ဒီလို စိတယ် ထင်ပါတယ်

ဂ်စ္စူJuly 29, 20121min59667
ဒဂဲ့လိုဂိုဟုတ်ဘူးနော်..အစမ်း..

 

 

အဟမ်း.အဟမ်း…အဟွတ်…ဟွတ်..ဘွတ်စ်..

 

(ချောင်းဟန် ့ရင်းအီးတစ်လုံး ထွက်သွားသည် ၂ခေါင်းပိတ်ထားပါ )

 

ရည်ရွယ်ချက်နှင့် အစီအစဉ် ဖြစ်ပေါ်လာပုံ ..

လေးစားအပ်ပါသော စာရေးသူ၊ ဖတ်သူ ရွာသူရွာသား အကိုအမများ ခင်ဗျား..

မန္တလေး ဂေဇက်တွင် သင်တို ့နေ ့စဉ် ပုံမှန် ရေးသား၊ တင်ပြပေးလျက်ရှိသော –

ဝတ္ထု တို /ရှည် ၊ သုတ ရသ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်း ဓာတ်ပုံများ စသဖြင့် မရိုးနိုင်အောင် အလွန်ကောင်းမွန်သော လက်ရာများဖြင့် စုံလင်လျက် ရှိနေသည် မဟုတ်ပါလား ခင်ဗျား ။

 

အဆိုပါ ကဏ္ဍ အသီးသီးရှိ လက်ရာကောင်းများစွာထဲမှ ဓာတ်ပုံ ဝါသနာရှင်များရဲ့ ဓာတ်ပုံလက်ရာကောင်းများကို ဓာတ်ပုံပညာ ကျွမ်းကျင်သူများမှ ဦးဆောင်၍  ရွေးချယ် မိတ်ဆက် ချီးမြှင့်ပေးတဲ့ အစီအစဉ်ကို အားလုံးပဲ သိပြီးကြပြီ မဟုတ်ပါလားခင်ဗျား..။

ဒီလို အစီအစဉ်ရှိခြင်းအားဖြင့် ဓာတ်ပုံပညာရှင် ဝါသနာရှင်အပေါင်းတို ့အနေနှင့်လည်း ဓာတ်ပုံပညာရပ်အား အချိန်တိုတွင်း ချဲ ့ထွင် လေ့လာ ဆည်းပူးခွင့် ရှိခြင်းဖြင့် အကျိုးကျေးဇူး များစွာ ဖြစ်ပေါ်စေသည် မဟုတ်ပါလားခင်ဗျား..။

 

ဓာတ်ပုံ ဝါသနာရှင်၊ ပညာရှင် နှင့် ဓာတ်ပုံချစ်သူများမှ ဦးဆောင်၍ ဓာတ်ပုံပြပွဲကို လစဉ်ကျင်းပခြင်းဖြင့်

သင်တို ့နဂိုသိထားသော ဓာတ်ပုံပညာရပ်ကို တိုးတက် အစွမ်းထက်လာစေသကဲ့သို ့ပဲ

ယခုလဲ………………….

 

စာပေပညာရှင် ဝါသနာရှင်နှင့် စာပေချစ်သူ၊ဂေဇက်ချစ်သူ၊ လူကြီးသူမများ ဦးဆောင်ပြီး မန်းဂေဇက်ချစ်သူ စာပေဆု ဟူ၍

စာပေပြပွဲလေး ကျင်းပနိုင်ရန် စီစဉ်နေကြသည်ကို သိပြီးကြပြီဟု ယူဆပါတယ်ခင်ဗျား..။

ဒီအစီအစဉ်လေး အကောင်အထည်ပေါ်လာခြင်းအားဖြင့် သင်တို ့အမှတ်မထင်ရေးသား၊ ဝင်ဖတ်လျက်ရှိသော သုတ၊ ရသ၊ ဝတ္ထု၊ ဆောင်းပါး စတဲ့ စာကောင်းပေမွန်များစွာထဲမှ သင်တို ့သတိမထာမိသော၊ မဖတ်မိသော သင် သို ့မဟုတ် တစ်စုံတစ်ဦးရဲ့ စာပေလက်ရာဟာ မည်မျှကောင်းမွန်၊ အကျိုးပြုလှကြောင်း အားလုံးကို မိတ်ဆက်ကြော်ငြာပေး၍ စာရေးသူကို အထိုက်အလျောက် ဆုချီးမြင့်ပေးသွားမှာလည်း ဖြစ်ပါတယ်ခင်ဗျား..။

(လောလာဆယ် ကာတွန်း၊ ကဗျာ ကဏ္ဍ ထည့်ဝင်စီစဉ်နိုင်ခြင်းမရှိသေး.)

 

ဆုရွေးချယ်ရွေးချယ်ရေးအဖွဲ ့နှင့် ရွေးချယ်ပုံ အကျဉ်း…

ဒီအစီအစဉ်ကို စတင် ဦးဆောင် အကောင်အထည်ဖော်သူများမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်ခင်ဗျား..။

၁။ Foreign Resident
၂။ ဦးဦး ပါလေရာ
၃။ ကိုပေါက် (မန္တလေး)
၄။ ကိုကြီးမိုက်
၅။ ကိုထူးဆန်း
၆။ ကိုနိုဇိုးမိ
၇။ ကိုလင်းဝေ
၈။ ကိုအင်ဇာဂီ
၉။ ဘလက်ချော
၁၀။ အရီးခင်လတ်
၁၁။ မပဒုမ္မာ
၁၂။ မမ
၁၃။ ဝေဝေ

