“ ကဲ စားလိုက်ဦး နင်မသောက်တော့ဘူးမဟုတ်လား သောက်ချင်လည်း ငါ့ဆီမှာ ရေပဲတိုက်စရာရှိတယ်…။”
ကိုကြိးကျော်က ထမင်း ပန်းကန်နှစ်ချပ်နဲ့ ဟင်းခွက် တစ်ခွက် ကိုင်လာပြီး ဘေးနားက သေတ္တာပေါ်တင်လိုက်ပါတယ်…။ ပြီတော့
“ တို့ မန္တလေး ကအဆောင်မှာ စားသလို စားပေါ့ကွာ…။ တမ်းတခြင်းပေါ့..။ လက်ဆေးချင်နောက်ထဲ ၀င်ဆေးခဲ့”
နေ၀န်းနီတို့ ကဟန်တွေ ဘာတွေ မလုပ်ပါ..။ စားစရာရှိတာ စားရဖို့ အဓိက ပဲ မဟုတ်လား…..။
“ ဒါနဲ့ နေစမ်းပါဦး နင်တို့ ရခိုင်မှာ ဒီလောက် ဘင်ဂါလီ ဆိုတာတွေ များနေတာ ခု လတ်တစ်လော ဖြစ်တာလား အရင်ကတည်းကလား”
နေ၀န်းနီ မသိချင်ယောင်ဆောင်ပြီး ၀င်မေးခြင်းပါ…။
“ နင်ကလည်း အ, ချင်ယောင်ဆောင်နေပြန်ပြီ…။ အရင်ကလည်း များတယ် …။ အခုလည်း များတယ်…။ အရင်ကတည်းကလည်း ပြဿနာရှိတယ်…။ ခုလည်းရှိတယ်…။ ဘာကြောင့် အခုမှဖြစ်တာလဲ သိချင်နေတာမဟုတ်လား …။ အရင်က နင့် အဘ စစ်တပ်က အုပ်ချုပ်နေတာ ဖြစ်တာနဲ့ မျိုးကန်းသွားမှာပေါ့…။ အခုတော့ ပြောင်းလဲ လာတဲ့ နိုင်ငံရေးကို ဒီကောင်တွေ သွေးတိုးစမ်းတဲ့ သဘောလည်းပါတယ်…။ ငါတို့ကတော့ တာဝန်အရ အမျိုးသားရေး အမြင် သက်သက်ပဲ…။ ခိုင်းတဲ့ အတိုင်းလုပ်မှာပဲ…။ လူ့ အခွင့် အရေးတွေ NGO တွေ ဘာတွေ ထည့်တွေးမှာမဟုတ်ဘူး…။ ဘယ်လောက် ပိုက်ဆံ မက်တဲ့ ကောင်ပဲ ဖြစ်ဖြစ် နိုင်ငံသားကဒ်လုပ်မပေးရဲတာကြည့်…။ သူတို့ ကိုင်ထားရတာ ၀ှိုက် ကဒ် ဆိုတာတွေပဲ…။ အဲဒိကဒ်က ဘယ်လောက် ပဲ အဆင့်ရှိသလဲ ဆိုတော့ ငါတို့ ကျောင်းတုန်းက အဆောင်ငှားမရလို့ ရ၀တ ဆီ ဧည့်စာရင်းတိုင်တော့ စာရွက်ပိုင်းလေး ထုတ်ပေးတာတွေ့ဖူးတယ် မဟုတ်လား အဲဒိလောက်ပဲ ……။ အဲဒိ စာရွက်လေးကိုင်ပြီး တစ်ခြားရပ်ကွက်ကို သွားအိပ်လို့ မရသလို သူတို့လည်း ထုတ်ပေးထားတဲ့ မြို့ကနေကျော်ပြီးသွားလာခွင့် မရှိဘူး…။ အာဏာပိုင်က ခွင့်ပြုမှ…။ ဒါပေမဲ့ ဘယ်လောက် အကုန်အကျခံလိုက်သလဲ တော့ မသိဘူး…။ အဲဒိဝှိုက်ကဒ်နဲ့ စစ်တွေ မှာ တက္ကသိုလ်လာတဲ့ နေတဲ့ ကောင်တစ်ကောင် ငါတွေ့ဘူးတယ်…။ ကျောင်းပိတ်တဲ့ အချိန် ပြန်ပြီးလာသတင်းပို့ရတယ်…။ အဲဒိလိုမှ မပို့ရင် ထွက်ပြေး ဆိုပြီး ဘလက်စာရင်းသွင်းလိုက်တာပဲ…။ အဲဒိလို ဘလက်စာရင်းအသွင်းခံရရင် တွေ့တဲ့ နေရာမှာ ဖမ်းလို့ရတယ်…။
ဒါပေမဲ့ ဖမ်းမရတဲ့ ဘလက်တွေ လည်းရှိကွ…။ ငါတို့ကို ဘာလုပ်ပါဆိုပြီး တိတိကျကျ မပြောကြ အမိန့် မပေးကြတော့ ငါတို့လည်း ဘာလုပ်ရမှန်းမသိတာတွေ…။ ဖြစ်ပုံက ဒီလို ………..