စာသင်သား ရဟန်း(ဦးဇင်းငယ်)တစ်ပါးပြောသော ဆဋ္ဌသံဂါယနာအကြောင်း

uzinJuly 29, 20121min22216

“ဦးဇင်း ဆဋ္ဌသံဂါယနာတင်ပွဲကို ဘယ်လိုမြင်လဲ”

“အရင်သံဂါယနာငါးတန်ထက် လုပ်တာသာတယ် ပြောရမယ်”     “ဘာဖြစ်လို့”

“သံဂါယနာတင်ချိန်လည်း အကြာဆုံး၊ သံဃာအရေအတွက်လည်း အများဆုံးပဲ”

“အချိန်က သုံးနှစ်၊ သံဃာအရေအတွက်ကလည်း နှစ်ထောင့်ငါးရာ မဟုတ်လား” “ဟုတ်တယ်”

“ငွေကြေးကုန်ကျမှုလည်း သာမှာပဲ”        “ဟုတ်တယ်”    “ဘယ်လောက်ကုန်သတဲ့လဲ”

“ငွေနဲ့ပြောရင် တန်ဖိုးအပြောင်းအလဲရှိတော့၊ ပြောလို့ မကောင်းဘူး”

“ရွှေနဲ့ပြောရင်၊ ရွှေပိဿာ တစ်ထောင်လောက် ကုန်တယ်လို့ သိရတယ်”

“ဒီလောက်အကုန်ခံပြီး လုပ်တော့၊ ရလဒ်ကော သာရဲ့လားလို့ စဉ်းစားသင့်တယ်”

“အကျိုးရလဒ်ကတော့ သိပ်ပြီး ထင်သာမြင်သာပြစရာ မတွေ့မိပါဘူး”

“ဘာဖြစ်လို့လဲ”

“စဉ်းစားကြည့်လေ”      “ရှေ့ကသာသနာမှာ ရှိပြီးသားထက် ဘာမှ ပိုမိုမထူးခြားလို့ပဲ”

“ဘယ်လိုမထူးခြားတာလဲ”

“ရှေ့ကသာသနာမှာ မရှိသေးတာကိုလည်း ရှိအောင်နဲ့ ရှိပြီးသားကိုလည်း ဆန်းစစ်ပြီး ရှိသင့်/မသင့် မလုပ်ဘူး။ ရှိပြီးသားကို ရှိပြီးသာအတိုင်းဖြစ်အောင် လုပ်တာပဲ”

“နိုင်ငံခြားက သာသနာတွေ ကောင်းအောင်များ လုပ်တာလား”

“သူတို့ဆီက သာသနာတွေကိုလည်း ရှိပြီးသားကို ရှိပြီးသားအတိုင်းကနေ ဘာမှ ပြင်မပေး ရပါဘူး”

“သည်လိုဆို အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ အများကြီး ကုန်တာပဲ ရှိတာပေါ့၊ ဘာအကျိုးရှိမှာလဲ”

“တို့သာသနာကြီး သည်လောက် ထည်ဝါခမ်းနားကြီးမား လေးနက်တယ်လို့ ပြတာပေါ့”

“ကြွားကြတာလို့ ပြောရမှာလား”  “သည်လိုတော့ ဖြစ်နေတာပေါ့”

“သံဂါယနာဆိုတာကိုက ဒါမျိုးပဲလား”      “ဘယ်ဟုတ်လိမ့်မလဲ”

“ပဌမသံဂါယနာက ဘာအကျိုးကို လုပ်နိုင်ခဲ့တာလဲ”

“ဘုရားရဲ့ ဟောပြောချက် အပြန့်ပြန့်အကျဲကျဲ ဖြစ်နေတာကို စုနိုင်ခဲ့တယ်လို့ ပြောရမယ်”

“ဒုတိယ သံဂါယနာကကော”

“ဝိနည်း အငြင်းပွားမှုကို ညှိနိုင်ခဲ့တာကို တွေ့ရတယ်”

“တတိယမှာ ဘာတွေလုပ်နိုင်ခဲ့လဲ”

“ဓမ္မကွဲပြားမှုကို ညှိနှိုင်းခဲ့ကြတာ တွေ့ရတယ်”

