မန်းတလေးဂေဇက်က ဂုဏ်ပြုဖို ့မေ့နေသော ရွာသား ဟီးရိုးတစ်ဦး

မောင် ပေJuly 29, 20122min112359

အားလုံးပဲ မင်္ဂလာပါ ။
တစ်ရက်တုန်းကပေါ့ဗျာ
အင်တာနက် အမြဲသုံးတဲ့ အသိတစ်ယောက်နဲ ့ လဘက်ရည်အတူထိုင်သောက်ကြရင်း
ရောက်တတ်ရာရာ ဘာညာသာရကာ….( နေကြာကွာစေ့ မပါဘူးဗျို ့) ပြောဆိုဖြစ်ရင်း
အဆိုပါ အသိရဲ ့ ဆန္ဒတစ်ခု ကို ကြားသိခဲ့ရပါတယ် ။
သူ ့ဆန္ဒ က မန်းတလေး ဂေဇက်မှာ မန်ဘာဝင်ပြီး စာရေးချင်တယ်
နောက်ပြီး မန်းတလေး ဂေဇက်ဝင် မန်ဘာများရဲ ့ချစ်ခင်လေးစားယုံကြည်မှု ကို လဲ လိုချင်တယ်ပေါ့
ဒါနဲ ့.. ကျွန်တော့် ကို
“ ဘယ်လို လုပ်ရမလဲ ” လို ့ မေးလာပါတယ်
ကျွန်တော်တောင် ဂေဇက်မှာ ယောင်တောင်ပေါင်တောင်နဲ ့အဆဲခံ ၊ အမြင်ကပ်ခံ ၊ လူမုန်းခံ ပြီး
ရေးချင်ရာရေးနေတဲ့ကောင် ဆိုတော့ ၊ သူ ့မေးခွန်းကို တန်းမဖြေနိုင်ခဲ့ပါဘူး..။
သို ့သော် အမေးရှိရင် အဖြေရှိရမယ် လို ့သတ်မှတ်ထားတဲ့ ကျွန်တော် ဟာ ၊ အဆိုပါ ကျွန်တော့် အသိအတွက်
ခေါင်းပူအောင် စဉ်းစား ၊ အချက်အလက်တွေ ပြန်ရှာပြီး ၊ လက်ရှိ ကျွန်တော် နဲနဲပါးပါး လေ့လာမိနေတဲ့ ၊
စီးပွားရေးလုပ်ငန်းများမှာ အတိုင်ပင်ခံလုပ်နေတဲ့ ကျွန်တော့်ဆရာသမားတစ်ယောက် ၊ သူအချိန်ရတိုင်း ကျွန်တော့်ကို သင်ပေးနေတဲ့ ““ လူပေါင်းသင်းပညာရပ် ”” ဆိုတာရယ် ၊ ““ diplomacy ”” ဆိုတာရယ် ….
ဖတ်ဖြစ်နေတဲ့ စာရေးဆရာ ““ ဉာဏ်ဝင်း (ဇီးကုန်း) ”” ရဲ ့မော်ဒန်ဒီပလိုမေစီ ဆိုတဲ့ စာအုပ်ပါ အကြောင်းအရာရယ် ….
( စာရေးဆရာ ဉာဏ်ဝင်း (ဇီးကုန်း) ရေးတဲ့ “ မော်ဒန်ဒီပလိုမေစီ ” စာအုပ် ကို
“ စိုးမိုးအောင်မြင်စာပေတိုက် ” က ထုတ်ဝေပြီး တန်ဘိုး ၃၀၀ဝ ကျပ် ဖြစ်ပါတယ် ။ )
နောက်ပြီး မန်းတလေးဂေဇက်က ၊ အားလုံးပဲ ခင်မင်နေကြတဲ့ ကိုဘလက်ချော ရဲ ့ ပို ့စ်အဟောင်းများ ကို ပြန်လည် ရှာဖွေ လေ့လာဖတ်ကြည့်လိုက်တော့
ကျွန်တော့် အသိမိတ်ဆွေ အတွက် အဖြေပေးစရာ ရလာပါတယ် ။
အဆိုပါ အကြောင်းများကို ပို ့စ်တစ်ခု အဖြစ် ရေးပြီး တင်ပေးလိုက်ပါတယ် ခင်ဗျာ ( မှတ်ချက် ကျွန်တော့် တင်ပါး မဟုတ်ပါ 🙂 )
ကိုဘလက်ချော ဟာ မန်းတလေးဂေဇက် ရဲ ့ဟီးရိုးတစ်ယောက်ပါ
ဇွန်လိုင်လအတွက် တင်ထားတဲ့ ချိုပေါ့ကျ ပို ့စ်အပါအဝင်ဆိုရင် မန်းတလေးဂေဇက်မှာ ကိုဘလက်ချော ရဲ ့ ပိုစ့်အပုဒ်အရေပေါင်း ၂၀ဝ ပြည့်ပြီ ဖြစ်ပါတယ် ။
ကိုဘလက်ချော ဆိုတာ ကျွန်တော့် အစ်ကိုတစ်ယောက် အရွယ် လဲ ဖြစ်ပါတယ် ။ ကိုဘလက်ချော မန်းတလေးဂေဇက်မှာ လျှောက်ခဲ့တဲ့လမ်း ၊ ကိုဘလက်ချော ရဲ ့ စာဖတ်အား ၊ ကိုဘလက်ချော ရဲ ့စိတ်ကူးစိတ်သန်း ၊ ကိုဘလက်ချော ရဲ ့strategy ၊ အားလုံးကို ဂုဏ်ပြုတဲ့ အနေနဲ ့ သည်ပို ့စ်ကို ရေးပါတယ်…
ကျွန်တော် သူ ့ပိုစ့်တွေ ကို လက်လှမ်းမှီသလောက် ပြန်လေ့လာ
ပြန်ဖတ်ပြီး စုစည်းထားတာပါ ။
သဂျီးရဲ ့ဆာဗာအနေအထားကြောင့် ၊ ကျွန်တော်တို ့လို စာဖတ်သူတွေ အနေအထားနဲ ့ ကိုဘလက်ချော ရဲ ့ပို ့စ်အားလုံးကို ပြန်ဖတ်လို ့မရပါဘူး ။ ဒီအတွက် တချို ့ကျန်နေသေးတဲ့ ၊ ကျွန်တော် ရှာလို ့မရတဲ့ ၊ ကိုဘလက်ချော ပိုစ့်တွေ ကို မဖတ်ဖြစ်လို ့၊ ကျန်ခဲ့တာတွေ ၊ ထည့်မရေးဖြစ်တာတွေအတွက် ခွင့်လွှတ်ပေးတော်မူကြပါ ။
ကိုဘလက်ချော ကျန်းမာပါစေ ….
ကျွန်တော် ဒီပို ့စ်ကို ရေးတင်နိုင်ဖို ့အတွက်
ကျွန်တော့် ဆရာသင်ပေးနေတဲ့ လူပေါင်းသင်းပညာ ၊ ဒီပလိုမေစီ ၊ စာရေးဆရာဉာဏ်ဝင်း(ဇီးကုန်း) ရဲ ့မော်ဒန်ဒီပလိုမေစီ စာအုပ် တို ့ကို မှီငြမ်းပြီး ၊ google ကနေ သိလိုသည်များကို ရှာရင်း ၊ မှီငြမ်း စုစည်းထားတာလေးတွေပါ ။
*********************
ဒီပလိုမေစီ
ဒီပလိုမေစီ ဆိုတာဘာလဲ
ဝီကီပီးဒီယာ ထဲမှာတော့ ဒီပလိုမေစီ ကို ဒီလို ဖွင့်ထားတယ်ဗျ
“““ Diplomacy (from Latin diploma, meaning an official document, which in turn derives from the Greek δίπλωμα, meaning a folded paper/document) is the art and practice of conducting negotiations between representatives of groups or states. It usually refers to international diplomacy, the conduct of international relations[1] through the intercession of professional diplomats with regard to issues of peace-making, trade, war, economics, culture, environment and human rights. International treaties are usually negotiated by diplomats prior to endorsement by national politicians. In an informal or social sense, diplomacy is the employment of tact to gain strategic advantage or to find mutually acceptable solutions to a common challenge, one set of tools being the phrasing of statements in a non-confrontational, or polite manner.