။ ငါတို့ ဒီဘက်မှာ အိမ်ထောင်စု ဇယားရှိသလိုပဲ …။ အဲဒိဘင်ဂါလီ တွေကိုလည်း လုပ်ပေးထားတယ်…။ ဘာထူးခြားသလဲဆိုတော့ အဲဒိမှာ တစ်နှစ်တစ်ကြိမ် ၀င်စစ်ပြီး ဓါတ်ပုံပါတွဲထားရတယ်…။ ဒီပုံက ဘယ်သူ ဒီပုံက ဘယ်ဝှာ…။ သေချာစစ်ရတယ်…။ လူတစ်ယောက် အဲ ကလေးဆိုရင် တစ်နှစ်အတွင်းမှာ ပြောင်းလဲ သွားတာကိုကွ…။ တစ်နှစ်နဲ့ တစ်နှစ် ကွာတယ်…။ တွေ့ကရာလူဆွဲပြတာကို သေချာမစစ်ရင်ခံသွားရမယ်…။ အဲတွေ့ပါပြီ…။ ကလေးပေါက်စ…။ အဲတစ်ခုကြိုပြောထားရဦးမယ်…။ သူတို့ကို ငါတို့က ဒေသန္တရ ဥပဒေ ဆိုတာ ထုတ်ထားတာရှိတယ်…။ နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားခြင်းမရှိသူများအတွက် သိးသန့် ထုတ်ထားတဲ့ ဥပဒေ…။ အဲဒါက အဓိက ကတော့ သတ်မှတ်တဲ့ နေရာကကျောမသွားဖို့ရယ်..။ (သွားတာပဲ…။ကျန်းမာရေးအတွက်အကြောင်းပြပြီး… အဓကသွားတာက ရန်ကုန် ….. ဟိုရောက်ရင် ဘယ်အဆက်အသွယ်တွေနဲ့ ကပ်ရပ်ပြီးနေသလဲမသိဘူး …။ ပြန်မလာတော့ဘူး..။ အဲဒါဆို ငါတို့က ဘလက်စာရင်းထဲ ထည့်ရုံကလွဲပြီး ဘာမှလုပ်ပိုင်ခွင့် မရှိဘူး…။ ) နောက်တစ်ခုက ထိမ်းမြားလက်ထပ်ဖို့ ခွင့်ပြုချက်ယူရသလို အိမ်ထောင်တစ်ဆက်ထက် မပိုရဘူးလို့ ကန့်သတ်ထားတယ်…။ ဒါလည်း ခိုးပြီးယူကြ ပေးစားကြတာပဲ…။ စောစောကပြောပါကကောလား …။ ကုလားမလေးတွေ အပျိုဖြစ်တာနဲ့ အိမ်တွင်းထဲက မထွက်ရတော့ဘူး…။ လာတောင်းရမ်းတဲ့သူရှိရင် ပေးစားလိုက်တာပဲ…။ ဘာခွင့်ပြုချက်မှလာမတောင်းဘူး…။ နောက်တစ်ခုက ကလေးယူတာ နှစ်ယောက်ထက်မပိုရဘူးလို့ …။ ခိုးမွေးလိုက်တာပဲ…။ ဘယ်အချိန်မွေး သလဲ ဆိုတာ တို့ တောင်မသိလိုက်ဘူး…။ အဲဒါ သိလိုက်တဲ့သူက မင်းတို့ရဲ့ UNHCR ပဲ…။ မွေးလာတဲ့ကလေးကို ချီပြီးသွားပြရင် ဟိုက တစ်တောင်လောက်ပတ်လည်ရှိတဲ့ ဆန်မှုန့်တစ်အိတ်ပေးလိုက်တယ်…။ အဲဒါကို ကြိုပြီး ကလေးလည်းကျွေး လူကြီးတွေလည်း စားပဲ…။ ကုန်သွားလို့ အိတ်ခွံ ပြန်သွားပေးရင် ဟိုက နောက်ထပ်တစ်အိတ်ပေးလိုက်တယ်…။ သိလား…။ သူတို့ကမွေးပြီး UNHCR ကကျွှေးနေတဲ့သဘောဘဲ…။ ဒီတော့ အားတိုင်းမွေးပြီး ဥပဒေအရ ဘလက်စာရင်းဝင်တွေ တိုးပွားလာတာပေါ့….။ ဒီဘလက်တွေ ဘာလုပ်ပစ်ပါလို့ တိတိကျကျ ညွှန်ကြားချက်မရှိတော့ ဘာမှလုပ်မရဘူး…။ နောက်ဆုံးကျတော့ ဘလက် နှစ်ထပ်တွေဘာတွေ ဖြစ်ကုန်ရော…….။ ဒီ ဘင်ဂါလီ ဆိုတဲ့ ကောင်တွေက တစ်ချို့က ဒီဘက်မှာ အနေချောင်မလားလို့ နေရာလာဦးတာ …။ ပြီးရင် ဘင်္ဂလား ပြည်ပြန်သွားပြီး သူ့အမျိုးတွေပါခေါ်လာ ဒီရောက်နေတာ ဘယ်လောက်ကြာပါပြီလုပ်ချင်လုပ်နေတတာတာ…။”
သူက ပြောချင်ရာပြော နေ၀န်းနီကလည်း သူကျွေးတာ ကုန်အောင်စားလို့………..။ သူငယ်ချင်းကောင်းပီပီသသ ပဲ…။ ထမင်းစားပြီးတော့ လ္ဘက်ရည်ဆိုင်ဘက်လှည့်ခဲ့တယ်…။
“ နင့်ဆီ ငါလာခဲ့ဦးမယ်”
တဲ့ ကိုကြီးကျော်က ပြောတယ်..။ နေ၀န်းနီရောက်သွားလို့သာ………။ နို့မို့ သူ့အလုပ်နဲ့ သူ ရှုပ်နေမှာ…။ ဒါကြောင့် အေးပါလို့ပဲ ပြောပြီး ပြန်လာခဲ့တယ်…။
နောက်မှ ကျန်တဲ့ ဟာလေးတွေ ဆက်ရေးပေးပါ့မယ်…။ ဆိုင်မှာ တင်ရိုက်တာဆိုတော့ အနားမှာလူရှိနေရင် မရိုက်တတ်ဘူး…။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010