စဉ်းစားကြစေလိုပါတယ် ( ၃၆ )

( ဆွေးနွေး မိတာလေးပါ – ၂ )

 

ရွာသူားတို့ရေ ။

အခု Post ကတော့ အဘရဲ့

စဉ်းစားကြစေလိုပါတယ် ( ၃၅ )

( ဆွေးနွေး မိတာလေးပါ ) Post ရဲ့

အဆက်လေးပါ ။

တွဲဖတ်မှ ပိုနားလည်ပါလိမ့်မယ် ။

 

အဘ အရင် Post ထဲမှာလည်း အဘ သဘောထားကို ထည့်ရေးခဲ့ပါတယ် ။

 

၁ ။ ” မြန်မာ ဗုဒ္ဓဘာသာ တစ်ယောက် အနေနှင့် ရခိုင်ဘက်ကနာတာပေါ့ကွာ ။

အထူးသဖြင့် မွတ်ဆလင်ဘာသာ ရဲ့ သာသနာပြုနေတဲ့ ပုံစံ နှင့်

လူ့အခွင့်အရေး မရှိပုံ တွေကို ၊

တော်တော်လေးကို မကြိုက်တဲ့ အထဲမှာ ငါလဲ ထိပ်ဆုံးက ပါတာပေါ့ “

( မွတ်ဆလင် ညီအစ်ကိုများရေ Sorry ပါ ။

ဘာကြောင့် အဘ ဒီလိုခံစားရသလဲ ဆိုတာကို အဘ ရဲ့

” စဉ်းစားကြစေလိုပါတယ် ( ၂၀ ) ( ဘာကြောင့် မုန်းနေကြသလဲ ) ”

မှာ ဖတ်ကြည့်စေလိုပါတယ် )

( အဘ ရဲ့ ခံစားချက်ကိုသာ ဖေါ်ပြချင်းဖြစ်ပြီး ၊

ဆဲရေးမှု မပါတဲ့အတွက် ၊

ရေးမိတာကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်ကွယ် )

 

၂ ။ ” အရေးကြီးရင် သွေးနီးတယ် ဆိုတဲ့သဘောအရတော့ ၊

ငါလည်း ရခိုင် သဟာရ အသင်းကို ၊

ရခိုင် ပြန်လည်ထူထောင်ဖို့ ငါးသိန်း လှူထားပါတယ် “

” နောက်ဆုံး All out War ဖြစ်လာရင်တော့လည်း ၊

နောက်ဆုံး မြန်မာ ရခိုင် ဗုဒ္ဓဘာသာဖက်က

ဝင် ထောက်ခံပေးရတော့မှာပေါ့ “

 

၃ ။ Comment ထဲမှာလည်း ထပ်ရှင်းခဲ့ပါသေးတယ် ။

 

” အဘ က ကုလားကို မဆဲဖြစ်သေးတဲ့ အဆင့်ပဲ ရှိပါသေးတယ် ။

ကုလားကို ချစ်တဲ့ အဆင့် မ ဟုတ်ပါဘူး ။

ကုလားထက် စာရင် ရခိုင်ကို ပိုချစ်ပါတယ် “

 

အဲလိုဖြစ်ရက်သားနှင့် ဘာကြောင့်

” ရခိုင်တွေက အဲဒီ ဘင်္ဂါလီတွေကို ဆက်ဆံတဲ့ပုံစံ ” ကို

လာထောက်ပြ ကန့်ကွက်ရသလဲ ဆိုတာလေးကို ရှင်းပြချင်လို့ပါ ။

 

 ဥဥ says:

” အဘကရေးတဲ့ပိုစ့်တွေဖတ်ပီး အဘစိတ်ကို မခန့်မှန်းနိုင်တော့ဘူး “

ဆိုတဲ့ ဥဥ ကိုလည်း ရှင်းပြချင်လို့ပါ ။

 

ရွာသူားတို့ရေ ၊ ပြဿနာ တစ်ခုရဲ့ အဖြေမှန်ကို ရချင်တယ် ဆိုရင် ၊

ပုစ္ဆာ ရဲ့ ပေးထားချက် ကလည်းမှန်ရတယ်ကွယ့် ။

ပေးထားချက် ကိုယ်နှိုက်က မှားနေရင် ဘယ်လိုတွက်တွက် အဖြေမှန် မရနိုင်ပါဘူး ။

 