“စတုတ္ထသံဂါယနာ ကကော”     “နှုတ်ဆောင် ဓမ္မ၊ ဝိနယတွေကို စာပေါ်တင်နိုင်ခဲ့တယ်”

“ပဉ္စမသံဂါယနာ မှာဘာတွေတွေ့လဲ”      “စာတွေအမျိုးမျိုး ပြားနေတာတွေကို အလွယ်ညှိ်နိုင်အောင်၊ အမှန်ဆုံးစာမူဖြစ်အောင်လုပ်ပြီး ကျောက်တိုင်တွေအဖြစ် စိုက်ထူနိုင်ခဲ့တယ်”

“ဆဋ္ဌသံဂါယနာက ဘယ်အကျိုးတွေဖြစ်တာလည်း ကြည့် ကြည့်ပါဦး”

“အဲဒါ အကျိုးကဖြင့် မပြောတတ်အောင်ဘဲ”        “ဟုတ်တယ်နော်”

“စာအုပ်တွေရိုက်နိုင်တာ အကျိုးလို့ပြောရရင်လည်း အရင်ကတည်းက စာအုပ်တွေ ရိုက်ပြီးသား”       “စာမူ ပိုသန့်သလားလို့ ပြောရင်လည်း မသန့်ဘူး အရင် သန့်ပြီးသားအတိုင်းဘဲ”

“ဒါလုပ်လို့ ဘုန်းကြီးတွေ စာပိုတတ်သွားတာလား” “ဒါလည်း မဟုတ်ပါဘူး”

“ဂိုဏ်းတွေ ပေါင်းသွားတာလား”           “နဂို အတိုင်းပါပဲ”

“ဘာသာရေးနိုးကြားမှုတွေ ပိုရှိလာသလား”         “ပကထိထက် မပိုလှပါဘူး”

“နိုင်ငံများ အမြတ်ရမလား”        “ပိုလို့တောင် မဖြစ်နိုင်သေး”       “ဘာဖြစ်လို့လဲ”

“လွတ်လပ်စဖြစ်လို့ ဘာအရင်းအနှီးမှ ကောင်းကောင်းမရှိသေးတဲ့နိုင်ငံက ရွေပိဿာပေါင်း များစွာ အကုန်ခံပြီးလုပ်တော့ ပိုဆိုးတာပေါ့”    “ဘာမှ အကျိုးမရတော့ဘူးလား”

“ဦးနု အစိုးရအဖွဲ့တို့၊ ဦဝိစိတ္တဆရာတော်တို့ မဟာစည် နဲ့ ညောင်ရမ်း ဆရာတော်တို့ ဂုဏ်သိက္ခာကြီး၊ လူသိများတာတွေ ရတာကလွဲလို့ တခြားကတော့ ပြောစရာမရှိလောက်အောင်ကို နဲတယ်လို့ မြင်တာပဲ”

“ဦးဇင်းပဲ သည်သံဂါယနာက အသာဆုံးဆို”        “ဟုတ်တယ်လေ”

“ဘာတွေ သာတာလဲ”   “လုပ်ရတာ သာတာပေါ့”

“ဦးဇင်းကလဲ ထူးခြားအကျိုးရှိတာမဖြစ်ဘဲ သာတယ်လို့ ပြောလို့ကောင်းပါ့မလား”

“သည်လောက် လုပ်ထားရတဲ့ သံဂါယနာကြီးကို မသာဘူး၊ မကောင်းဘူးလို့ ပြောလို့ရော ကောင်းပါ့မလား”

“သည့်တော့ အရင်သံဂါယနာတွေထက် လုပ်တာသာတယ်လို့ ပြောရတာပေါ့”