အထက်ပါ ဦးဆောင်သူများမှ သင်တို ့၏ လက်ရာကောင်းများကို အသီးသီး ရွေးချယ်ပေးကြမှာ ဖြစ်သလို စာဖတ်သူ သင်တို ့အနေနဲ ့လည်း သင်တို ့နှစ်ခြိုက်မိသော စာများကို အထက်ပါ ပုဂ္ဂိုလ် ဆယ့်သုံးဦးမှ တစ်ဦးဦးအား အသိပေးခြင်းဖြင့် သော် လည်းကောင်း၊ BestWebAwards@myanmargazette.net သို ့သော်လည်းကောင်း နှစ်သက်မိသော ပို ့စ်၏ လင့်ခ် အား ပေးပို ့နိုင်ပါတယ်ခင်ဗျား..။

ဦးဆောင်သူ လူကြီးများနှင့် သင်တို ့၏ ကြိုက်နှစ်သက်သော စာမူများမှာ ယေဘူယျ အားဖြင့်

ကိုယ်တိုင်ရေး စာမူဖြစ်မှု၊ အကြောင်းအရာဆန်းသစ်မှု၊တင်ပြပုံအရေးအသားကောင်းမှု၊

အများအကျိုးပြုရည်ရွယ်ချက်ပါဝင်မှု၊သတ်ပုံမှန်ကန်မှု နဲ့ လူအများကြိုက်များမှု ၊အများထောက်ခံမှု စသည့် အချက်များပေါ်မူတည်ပြီး ရွေးချယ် အမှတ်ပေးကြမှာ ဖြစ်ပါတယ်ခင်ဗျား.။ ( ယေဘူယျ အားဖြင့် ပါ )

ထို ့ပြင် စာပေဝါသနာရှင်များ၏ စာမူများကို အမှတ်ပေးရွေးချယ်ကြရာ၌ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ နေရာဒေသမရွေး ခွဲခြားခြင်း မရှိပဲ သတ်မှတ်ထားသော ယေဘူယျ အချက်များနှင့်သာ နှိုင်းယှဉ် ရွေးချယ်ပေးသွားကြမှာ ဖြစ်ပါတယ်ခင်ဗျား..။

ရွေးချယ်သူများအနနှင့် လူကိုရွေးချယ်ခြင်းမျိုး မဖြစ်စေပဲ ရေးသားသည့်စာကိုသာ ရွေးချယ်ဖော်ပြပေးကြမှာ ဖြစ်သမို ့ ဒီရွေးချယ်မှုဟာ ရာနှုန်းပြည့် မျှတမှန်ကန်ရစေမည်ဟု၍ ယူဆပေးကြစေလိုပါတယ်ခင်ဗျား..။

 

ဆုပေးမည့် အစီအစဉ်…

လစဉ်လတိုင်း ဒုတိယပတ် မတိုင်ခင် လတစ်လ၏ အကောင်းဆုံး၊ လူကြိုက်များဆုံး ဆိုတာ မည်သည့်စာမူ ဖြစ်ကြောင်း ရွေးချယ်သွားကြပုံကို ရှင်းလင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

လစဉ် လစဉ် တစ်ပုဒ်စီ ရွေးချယ်ထားတာတွေထဲကမှ နှစ်ကုန်တဲအခါ ပြန်ပြီး တစ်ပုဒ်တည်း ပြန်ရွေးပေးကြမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ စာမူကို အမေရီကန်အခြေစိုက် မန္တလေးဂေဇက် သတင်းဂျာနယ်မှာ ပုံနှိပ်ဖော်ပြပြီး စာမူခချီးမြှင့်မှာ ဖြစ်သလို ရွေးချယ်ရွေးအဖွဲနှင့် ပံ့ပိုးကူညီသူများမှဖြစ်သော

အဘဖောမှ တစ်လ တစ်သောင်း၊ အဘဆွေမှ တစ်နှစ် တစ်သိန်း နှင့် ဆုရွေးချယ်ရေးအဖွဲ ့မှ တစ်ယောက် တစ်လ သုံးထောင်စီ ပါဝင် အားဖြည့်ပေးသွားမှာ ဖြစ်တဲ့ အပြင် အမှတ်တရလက်ဆောင်များလည်း ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

(တိုးလာတာရှိရင် အသိပေးပြီး Update  ထပ်လုပ်ပေးကြပါလိမ့်မယ် )

 

ပူးပေါင်း ပါဝင် ကူညီနိုင်..

ဤ မန်းဂေဇက်ချစ်သူ စာပေဆု အစီအစဉ်အား ပါဝင်ကူညီလိုသော ဆန္ဒရှိလျင် ၊ စာပေဝါသနာရှင်များ၏

လက်ရာကောင်းများကို အသိအမှတ်ပြု မြေတောင်မြှောက်ပေးလိုသော ဆန္ဒရှိမယ်ဆိုလျင် စာမူရွေးချယ်ရေးဖွဲ ့ဖြင့် ပူးပေါင်းတိုင်ပင် ကူညီခြင်းဖြင့်သော်လည်းကောင်း၊ နှစ်သက်မိသော စာမူလင့်ခ် အား အီးမေးလ် ပေးပို ့အသိ ပေးခြင်းဖြင့်သော် လည်းကောင်း ဝိုင်းဝန်းကူညီ နိုင်ကြပါတယ်ခင်ဗျား..။

သင်တို ့၊ ကျနော်တို ့ မသိသော၊ မရင်းနီးသော၊ အရေးအသားကောင်းသူ၊ အတွေးကောင်းသူတို ့ရဲ့ လက်ရာကောင်းများကိုလည်း ဒီအစဉ်အစဉ်အား ထောက်ပံ့ကူညီခြင်းဖြင့် ဝိုင်းဖော်ထုတ် ပေးကြပါစို ့လားခင်ဗျား.။

သို ့ပါ၍..

သင်တို ့၏ စာပေကောင်းများကို အသိအမှတ်ပြု၊ မြေတောင်မြှောက် ချီးမြင့်၊ မိတ်ဆက်ပေးမဲ့ ဒီ စာပေချစ်သူ အစီအစဉ်ကို အပြုသဘောဆောင်သောအားဖြင့် လက်ခုပ်တီး ကြိုဆိုပေးကြမယ်လို ့လဲ မျှော်လင့်မိပါတယ်ခင်ဗျား.။ ( အထင် )

 

ဤအကြောင်းနှင့် ပတ်သတ်၍ ယခင်ဆွေးနွေးခဲ့ကြသော လင့်ခ်များကို ပြန်ရှာဖတ်လိုပါက.

