တောကျောင်းနေ ဘုန်းကြီးတစ်ပါး၏ ပဋ္ဌာန်းအကြောင်းမေးမြန်း စကား

uzinJuly 29, 20121min1359

“ဘုန်းတော်ကြီး ကြွလာတာ နေပူလိုက်တာ”

“သည်မှာ ခဏနားပါဦးဘုရား၊ ဘယ်ကိုကြွမလို့လဲဘုရား”

“ကောင်းတယ်ဗျာ၊ သည့်အနောက်ဘက်ကရွာကို ကြွမလို့ပါ”

“ဘယ်လိုအဆက်ရှိလို့လဲ”    “အဲသည်ရွာက ကျောင်းထိုင်ဘုန်းကြီးလေးတို့ အကြီးတန်းမှာ ပဋ္ဌာန်း ချပေးခဲ့ရတယ်”

“ဘုန်းကြီးက တောင်မြို့မှာ ပဋ္ဌာန်းစာချပေးသူလား”       “ဟုတ်တယ် စာချတစ်လျှောက်လုံး ပဋ္ဌာန်းစာ ချပေးခဲ့တာပဲ”

“တောင်မြို့မှာ စာမချတော့တာ ကြာပြီလား”     “သိပ်မကြာသေးပါဘူး”

“ဘုန်းကြီး အသက် ငါးဆယ်လောက်ရှိရော့မယ်နော်”      “ဟုတ်ပါတယ် အခုတော့ ပဋ္ဌာန်းသင်ယူ နိုင်သူလည်း သိပ်မရှိကြတော့ပါဘူး”

“ပဋ္ဌာန်းက သင်သူမရှိလျင် သိပ်ကြီးသုံးနိုင်မှာ မဟုတ်ဘူးပဲ”          “ဟုတ်တယ်”

“ဘုန်းကြီးကို လျှောက်ကြည့်ရဦးမယ်” “လျှောက်ပါ”

“ပဋ္ဌာန်းက တကယ်အသုံးချကြည့်တော့လည်း မရှင်းမလင်းကြီးနော် ဘုရား” “ရှင်းပါတယ်”

“တကယ်ရှင်းတာလားဘုရား”           “ဟုတ်ပါတယ်”

“ဘုန်းကြီးက ရှင်းတယ်ထင်တာလဲ ဖြစ်နေပါဦးမယ်ဘုရား”           “မဟုတ်ပါဘူး”

“ဒါဆို တကယ်လား၊ အထင်လား ကွဲပြားအောင် တပည့်တော့ မေးကြည့်ချင်ပါတယ်”   “မေးပါ”

“တပည့်တော် မေးခွင့်ပြုပါဘုရား”      “မေးပါ”

“လူတွေဟာ ကံတွေကို အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် တစ်ခုခုကို ပြုကြတယ်၊ အဲသည်ကံတွေရဲ့ အကျိုးတွေလည်း ဖြစ်ကြတယ်၊ ဒါတွေ သည်ဘဝမှာ ဘယ်လိုဖြစ်တာလဲဆိုတာ ပဋ္ဌာန်းနဲ့ ရှင်းပြနိုင်သလား ဘုရား”

“အင်း”   “မိန့်ပါ”   “ဘုန်းကြီး သိသလိုမိန့်ပါ”

“အင်း-ဟုတ်တယ်၊ မရှင်းနိုင်ဘူး”

“တကယ်တော့ ဟုတ်တယ်ဘုရား၊ ရှင်းသလိုလိုပဲ၊ ဒါပေမယ့် မရှင်းဘူးဘုရားနော်”

“ပြောရမှာပဲ”

9 comments

  • KyawThein

    July 29, 2012 at 9:17 pm

    မရှင်းနိုင်ရင်လဲ ရှင်းနိုင်တဲ ့သူမေးပေါ ့
    ဘာကိစ္စ ဒီမှာလာပြောနေရတာလဲ
    ကြည် ့ရတာ ဗုဒ္ဓ ဘာသာအစစ်မဟုတ်နိုင်ဘူး
    ပြဿနာသိ်ပ်မရှာနဲ ့ ဒီထဲကကောင်တွေကိ်ုလဲ ချဉ်ဖတ်လို ့တော ့မထင်နဲ ့
    ဦးဇင်းနာမည်ခံပြီးဒီလိုရေးနေတာ ရုပ်ဆိုးတယ်
    ဒီပို ့စ်ကိုကန် ့ကွက်ပါတယ်

  • ဦးဦးပါလေရာ

    July 30, 2012 at 12:58 am

    ဒီပိုစ့်မှာတော့
    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့
    အဘိဓမ္မာပဌာန်းကျမ်းကြီးကို
    လက်တွေ့သုံးမရတဲ့ အလကားတရားတွေလို့သဘောရအောင်
    အကွက်ဆင်ရေးသားထားတာ တွေ့ရပါတယ်။