16 comments

  • San Hla Gyi

    July 29, 2012 at 8:46 pm

    ဆောင်းပါးရှင်ရေ ကျနော်က သိပ်ပြီးဒီလိုပို့စ်တွေကို ကွန်မန့်ပေးလေ့ မရှိပေမယ့် အခုတော့ ပထမဆုံးဖြစ်အောင် လာပေးလိုက်ပါတယ်။ ဦးဆုံးအနေနဲ့ Uzin လို့နာမည်တပ်ထားပေမယ့် တကယ့် ရဟန်းဟုတ် မဟုတ် မကျိန်းသေတဲ့အတွက် ဆောင်းပါးရှင်လို့ပဲ သုံးနှုန်းပါမယ်။ ဘာလို့လဲဆိုတော့ ဒီဦးဇင်းတို့ အဘတို့ဆိုတဲ့ အခေါ်အဝေါ်တွေက တဘက်ဆွေးနွေးသူကို အလိုလို ကိုယ့်ထက်သိမ်ငယ်သွားအောင် လုပ်ချင်တဲ့ သဘောရှိတယ်လို့ ထင်လို့ပါ။ ဒီတော့ ရိုင်းရာလည်း မရောက်အောင် ဆောင်းပါးရှင်လို့ပဲ ခေါ်ပါမယ်။
    အမှန်တော့ ကျနော်လည်း မြင်နေရတာ မဟုတ်လို့ ကိုယ့်ကိုကိုယ် ဒီလိုပြောကြည့်ပါမယ်။ ကျနော်က အမှန်တော့ ဟိမဝန္တာရေခဲတောင် တွေရှိရာအရပ်က လာပါတယ်။ အသက်ကတော့ ၅၀ဝ လောက်ရှိပါပြီ။ ဘာသာစကားတွေလည်း ကမ္ဘာမှာ လက်ရှိ မသိတော့တဲ့ စကားတွေအပါအဝင် ၁၅ဝ လောက်တတ်ပါတယ်။ နာမည်အရင်းကိုတော့ ပြောလဲ ဘယ်သူမှ သိမှာမဟုတ်လို့ မပြောတော့ပါဘူး။ ပကောယှိလို့ပဲ မှတ်ထားပါ။ ဆရာကြီး ဆိုပါတော့။
    ဆောင်းပါးရှင်ရဲ့ ဆောင်းပါးနဲ့ ပက်သက်ပြီး ဆွေးနွေးချင်ပါတယ်။ အဓိက ရည်ရွယ်ချက်က ဘာပါလဲ။ ဖြေနိုင်ရင်ဖြေပါ။ ဆဌသံဂါယနာ လုပ်ပြီးခဲ့တာ ကြာလှပါပြီ။ ဆောင်းပါးရှင်က အကျိုးမရှိဘူးဆိုပေမဲ့ အဲဒီရဲ့ အကျိုးဆက်က ဒီနေ့မြန်မာပြည်ကို ရိုက်ခတ်တာ မရှိသလောက်ပါ။
    ဆောင်းပါးရှင်က ဘာကိုလိုချင်တာပါလဲ။
    အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနုကို အပြစ်တင်စေချင်တာလား?။
    သံဂါယနာ တင်တဲ့ အပြုအမူကို ရှုတ်ချချင်တာလား?။
    မဟာစည် ဆရာတော်ကြီးနဲ့ မင်းကွန်းဆရာတော်ကြီးကို ကဲ့ရဲ့စေချင်တာလား?။
    အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနုကို အပြစ်ဝိုင်းတင်လို့ အဲဒီရွေတွေပြန်ရပြီး မြန်မာနိုင်ငံကြီး ပြောင်းလဲသွားမယ်ဆိုရင် ကျုပ်ကိုလဲပြောပါ။ ကျုပ်ပါ အပြစ်ဝိုင်းတင်မယ့် အပြင် သူများတွေကိုပါ လိုက်တိုက်တွန်းပါမယ်။ အကျိုးကတော့ နတ္ထိပါ။ အဲဒီလို အပြစ်တင်မယ်ဆိုရင် ဗိုလ်ချုပ်နေဝင်းကို အရင်ဆုံး အပြစ်တင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သံဂါယနာတင်တာက မြန်မာနိုင်ငံသမိုင်းကို ပြောင်းစေတာ မဟုတ်ပဲ သူ့ရဲ့လုပ်ရပ်က မြန်မာပြည်ရဲ့ ကံကြမ္မာကို ပြောင်းပေးလိုက်တာပါ။
    သံဂါယနာ တင်တဲ့ အပြုအမူနဲ့ ဆရာတော်ကြီးနှစ်ပါးကို အပြစ်တင်တာကတော့ ကျုပ်က မလုပ်နိုင်ပါဘူး။ လုပ်လို့ ရလာမယ့် အကျိုးရှိရင်လဲ ပြောပြပါ။ အကျိုးက နတ္ထိပါ။
    ဒီတော့ ကျုပ်အမြင်ပြောရရင် ဆောင်းပါးရှင်ရဲ့ ဆောင်းပါး
    ဦးတည်ချက်က ဘာမှန်းမသိ ဖြစ်နေပါတယ်။