အောက်မှ လိပ်စာအတိုင်း သွားရောက် လေ့လာကြပါဂုန်။

လင့်ခ်-၁

https://myanmargazette.net/136040/creative-writing

လင့်ခ်-၂

https://myanmargazette.net/140147/creative-writing/

 

( မှတ်ချက်။        ။ အထက်ပါ ဖော်ပြချက်များသည် လတ်တလော ဆွေးနွေးနေကြသော စာပေချစ်သူဆု အကြောင်းနှင့် ပတ်သတ်၍ ဖတ်မိဖတ်ရာ ဆွေးနွေးချက်များထဲမှ ကျော် နားလည်သမျှဖြစ်ပါသည်။အမှားအယွင်းများအတွက် တောင်းပန်အပ်ပါသည်ခင်ဗျား.. )

 

67 comments

  • mamanoyar

    July 29, 2012 at 5:16 pm

    မန်းဂေဇက်စာပေချစ်သူဆု
    အရမ်းရချင်တာပဲ
    ဒီအစီအစဉ်ကို အရမ်းကြိုက်ပါတယ်ရှင်

    • စိန်ဗိုက်ဗိုက်

      July 29, 2012 at 5:48 pm

      အားလုံးတိုးတက်ရေးအတွက်မို ့ကျော်လဲ ကြိုက်ပါတယ်ခင်ဗျား..

  • MaMa

    July 29, 2012 at 5:21 pm

    သဂျီးလည်း စိတ်ရော လူပါ မအားတဲ့အချိန်မို့ အားနာပါတယ်။
    ဖြစ်နိုင်လျှင် သဂျီးှဆီက အကြံဉာဏ်ကို ရယူချင်ပါတယ်။
    သဂျီးအနေနဲ့က အတွေ့အကြုံများလို့ မှန်ကန်စွာ လမ်းညွှန်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
    (မိမိတစ်ဦးတည်း သဘောထားကို တင်ပြထားခြင်းသာ ဖြစ်ပါသည်။)

    • စိန်ဗိုက်ဗိုက်

      July 29, 2012 at 5:51 pm

      ကျေးဇူးပါ အန်တီမမရေ့..
      ပြင်ပြီးပါပြီ…
      သဂျီးဆီက အကြံဉာဏ် လမ်းညွန်မှုတော့ ..လောလောဆယ်..မရနိုင်လောက်သေးဘူးလားလို ့ပါ…
      အားလုံးလည်း ကျော်နားလည်သလောက် ရေးကြည့်တာမိုလို ့ မှားတာစိရင် တောင်းပန်ပါတယ်ခင်ဗျား.

  • P chogyi

    July 29, 2012 at 5:57 pm

    အားပေးပါတယ်။
    ကျွန်တော်တို့ကတော့ လေ့လာသူအဆင့်ပဲရှိပါတယ်။

    • စိန်ဗိုက်ဗိုက်

      July 29, 2012 at 7:21 pm

      ရေးပါ ကိုကိုထောင် ..ရေးပါ

  • Gipsy

    July 29, 2012 at 7:25 pm

    ရေးကြပါ ရွာသူားတို့… ကျုပ်ကတော့ အမြဲ အားပေး နေမှာပါ …
    အရည်အချင်းပြည့်စုံတဲ့ ရွာသူားတွေ အတွက် ဂုဏ်ယူဝမ်းမြောက်ပါရစေ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 29, 2012 at 7:32 pm

    အဲ့သည်ဆုကြီးကို မန်ဘာတစ်ယောက်အနေနှင့် ကျုပ်လည်းရဘူးခြင်မိပါရဲ့ဗျာ
    ပြဿနာက ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့တော့
    ကိုယ့်ကိုယ်ကိုယ် သိနေတယ်လေ 😀

    • စိန်ဗိုက်ဗိုက်

      July 29, 2012 at 7:38 pm

      ရနိုင်တဲလူဒေဂို အားပေး ကြဒါဘော့ဗျာ..

      ကျော်လဲ ရားချင်ပါသေးဒယ်..
      ဒါဘေမဲ့..
      အီးသာ ထွက်သွားဒယ်..စာကောင်းတော့ ထွက်မလာပါဘူး.. ဆယာ မိုက်ကယ်အောင်ပု ရေ

      လူကြီးမင်းအပေါင်းတိုကို

      ကျန်းမာပါစေ..
      ချမ်းသာပါစေ.
      လန်းဖြာပါစေ..

      ဆိုပြီး ဆုတောင်းပေးလိုက်ပါဦးခင်ဗျား..

      🙂

    • အရီးခင်လတ်

      July 29, 2012 at 11:01 pm

      ဘပု
      လောင်းမလား။
      အတည်ရေးကြည့်။
      ဒီလို အပြောင်အပျက် ရေးတာ တောင် လူကြိုက် ဒီလောက် များ နေတာ။ 🙂

  • မောင်ပေ

    July 29, 2012 at 7:45 pm

    တွံ
    အသင်ဗိုက်
    ဘုန်းကြီးပါစေ
    ကျန်းမာပါစေ သောဝ်
    ငါအိရင်မှ
    ဖြစ်သော ဆန္ဒ
    ဆုတောင်း
    မျစ်တာ
    ပို ့သလိုက်ပါဒီ

    • စိန်ဗိုက်ဗိုက်

      July 29, 2012 at 7:48 pm

      အုပေလဲ
      ကျက်မာပါဇေ
      ချက်သာပါဇေ ဗျား..

  • ပင်လယ် ပျော်

    July 29, 2012 at 7:49 pm

    ရေးတာကတော့ အရမ်းရေးချင်ပါတယ်…ငယ်ငယ်ထဲက ရည်းစား စာတောင်ဖြောင့်အောင်မရေးနိုင်တော့..ဟီးဟီး..ဒါပေမဲ့ ကြိုးစားရေးမယ်….