    မိုးပြာခေါ် ပစ္စုပ္ပန်ကမ္မဝါဒီတွေ လုပ်နေကျပုံမျိုးနဲ့ တထပ်တည်းတူပါတယ်။

  • uzin

    July 30, 2012 at 8:05 am

    ကျုပ်ရေးတာကတော့ တကယ့်ဘုန်းကြီးနှစ်ပါး ပြောဆိုတာကိုရေးလိုက်တာပါ။ ပဋ္ဌာန်းကို မဟုတ်ဘူး၊ မမှန်ဘူး၊ သုံးမရဘူးလို့ မပြောပါဘူး။ ဘုန်းကြီးနှစ်ပါး ရင်းနှီးပွင့်လင်းစွာ ပြောဆိုတာကို ရေးလိုက်တာပါ။
    အခုလည်း ပဋ္ဌာန်းကျမ်းကို သင်ခဲ့တဲ့ ဘုန်းကြီးနဲ့ တောကျောင်းဘုန်းကြီးတို့ ဆွေးနွေးတာလည်း ပဋ္ဌာန်းကျမ်း အပေါ်မှာ ဖြစ်တဲ့ သဘောထားဆွေးနွေးချက်ကို ဒီလိုဖတ်ခဲ့ကြားခဲ့ရတာကို တင်ပြလိုခြင်း ဖြစ်ပါတယ်။ ဘယ်သူကိုမှ မိမိလက်ရှိ ယုံကြည်နေသော အယူအဆမှ မတိမ်းစောင်းစေလိုပါ။

    • San Hla Gyi

      July 30, 2012 at 9:44 pm

      ဆောင်းပါးရှင်ရေ
      ဟိုဘက်ဆောင်းပါးမှာလည်း ပြောခဲ့ပြီးပါပြီ။ အခုလဲ ထပ်ပြောပါမယ်။ ဆောင်းပါးရှင် သူများတွေမေးတဲ့ မေးခွန်းတွေကို မဖြေနိုင်ဘူး ထင်ပါတယ်။
      ဘာလို့လဲဆိုတော့ ဆောင်းပါးရှင်က အခုမှ သူများဆီက ကြားခဲ့ရတာလေးကို ပြန်ရေးပါတယ်လို့ ပြောတာကိုး။ ဒီဆိုက်ဒ်ရဲ့ စည်းကမ်းချက် နံပါတ် ၁ဝ ကကိုယ်တင်တဲ့စာကို ကိုယ်တာဝန်ယူရ မှာဖြစ်ပါတယ်။နောက်ပြီး ဆောင်းပါးရှင်ရေးတာက အချက်အလက် အကြောင်းအရာပိုင်း မဟုတ်ပဲနဲ့ ပြဿနာ သို့ ပဋိပက္ခဖြစ်နိုင်တဲ့ စာမျိုးဖြစ်ပါတယ်။ အဲဒီလိုစာမျိုးက ကိုယ်တိုင်တာဝန် မယူနိုင်ရင် မရေးတာ ပိုကောင်းပါတယ်။ အနည်းဆုံးတော့ ကိုယ့်သဘောထား ပါရပါမယ်။ အခုဟာက ဆောင်းပါးရှင်က တပုဒ်လုံး ကိုယ်ပိုင်အတွေးအခေါ်လို ရေးသွားတာပါ။ ပြဿနာဖြစ်မှ ကိုယ့်သဘောထား မဟုတ်ပါဘူးဆိုရင် သူများက ယုံဖို့ခက်ပါလိမ့်မယ်။ ဟုတ်မဟုတ် ပြန်ဖတ်ကြည့်ပါ။
      ဆောင်းပါးရှင်ပြောတဲ့ သူများတွေ ဆွေးနွေးနေပါတယ်ဆိုတာ စာဖတ်သူတွေက သိလဲမသိနိုင်သလို မြင်လဲ မမြင်နိုင်ပါဘူး။ အဲဒါကြောင့် နောက်ကို သတိထားပေးပါ။ အရင်တုန်းကလည်း ဒီလိုစာတွေ ရေးတယ်လို့ ထင်ပါတယ်။

  • chityimhtoo

    July 30, 2012 at 10:58 am

    uzin ဘာကိုရည်ရွယ်ချင်တာလည်း။သိပ်ဂျွတ်နေရင်လည်း တစ်ခါတည်းပေါက်မြောက်အောင်လုပ်ပြီးမှပြန်လာရှင်းပြ။

  • မာလိန်မှုူး

    July 30, 2012 at 11:13 am

    သွား လူဂျိုး အတည်အပေါက် နဲ့ တကယ်နောက်
    ငရဲ မကြောက် ပြာပူ မကြောက်

  • မမ အညာသူ

    July 30, 2012 at 11:38 am

    အော်
    ဘာလဲလို.အပြေးကလေးဝင်ကြည့်လိုက်ပါတယ်
    ဟွန်း ဘာကြီးလဲနားမလည်ပေါင်

  • ဖိုးထောင်

    July 30, 2012 at 11:05 pm

    ဦးစံလှကြီးခေါ်သလို ခေါ်လိုက်မယ် ဆောင်းပါးရှင်ရေ ခင်ဗျားကြားခဲ့တယ်ဆိုပြီး ရေးတဲ့ ပို့စ် ၂ ခုစလုံးရဲ့ ကြားခဲ့တဲ့နေရာ ကြားခဲ့တဲ့အချိန် ပြောကြားနေတဲ့ ပုဂ္ဂိုလ်တွေကို ခင်ဗျားပြန်ဖြေပေးနိုင်လား မဟုတ်တရုတ် နဲ့ သာသနာဖျက်တော့လာမလုပ်နဲ့ ခင်ဗျားသာအမှတ်တကယ်ဆိုရင် အဲဒီဦးဇင်း(ပထမပို့စ်) နဲ့ ဒီဘုန်းကြီး တွေရဲ့ ဘွဲ့နာမည်ကျောင်းလိပ်စာရေးတင်ပြီးရှင်းလေဗျာ ခင်ဗျားကိုယ်တိုင်လဲ လူလုံးထွက်ပြ လိုက် ယောင်တိယောင်တောင်လာမလုပ်နဲ့

Leave a Reply