  • San Hla Gyi

    July 29, 2012 at 8:52 pm

    အော်မေ့လို့ ကျနော်သိသလောက် ဆောင်းပါးရှင်က ဒီလိုဒွိဟဖြစ်စေမဲ့ စာမျိုးတွေ ရေးလေ့ရှိတယ် ထင်ပါတယ်။ အဲဒါဆိုရင်လည်း သူများမေးရင် ပြန်ဖြေနိုင်အောင် လုပ်ထားပါ။ ကျနော်က ကျနော် မေးတဲ့ ဆွေးနွေးတဲ့ အကြောင်းကို ဘာမှပြန်မပြောနိုင်ရင်(သိရင် သိတယ် မသိရင် မသိဘူးဖြစ်ဖြစ်) မဖြေနိုင်ရင် နောက်တကြိမ် ဆွေးနွေးလေ့ မရှိပါဘူး။
    ဒါပေမယ့် ကျနော်က လာရောက်ဖတ်ရှု အားပေးရုံဆိုရင်တော့ ဘာမှပြန်မဖြေလည်း ရပါတယ်။ အခုဟာက ကျနော်က လာအားပေးတာ မဟုတ်ပါဘူး။ Question shoot တာလို့ ပြောရမယ်ထင်တယ်။

  • KyawThein

    July 29, 2012 at 9:02 pm

    ဒီပို ့စ်မျိုးကိုကန် ့ကွက်ပါတယ်
    ရေးချင်ရာရေးပြီး မေးရင်မဖြေဘူးဆိုရင် နောက်မရေးပါနဲ ့
    ကြည် ့နေတာကြာပြီ သာသနာတော်ကိုပြဿနာရှာနေသလိုဘဲ

  • ဦးဦးပါလေရာ

    July 29, 2012 at 9:22 pm

    ဒီကနေ့ခေတ်မှာ
    မိုးပြာလို့ ယခင်က အများသိကြတဲ့ ဦးဉာဏတီထွင်တဲ့ ပစ္စုပ္ပန်ကမ္မဝါဒကို နည်းအမျိုးမျိုးနဲ့ ဖြန့်ချိလာတာ တွေ့ရပါတယ်။
    သူတို့သုံးတဲ့နည်းတွေက တခုက ထေရဝါဒဗုဒ္ဓဘာသာနဲ့စပ်သမျှ ကိစ္စတွေကို နည်းအမျိုးမျိုးနဲ့ အပြစ်တင်ရှုံ့ချတာပါပဲ။

    ဒီပိုစ့်မှာဆိုရင် ဆဌသံဂါယနာကို အလွန်အမင်းသေးသိမ်သွားအောင်၊ ပြီးတော့
    လက်ရှိ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာရဲ့ အထင်ကရ ပရိယတ် ပဋိပါတ် ခေါင်းဆောင်ဆရာတော်ကြီးတွေကို နာမည်ကြီးဘို့သာသနာအတွက် အကျိုးမရှိတဲ့အလုပ် လုပ်သယောင် ထင်ယောင်ထင်မှားဖြစ်သွားအောင် ရေးထားပါတယ်။