    • MaMa

      July 29, 2012 at 8:55 pm

      အာပေးပါတယ် ပင်လယ်ပျော်ရေ။
      အသိအမှတ်ပြုမှုလေးတစ်ခု (သေးသေးလေး) ပေမယ့်….
      အမှတ်တရ ဝမ်းသာပျော်ရွှင်စေဖို့ ရည်ရွယ်ပါတယ်။

  • ရဲစည်

    July 29, 2012 at 8:39 pm

    ဟုတ်
    ကျော်တို့လဲ အားပေးနေမည် ဖြစ်ပါကြောင်း…..

  • cobra

    July 29, 2012 at 8:47 pm

    အရမ်းကောင်းတဲ့အစီအစဉ်ပါ။
    စာလုံးပေါင်းမှန်အောင်ရေးဖို့တော့တော်တော်ကြိုးစားရဦးမယ်။

    • MaMa

      July 29, 2012 at 9:22 pm

      မခဲယဉ်းပါဘူး မြွေမင်းသားရေ။
      Do & Don’t (Rules) အမှတ်စဉ် ၃ မှာ မြန်မာစာလုံးပေါင်းသတ်ပုံစစ်ရန်လေး ဖွင့်ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ။
      ကိုယ်တိုင်လည်း အဲဒီနည်း ကျင့်သုံးနေလို့။

  • blackchaw

    July 29, 2012 at 9:14 pm

    စိန်ဗိုက်ဗိုက် ဝင်ပြောလိုက်မှ
    လိုရင်းရောက်သွားပါတယ်ဗျာ…။
    ဒီပို့စ်လေးအတွက်
    ကျေးဇူးတင်ပါတယ် စိန်ဗိုက်ရေ…။
    သူပြောတဲ့ အတိုင်းပါပဲဗျာ…။
    နားလည်မှု လွဲနေကြတာလေး တွေ
    ရှိကောင်းရှိနေမှာ ဖြစ်ပေမယ့်…
    အတတ်နို်င်ဆုံး ကြိုးစားပြီး
    ခရီးဆက်ကြတာပေါ့ဗျာ…။
    ကျေးဇူးပါ စိန်ဗိုက်ဗိုက်ရေ…။

  • KyawThein

    July 29, 2012 at 9:34 pm

    အတည်ပြုလို ့ရသွားပြီပေါ ့
    ကျုပ်ကတော ့အထက်ကကိုအောင်ပုရေးသလိုရေးချင်တာ
    ဟိုဘက်မှာတောင် ဘန်းကြီးလိုလို ဘာလိုလိုနဲ ့သူကို ပွားခဲ ့သေးတယ်
    ဘယ် ့နယ်ကွာ ဗုဒ္ဓဘာသာကိုလာပြီးအိုးမဲသုပ်နေတာ
    ကို ့လူတို ့လဲ ဝင်ပြောကြဦး

    • ဦးဦးပါလေရာ

      July 30, 2012 at 1:13 am

      ကိုကျော်သိန်းရေ..
      စိတ်ထဲမထားပါနဲ့
      အဲဒါ မိုးပြာတွေရဲ့ သာသနာပြုနည်းပါပဲ။
      ဒီရွာထဲမှာ ကျုပ်အထင် ၁၅ ဦးထက်မနည်းရှိပါတယ်။
      နောင်လဲ အမြဲကြုံရဦးမှာပါ..။ 😛

  • Gipsy

    July 29, 2012 at 9:36 pm

    ဒီလို စိတယ် စိတယ် ပို့စ်ကိုပဲ မျက်ကဲကျပြီး မှားဝင်မိတာ ဒါနဲ့ဆို ၃ ကြိမ် ..
    မထူးဇတ်ခင်း …ရယ်တစ်ဆူ … ပြီး နောက်ပြန်လှည့် ….။

  • အရီးခင်လတ်

    July 29, 2012 at 10:58 pm

    အားလုံးသဘောမျှ လို့ ကတော့ ရွာထဲက ပျော်စရာကောင်း တဲ့ အစီအစဉ် လေးတစ်ခု ဖြစ်မှာပါ။
    မမ လို ဘဲ ကျွန်မ လဲ သူကြီး ရဲ့ သဘောထား လေးတော့ သိလိုပါတယ်။

    ကျော့် အတွက်တော့ အချက်အလက် တွေကို ထိန်းသိမ်း ရလွယ် မဲ့ အလကားသုံးလို့ ရမဲ့ Open Source Software လေးများ စိ မလား လို့ ရှာကြည့်ပေးပါမယ်။
    တွေ့ခဲ့ရင် ပြောပါ့မယ်။
    တစ်ချို့ Software တွေ က Group နဲ့ အလွယ် အလုပ်လုပ် နိုင်ဖို့ ရေးပေးထားလို့ ကျော့် အတွက် ခေါင်းချောက် သက်သာမလားလို့ပါ။
    အသေအချာ ရ မယ် လို့ တော့ မပြောရဲ သေးဘူး။

    မသုံးချင်တာ ဘဲ ဖြစ်ဖြစ်၊ ကျော့် မှာ အဆင်သင့် သုံးဖို့ စိ နေရင် ဘဲ ဖြစ်ဖြစ် အားမနာတန်း ပြောပါ။
    အရီး က တော့ စိတ် မ စိ ပါဘူး ဆို တာ ကို ကျော် စိ အောင် ပြောတာပါ။
    မန့်တာ နောက် ကြသွားတာ မို့ လဲ စိတ် မစိ ပါ နဲ့ ကျော်။ 😉

