တနေ့တာ ပင်ပန်းနေမှုကို တခဏတာနဲ့ ပျောက်ဆုံးစေနိုင်သော ဟာသများ

Mon LayJuly 30, 20121min15313

`ဘာကွ´

1.ကောင်လေး      ။         ။ကျွန်တော် ဦးသမီးကို လက်ထပ်ချင်လို့ပါ ခင်ဗျ။

မိန်းကလေးဖခင် ။        ။မင်း ၊ ငါမိန်းမနဲ့တွေ့ ပြီးပြီလား။

ကောင်လေး     ။         ။ဟုတ်ကဲ့၊တွေ့ပြီးပါပြီ ဒါပေမယ့် ဦးသမီးကိုပဲ ကျွန်တော်ပို ကြိုက်ပါတယ်။

 

2.ဒကာမတစ်ယောက်သည် ဘုန်းကြီးကျောင်းသို့လာရာ

ဘုန်းကြီးက။  ။ဟဲ့ဒကာမ ဘာဖြစ်လို့လာသတုံး။

ဒကာမ     ။  ။အရှင်ဘုရားလူထွက်မယ်လို့ ကြားလို့ပါဘုရား။

ဘုန်းကြီး  ။  ။ဟာ …ဘုန်းကြီးလူထွက်တာ ဘယ်ကမာ္ဘကမှ မရှိဘူးဟ။တစ်နေ့ကလာအပ်တဲ့

ကလေးနှစ်ယောက်ဟာ ဘယ်သမွေးထားတဲူ့ကလေး တုံးဟ။

ဒကာမ   ။   ။တပည့်တော်မက မွေးတာပါဘုရား။

ဘုန်းကြီး။   ။အိမ်း..တစ်သက်လုံးမှတ်ထား၊ ဒကာမကသာလူထွက်သပ။

`အချစ်ဆုံး´

3.မိန်းမ။  ။ရှင်က ကျွန်မထက် အရက်ကိုပိုချစ်တယ်ပေါ့ လေ၊ပြောစမ်း။

ယောက်ျား။  ။မိန်းမရယ် မင်းကိုတစ်ရက်မှာ၂၄နာရီလုံးချစ်တာပါ။

အရက်ကိုတော့ တစ်နေ့မှတစ် ပုလင်းထဲချစ်တာပါ။

`  အခေါ်အဝေါ်

1. ဆရာမ။  ။ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်မသိ ၊မဝင်စားမှန်းမသိဘဲ

စကားတွေစွတ်ပြောနေတဲ့သူမျိူးကို ဘယ်လိုခေါ်လဲကွဲ့။

ကျောင်းသား။  ။`ဆရာမ´လို့ခေါ်ပါတယ်။

`ဝေးလို့´

2.ဆရာမ။  ။မနက်ဖြန်လကမာ္ဘအကြောင်း လေ့လာကြမယ်  ကျောင်းမပျက်ကြနဲ့နော်။

ကျောင်းသား။  ။ဆရာမသားမလာနိူင်ဘူထင်တယ်။

ဆရာမ      ။   ။ဘာဖြစ်လို့လဲသားရဲ့။

ကျောင်းသား။  ။သားမေမေကအဲ့လောက်ဝေးဝေးလွှတ်မယ်မထင်လို့ပါဆရာမ။

`အိပ်ပျော်နေလို့ပါ´

3.ဆရာမ။ ။ငါ့တို့ကျောင်းကိုစည်းကမ်းမရှိဘူး၊လို့သူများတွေဝေဖန်မှပဲသိရတယ်။

ငါကိုဘာလို့မပြောတာလဲ။

စာရေး။  ။ဆရာမက ရေခဲချောင်းရောင်းရင်အိပ်ပျော်နေတော့ နိူးရမှာအားနာလို့ပါ။

`ကူညီပေးပါ´

4.ရဲစခန်းတစ်ခုသို့..ဖုန်းဝင်လာသည်။….

စခန်းမှုး။ ။ဘာအကူအညီပေးရမလဲ ခင်ဗျာ။

တစ်ဘက်မှ။ ။အခန်းထဲကို ကြောင်တစ်ကောင် ဝင်လာလိုံ.့ပါ။

စခန်းမှုး။  ။ဒီလိုအသေးအဖွဲ့လေးနဲ့၊အနှောက်အယှက်မပေးပါနဲ့..ဒါနဲ့ခင်ဗျားကဘယ်သူလဲ..။

တစ်ဘက်မှ။ ။ကျွန်တော်ကြက်တူရွေးပါ။    `                                           ဟိုက်!´                                                                                                                                                                   5.မြေး။ ။အဖွား..ကမာ္ဘကြီးကဘာလို့လည်နေတာလဲ                                                                                                                                                                         အဖွား။ ။ခွေကောင်လေး…..၊နင့်အဖေရဲ့အရက်တွေ ခိုးသောက်လာပြန်ပြီထင်တယ်။