  • Gipsy

    July 29, 2012 at 9:45 pm

    ဘုရားရှင်လက်ထက်တော်ကလို ဒေဝဒတ်မျိုးထင်ပ … 🙄

  • မိုးတိမ်

    July 29, 2012 at 10:04 pm

    ကျုပ်ကတော့ဒဲ့ပဲပြောမယ်။
    အရင်ပိုစ့် တွေကမန့်ချင်ပေမယ့် မသေချာလို့ ထပ်စောင့်ဖတ်နေတာ။
    ဒီဟာရေးနေတဲ့ ခွေးကုလား သတ္တိရှိရှိဗြောင်ရေး။
    သောက်ရှက်မရှိ မလုပ်နဲ့။မင်းတို့ကိုဒီဆိုဒ်မှာငါ ဘာမှစော်ကားမထားဘူး။
    မင်းတို့လဲလာမစော်ကားပါနဲ့။ဘုန်းကြီးယောင်လာမဆောင်နဲ့။ဖတ်ကြည့်ရင်သိတယ်။
    စောက်ခွေးကုလား။မင်းကိုဆဲချင်ပေမယ့် တကယ့်ဘုန်းကြီးတွေ၊လူကြီးလူကောင်းတွေ
    ဝင်ဝင်ဖတ်နေတဲ့ဆိုဒ်မို့မဆဲတော့ပါဘူး။နောက်တစ်ခါဆိုရင်တော့မသေချာတော့ဘူးနော်။

    • ကြောင်ကြီး

      July 29, 2012 at 11:09 pm

      ဝုတ် ဝုတ် ဝုတ်.. ဟေ့ ခွေးကုလားလည်း ခွေးပဲကွ တသံထဲထွက်တယ်။ 😮

  • ကိုပါကြီး

    July 30, 2012 at 12:29 am

    အေးဗျာ၊ ဒီခေတ်ကြီးကိုက ပွင့်လင်းမြင်သာတဲ့ ခေတ်ကိုသွားနေကြတာဆိုတော့
    အရင်ခေတ်တွေလို သတင်းအမှောင်ချထားလို့ မရတော့ဘူးပေါ့။
    နှစ်ဖက်မြင်ခေတ်လို့ ပြောရင် ရမလားပဲ။
    ဒီသင်္ဂါယနာအကြောင်းတွေကို လေ့လာမိတော့ စဉ်းစားစရာတွေကတော့ အများသားပဲ။
    အဲဒီထဲက realman ဆိုသူရေးတဲ့
    http://myanmargazette.net/67522/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen
    “အမည်ခံထေရဝါဒမှ တကယ့်ထေရဝါဒဗုဒ္ဓဘာသာသို့” ဆိုတာကာလည်း Online မှာ တော်တော်ခေတ်စားနေတယ်၊
    အဲဒါလည်း လေ့လာကြည့်ကြပါဦး။