    ဒါနဲ့ အရီး လက်မ က နံပါတ် ၄ မှာ စိ တယ်။ 😆

    • pooch

      July 29, 2012 at 11:12 pm

      အနော့်လက်မက နံပါတ်၅ မှာ စိတယ်။ 😀

  • nozomi

    July 29, 2012 at 11:19 pm

    စိတဲ့ ကျော့် ကို သဘောကျတယ် 😀

    ဒီလို စိတယ် ထင်ပါတယ် ကို ရေးတဲ့ ကျော် ဆိုတဲ့ စိန်ဗိုက်ဗိုက် ရဲ့ အရေးအသား ရွာ့အပေါ်ထားတဲ့ စေတနာ အပင်ပန်းခံနိုင်မှု တွေကို သဘောကျကြောင်းပါ

  • surmi

    July 30, 2012 at 12:38 am

    ကဲ စပြီပေါ ့ဟုတ်လား
    ဒီနေ ့မှဘဲ ပြတ်တော ့တယ်
    ဝမ်းသာတယ်ဗျို ့ လှူနိုင်အောင်လဲကြီုးစားပါဦမည်

  • ဦးဦးပါလေရာ

    July 30, 2012 at 1:19 am

    ဟူး……..
    တော်သေးတာပေါ့ စိန်ဗိုက်ရယ်….
    ကျုပ်မှာ လကုန်ရက်မို့ ဘတ်ဂျက်နဲနေတာကြောင့်
    သခွားသီးနဲ့ ခရမ်းချဉ်သီး ရောထောင်းပြီး
    အိမ်မှာပဲ မျက်နှာပေါင်းတင်ရတော့မယ်မှတ်တာ…. 😀 😀

    အဲဒါကြောင့် မရှိမဖြစ်စိန်ဗို်က် လို့ခေါ်ကြတာဖြစ်မယ်… 😀 😀

    • အရီးခင်လတ်

      July 30, 2012 at 2:32 am

      အဲဒီလိုစကားကို မပီ အောင် မပြောပါနဲ့ ကိုပါ။ 😈
      “မစိ မဖြစ်စိန်ဗိုက်” ပါ။

      ဒါနဲ့ သခွားသီးနဲ့ ခရမ်းချဉ်သီး ရောထောင်းပြီး ကို ငရုတ်သီး (မိုးမျှော်) ပါ ထည့်ရသတဲ့။
      ဘာဘဲဖြစ်ဖြစ် အိမ်မှာလဲ စမ်းထားသင့်တယ်။ 😆

      • htoosan

        July 30, 2012 at 8:30 am

        ဂလိုဖြစ်လိုပါ အကြောင်းပြပြီး သမီးလေးတွေ ဆိုင် သွား ရတာပါဆိုတဲ့ အကြောင်းပြချက်လေး တော့ ပျက်စီးသွားပါပြီ.. 👿

  • Moe Z

    July 30, 2012 at 8:52 am

    ဘရာဗိုပါ အူးကျော်..
    လောလောဆယ် သုံးလလောက်အားနေတဲ့အတောအတွင်း
    အမာခံပရိသတ် လုပ်ပေးပါ့မယ်ဗျ ..

  • လတ်လတ်

    July 30, 2012 at 8:56 am

    ဒီပို့စ်ဂို မလော့အင်ဘဲနဲ့ဖတ်လို့မရဘူး ဘလိုစိလဲခည….

    • Foreign Resident

      July 30, 2012 at 9:18 am

      စိန်ဗိုက်ဗိုက် ရေ အဲဒါ ဟုတ်နေတယ် ကြည့်လုပ်ပါအုန်း ။

      • Foreign Resident

        July 30, 2012 at 9:20 am

        ဟာ Sorry,
        ” Members Only ” လို့ Tag မှာရေးထားတယ် ။
        တမင် လုပ်ထားတာထင်တယ် ။

        • Khaing Khaing

          July 30, 2012 at 10:27 am

          ဟုတ်တယ် ဟုတ်တယ် မနေ့က login မဝင်ပဲဖတ်တာ ဝင်လို့မရဘူး … login ဝင်မှ ဖတ်လို့ရတယ် …. အော်ဒါက ဒီလိုစိတာကို ….

  • Foreign Resident

    July 30, 2012 at 9:09 am

    အခုပြောထားတဲ့အတိုင်းပဲ ၄ / ၅ / ၆ လ ခံအောင် လုပ်ကြည့်စမ်းပါဦးကွယ် ။
    အသားကျ အဆင်ပြေပြီဆိုမှပဲ လုပ်ပုံကိုင်ပုံတွေ ထပ်ညှိ
    စည်းမျဉ်း စည်းကမ်းတွေ ထပ်လုပ်ကြတာပေါ့ ။
    ဒိုင်လုပ်ရမယ့်သူတွေ မလွယ်ဘူးနော် ၊
    တာဝန်သိ တာဝန်ယူရင် ယူသလောက် ပင်ပန်းမှာနော် ။
    အပြင်က အဖွဲ့အစည်းတွေမှာ လူကြီးလုပ်သလို ၊ မုန့်ဝေ လိမ့်မယ် မထင်နှင့် ။
    ဖြစ်ဖို့များတာ ၊ ဒုတ်ဝေတာပဲ ခံရမှာ ။
    အဆဲခံရမယ် ၊ သောက်တင်းအချခံရမယ် ၊
    ငွေကုန်မယ် ၊ လူပန်းမယ် ၊ စိတ်ညစ်မယ် ။ ဟင်း ၊ ဟင်း ။

  • မောင်ပေ

    July 30, 2012 at 9:38 am

    အခုပြန်ဖတ်ကြည့်မိတော့
    ကိုလင်းဝေ ဆိုတဲ့နာမည်ကို တွေ့ရတယ်
    အဲ့လူကြီး ဂေဇက်ကို ဖတ်သေးတယ်ပေါ့ ????

