သံပုရာသီးအကျိုး

Mon LayJuly 29, 20121min22618

ခံတွင်း ကျန်းမာရေး …..

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။တောက်ပစေပါတယ်။
ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

နှုတ်ခမ်းကွဲခြင်း …..

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

ဆံပင်ကျွတ်ခြင်း …….

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက် ….

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

အသားအရေခြောက်သွေ့ခြင်းအတွက် …..

ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် ……

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂ဝ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

တံတောင်ဆစ်မည်းခြင်းအတွက် ……

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင် ….

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

ခြေထောက် …..

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး ……

ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။

18 comments

  • မောင်ပေ

    July 29, 2012 at 1:04 pm

    သံပုရာသီးအကျိုး
    အမျိုးမျိုး
    အားလုံးကမဆိုး
    သုံးဖို ့လိုရင်ကူးကြဗျိုး
    ရှာသက်မန် ့တန်ဘိုး

  • Shar Thet Man

    July 29, 2012 at 1:32 pm

    တယ်တော်ပါလား ကိုပေရဲ့…ကဗျာကိုလက်တန်းစပ်ထားတာ..သျှားသက်မာန်နော်..မိန်းမပါ။

  • mamanoyar

    July 29, 2012 at 2:07 pm

    အရမ်းအသုံးဝင်တာပဲ
    မိုက်တယ်
    နည်းတွေမှတ်သွားပါတယ်နော်

  • Shar Thet Man

    July 29, 2012 at 2:13 pm

    ရပါတယ်..သိစေချင်လို့တင်ပေးတာပါ။

  • htet way

    July 29, 2012 at 2:41 pm

    လေးစားတယ်ဗျာ
    ဆက်ရေးပါ အားပေးတယ်

  • may flowers

    July 29, 2012 at 2:50 pm

    တကယ်ကောင်းတဲ့ နည်းလေးတွေပါ သိချင်နေတာနဲ့အတော်ပဲ ဖြစ်သွားတယ်…ကျေးဇူးနော်

    ကူးသွားပါတယ် သျှားသက်မန်ရေ။

  • ma me kyaw

    July 29, 2012 at 2:59 pm

    ဖတ်၍အားပေးပါသည်

  • မမ အညာသူ

    July 29, 2012 at 3:41 pm

    အကုန်အကျသက်သာပြီအလွယ်တကူရနိုင်မယ့်နည်းလမ်းလေးပါ
    ကျေးဇူးတင်ပါတယ်ရှင်

  • YUM YUM

    July 29, 2012 at 3:56 pm

    သံပရာအသုံးဝင်ပုံတွေက အံ့မခန်း ပါဘဲ။ ကျေးဇူးပါနော်။

  • Shar Thet Man

    July 29, 2012 at 4:01 pm

    ကျေးဇူးပါhtet wayရေ..အမအခုဆောင်းပါးလေးတွေတော့ကြိုးစားပြီးရေးနေပါတယ်…စာရေးဆရာမဖြစ်ချင်တာကိုး

    • aye.kk

      July 29, 2012 at 10:50 pm

      သံပုရာသီးအစေ့က..
      လူ၏သွေးကိုခြောက်ခမ်းသွားစေ၏။
      ဝါးစားကအစေ့မျိုမချစေချင်။
      သံပုရာသီးအစေ့တစေ့က၊လူ၏သွေးတစက်ကိုခြောက်ခမ်းသွားစေနိုင်၏။
      လက်တွေ ့စမ်းသပ်ကသိနိုင်ပါ၏။။

  • သစ် တည်

    July 29, 2012 at 5:29 pm

    နောက်ပီးရှိသေးတယ်
    သံပရာသီးကို အိပ်ထဲမှာဆောင်ရင် တို့ဆေးမမိဘူးတဲ့…..
    တို့ဆေးကြောက်ရင် ဆောင်ထားနော်….
    တားကိုလာတို့လဲတားကကြောက်ဘူး….
    တံဘရာတီးရှိဒယ် ဟဲဟဲ………..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 29, 2012 at 7:46 pm