    • San Hla Gyi

      July 30, 2012 at 9:18 pm

      ကိုပါကြီးရေ
      ခင်ဗျားကို ကျနော်ကောင်းကောင်း သတိထားမိတယ် ထင်ပါတယ်။ ခင်ဗျားလဲ ဒီလို ဒွိဟဖြစ်နိုင်တဲ့ ပြဿနာ ဖြစ်စေတဲ့ပို့စ်လေးတွေ ရေးတတ်တယ် ထင်ပါတယ်။ ခင်ဗျားရေးတဲ့ မြန်မာလား ဗမာလားဆိုတဲ့ ဆောင်းပါးမှာ ကျနော်ကွန်မန့်ပေးဘူးပါတယ်။ ခင်ဗျား ကျနော်သိသလောက် ပြန်မဖြေပါဘူး။ နောက်ပြီး နောက်ဆောင်းပါးတပုဒ် မှာလည်း ခင်ဗျားဆွေးနွေးချင်တယ် ဆိုပြီး သူကြီးကို ကွန်မန့်ဘောက်စ် ဖွင့်ပေးဖို့ တောင်းနေတာ ကြားဘူးသလားလို့ပါ။ သိပ်မထင်ပါနဲ့။ အဲဒီတုန်းကလည်း ကျနော်တကယ် ဆွေးနွေးရင် ခင်ဗျားပြန်ဖြေဖို့ ခက်နိုင်ပါတယ်။
      နောက်ပြီး ကြုံလို့ ခင်ဗျားဆောင်းပါးမှာ ကျနော်ရေးတဲ့ ကွန်မန့်နဲ့ ပက်သက်ပြီး ဆွေးနွေးချင်ရင် အခုလဲ ဆွေးနွေးလို့ ရကြောင်း ပြောချင်ပါတယ်။
      ခင်ဗျားပြောတဲ့ ဆောင်းပါး ကျနော်ဖတ်ဖူးပါတယ်။ တခါတလေ ကျနော်က နေရာတိုင်း ဝင်မပြောချင်လို့ပါ။ ဒါပေမယ့် ပြောရင်တော့ စကားလုံး နည်းနည်း ပြတ်ပြတ်သားသား ပြောလေ့ ရှိပါတယ်။ လိုအပ်လာရင်ပါ။
      ခင်ဗျားပြောတဲ့ မူရင်းဆောင်းပါးကလည်း ဒီဆောင်းပါးနဲ့ အဓိပ္ပါယ် ထူးမခြားနားပါ။ ဒီတော့ ကျနော် မေးခဲ့တဲ့ မေးခွန်းသုံးခုကိုပဲ ပြန်သွားရအောင်။
      ဆိုလိုရင်းက ဦးဆောင်လုပ်တဲ့ မင်းတုန်းမင်းနဲ့ ဝန်ကြီးချုပ်ဦးနုကို အပြစ်တင်စေချင်တာလား?။
      သံဂါယနာတင်တဲ့ အပြုအမူကို ရှုတ်ချချင်တာလား?။
      အဲဒီတုန်းက ဦးဆောင်ခဲ့တဲ့ ဆရာတော်ကြီးတွေကို ရှုတ်ချချင်တာလား?။(တကယ်လဲ ဆရာတော်ကြီးတွေကို ကဲ့ရဲ့ထားတာ တွေ့ပါတယ်။)
      ဦးဆောင်တဲ့ မင်းတုန်းမင်းနဲ့ ဦးနုကို ရှုံ့ချလို့ အကျိုးရှိမယ်ဆိုရင် ကျနော့်ကိုလဲ ပြောပါ။ ကျနော်လဲ ပါမလို့ပါ။ အကျိုးက နတ္ထိပါ။ နောက်ပြီး ရှုံ့ချရအောင် သူတို့လုပ်တာက ခင်ဗျားတို့ အယူအဆအရ အကျိုးမရှိဘူးဆိုရင်တောင် မြန်မာပြည်ကို သမိုင်းနဲ့ချီပြီး နစ်နာသွားစေတယ် ဆိုရင်လဲ ပြောပြပါ။ ကျနော့် အမြင်အရ စာတစောင် ပေတဖွဲ့နဲ့ ရှုံ့ချစရာလည်း မရှိပါဘူး။
      နောက်ပြီး သံဂါယနာတင်တဲ့ အပြုအမူနဲ့ ဦးဆောင်ဆရာတော်ကြီးတွေကို ကဲ့ရဲ့မယ် ဆိုရင်လဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ ထိပ်တိုက်တွေ့ပါလိမ့်မယ်။ အကျိုးက နတ္ထိပါ။ အဲဒီတော့ ခင်ဗျား အဓိက သဘောမကျတဲ့ အချက်တွေကို အကျဉ်းချုပ်ပြောပါအုံး။ ကျနော်သိချင်လို့ပါ။
      နောက်ပြီး အမှန်အတိုင်း ပြောရရင် အွန်လိုင်းမှာ နာမည်ကြီးနေတယ် ဆိုတိုင်း ကျနော်က သိပ်အထင်မကြီးတတ်ပါဘူး ကိုပါကြီးရေ။ နာမည်ကြီးတယ် ဆိုတာက တခါတလေကျတော့ ကိုယ်ပိုင်အရည်အချင်းထက် အလှူငွေတွေ လှူထားတို့ အယ်ဒီတာ့အကြိုက် ဆောင်းပါးဆုရတာတို့ ငွေကြေးပေးကမ်းနိုင်လို့ စေတနာဝန်ထမ်း လိုက်ဖွပေးသူရှိလို့ နာမည်ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ လူ့သဘာဝပဲကိုဗျ။