  • မွန်မွန်

    July 30, 2012 at 10:12 am

    တကယ်လုပ်ဖြစ်သွားမယ်ဆိုရင် ဝမ်းသာပါတယ်။ လုပ်ဖြစ်အောင် ကြိုးစားနေတဲ့ လူကြီးတွေကိုလည်း လေးစားပါတယ်။ ဒါမှလည်း တစ်ကြောင်းနှစ်ကြောင်း တင်လာတဲ့ ပို့စ်တွေ နည်းသွားမယ် ထင်ပါတယ်။

    တကယ်တမ်းစဉ်းစားကြည့်ရင် ကိုယ်တွေတောင် နေ့တိုင်းတက်သမျှပို့စ်တွေကို အလျင်မီအောင် မနည်းလိုက်ဖတ်နေရတာ။ ဒီလိုမျိုး ပို့စ်တိုင်းကို သေချာဝေဖန်ပြီးဖတ်ပေးမယ့် လူကြီးတွေကို တကယ်ကိုကျေးဇူးတင်ပါတယ်။ အရမ်းပင်ပန်းမယ်ဆိုတာကိုလည်း နားလည်ပါတယ်။ မွန်မွန်တို့လည်း ကိုယ်ကြိုက်တဲ့ပို့စ်ရဲ့ လင့်တွေကို ပို့ပေးပါမယ်။ ကိုယ်တိုင်လည်း တတ်နိုင်သလောက် ကြိုးစားပါမယ်လို့ ပြောချင်ပါတယ်။

    ဒီလိုစိတယ်ထင်ပါတယ်ဆိုတဲ့ တွတ်ပီယောက်ဖရေ… ဒီပို့စ်အတွက် ကျေးဇူးပါ…

    • htoosan

      July 30, 2012 at 12:07 pm

      မွန်မွန် အထင်မှားနေပြီထင်တယ် .. ပိုစ်တိုင်းကို သေချာ ဝေဖန်ပြီး ဖတ်ပေးမှာ မဟုတ်ပါဘူး ။
      တက်လာသော ပိုစ်များထဲမှ အကြိုက်ဆုံး ကို ရွေး ကြပြီး ဘာကြောင့်ကြိုက်တာလဲ ဆိုတာလေးသာ ရေးမှာပါ ။
      ဝေဖန် လေကန်ရေးက နဂို ကတည်း က လူတိုင်း လုပ်နေကြတာလေ .. မန့်နေကြတာ ဝေဖန် လေကန်ရေးဘဲလို့ …
      စိလိုဟုတ်တယ်နော် စိဗိုက် 😀 😀

      • မွန်မွန်

        July 30, 2012 at 1:14 pm

        အယ်… မစ်အန်ဒါစတန်းဒီး ဖြစ်နေပြီထင်တယ်…. 🙂
        အကြိုက်ဆုံးပို့စ်ကို ရွေးဖို့အတွက်က ပို့စ်အားလုံးကို ဖတ်ကြည့်မှ ဖြစ်မှာ မဟုတ်ဘူးလားဟင်… 🙂
        ဝေဖန်ပေးမယ်ဆိုတဲ့ စကားကိုတော့ ကင်ဆာ လုပ်ပါတယ်နော်… ဟီး…ဘွာတေး…
        အားလုံးကို ဖတ်ကြည့်မှာတော့ ဟုတ်တယ်မလား…. အဟဲ..ပြောချင်တာက ပို့စ်အားလုံးကို အဲလိုလိုက်ဖတ်ဖို့တောင် အမီးတို့က မဖတ်နိုင်ဘူး ဖြစ်နေတာ…
        စီလို..စီလို…

        • htoosan

          July 30, 2012 at 1:54 pm

          ပိုစ်အားလုံးကို မဖတ်မိမှာစိုးလို့ ၁၃ ယောက်ထည့်ထားတာပါတဲ့ ။။ ဖတ်မိတဲ့အကြိုက်ဆုံးလေးတွေ ပြန်ရှယ်တော့မှ ထပ်ဖတ်ဖြစ်ကြပြီး ပြန် ရွေးနိုင်အောင်လို့ လူများများထည့်တာပါလို့ စိပါတယ်ခင်ဗျ…
          ဒီမိုရွာဆိုတော့ စကားလုံးက အစဆင်ခြင်နေရတယ် ခင်ဗျ … 😀 😀
          ဟုတ်တယ်နော် စိဗိုက် …

        • မွန်မွန်

          July 30, 2012 at 2:09 pm

          အော်..
          ဂလိုလား..စိဘီ..စိဘီ… 🙂

  • Davit

    July 30, 2012 at 11:56 am

    ရေးမယ်ဗျာ…ရေးမယ်…………….လောလောဆယ်တော့ 3000 ပြည့်ဖို့ 10 ကပ်လိုနေလို့ ယူသွားပြီဗျို့……..
    :mrgreen:

  • Davit

    July 30, 2012 at 11:58 am

    အလဲ့………… 15 ကျပ်တောင်ရသဗျ….. ပျော်ထှာအေ………… 😛

  • ဦးဦးပါလေရာ

    July 30, 2012 at 2:41 pm

    ပိုစ့်တပုဒ်တင်လိုက်မယ်
    member only ဖြစ်အောင်တော့ မလုပ်တတ်ဘူး
    စိန်ဗိုက် ကူညီပါလား…။

    • kai

      July 30, 2012 at 2:47 pm

      Category မှာ member only ရွေးလိုက်ပါခင်ဗျား…

      • ဦးဦးပါလေရာ

        July 30, 2012 at 3:24 pm

        နောက်ကျသွားပြီသူကြီး…
        ဒါပေမယ့် လူတိုင်းဖတ်တာလဲကောင်းပါတယ်။
        မအက်ဒစ်တော့ပါဘူး.. 🙂

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 3:38 pm

    ဒီဆုကို အနော်လည်း ရဖူးချင်ဘာဒယ် ..
    အနော်လည်း ကြိုးစားပြီး ရေးပါ့မယ် အာစိ ..

