ဦးဦးကြီးမိုက်အတွက် မွေးနေ့ဆုမွန်

လက်တို့သူက လက်တို့တာတောင် တကယ်လှုပ်မရတဲ့အနေအထားမို့

ညနေပိုင်းဆုတောင်းလေးဖြစ်သွားတာကို ခွင့်လွှတ်စေချင်ပါတယ်

လေးမိုက်ခ်ရဲ့ စိန်ရတုသုံးပုံနှစ်ပုံအလွန်နှစ်နှစ်မွေးနေ့မှသည် နှစ်ပေါင်းသိန်းသောင်းမက

တွယ်တာသောမိသားစု၊ ချစ်ခင်သောသူငယ်ချင်းများနှင့် နှစ်သက်သော စကာ့တလန်စမ်းရည်လေး အားမှီဝဲရင်း စော်ကြည်သောဘဝ၊ ထီပေါက်သောချမ်းသာ၊ နိဗ္ဗာန်ရောက်နိုင်သော လောကုတ္တရာ အကျိုးများ သယ်ပိုးနိုင်သောသူဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

ခင်မင်လေးစားလျက်

ကြောင်ဝတုတ်

45 comments

  • စိန်ဗိုက်ဗိုက်

    July 29, 2012 at 7:13 pm

    ဪ..
    မာမီမိုက်ခ်တောင် ဆယ့်ခြောက်နှစ် ပြည့်ပါပကောလားဗျာ..
    ဟပ်ပီးဘတ်ဒေးပါ ခင်ဗျား..
    ဆော်ကြည် ကျန်းမာ
    အလုပ်မလုပ်ပဲ ချမ်းသာ ပါစေ
    🙂

  • Mလုလင်

    July 29, 2012 at 7:23 pm

    ဗျာ .. 62 ဟုတ်လား .. ကိုဖတ်ကပ် မနောက် ပါနဲ့ဗျာ ..ဒို့ လူပျိုကြီး …. စိတ် ဆိုး သွားပါဦးမယ်။ တော်ကြာ ရွာထဲက လူတွေ အဟုတ်ထင် နေရင် အခက်….။
    ကိုရီး ကြိီးမိုက် . ပျော်ရွှင်မှုတွေ အမြဲနီးပါး ခံစားနိုင်တဲ့ ဘဝ ကို ပိုင်ဆိုင် ဖို့ အားထုတ် တိုင်း အောင်မြင် ပါစေဗျာ ..။

  • Swal Taw Ywet

    July 29, 2012 at 7:33 pm

    Dear Brother, Ko Kyee Mite,
    HAPPY BIRTHDAY.
    Wishing for you to be in good health and good wealth.
    With respect,
    Swal Taw Ywet.

  • Gipsy

    July 29, 2012 at 7:35 pm

    ဖေ့ဘုတ် လူငယ်လေးများ လို ကလေးဆန်စွာဖြင့်….

    ❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ HAPPY BIRTHDAY✰˚* ˚ ★HAPPY BIRTHDAYღ ˚ 。✰ •* ˚ ♥♥ ❤•.¸✿¸HAPPY BIRTDAY.•❤•❤【ツ•❥✿.. ♥*¨*•♫♪ ░H░A░P░P░Y░░B░I░R░T░H░D░A░Y░♫♪•*¨*♥░H░A░P░P░Y░░B░I░R░ T░H░D░A░Y░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ ့်မွေးနေ့မှသည် နောင်နှစ်ပေါင်း တစ်ရာတိုင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေ ….။

  • မောင်ပေ

    July 29, 2012 at 7:40 pm

    ဟက်ပီဘက်ဒေး ပါ လေးကြီးမိုက်ရေ
    ယနေ ့မှ စ
    နှစ်တစ်ရာတိုင်
    ကျန်းမာ ချမ်းသာ ပျော်ရွှင်စွာဖြင့်
    မိသားစုနဲ ့အတူ
    ဂေဇက်မှာ လာအကြော်ရောင်းနိုင်ပါစေ