နောက်တစ်ခုက အဖြစ်မှန်ကို လက်မခံနိုင်သေးသမျှတော့ ၊

အဖြေမှန် ကိုရဖို့ လမ်းကလဲ ဝေးနေအုန်းမှာပါ ။

 

နောက်တစ်ချက်က ၊ ရွာသူား လူငယ်တစ်ချို့က ၊ လူငယ် သဘာဝ အလျှောက် ၊

ဒေါသ အလျှောက် ၊ ပြောပြစ်လိုက် ၊ လုပ်ပြစ်လိုက်ချင်တာ ၊

တစ်ဖက်ဖက်ကို ရပ်မိသွားရင်လည်း မျက်စိမှိတ်ပြီး ရပ်ချင်တာ ၊

အဲဒီ သဘာဝ တွေ ရှိနေတာ သင့်တော်သော်ငြားလည်း ။

 

အဘ တို့ လူကြီးတွေမှာတော့ ၊ အသက်အရွယ် ရာထူးအခြေအနေအရ ၊

တစ်ဖက်တည်း စကားကိုပဲ နားထောင်လို့ မရပါဘူး ။

သူ့ကိုတော့ မုန်းလို့ နာစေ ၊ သူ့ကိုတော့ ချစ်လို့ သာစေ လုပ်လို့မရပါဘူး ။

 

အခု လက်ရှိ အရေးအခင်းမှာ ဘင်္ဂါလီတွေဘက်က မစသင့်ပဲ စခဲ့လို့ ဖြစ်ခဲ့တာ ၊

( ဗလီက ထွက်ပြီး အစုအဝေးနှင့် မီး စတင်ရှို့တာကို ပြောတာပါ )

ဘင်္ဂါလီတွေကိုသာ အဓိက အပြစ်တင်ရမှာ ဆိုတာကို အဘ ယုံကြည်ပါတယ် ။

 

ဒါပေမယ့် ၊ အဲဒီ အရေးအခင်း မတိုင်မှီ ၊ ဆယ်စုနှစ်နှင့်ချီပြီး ၊

လူမျိုးရေး တင်းမာမှု ဖြစ်စဉ်တွေထဲမှာတော့ ၊

ရခိုင်တွေဘက်ကလည်း ၊ အမှားအနည်းငယ် ရှိခဲ့တယ်လို့ အဘ ထင်ပါတယ် ။

 

အဲဒီတော့ ပုစ္ဆာ ရဲ့ အဖြေမှန်ကို ရချင်တယ် ဆိုရင်တော့ ၊

အဲဒီ အချက်ကိုလည်း ၊ ထည့်သွင်းစဉ်းစား ရမှာပဲကွယ် ။

 

အခု အဘ တို့ အမေစု နှင့် သမ္မတကြီး တို့ရဲ့ ဖြေရှင်းပုံကိုပဲ ကြည့်ပါ ။

လူငယ်တွေ ဘယ်လောက် သွေးဆူနေသည်ဖြစ်စေကာမူ ၊

သူတို့ကတော့ လုပ်သင့်တာကိုသာ မှန်မှန်ကန်ကန် လုပ်သွားတာပဲ ။

 

အင်း ၊ နောက်ထပ် တင်ပြချင်တာလေး တစ်ခုကတော့ ၊

ဟိုဘက် Post မှာ ကို nigimi77 says: ပြောခဲ့တဲ့ ၊

” ဆိုင်ဘာ (Cyber) လေသေနတ်တွေ ခဏရပ်ပြီး “

ဆိုသလိုပါပဲ ။

 

ကိုယ်တွေ ( ဗမာ ၊ ရခိုင် ) ကသာ  လေသေနတ် နှင့်ပြစ်နေတာ ၊

နိုင်ငံခြားက မွတ်ဆလင် အစွန်းရောက်တွေက

တကယ် ဒုက္ခပေးတော့မယ် ထင်ပါတယ် ။

ကိုယ်တွေ ( ဗမာ ၊ ရခိုင် ) အချင်းချင်း အပြစ်တင်တာတွေလျော့ပြီး

စည်းလုံးကြပါတော့ ။

 