    သို့ပေမယ့် ဂလို စာမျိုးတွေ ရေးဖို့တွေးလိုက်တိုင်း
    ခေါင်းက အလုပ်လုပ်ရတာ များသွားပီး
    ဗိုက်ထဲက ဂွီဂွီနဲ့ မြည်လာတတ်တယ် ..
    အဲ့အခါ တစ်ခုခု ကြိတ်လိုက်တယ် ..
    ပီးဒေါ့ ဗိုက်တင်းတွားဒယ် .. အိပ်ချင်တွားဘာဒယ် ..
    ဂလိုနဲ့ ရေးဖစ်တော့ပြန်ဘူးရယ် .. ဟီဟိ .. 😀
    နောက်ထ​ှာဘာ …

    ဂလို အပြုသဘောဆောင်တဲ့ အစီအစဉ်အတွက်
    ဝမ်းမြောက်မိပါကြောင်း ..
    အစီအစဉ် ဖြစ်မြောက်ရေး အတွက်လည်း
    ဝို်ငးဝန်း ကူညီ ပေးသွားမည် ဖြစ်ပါကြောင်း ….

  • လင်းဝေ

    July 30, 2012 at 6:27 pm

    အင်း အားလုံးကောင်းရင်တော့ အားလုံးကောင်းသွားမှာပါပဲလေ။
    ဖတ်ဖြစ်ပါတယ်မောင်ပေရေ။ အမြဲတမ်း အားလုံးကိုတော့ လည်း မဖတ်ဖြစ်တာ ဝန်ခံရမယ်။
    ခုတလောတော့ အချိန်သိပ်မရလို့ ဘာမှ ကွန်မန့်ဝင်မပေးဖြစ်တာပါ။

  • အလင်းဆက်

    July 30, 2012 at 6:41 pm

    တားတားကတော့…. ချာရေး.မကောင်းဘူး..ဆိုတော့..
    ရမယ်..မထင် ။
    ကံကောင်း..ထောက်မ လို ့..အကြောင်းညီညွတ်လို ့ ရခဲ့ရင်တော့..
    ရတဲ့ ဆုငွေ နဲ ့
    ဂျယ်လီ ဝယ်စားမယ် ။

  • manawphyulay

    July 30, 2012 at 7:03 pm

    ယေဘုယျအားဖြင့် လက်တလောတင်ထားတာတွေကို ယေဘုယျအားဖြင့် ဖတ်သွားပါတယ်။

  • ကိုရင်မောင်

    July 30, 2012 at 9:12 pm

    ဒီအစီအစဉ်လေးကြိုက်တယ်ဗျာ….
    ယှင်ပြိုင်မှု့ပါလာမှာဖြစ်တဲ့ အတွက်
    ကျိုးကျိုးစားစားရေးကြမဲ့ပို့စ်တွေကို
    ဖတ်ရတော့မယ်….ဆိုတော့
    အထူးဘဲဝမ်းသာမိပါတယ်……

  • အရင်က တော့ ကြုံသလိုဖတ်တယ်။
    အခုတော့ အချိန်ရသလောက်လိုက်ဖတ်တယ်။
    သုံးပုဒ်လို့ပြောပေမယ့် ကျနော်ဖတ်သမျှ တစ်ပုဒ်ထဲဘဲကြိုက်ရင် တပုဒ်ထဲဘဲတင်ပေးလိုက်မှဗျို့.
    သုံးပုဒ်မပြည့်ပြည့်အောင်လိုက်ဖြည့်မှာမဟုတ်ဘူး။

    ဒါက ကျနော်အကြိုက်ရွေးတာလေ.။
    အကြိုက်လို့ရွှေးမှတော့ ဖြစ်သင့်တာတွေဘာတွေပြောမနေတော့ဘူးနော်။

    • ဦးဦးပါလေရာ

      August 1, 2012 at 12:35 am

      မှန်တယ်ကိုပေါက်ရဲ့
      အကြိုက်ကိုရွေးဆိုမှဖြင့် မကြိုက်ပဲ ဘယ်ရွေးလို့ဖြစ်မလဲ…
      တစ်လလုံးမှာ တစ်ပုဒ်ပဲကြိုက်ရင်တပုဒ်၊ နှစ်ပုဒ်ပဲကြိုက်ရင်နှစ်ပုဒ်ပေါ့…
      ကျွန်တော်လဲ နဲနဲ ပိုဖတ်ဖြစ်သွားပြီး
      ကြိုက်တာလေးတွေ့ရင် ထပ်မဖတ်ရတော့အောင် တန်းမှတ်ထားလိုက်တော့တယ်။

  • char too lan

    July 31, 2012 at 4:18 pm

    အာမယ်……. ပုလင်းထဲကအတွးဒွေဂလဲ ရှယ်ပဲဝေါ်… 🙂
    နင် သိပ်ရမ်းဘလန်းခါမနေနဲ့ အတွေကောင်းတွေထွက်ကျကုန်လိမ့်မယ် :mrgreen:

  • စိန်ဗိုက်ဗိုက်

    August 2, 2012 at 12:08 pm

    အားလုံးပဲ..အားလုံးပဲ..
    စာမူလင့်ခ် ပေးပို ့ရမဲ့ အီးမေးလ် လိပ်စာ မှာ BestWebAwards@myanmargazette.net ဟု အတည်ပြုပြီး ဖြစ်ပါတယ်ခင်ဗျား..။
    သို ့ပါ၍ အဆိုပါ BestWebAwards@myanmargazette.net အီးမေးလ် သို ့သာ ပေးပို ့ပေးကြပါကုန်။
    ဤ အီးမေးလ် လိပ်စာမှာ စာမူ စုစည်းရွေးချယ်ခြင်းနှင့်သာ သက်ဆိုင်ပါသဖြင့် စာမူရွေးချယ်ခြင်းနှင့်မဆိုင်သော အကြောင်းအရာများ
    ကျေးဇူးပြု၍ မပေးပို ့ကြပါနှင့်ခများ..။

    ဦးဆောင်သူများအနေနှင့်လည်း အရင် လတ်တလော ကြေငြာခဲ့သော အီးမေးလ် နေရာ၌ ယခုအီးမေးလ် BestWebAwards@myanmargazette.net ကို ပြန်လည် အစားထိုးပြင်ထားပေးကြရင် ပိုကောင်းမယ်ထင်ပါတယ်ခင်ညား..။

    🙂

    ကျေးဇူးပါ ။

    • YE YINT HLAING

      August 2, 2012 at 12:25 pm

      ကိုဗိုက်က တကယ် အားကိုးရတဲ့သူပဲဗျို့ !