    ထုလေမာလေ ငဖယ်လိုကောင် ကြီးလေချဉ်လေ သံပုရာသီးလိုကောင်
    ဆိုပြီး ကျုပ်အဘ က သူ့သားအလိမ္မာတုံးလေးကျုပ်ကို ပြောတော့
    ထုလေမာလေ ငဖယ်မျိုး ကြီးလေချဉ်လေ သံပုရာသီးမျိုး လုပ်ပါအဘရယ်လို့
    ပြန်ခံပက်တော့ သူ့ပါစွဲစေ့တယ်ဆိုပြီး အိမ်ပေါ်သုံးရက်ပေးမတက်တာလေး အမှတ်ရမိသဗျာ
    VODKA ကိုလည်း သံပုရာရည်လေးညှစ်ထည့် Sprite အချိုရည်လေးရောမွှေပြီးသောက် လွှတ်ကောင်းဘဲ

    • aye.kk

      July 29, 2012 at 10:43 pm

      ကိုုကာကိုလာထဲကို
      ဆားအနည်းငယ်နဲ ့သံပုရာရည်လေးညှစ်ထဲ့လိုက်။
      ဂက်စ်အမြုပ်ကချက်ခြင်းသေပြီး၊အရမ်းသောက်လို ့ကောင်းပါ၏။
      အရောင်ဆိုးဆေးအန္တရယ်ကလည်းလျော့ပါးသွားပါ၏။။

  • htet way

    July 29, 2012 at 8:09 pm

    `ကျေးဇူးပါhtet wayရေ..အမအခုဆောင်းပါးလေးတွေတော့ကြိုးစားပြီးရေးနေပါတယ်´
    ရေးပါ မမ..ရေးပါ
    မမဆောင်းပါးကပြည့်စုံပါတယ် ကျွန်တော်လည်း ရေးဖူးပါတယ် သိပ်မပြည့်စုံဘူး
    စာရေးဆရာမ ဖြစ်ချင်တယ်လား မမရယ်။ နက္ခတ ရောင်ခြည် မဂ္ဂဇင်းကို ပို့ရင် ပါ နိုင်ပါတယ်
    အခုလို ဆေးဆောင်းပါးတွေ ကို ဂျာနယ်တွေလည်း သုံးပါတယ်။
    ကျွန်တော်က ဆေးဆောင်းပါးတွေဆို သဘောကျပါတယ် ။ အားပေးနေပါတယ်။

  • ကြောင်ကြီး

    July 29, 2012 at 9:12 pm

    စာရေးဆြာမဖြစ်ချင်တာများ ဦးကြောင်ကြီးကိုကပ်ရင် ပြီးပါတယ် ရှားဂလေးရယ်… အချစ်အကြောင်းများ မသိခဲ့ဘူး ငယ်စဉ်က အသက်ရွယ်မှာ 😳
    လူတယောက်ကို ချဉ်ကြောင်းသိစေချင်ရင် သူ့ရှေ့သံပုရာသီး ဝါးစားပြရတယ်၊ အဲဒါမှ အချိုးမပြောင်းရင် သူစားနေတဲ့ အစာထဲ သံပုရာသီး ညှစ်ထည့်လိုက်…။ 😡

  • nature

    July 29, 2012 at 10:46 pm

    သံပုရာသီးကတော့ တော်တော်လေးဆေးဘက်ဝင်ပါတယ်။ ဝက်ခြံပေါက်ရင် မျက်နှာကိုဆပ်ပြာနဲ့သစ်ပြီး သံပုရာသီးကိုပွတ်ပေးပါ။ အာခေါင်မှာ ငါးရိုးစူးရင် ပါစပ်ဟပြီး အာခေါင်တည့်တည့်ကို သံပုရာရည် ညှစ်ထည့်ပါ။

Leave a Reply