  • ပင်လယ် ပျော်

    July 29, 2012 at 7:52 pm

    ဟတ်ပီးဘတ်ဒေးပါ ဦးဦးကျော်မိုက်….. မွေးနေ့မှာ ဘာမှလည်းမတိုက်ဘူး ကြောင်ဝတုတ်တို့နဲ့သွားလန်းနေလားဂျ … ယနေ့မွေးနေ့မှသည် နောင်တွင် လိမ္မာသော ဦးဦးဖြစ်ပါစေလို့ ဟီးးးးးးးးးး

  • မှော်ဆရာ

    July 29, 2012 at 8:02 pm

    ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေခင်ဗျာ …

  • aye.kk

    July 29, 2012 at 8:33 pm

    ကျန်းကျန်းမာမာ…
    ချမ်းချမ်းသာသာ….
    နှစ်တရာနှစ်ဆယ်တိုင်ထိ…
    ဘာဝနာတရားပွားများအားထုတ်နိုင်ပါစေ။။

  • ရဲစည်

    July 29, 2012 at 8:38 pm

    ဦးမိုက်
    မွေးနေ့
    အင်း
    ကောင်းခြင်းတွေ အပြည့်အဝနဲ့ ရှေ့ဆက်ခရီး…..
    ……………………………………………………..
    🙂

  • blackchaw

    July 29, 2012 at 8:41 pm

    ၅၂ နှစ်မြောက်မွေးနေ့တဲ့လား ဗျာ…။
    ဟာသတွေပါဗျာ…။
    အသက်က သိတ်အရေးမကြီးပါဘူး..နော့…။
    သောက်ဖေါ်သောက်ဖက် တစ်ယောက်ရဲ့ မွေးနေ့ မှာ
    အတူတူ မသောက်လိုက်ရလေခြင်း ဆိုပြီး
    စိတ်မကောင်းဘူးဗျာ…။
    ၅၂ နှစ်ကနေ ၁၀၂ နှစ် အထိ ကျန်းမာချမ်းသာ ဆော်ကြည်ထီပေါက်
    အနှိပ်ခန်းရောက်ပါစေလို့
    လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးသွားပါတယ် ဗျာ…။
    နောက်ဆုံးတော့ အားလုံးဟာ ဟာသတွေပါ ကိုမိုက်ရေ…။
    ခင်မင်လေးစားတဲ့
    ရဲဘော် ဘလက်…။

  • MaMa

    July 29, 2012 at 8:53 pm

    သူရို့ဘရာသာ ဆိုတော့လည်း ဆုတောင်းပေးထားလိုက်ကြတာ သူများတွေ ပြောဖို့တောင် မကျန်ဘူး။ 😛

    နောက်တာပါနော်။

    ဦးမိုက်ကြီး………
    ကြွေးသစ်လည်း များများချနိုင်ပါစေ။
    ကြွေးဟောင်းလည်း ကျေအောင်ဆပ်နိုင်ပါစေ။
    ကိုယ်တိုင်လည်း အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းကျိုးချမ်းသာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ပါစေ………..
    [:)]

  • ဦးဦးပါလေရာ

    July 29, 2012 at 8:59 pm

    ကိုမိုက် ….
    အဲလို တိတ်တိတ်လေးပြီးသွားလို့ဘယ်ရမလဲ…
    လဘက်ရည်တိုက်ရင်တိုက်
    မတိုက်ရင် အိမ်မှာ လာစားမယ်…။ အိမ်သိထားတယ်နော…. 😀

  • pooch

    July 29, 2012 at 9:03 pm

    ၅၂ ဆိုတော့ အမေနဲ့ ရွယ်တူပဲ ။
    စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဆံဖြူသွားကျိုးတဲ့ အထိ မိသားစုနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး အသက်ထက်ဆုံး နေနိုင်ပါစေလို့ ။

  • ahnyartamar

    July 29, 2012 at 9:46 pm

    ကိုကြီးမိုက်ကြီး ကျတော်တို့ကို ရှော်သွားတယ်၊ အခါတိုင်း သူ့မွေးနေ့ဆို ကျတော်တို့ကို အရက်တိုက်နေကြ၊ အခု မတိုက်ဘူး၊
    ဘာဘဲဖြစ်ဖြစ် ဤမွေးနေ့မှသည် နောင်နှစ် ၅ဝ တိုင် ဒီမယား (ကြိုက်ချင်မှကြီုက်မှာ) ဒီသမီး၊ ဒီသားနဲ့ ပျော်ပျော်ရွင်ရွင်၊ ကျမ်းကျမ်း မာမာ၊ ပြီးပြည့်စုံသော စီးပွားရေးနဲ့အတူ နေရပါစေလို့ ဆုတောင်း၊ ဆန္ဒဲပြုပါတယ်ဗျို့။

