ကျွန်တော်က အတွေးသမားဆိုတော့(နည်းနည်းတော့ခွင့်လွှတ်ပါ) သူများပြောတော့မှသိရပြီး ကိုယ့်တာဝန် ဆိုတဲ့ပိုစ့်ကို ဖတ်မိပါတယ် .. ကိုကြောင်ဝတုတ်ပြောသလို ၃ ကြိမ်လောက်ဖတ်တာလည်း နားမလည်နှိုင်ပါဘူး ။ ဆက်တွေးကြည့်ပါတယ် ။ ပြပွဲဆိုတာ ကိုယ်နဲ့လည်း ပတ်သက်တာကိုး .. ပြပွဲဟာ ကျွန်တော့်ရဲ့စိတ်ကူးပါ ၊ ကျွန်တော့်ရဲ့ကိုယ်ပိုင်စိတ်ကူးဖြစ်ပြီးတော့ သူကြီးနဲ့ ကိုဂီက အားဖြည့်ပါတယ် ။ နောက်တော့ ကိုလုလင် အားဖြည့်ပါတယ် ။အဲဒီလိုကနေ အလုပ်နည်းနည်းများတာက တစ်ကြောင်း ၊ နောက်တစ်ခုကတော့ ကိုမှော်က ကျွန်တော့်ကို ခေါင်းစဉ်မပေးတာပါ ။ ကျွန်တော့်ရင်ထဲမှာ ရှိနေပါတယ် ။ ဖတ်ရင်းဖတ်ရင်းနဲ့ နည်းနည်း သိသယောင်ယောင်ဖြစ် (သေချာတွေးမှ ကျွန်တော်က ခွေးဖြစ်နေပြီး မှော်ဆရာက မြင်းဖြစ်နေမှန်း ဇာတ်ရေလည် ပါတော့တယ် )နေတဲ့အချိန်မှာ ရွာထဲက ရွာသူအသစ်လေး shwe zin ရေးတဲ့ပိုစ့်ကိုဖတ်ရာမှ အတွေးတစ်ခုရခဲ့ပါတယ် ။
သူပြောတာက

ချိုပေါ့ကျ ပိုင်ရှင် ဘလက် ၊ ဒက်ဂလောက် ဂီ

တဲ့ . သူက မူပိုင်ခွင့်ကိုပြောပါတယ် .. ကျွန်တော်က ဒက်ဂလောက် လို့ပြောချင်ရင် ကိုဂီ ဆီက ခဏငှါးသုံးရပါမယ် ။ ဒီမူပိုင်ခွင့်က သေးသေးမွှားမွှားလေး ဆိုတော့ ဥပဒေ နဲ့မဆိုင်သေးပေမယ့် လူ့ကျင့်ဝတ်၊ နဲ့တော့ဆိုင်ပါလိမ့်မယ် ။ ကျွန်တော်က Max ဆိုပြီး အချိုရည် ထုတ်လို့မရပါဘူး ။ သူနာမည်ကြီးပြီးသားကို ကျွန်တော်က ဝင်ချင်ရင် တော့ တရားစွဲခံရမှာပါ ။ ။
ကျွန်တော့်အတွေး ပါးပါးလေးပါ ..(ကိုပေါက်ရေ ခဏငှါးပါတယ်ဗျာ) ..
ကျန်တာကတော့ ရွာသူရွာသားတွေ ဆက်စဉ်းစားဖို့ပါ ..

* ယောဆရာကြီးရေ ဆရာကဘယ်လိုအဓိပ္ပါယ်နဲ့ရေးတယ်ဆိုတာကို ကျွန်တော်မသိပေမယ့် ကျွန်တော်ကတော့ ကိုယ်နားလည်သလို တွေးလိုက်ပါပြီ .. တယ်တော်တဲ့ဆရာပါလားဗျာ ..
ကဗျာ ဆိုလည်းဒီလိုပါပဲလေ စာရေးသူက ကိုယ့်ခံစားချက်နဲ့ကိုယ်ရေးတာ ဖတ်တဲ့သူကလည်း သူ့ခံစားချက်နဲ့သူဖတ်တာ တူချင်လည်း တူမယ် တူချင်မှလည်း တူမယ်ပေါ့လေ ..
ဘယ်ကဗျာဆရာကမှ တည့်မရေးတာကိုတော့ သတိထားမိပါတယ် ..

ချစ်ရင်ထူး

About ခ်စ္ရင္ထူး II

has written 38 post in this Website..