“ဘုန်းတော်ကြီး ကြွလာတာ နေပူလိုက်တာ”

“သည်မှာ ခဏနားပါဦးဘုရား၊ ဘယ်ကိုကြွမလို့လဲဘုရား”

“ကောင်းတယ်ဗျာ၊ သည့်အနောက်ဘက်ကရွာကို ကြွမလို့ပါ”

“ဘယ်လိုအဆက်ရှိလို့လဲ”    “အဲသည်ရွာက ကျောင်းထိုင်ဘုန်းကြီးလေးတို့ အကြီးတန်းမှာ ပဋ္ဌာန်း ချပေးခဲ့ရတယ်”

“ဘုန်းကြီးက တောင်မြို့မှာ ပဋ္ဌာန်းစာချပေးသူလား”       “ဟုတ်တယ် စာချတစ်လျှောက်လုံး ပဋ္ဌာန်းစာ ချပေးခဲ့တာပဲ”

“တောင်မြို့မှာ စာမချတော့တာ ကြာပြီလား”     “သိပ်မကြာသေးပါဘူး”

“ဘုန်းကြီး အသက် ငါးဆယ်လောက်ရှိရော့မယ်နော်”      “ဟုတ်ပါတယ် အခုတော့ ပဋ္ဌာန်းသင်ယူ နိုင်သူလည်း သိပ်မရှိကြတော့ပါဘူး”

“ပဋ္ဌာန်းက သင်သူမရှိလျင် သိပ်ကြီးသုံးနိုင်မှာ မဟုတ်ဘူးပဲ”          “ဟုတ်တယ်”

“ဘုန်းကြီးကို လျှောက်ကြည့်ရဦးမယ်” “လျှောက်ပါ”

“ပဋ္ဌာန်းက တကယ်အသုံးချကြည့်တော့လည်း မရှင်းမလင်းကြီးနော် ဘုရား” “ရှင်းပါတယ်”

“တကယ်ရှင်းတာလားဘုရား”           “ဟုတ်ပါတယ်”

“ဘုန်းကြီးက ရှင်းတယ်ထင်တာလဲ ဖြစ်နေပါဦးမယ်ဘုရား”           “မဟုတ်ပါဘူး”

“ဒါဆို တကယ်လား၊ အထင်လား ကွဲပြားအောင် တပည့်တော့ မေးကြည့်ချင်ပါတယ်”   “မေးပါ”

“တပည့်တော် မေးခွင့်ပြုပါဘုရား”      “မေးပါ”

“လူတွေဟာ ကံတွေကို အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် တစ်ခုခုကို ပြုကြတယ်၊ အဲသည်ကံတွေရဲ့ အကျိုးတွေလည်း ဖြစ်ကြတယ်၊ ဒါတွေ သည်ဘ၀မှာ ဘယ်လိုဖြစ်တာလဲဆိုတာ ပဋ္ဌာန်းနဲ့ ရှင်းပြနိုင်သလား ဘုရား”

“အင်း”   “မိန့်ပါ”   “ဘုန်းကြီး သိသလိုမိန့်ပါ”

“အင်း-ဟုတ်တယ်၊ မရှင်းနိုင်ဘူး”

“တကယ်တော့ ဟုတ်တယ်ဘုရား၊ ရှင်းသလိုလိုပဲ၊ ဒါပေမယ့် မရှင်းဘူးဘုရားနော်”

“ပြောရမှာပဲ”

About uzin

has written 14 post in this Website..