ကျွန်တော့်အတွေး

ကျွန်တော်က အတွေးသမားဆိုတော့(နည်းနည်းတော့ခွင့်လွှတ်ပါ) သူများပြောတော့မှသိရပြီး ကိုယ့်တာဝန် ဆိုတဲ့ပိုစ့်ကို ဖတ်မိပါတယ် .. ကိုကြောင်ဝတုတ်ပြောသလို ၃ ကြိမ်လောက်ဖတ်တာလည်း နားမလည်နှိုင်ပါဘူး ။ ဆက်တွေးကြည့်ပါတယ် ။ ပြပွဲဆိုတာ ကိုယ်နဲ့လည်း ပတ်သက်တာကိုး .. ပြပွဲဟာ ကျွန်တော့်ရဲ့စိတ်ကူးပါ ၊ ကျွန်တော့်ရဲ့ကိုယ်ပိုင်စိတ်ကူးဖြစ်ပြီးတော့ သူကြီးနဲ့ ကိုဂီက အားဖြည့်ပါတယ် ။ နောက်တော့ ကိုလုလင် အားဖြည့်ပါတယ် ။အဲဒီလိုကနေ အလုပ်နည်းနည်းများတာက တစ်ကြောင်း ၊ နောက်တစ်ခုကတော့ ကိုမှော်က ကျွန်တော့်ကို ခေါင်းစဉ်မပေးတာပါ ။ ကျွန်တော့်ရင်ထဲမှာ ရှိနေပါတယ် ။ ဖတ်ရင်းဖတ်ရင်းနဲ့ နည်းနည်း သိသယောင်ယောင်ဖြစ် (သေချာတွေးမှ ကျွန်တော်က ခွေးဖြစ်နေပြီး မှော်ဆရာက မြင်းဖြစ်နေမှန်း ဇာတ်ရေလည် ပါတော့တယ် )နေတဲ့အချိန်မှာ ရွာထဲက ရွာသူအသစ်လေး shwe zin ရေးတဲ့ပိုစ့်ကိုဖတ်ရာမှ အတွေးတစ်ခုရခဲ့ပါတယ် ။
သူပြောတာက

ချိုပေါ့ကျ ပိုင်ရှင် ဘလက် ၊ ဒက်ဂလောက် ဂီ

တဲ့ . သူက မူပိုင်ခွင့်ကိုပြောပါတယ် .. ကျွန်တော်က ဒက်ဂလောက် လို့ပြောချင်ရင် ကိုဂီ ဆီက ခဏငှါးသုံးရပါမယ် ။ ဒီမူပိုင်ခွင့်က သေးသေးမွှားမွှားလေး ဆိုတော့ ဥပဒေ နဲ့မဆိုင်သေးပေမယ့် လူ့ကျင့်ဝတ်၊ နဲ့တော့ဆိုင်ပါလိမ့်မယ် ။ ကျွန်တော်က Max ဆိုပြီး အချိုရည် ထုတ်လို့မရပါဘူး ။ သူနာမည်ကြီးပြီးသားကို ကျွန်တော်က ဝင်ချင်ရင် တော့ တရားစွဲခံရမှာပါ ။ ။
ကျွန်တော့်အတွေး ပါးပါးလေးပါ ..(ကိုပေါက်ရေ ခဏငှါးပါတယ်ဗျာ) ..
ကျန်တာကတော့ ရွာသူရွာသားတွေ ဆက်စဉ်းစားဖို့ပါ ..

* ယောဆရာကြီးရေ ဆရာကဘယ်လိုအဓိပ္ပါယ်နဲ့ရေးတယ်ဆိုတာကို ကျွန်တော်မသိပေမယ့် ကျွန်တော်ကတော့ ကိုယ်နားလည်သလို တွေးလိုက်ပါပြီ .. တယ်တော်တဲ့ဆရာပါလားဗျာ ..
ကဗျာ ဆိုလည်းဒီလိုပါပဲလေ စာရေးသူက ကိုယ့်ခံစားချက်နဲ့ကိုယ်ရေးတာ ဖတ်တဲ့သူကလည်း သူ့ခံစားချက်နဲ့သူဖတ်တာ တူချင်လည်း တူမယ် တူချင်မှလည်း တူမယ်ပေါ့လေ ..
ဘယ်ကဗျာဆရာကမှ တည့်မရေးတာကိုတော့ သတိထားမိပါတယ် ..

ချစ်ရင်ထူး

14 comments

  • ချစ်ရင်ထူး II

    July 29, 2012 at 11:40 am

    ကျွန်တော်ရေးတဲ့အထဲ အမှားပါးရင် ကြိုတင်တောင်းပန်အပ်ပါတယ် ..
    နားလည်ခွင့်လွှတ်ပေးကြပါ လို့ ….
    ချစ်ရင်ထူး ..