    • ဦးဦးပါလေရာ

      August 2, 2012 at 2:19 pm

      သူသတိပေးမှပဲ ပြန်သတိရသွားတော့တယ်။
      ပြင်လိုက်ဦးမယ် ကျော်ရေ..:P

    • စိန်ဗိုက်ဗိုက်

      August 2, 2012 at 12:41 pm

      ဂျူလိုင်လ အတွက်လဲ စုစည်းနေကြပါပြီ
      အစီအစဉ် ဆွဲ၊ နားလည်အောင် ရှင်းပြနေကြရတာနဲ ့ နဲနဲတော့ အချိန်ဖင့်ခဲ့မယ်ထင်ပါတယ်.

      • Liquid_Sn@ke

        August 2, 2012 at 1:29 pm

        ဇူလိုင်လ လဆန်းကနေ လကုန်အထိ ..
        လက်ရှိအချိန်ထိ ..စာမျက်ခွက် ၃ လောက် ကနေ ၃ဝ အထိ
        စာတမျက်ခွက် ပျှမ်းမျှ .အပုဒ်၃ဝလောက် နှုန်းနဲ့…
        စာမျက်ခွက် နီးပါး ရှိုဒေါ့ … အပုဒ်၉၀ဝ လောက် စာရင်းဝင်ရဲ့…
        ဖတ်ရတာ မနိုင်မနင်းဂျီး….မဖတ်ပဲကျော်ချထားတာတွေလည်း
        တပုံတခေါင်း..
        စနေတနင်္ဂနွေ အသေအကျေ ဖတ်ပေတော့ပဲ..
        ကိန် ကိန် ဂိန်…

        ပိုစ့် လေးဒွေကို ခေါင်းစဉ်နဲ့ ရေးသူ ရက်စွဲ စတာလေးတွေ
        တေဘယ်လ်လေး ဆောက်ထားနိုင်ရင်ကောင်းမှာ …

        သည်လတော့ နေ့စဉ်မဟုတ်တောင် ၂ရက်၁ခါလောက် ဖတ်မိသမျှထဲက
        ကြိုက်မိတာလေးဒွေ ဘုတ်မာ့ခ် လုပ်ထားမှဗျို့ …
        ရွာ့ စာရေးအားက ၁နေ့ ပိုစ့် ၃ဝနှုန်းလောက်ဆိုဒေါ့ …
        (မယုံမရှိနဲ့ ..ဂနေ့ ပိတ်ရက် ဖြစ်ပါလျက် မြန်မာ (ဆာဗာ)စံတော်ချိန် နေ့လာ ၁နာရီစွန်းစွန်းရှိသေးတာတောင်
        ၁ဝပိုစ့်ကျော်သွားဘီ)

        ကန်းဖို့ နီးလာပီထင်ပါ့ ..အဟင့်…

        • စိန်ဗိုက်ဗိုက်

          August 2, 2012 at 1:35 pm

          ကန်းတော့ မကန်းလောက်ပါဘူး
          အားမငယ်ပါနဲ ့
          ကျော် မျက်မမြင် သန်တန်းကျောင်းက လူတွေနဲ ့ ခင်ပါတယ်
          🙂

          အူးလေးတို ့ မဖတ်ဖြစ်တာတွေကို သူများတွေ ဖတ်မိမှာပါ
          ဒါကြောင့် လတ်တို ့ သတင်းပို ့လို ့ရအောင် အားလုံးကို အီးမေးလ် လင့်ခ် ပေးထားတယ် ဆိုပါတော့ဗျာ..

        • Foreign Resident

          August 2, 2012 at 2:39 pm

          ” ကန်းဖို့ နီးလာပီထင်ပါ့ ..အဟင့် ”

          မှန်ပါ့ ၊ မောင်ဂီရေ ၊ မှန်ပါ့ ။
          အဘတို့က အိုပြီဆိုတော့ သိပ် မထူးတော့ပါဘူး ။
          မင်းက လူငယ် ၊ မိန်းမ လည်း မရသေးဘူး ဆိုတော့ ။
          မျက်မှန် အထူကြီးနှင့်ဆိုရင် Sex Appeal သိပ်ကျသွားမယ် ။
          မဖြစ်စေနှင့် ။ 😛

  • surmi

    August 2, 2012 at 2:40 pm

    ဒီလိုသာဆိုရင် မျက်မမြင်စာဖတ်နည်းကိုပြန်လေ ့လာထားသင် ့တယ်ဗျို ့
    မျက်စိညောင်းလာရင် မျက်စိမှိတ်ပြီးဖတ်ပေါ ့
    လိုအပ်ရင်ပြောပါ ကြည် ့မြင်တိုင်မျက်မမြင်ကျောင်းကို သွားမေးထားပေးမယ်
    ဂွိ ဂွိ

  • ဒုတ်ထိုး

    August 2, 2012 at 3:12 pm

    ဟွယ် အားရပါးရ စိနေကြဆဲ ပါလား ၊ စာပေပညာရှင်များအကြိုက် ။

  • စေပိုင်ထွဋ် (ပုသိမ်)

    August 7, 2012 at 12:30 pm

    ကောင်းမွန်တဲ့ အစီအစဉ်ပါပဲခင်ဗျာ
    (ကာတွန်း၊ ကဗျာ) တို့လည်း ဆက်လက် ဆက်လက်
    တိုးတက်ပြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Leave a Reply