  • ကြောင်ကြီး

    July 29, 2012 at 9:46 pm

    လေးမိုက်ကို
    ထွေးပိုက်
    ဟေးတိုက်လို့
    ဖွေးသိုက်
    ပြေးလိုက်တို့
    ရွေးကြိုက်
    မွေးလိုက်စို့
    အေးဗိုက်..။

  • nozomi

    July 29, 2012 at 10:01 pm

    ၃၂ နှစ်ပြည့်မွေးနေ့မှသည် 😀
    ပျိုတိုင်းကြိုက်တဲ့ ဦးမိုက် အဖြစ်နှင့်
    အသက်၃၂ဝ တိုင်ပါစေ

  • htoosan

    July 29, 2012 at 10:07 pm

    ဦး ကြီးမိုက်မှသည် ဦး ကြီးကြီးမိုက်ဆီသို့ .. သတိပေးခံလိုက်ရပြီလားရယ်လို့ စိတ်အားတွေ မငယ်သွားပါနဲ့ .. 😀
    Happy Birthday ပါ ဦးကြီးမိုက်

  • ဇွဲမာန်(အင်းဝ)

    July 29, 2012 at 10:41 pm

    မွေးနေ့မှသည်နောင်နှစ်ပေါင်းတိုင်အောင်သက်တော်ရာတော်ရှည်ပါစေ
    ပျော်စရာနေ့ရက်တွေချည်းဖြစ်ပါစေ……

  • အရီးခင်လတ်

    July 29, 2012 at 10:41 pm

    ကျွန်မ ရဲ့ စင်းဒရဲလား ကိုကြီး”ကြီးမိုက်” ရဲ့ ပျော်ရွှင်စရာမွေးနေ့ မှသည် ချစ်ဇနီး၊ သားသမီး၊ မိဘ များ နဲ့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်း၊ ဂုဏ်ရောင်တင့်တယ်ခြင်း ဖြင့် နှစ်ပေါင်း (ပျင်းသည် အထိ) ကြာအောင် လောကီ၊ လောကုတ္တရာ နှစ်ဖြာ တင့်တယ်စွာ ရှိနေပါစေ။

    ခင်မင်စွာ၊လေးစားစွာ၊ ဆုမွန်တောင်းလျှက် 🙂

    PS – ကြောင်ဝ လေးကို လဲ ကျေးဇူးတင်ပါတယ်။

    • ကြောင်ဝတုတ်

      July 30, 2012 at 6:51 am

      အရီးရေ
      ကျွန်တော့ထက်ကျေးဇူးတင်ရမှာက လက်တို့သူကြီးကိုပါ
      ဘယ်သူလဲဆိုရင်တော့မပြောဘူး
      အသေသတ်

      ခင်မင်လျက်
      ကြောင်ဝတုတ်

  • marblecommet

    July 29, 2012 at 11:18 pm

    အစ်ကိုကြီးမိုက်ရေ့
    မွေးနေ့ တစ်နှစ်ရောက်ခဲ့ပြန်ပြီပေါ့
    ဘဝမှာ…လုပ်ချင်တာတွေ
    လုပ်နိုင်တဲ့ အခွင့်အရေးများများ
    ရယူခံစားနိုင်ပါစေလို့ ….
    ဆုတောင်းပေးလိုက်ပါတယ်ဗျာ
    ခင်မင်လေးစားလျက်
    မောင်ကမ်း…

  • surmi

    July 29, 2012 at 11:25 pm

    အစ်ကိုကြီး ကိုမိုက်ရဲ ့ မွေးနေ ့မှသည် သက်ဆုံးတိုင်ပျော်ရွှင်ချမ်းမြေ ့ပါစေ။
    ဖြစ်ရသည် ့ဘဝနှင် ့ဖြစ်ချင်သည် ့ဆန္ဒ တစ်ထပ်ထဲကျပါစေဗျာ ။

  • may flowers

    July 29, 2012 at 11:40 pm

    ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကိုကြီးမိုက်ရေ HAPPY BIRTHDAY ပါ။