အမှန်တကယ်က ၊ အခု အမျိုး ဘာသာ ချစ်စိတ် ပြင်းထန်နေတဲ့ ရွာသူားတွေ နှင့် ၊

အဘ နှင့်က သည်းခံ စိတ် နဲတာ များတာ ၊

အသက်ကြီးတာ ငယ်တာ ၊ နဲနဲကွာတာကလွဲရင် ၊

ဘက် မကွဲဘူး ၊ တစ် ဘက်တည်း ( တစ် ဘက်တည်း ) ဆိုတာကို မမေ့စေချင်ပါဘူး ။

 

ဒီနေရာမှာလည်း ၊ မြန်မာနိုင်ငံသား မွတ်ဆလင် ထု ကြီးကိုလည်း တိုက်တွန်းလိုတာကတော့ ၊

ခံစားမှုတွေကို လျော့ပြီး ၊ ချုပ်ထိမ်းပြီး ၊

တာလီဘန် အစွန်းရောက်တွေ ထင်မြင်သလို မဟုတ်ပဲ ၊

မြန်မာ အစိုးရကလည်း ထိမ်းထိမ်း သိမ်းသိမ်း ဆောင်ရွက်နေတာ မှန်တဲ့ အကြောင်း ၊

ဘာသာရေး အရေးအခင်း ဖြစ်နေတာ မဟုတ်ပဲ ၊

နယ်စပ်ဖြတ်ကျော်မှု နှင့် လူမျိုးရေး ပဋိပက္ခ သာဖြစ်ကြောင်း ၊

ယခု အခါမှာ ပြေလည်မှုလမ်းစကို နှစ်ဖက်လုံးက

ကြိုးပမ်း လျှောက်လှမ်းနေပြီဖြစ်ကြောင်း ၊

မြန်မာ နိုင်ငံသား ဘာသာကွဲတွေ အကြား

ငြိမ်းချမ်းစွာ ဆက်လက် နေထိုင်လိုကြောင်း ၊

စသဖြင့် ကြေငြာချက်တွေကို အမြန်ဆုံး ထုတ်စေချင်ပါတယ် ။

 

ဘယ်သူ မှန်တယ် ၊ ဘယ်သူ မှားတယ် ၊

ဘယ်သူ သာတယ် ၊ဘယ်သူ နာတယ် ၊ ကနောက်မှ ။

အစွန်းရောက်တွေ ဗုံးခွဲ သောင်းကျန်းပြီးမှ ဆိုရင်တော့ ၊

အရမ်း နောက်ကျသွားမှာဖြစ်ပါတယ် ။ အကျိုးဆက် အနေနှင့် ၊

နှစ်ဘက်စလုံး ( နှစ်ဘက်စလုံး ) ပက်ပက်စက် နစ်နာ ရတော့မှာ သေချာပါတယ် ။

နောက်မကျခင် အမြန်ဆုံး  ကြေငြာချက် ထုတ်စေချင်ပါတယ် ။

 

အထူးသဖြင့် ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကြီး မလာမှီမှာ ၊

ထုတ်ပြန်ပေးပြီး မြန်မာပြည်သားထုကြီးရဲ့ မေတ္တာကို သိမ်းယူလိုက်စေချင်ပါတယ် ။

မေတ္တာ ဆိုတာ ၊ အသွားအပြန် ရှိပါတယ်လေ ။

အခွင့် အချိန်သာခိုက်မှာ စပြီး လက်ကမ်းကြည့်ပါလားဟင် ။

 

ဘာပဲပြောပြော ၊ အဘ ရဲ့ Post တွေမှာ ၊

ယဉ်ကျေးစွာပဲ Comment ပေးခဲ့တဲ့အတွက် ၊

ရွာသူား အားလုံးကို ကျေးဇူးတင်ပါတယ် ။

 

တော်သေးဘီ ။

 

အဘ Foreign Resident ။

 

 

Foreign Resident

About Foreign Resident

Foreign Resident has written 203 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။