    • Khaing Khaing

      July 29, 2012 at 8:58 pm

      အဲဒါ ညည်းအလားနေရင်း ဟိုတွေးဒီတွေးတွေးနေလို့ ဖြစ်တာ သိလား ….. ဓာတ်ပုံပြပွဲကို ညည်းကစတယ် ပြီးရင်ညည်းပျောက်ပျောက်နေတယ် ကွန်ပျူတာပျက်တာနဲ့လိုင်း မကောင်းတာနဲ့ တွေးနေတာနဲ့ ငေးနေတာနဲ့ … အဲလိုလုပ်လို့ ဒီလိုဖြစ်တာ အားလုံးညည်းအပြစ် ပထမစစတုန်းက ညည်းကပို့စ်တင်တယ် ကိုဂီကညည်းကိုယ်စား အားလုံးကိုဖြေကြားပေးနေရတယ် …. တော်ရုံဆိုညည်းစတဲ့ဇာတ်လမ်းကို ညည်းကဝင်ရောက်ဆွေးနွေးလေ့မရှိဘူး ဒုတိယပြပွဲဖြစ်တဲ့ ချစ်စရာအရွယ်တုန်းကလည်း ညည်းပျောက်နေတယ် ကိုဂီတစ်ယောက်တည်း ဖြေပေးပြောပေးနေတယ် …

      အားလုံးညည်းအပြစ် သိပ်မတွေးနဲ့ အခုမှ ငယ်ငယ်လေးရှိသေးတယ် နောက်ပြီးတော့လည်း တစ်ခုခုဆို ပါးပါးလှပ်လှပ်ရှိအေ ….ဒါပဲပြောချင်တယ်

      ခင်မင်လျှက်
      အန်တီခိုင်

      • Mလုလင်

        July 29, 2012 at 10:44 pm

        ညီမ ခိုင်ခိုင့် လေသံ ကြည့်ရတာ တော့ .. ဝက်သားဒုတ်ထိုး ရောင်းလို့ ရခါနီး ပြီ ထင်တာပါပဲ ….
        🙂

  • မောင်ပေ

    July 29, 2012 at 11:46 am

    စာရေးသူ ယောဆရာကြီး ပဲ ဖြေရှင်းနိုင်မှာပါ ဗျာ
    သူလာရှင်းရင်တော့ အကောင်းဆုံးဘဲ ဗျို ့
    နို ့မို ့ဆိုရင်
    ကိုချစ်ရင်ထူး လဲ သို ့လော သို ့လော ဖြစ်နေဦးမှာပဲ
    ပိုပြီးကောင်းတာကတော့
    အိုင်ပီနံပါတ်တွေ ကို မော်ဒရေတာတွေ ပြန်စစ်ကြည့်ရင် အကောင်းဆုံးပါဘဲ

  • ချစ်ရင်ထူး II

    July 29, 2012 at 11:50 am

    အဲဒါက အဲဒီလောက်ထိ မလိုပါဘူးဗျာ . (ကျွန်တော်ထင်တာ) .. သူ့ဟာသူဘာကြောင့်ရေးရေး ပါ ..
    ကျွန်တော်က ကိုယ်လုပ်သင့်တာကို လုပ်မှာပါ ..

    • မှော်ဆရာ

      July 29, 2012 at 5:57 pm

      ကျွန်တော်ကတော့ စစ်စေချင်တယ် …

  • မှော်ဆရာ

    July 29, 2012 at 3:55 pm

    နောက် ဓါတ်ပုံပြပွဲတွေမှာ ခေါင်းစဉ်ပေးမယ့် ဆရာတွေဟာ ချစ်ရင်ထူးဆီ ခေါင်းစဉ်ပို့ပေးပြီးမှ ချစ်ရင်ထူးကသာလျှင် (မူပိုင်ခွင့်လို့ဆိုသကိုး) ခေါင်းစဉ်ပေးရမယ်လို့ ဆိုလိုပါသလား …?

  • မှော်ဆရာ

    July 29, 2012 at 6:04 pm

    အဲဒီလို ပေးရမယ်ဆိုရင်တော့ မောင်ချစ်ရေ ..
    ငါ့ အားမာန် ပိုစ့်ကို ဖျက်ပေးလိုက်တော့မယ် ..

    • စိန်ဗိုက်ဗိုက်

      July 29, 2012 at 6:42 pm

      ရက်စက်ပါပေ့ ကမှော်ရယ် 🙄

  • မှော်ဆရာ

    July 29, 2012 at 6:05 pm

    ကိုယ့်ထမင်း ကိုယ်စားပြီး အချုပ်အချယ်နဲ့ လုပ်နေရတာကို ငါ မကြိုက်ဘူး ..

  • Mလုလင်

    July 29, 2012 at 6:09 pm

    အနိစ္စ .. ဒုက္ခ .. အနတ္တ။

    • မှော်ဆရာ

      July 29, 2012 at 6:13 pm

      ကိုလု ဂျီတော့တစ်ချက် ဖွင့်လိုက်ပါဗျာ..

  • Gipsy

    July 29, 2012 at 7:42 pm

    ကျုပ်လဲ သိဘူးဗျ ..နော်
    လုပ်သင့်တာကို လုပ်ကြပါ .. မဖြစ်သင့်တာကို မဖြစ်ပါစေနဲ့ လို့ပဲ
    အကြံလေး ပေးပါရစေ …။

Leave a Reply