  • ကိုရင်မောင်

    July 29, 2012 at 11:54 pm

    ကိုကြီးမိုက်ကြီး ယနေ့ကျရောက်သည့်မွေးနေ့မှနောက်မွေးနေ့ပေါင်းများစွာ
    ပျော်ရွင်ချမ်းမြေ့တဲ့ ဘဝခရီးလျှေက်လှမ်းနိုင်ပါစေဗျာ……

  • Foreign Resident

    July 30, 2012 at 8:09 am

    Happy Birthday ပါ ကိုကြီးမိုက် ။
    ဟုတ်ကောဟုတ်ရဲ့လား မသိဘူး ။
    မွေးနေ့ရှင်ဆီကဖြင့် ဘာမှအကြောင်း မပြန်ဘူး ။

  • kyeemite

    July 30, 2012 at 9:18 am

    မွေးနေ့ ဆုတောင်းပေးကြသူ ရွာသူားများ
    အားလုံးကို အထူးကျေးဇူးတင်ကြောင်းအရင်ပြောပါရစေဗျာ…
    မွေးနေ့ ကို အထွေအထူး ကျင်းပ ဖယောင်းတိုင်မီးတွေမှုတ်
    လုပ်ရမဲ့ အရွယ်လည်းမဟုတ်တော့ပါဘူးဗျာ..
    ဒါပေမဲ့ ကျနော့ မွေးနေ့က ဝါဆိုလနဲ့လည်းတိုက်ဆိုင်နေတော့
    မနက်ပိုင်း ဝါဆိုသင်္ဃန်း နဲ့ ဆွမ်းကပ်လှူပွဲတော့
    မပျက်မကွက်လုပ်ခဲ့ပါဂျောင်းနဲ့…
    ပြုပြုသမျှ ကုသလကို ရွာသူား အပေါင်းအားလည်း
    အမျှပေးဝေကြောင်းပြောပါရစေဗျာ….
    ဖေါ်ကောင်လုပ်တဲ့..ရဲဘော်ဘလက်နဲ့ အမှတ်တရ
    ရေးတင်ပေးတဲ့ ကြောင်ဝတုတ် တို့ကို ကျေးဇူးပါဗျာ…
    မအားလပ်လို့ တစ်ဦးချင် ပြန်မမန့်နိုင်တာခွင့်လွှတ်ကြပါဗျို့..
    အားလုံးကိုလေးစားချစ်ခင်လျှက်..
    လမ်းဆက်လျှောက်နေတဲ့…
    ကြီးမိုက်။

    • ကြောင်ဝတုတ်

      July 30, 2012 at 9:53 am

      မွေးနေ့မှာ ကုသိုလ်ရေးတွေလုပ်နေတဲ့ လေးလေးကြီးမိုက်တစ်ယောက် ပေးဝေသောအမျှကို ဝမ်းသာအားရ
      သာဓုခေါ်သွားပါတယ်လေးမိုက်ခ်ရေ….

      သာဓု… သာဓု… သာဓု

      ကြောင်ဝတုတ်

  • Moe Z

    July 30, 2012 at 9:20 am

    မင်္ဂလာမွေးနေ့ပါ ဦးကြီးမိုက် …
    ❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ HAPPY BIRTHDAY✰˚* ˚ ★HAPPY BIRTHDAYღ ˚ 。✰ •* ˚ ♥♥ ❤•.¸✿¸HAPPY BIRTDAY.•❤•❤【ツ•❥✿.. ♥*¨*•♫♪ ░H░A░P░P░Y░░B░I░R░T░H░D░A░Y░♫♪•*¨*♥░H░A░P░P░Y░░B░I░R░ T░H░D░A░Y░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤ ❤¸.•*””*•.¸❤

    အပေါ်က အူးလေးဂျစ်ပစီမှ ကူးချပါသည်။ 😀

  • lynn lynn

    July 30, 2012 at 9:45 am

    ဦးကြီးမိုက်ရေ မွေးနေ့မှာ လုပ်ခဲ့တဲ့ ကုသိုလ်တွေအတွက် သာဓုခေါ်ပါတယ်။ ဦးကြီးမိုက် မွေးနေ့မှာ အလှူလုပ်ခဲ့သလို နောင်နှစ်တစ်ရာကျော်တိုင် အလှူရေစက် လက်နဲ့မကွာပြုနိုင်တဲ့လူ၊ ဘဝပျော်ရွှင်ကျေနပ်စွာ ဖြတ်သန်းနိုင်တဲ့လူဖြစ်ပါစေ။ မွေးနေ့ဆုတောင်းနောက်ကျတာ ခွင့်လွှတ်ပါ။