  • uzin

    July 30, 2012 at 8:20 am

    ဒီနေ့ စာသင်သားဦးဇင်းတွေဟာ မြန်မာနိုင်ငံအနှံ စာသင်တိုက်နဲ့ တက္ကသိုလ်တွေမှာ များစွာသင်ယူနေကြပါတယ်။ အဲဒီမှာ ခေတ်အမြင်ဖြင့် လေ့လာခွင့်ကိုလည်း ပေးထားပါတယ်။ စာသင်သား ဦးဇင်းနှစ်ပါး လွတ်လပ်စွာ ဆွေးနွေးခဲ့ကြတဲ့ ဖြစ်စဉ်လေးတစ်ခုပါ။ ဒါလည်း စာသင်သားဦးဇင်းတို့ရဲ့ အလွတ်သဘော ပြောဆိုဆွေးနွေးပြီး သူတို့အမြင် သူတို့သဘောကို ပြောဆိုချက်ဖြစ်ပါတယ်။ ဒေါသလည်း မထွက်ပါနဲ့၊ ကုန်ကျငွေတွေလည်း ပြန်တောင်းဆိုဖို့မဟုတ်ပါ။ ဦးဇင်းအများထဲမှ ဦးဇင်းအချို့လည်း ဒီလိုအတွေး၊ ဒီလို အမြင်တွေ ရှိတာပဲလို့ သိလိုက်ရပြီး ဖော်ပြလိုစိတ်ကြောင့်ပင်ဖြစ်ပါတယ်။ ဘာဝါဒ၊ ညာဝါဒ လို့ အစွဲမရှိပါ။ uzin အနေနဲ့လည်း ကွန်ပျူတာမရှိ၊ ဆိုင်မှ သုံးရတာနှင့် အားလပ်ချိန်မှ ထွက်၍ သုံးရသည့်အတွက် reply မလုပ်ဖြစ်တာပါ။ ဆဲချင်စိတ်တောင်ဖြစ်တယ်ဆိုတဲ့ ကိုမိုးတိမ်ကိုတော့ အားနာမိပါတယ်။

  • uzin

    July 30, 2012 at 8:55 am

    san hla gyi ကိုပြောလိုပါတယ်။ uzin ရေးတာသည် ဒီဗုဒ္ဓသာသနာအတွင်းတွင် ယခုကဲ့သို့အတွေးမျိုးရှိတဲ့ စာသင်သားရဟန်းငယ်တွေလည်း တွေ့ရပါလား။ ဒါဟာ uzin တွေ့ရှိတဲ့ အကြောင်းလေးကို ရေးလိုက်တာပါ။ ဒီအတွေးက uzin အတွေး မဟုတ်ပါဘူး။ uzin တိုက်ရိုက်ကြားသိရတဲ့ အချက်ပါ။ ဒါလေးကို ဒီသာသနာအတွင်းမှာလည်း အများက ကောင်းတယ်၊ အကျိုးရှိတဲ့လို့ လက္ခံထားတဲ့ အချက်ကို ဒီ စာသင်သား ရဟန်းငယ်တစ်ပါးက အချက်အလက်များထုတ်နုတ်ပြီး တွေးပြ၊ ပြောပြ၊ တွေးရဲ၊ ပြောရဲတာကို သိရှိခဲ့ရတာကြောင့် ရေးသားတင်ပြခြင်းဖြစ်ပါတယ်။ ဘယ်လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်ကိုမှ ကဲ့ရဲ့လိုစိတ်၊ ကုန်ကျငွေတွေကိုလည်း ပြန်လိုချင်စိတ် မရှိပါ။

