းပြီးရင်ဝယ်သာပမာပူပန်ခဲ့ကြသည်။
တပည့်ဆိုတာပညာမစုံခင်သောအချိန်ကာလအတွင်းမှာဆရာသမားတို့ရဲ့အရိပ်အာဝါသကိုခိုလှုံတက်ကြပြီး
ပညာပြည့်စုံသောအခါဆရာတို့ကိုခွဲခွာသွားကြတာချည်းပင်ဖြစ်သည်။
အချို့သောတပည့်များသည်မိမိကိုဉာဏ်ပညာအလင်းထွန်းညှိပေးလိုက်သော
(သို့မဟုတ်)အလင်းတိုင်လေးတစ်တိုင်အဖြစ်တည်ရှိစေသောဆရာသမားများကိုပင်
မေ့လျောသွားခြင်းပင်။လောကအလယ်မှာဘယ်နေရာသွားသွားအမြဲလင်းစေသော
အလင်းတိုင်လေးအဖြစ်ထွန်းညှိပေးလိုက်သောဆရာသမားတို့၏ဂုဏ်ကျေးဇူးကိုမည်သည့်အခါမှမမေ့စကောင်းပါ။
အချိန်တိုင်းတာတစ်ခုအနေနဲ့တစ်ချိန်သောအခါမှာဆရာသမား
တို့ကိုပူဇော်သင့်၊ပြုစုလုပ်ကျွေးသင့်၊ကျေးဇူးဆပ်သင့်ပါသည်။အခန်းကျဉ်းလေးထဲမှာ
စွန့်လွတ်အနစ်နာခံမှုတွေနဲ့တပည့်တို့ရဲ့အပေါ်စေတနာမေတ္တာအပြည့်ထားကာများစွာ
သောဘဝတို့ကိုအလင်းရောင်ပေးဝေနေသောအလင်းတိုင်လေးရဲ့ဘဝကိုစာနာသင့်
ပါသည်။စာရှု့သူရောစာရေးသူရောထိုအလင်းတိုင်လေးတွေမှထွန်းညှိဝေငှလိုက်သော
အလင်းရောင်တို့ဖြင့်အမှောင်လောကကြီးထဲမှာထင်ထင်သာသာအလင်းရောင်တွေရှိပြီး
လျှောက်ရသကဲ့သို့ကျွန်ုပ်တို့အလင်းရောင်မှတဆင့် “မျိုးဆက်သစ်လူငယ်”ဆိုသော
အလင်းတိုင်လေးတွေကိုတဖန်ထွန်းညှိဝေငှပေးခြင်းဖြင့်ဘဝကိုရှင်သန်စေမည်ဆိုရင်
ကမ္ဘာလောကကြီးဟာအမြဲလင်းနေအုံးမှာမလွဲဧကန်ဖြစ်သည်။ထို့ကြောင့်ကျွန်ုပ်တို့သည်
“အလင်းတိုင်မှသည်အလင်းရောင်သို့”(သို့မဟုတ်)အလင်းရောင်မှသည်အလင်းတိုင်ဆီသို့”
တည်ရှိရှိပြီးမျိုးဆက်သစ်လူငယ်တို့ရဲ့ဘဝတွေကိုအလင်းရောင်ထွန်းညှိဝေငှပေးရင်းကမ္ဘာ
လောကကြီးကိုသာယာလှပအောင်တန်ဆာဆင်ကြအုံးစို့……………။           ။

ဇွဲမာန်(အင်းဝ)