  • shwe kyi

    July 30, 2012 at 10:09 am

    အူးကြီးမိုက် မင်္ဂလာရှိသောမွေးနေ့လေးပါ သာဓုခေါ်ပါတယ်ရှင်။
    ကျန်းမာပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်..။

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 10:14 am

    အစကတော့ …
    သက်တူ ရွယ်တူလို့ ထင်ခဲ့ ပြောခဲ့မိတဲ့ လူတစ်ယောက် ..
    ခုနောက်ပိုင်းမှာတော့ …
    ကိုယ့်ထက်ကြီးမှန်း (အသက်) သိသွားတဲ့ လူတစ်ယောက် …

    အဲ့ဒီ လူတစ်ယောက် ဖြစ်တဲ့ ဦးကြီးမိုက် ရေ …
    မွေးနေ့မှစ နှစ်တစ်ရာ တိုင်အောင် ပျော်ရွှင် ကြည့်နူးစွာနဲ့ ဘဝကို ဖြတ်သန်းသွားနို်ငပါစေလို့ ..
    ဆုတောင်းပေးလိုက်ပါတယ်နော့ ..

    ခင်မင် လေးစားစွာဖြင့်
    အံစာတုံး

  • မမ အညာသူ

    July 30, 2012 at 11:00 am

    လေးလေးမိုက်မွေးနေ့မှစ၍ ရာသက်ပန်ပျော်ရွှင်နိုင်ပါစေလို့
    ညာလေးဆုတောင်းပေးလိုက်ပါတယ်နော်
    ဒါနှင့် 62နှစ်ပြည့်မွေးနေ့ဆိုတာအဟုတ်လားဟင်
    မသိလို့ပါနော်

  • Rose Minn

    July 30, 2012 at 11:00 am

    အသက်တနှစ်ကြီးတော့ တစ်နှစ်ပိုကံကောင်းတယ် ပေါ့နော်လေးလေး။ ကုသိုလ်ကောင်းမှုတစ်နှစ်ပိုပြု နိုင်သွားပြီနော်။ Rose တို့လဲ လေးလေးလို ကျန်းကျန်းမာမာ အသက် 60ကျော်ဖို့တော်တော် ကြိုးစား ဖြတ်သန်းရအုံးမယ် ရအုံးမယ်။

    တစ်နှစ်ထက် တစ်နှစ်ကုသိုလ်တွေ ပိုပို ပြုနိုင်ပါစေနော်။

  • ko khin kha

    July 30, 2012 at 11:13 am

    ံHappy birthday to brother Mite.

  • etone

    July 30, 2012 at 1:14 pm

    ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေနော် ဦးမိုက်ရေ ……. ။
    ဦးမိုက်ရေ …….. ဒီနေ့ ဒီရက် ဒီမွေးနေ့ရက်လေးမှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် ….. စိတ်ဧ။်ချမ်းသာခြင်း ၊ ကိုယ်ဧ။် ကျန်းမာခြင်းတွေ ပြည့်စုံပြီး နွေးထွေးတဲ့ မိသားစုလေးနဲ့အတူ ၊အောင်မြင်သော နေ့ရက်မျ ားစွာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ … ဆုတောင်းပေးပါတယ်နော် ….. ။
    (အန်းနီးဝေး ….. အချစ်ကလည်း ….. ဖုန်းကနေ SMS ပို့ပြီး wish လုပ်ပါမယ်တဲ့ …. စာတမ်းပြုစုတဲ့ ကိစ္စတွေနဲ့ တိုင်ပတ်နေလို့ …. ရွာထဲ မဝင်ဖြစ်လို့ပါတဲ့နော် … )