    • San Hla Gyi

      July 30, 2012 at 9:36 pm

      ဟုတ်ပါပြီ ဆောင်းပါးရှင်ရေ uzin လို့ဘယ်လောက်ပဲရေးရေး ကျနော်လဲမသိနိုင် ခေါ်လိုစိတ်လဲ မရှိလို့ ဆောင်းပါးရှင်လို့ပဲ ခေါ်ပါ့မယ်။ ရိုင်းစိုင်းရာ မကျသလို အောက်ကျို့ရာလည်း မကျတော့ဘူးပေါ့။ ဆောင်းပါးရှင်လဲ ကျနော့်နာမည်ကို “ကို” တောင်မတပ်ပဲ san hla gyi လို့ခေါ်သွားတာ တွေ့လို့ပါ။ မေ့တာလည်း ဖြစ်နိုင်ပါတယ်။
      ဆောင်းပါးရှင် ကျနော်မေးတဲ့ မေးခွန်း ၃ ခုကို မဖြေနိုင်ဘူး ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆောင်းပါးရှင်က အခုမှ သူများဆီက ကြားခဲ့ရတာလေးကို ပြန်ရေးပါတယ်လို့ ပြောတာကိုး။ ဒီဆိုက်ဒ်ရဲ့ စည်းကမ်းချက် နံပါတ် ၁ဝ ကကိုယ်တင်တဲ့စာကို ကိုယ်တာဝန်ယူရ မှာဖြစ်ပါတယ်။နောက်ပြီး ဆောင်းပါးရှင်ရေးတာက အချက်အလက် အကြောင်းအရာပိုင်း မဟုတ်ပဲနဲ့ ပြဿနာ သို့ ပဋိပက္ခဖြစ်နိုင်တဲ့ စာမျိုးဖြစ်ပါတယ်။ အဲဒီလိုစာမျိုးက ကိုယ်တိုင်တာဝန် မယူနိုင်ရင် မရေးတာ ပိုကောင်းပါတယ်။ အနည်းဆုံးတော့ ကိုယ့်သဘောထား ပါရပါမယ်။ အခုဟာက ဆောင်းပါးရှင်က တပုဒ်လုံး ကိုယ်ပိုင်အတွေးအခေါ်လို ရေးသွားတာပါ။ ပြဿနာဖြစ်မှ ကိုယ့်သဘောထား မဟုတ်ပါဘူးဆိုရင် သူများက ယုံဖို့ခက်ပါလိမ့်မယ်။ ဟုတ်မဟုတ် ပြန်ဖတ်ကြည့်ပါ။
      ဆောင်းပါးရှင်ပြောတဲ့ သူများတွေ ဆွေးနွေးနေပါတယ်ဆိုတာ စာဖတ်သူတွေက သိလဲမသိနိုင်သလို မြင်လဲ မမြင်နိုင်ပါဘူး။ အဲဒါကြောင့် နောက်ကို သတိထားပေးပါ။ အရင်တုန်းကလည်း ဒီလိုစာတွေ ရေးတယ်လို့ ထင်ပါတယ်။

  • ဖိုး သုည

    July 30, 2012 at 10:23 am

    ဂုဏ်ဆိုတာ ဂုဏ်ကိုဂုဏ်မှန်းသိသူမှာသာ ဂုဏ်ဟာ တန်ဘိုးရှိတယ်၊
    ဂုဏ်မှန်မသိသူတွေအတွက်တော့ အပြစ်ဖြစ်သွားတယ်။ တဲ့ ဖတ်ဖူးခဲ့တာလေးပါ။

    ပို့စ်တင်တာလေးတင်တဲ့ အသေးစားလုပ်ငန်းမှာတောင် စာလုံးတွေ မှန်ကန်အောင် မရိုက်နိုင်ဘဲ တကယ်ကြီးကျယ်တဲ့ လုပ်ငန်းတွေကို ဝေဖန်နေတာတော့ ရယ်စရာဖြစ်နေတယ်လို့ ထင်ပါတယ်ဗျာ။
    ကိုယ့်ပို့စ်က စာလုံးတွေကို သေချာအောင် စိစစ်ကြည့်ပါဦး…..

  • ဖိုး သုည

    July 30, 2012 at 10:26 am

    ပို့စ်တင်တဲ့ အသေးစားလုပ်ငန်းလို့ ဖတ်ပေးပါ။

  • ဖိုးထောင်

    July 30, 2012 at 11:13 pm

    အင်းမတွေးဝံ့စရာတွေ မတွေးကောင်းတာတွေကိုတွေးနေတယ်ဆိုတော့ ထေရဝါဒဗုဒ္ဒဘာသာကို သက်ဝင် ယုံကြည်လို့ကိုးကွယ်တာမဟုတ်ပဲ အခြားအကြောင်းကြောင်းတွေကြောင့်ကိုးကွယ်တာလို့ထင်ချင်စရာပါပဲ အနိစ္စ ဒုက္ခ အနတ္တ

Leave a Reply