` ချစ်ပုံက´

6.ရုပ်ရှင်ရုံထဲတွင်  ရည်းစားတစ်တွဲထိုင်နေသည်။

ကောင်လေးကကောင်မလေးအနားနားကပ်ပြီး တိုးတိုးလေးမေးတယ်။

ကောင်လေး။ ။`ချစ်´ကောင်းကောင်း မြင်ရရဲ့လားဟင်…။

ကောင်းကောင်ကောကြားရရဲ့လား။ထိုင်ရတာကောသက်သောင့်သက်သာရှိရဲ့လား။

ကောင်မလေး။ ။`သက်သောင့်သက်တာရှိပါတယ်မောင်´။

ကောင်လေး။ ။ဟာ… ဒါဆိုနေရာချင်း လဲထိုင်ကြရအောင်နော် `ချစ်´။

` အတွေး´

7.ရထားအိပ်ခန်းထဲတွင်အမျူ်ိးသားနဲ့၊ အမျိူးသမီး နှစ်ဦးထဲလိုက်ပါလာသည်။

တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စိုက်ကြည့်ရင်း။

အမျိူးသမီး။  ။ရှင်အခုဘာတွေတွေးနေတာလဲဟင်။

အမျိူးသား။  ။ခင်ဗျားတွေးတဲ့အတိုင်း ကျွန်တော်လည်းတွေးနေတာဗျ။

အမျိူးသမီး။  ။ဘာ….!ရှင်တော်တော် ညစ်ပတ်ပါလား။

`မီးအိမ်ရှင်´  (သီချင်း)

ငါ့ဘဝရဲံမီးအိမ်ရှင်..ပါ။…ငါ့ဘဝရဲ့ဖယောင်းတိုင် ရှင်လေးပါ။

ငါ့ဘဝရဲ့အင်ဗာတာ…..ငါ့ဘဝရဲ့ဘထ္တီအိုး…..

နင်ဟာ..ဓာတ်မီးလေးပါ…….။

13 comments

  • mgwalone

    July 30, 2012 at 3:00 pm

    အလုပ်တွေများနေတဲ့ ဖိအားတွေ များနေတဲ့ အချိန်တွေမှာ ဒီလို ပြုံးစရာ ၊ ရယ်စရာတွေ ဖတ်ရတာ ကျေးဇူးတင်ပါတယ်။

  • Thu Wai

    July 30, 2012 at 3:14 pm

    ရယ်မောသွားပါဂျောင်း ရယ်ရလွန်းရျ် နှပ်တွေပါထွက်ပါဂျောင်း

  • မမ အညာသူ

    July 30, 2012 at 3:28 pm

    ညာဒီနေ့စိတ်လေနေတယ်
    ခုလိုရယ်စရာလေးတွေဖတ်လိုက်ရတော့စိတ်ပျော့သွားပါတယ်
    ကျေူးဇူးပါနော်

  • Khaing Khaing

    July 30, 2012 at 4:54 pm

    ရီရတယ် …….. ပေါ့ပေါ့ပါးပါးနဲ့ဖတ်လို့ကောင်းပါသည် ….

  • we R one

    July 30, 2012 at 5:11 pm

    တနေ့တာ ပင်ပန်းသမျှ ဒီပို့စ်လေးနဲ ပြေပျောက်သွားပါကြောင်း…..

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 7:43 pm

    အကိုရေ ..
    ဒီဟာသလေးတွေ မကြားဖူးဘူး ခင်ဗျ ..
    ရီလည်း ရီရ၊ ထိထိမိမိလည်း ရှိလှတဲ့ ဟာသလေးတွေ ပါပဲ ..
    ကျေးဇူးပါဗျာ ..

    • htoosan

      July 30, 2012 at 10:27 pm

      အံစာရေ .. ကျွန်တော်က ကြားဘူး ဖတ်ဘူးနေတယ်ဗျ.. ဘယ်မှာ ဖတ်ဘူးမှန်း ဘယ်သူရေးတာမှန်း မမှတ်မိ လို့ Shar Thet Man ကိုယ်တိုင်ရေး ဖြစ်ပါစေ ဆုတောင်းပါတယ်ဗျာ ..

  • ချစ်တတ်သူ

    July 30, 2012 at 8:32 pm

    very good ကြီးပါဗျာ… တစ်ကယ်ရီရပါတယ်

  • မောင်ပေ

    July 30, 2012 at 8:39 pm

    ဟီ ခွိ ဟိ
    ပေါ့ပေါ့ပါးပါး ပြုံးမိပါတယ်
    မရှာ ရေ

  • သန်းထွဋ်ဦး

    July 30, 2012 at 9:24 pm

    `မီးအိမ်ရှင်´  (သီချင်း)
    ငါ့ဘဝရဲံမီးအိမ်ရှင်..ပါ။…ငါ့ဘဝရဲ့ဖယောင်းတိုင် ရှင်လေးပါ။
    ငါ့ဘဝရဲ့အင်ဗာတာ…..ငါ့ဘဝရဲ့ဘထ္တီအိုး…..
    နင်ဟာ..ဓာတ်မီးလေးပါ…….။
    ရီမောသွားပါတယ်ဗျာ

  • P chogyi

    July 31, 2012 at 9:34 am

    အမောပြေဆိုပြီး ပြေလည်းမပြေဘူး
    ပိုမော်သွားတယ်
    ရီ(ရယ်)လိုက်ရလို့

Leave a Reply