    စိန်ရတုရဲ့ သုံးပုံနှစ်ပုံ ကို နှစ်နှစ်ဆိုတော့ …. ငါးဆယ့်နှစ် …… ဟုတ်လား … ဟီးဟီး 😛
    အဘမိုက်လို့ … ခေါ်လို့ရပြီနော် ……. အဖေ့အသက်နဲ့ မတိမ်းမယိမ်းမို့ပါ … အဟီး 😛

    ဒါနဲ့ ဟိုလူ ကြောင်ဝတုတ် …… ဘယ်နှယ့် ခေါင်းလာစားနေရသတုံး …… ရွှေရတု +2 ဆိုလည်း လူအများ နားလည်လွယ်ရဲ့သားနဲ့ …….. ။ 😀
    ကျေးဇူးတင်ပါတယ် ကိုဖတ်ရေ …….. ဒီပို့စ်တင်တဲ့အတွက်ရော … မနေ့က … စိတ်ရှည်လက်ရှည် ဖုန်းဆက်ရင်း ရှင်းပြတဲ့ အတွက်ပါ …. ။ ဖုန်းက အားကုန်သွားလို့ … ကျသွားတာ .. ဆောရီးပါ ……… ဟီးဟီး … အခုကလိလိုက်တာ … ပြန်ရသွားပြီ …. 😛

  • မွန်မွန်

    July 30, 2012 at 1:20 pm

    ကြောင်ဝတုတ်လုပ်လို့ ဘေးက သူငယ်ချင်းကို ရတုတွေ မေးလိုက်ရသေးတယ်… 🙂
    မွေးနေ့ဆုတောင်းရင်း ပဟေဠိအဖြေညှိပေါ့…

    မွေးနေ့မှစ နောင်နှစ်ပေါင်းတစ်ရာကျော်တိုင် ချစ်သောမိသားစု၊ ချစ်သောသူငယ်ချင်းများနဲ့အတူ အေးချမ်းပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    ဟာရားပုကျိ… 😛

  • ကြောင်ဝတုတ်

    July 30, 2012 at 1:42 pm

    အိတုန်းပြောသလို ရွေရတု+2 ဆိုရင် လွယ်လွယ်နဲ့သိသွားမှာပေါ့….
    နောက်ပြီးတော့ ၅၂နှစ်မြောက်လို့ပြောရင်လဲ အသက်ကြီးတာလူသိမှာစိုးလို့ ပဟေဠိလေးလုပ်လိုက်တာပါ…
    ဘာပဲဖြစ်ဖြစ် ပျော်ရတယ်ဆိုရင် ဦးကြီးမိုက်နဲ့အတူ ကျေးဇူးတင်တယ်နော်…

    ခင်မင်လျက်
    ကြောင်ဝတုတ်

  • myanmarcitizen

    July 30, 2012 at 1:54 pm

    ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေဗျာ။

  • cherry nwe

    July 30, 2012 at 2:19 pm

    happy birth day ပါရှင်

  • R Ga

    July 30, 2012 at 2:39 pm

    မွေးနေ့

    အသက်တစ်နှစ်ကြီးလာကြောင်း
    ဘဝ က လက်ညိုးထိုးပြချိန်။
    အတိတ်မှာ ဘာတွေလုပ်ခဲ့ပြီးပြီလဲ။
    အနာဂတ်အတွက်ရော ဘာတွေထွန်ယက်စိုက်ပျိုးဖို့ပြင်ဆင်ပြီးပြီလဲ။
    သေချာတာ…က ဘဝအတွက် လက်ဆုပ်လက်ကိုင်ပြစရာ
    အချိန် နည်းသွားပြီဖြစ်ကြောင်း…..။

    လေးမိုက်အတွက်မွေးနေ့လက်ဆောင် ညီလေး အာဂရဲ့ အမှတ်တရ ကဗျာလေးပါ။
    ပျော်ရွှင်တယ်ဆိုတာထက် ပိုပြီးပျော်ရွှင်နိုင်ပါစေ။

  • အလင်းဆက်

    July 30, 2012 at 6:27 pm

    ဦင်္းကြီး…မိုက်.. ..ရေ
    ပျော်ရွှင်စရာ. မွေးနေ့ကလေးဖြစ်ပါစေ..။

    သတိတရ တင်ပေးတဲ ့..
    ကြောင်ဝတုတ်..ကိုလည်း..ကျေးဇူးပါ ။

Leave a Reply