The scholarly discipline of diplomatics, dealing with the study of old documents, derives its name from the same source, but its modern meaning is quite distinct from the activity of diplomacy. ”””
*********************
credit to
http://en.wikipedia.org/wiki/Diplomacy
———
– စာရေးဆရာ ဉာဏ်ဝင်း(ဇီးကုန်း) ရဲ ့ မော်ဒန်ဒီပလိုမေစီ စာအုပ်ထဲမှာတော့
သံခင်းတမန်ခင်း (diplomacy) ဆိုသည်မှာ နိုင်ငံအချင်းချင်းအကြား ထိတွေ ့ဆက်ဆံမှုမျိုးဖြစ်သည့် အပြင် နိုင်ငံတော်နှင့် နိုင်ငံမဟုတ်သူ လူပုဂ္ဂိုလ် / အဖွဲ ့အစည်းအကြား ထိတွေ ့ဆက်ဆံမှု တစ်မျိုးလည်း ဖြစ်သည် ။ ( စာမျက်နှာ ၂ဝ )



ကျွန်တော်မောင်ပေ အလုပ်အားတဲ့ အချိန်လေး စာရေးစာဖတ်ရင်းနဲ ့၊ ညီအစ်ကိုလို ခင်တဲ့ ဆရာတစ်ယောက်ဆီကနေ လူပေါင်းသင်းဆက်ဆံရေး နဲ ့၊ ဒီပလိုမေစီ ဆိုတာကို သင်ခွင့်ရခဲ့ပါတယ် ။ အဲဒါအပြင် ထပ်မံလေ့လာဖို ့၊ စာရေးဆရာ ဉာဏ်ဝင်း(ဇီးကုန်း) ရဲ ့စာအုပ်ကို ညွှန်းလာတဲ့အတွက် ၊ ထိုစာအုပ်ကိုပါ ထပ်မံဖတ်ရှုလေ့လာရပါတယ် ။ အင်းဂလိပ် လို လေ့လာဖို ့ကြတော့ ၊ အင်းဂလိပ်စာကိုအားနဲတဲ့အပြင် ဒစ်ရှင်နရီကိုင်ပြီး ဘာသာပြန်ရတာကိုလဲ ပျင်းမိတဲ့အတွက် ၊ ဗမာလို ရေးတာကိုဖတ်ရတာဘဲ ကျွန်တော့်အတွက် အဆင်ပြေပါတယ် ။
လူပေါင်းသင်းဆက်ဆံရေးနဲ ့ဒီပလိုမေစီ ကို လေ့လာသင်ယူပြီးတဲ့အခါမှာ… လူတစ်ယောက်ရဲ ့ခင်မင်ယုံကြည်အားကိုးမှု ၊ လေးစားမှုတွေ ကို ဘယ်လို ရှာယူရမလဲ ဆိုတာတွေကို သိလာရပါတယ် ။
အဲဒီအခါမှာ…
သည်ပို ့စ်မှာ ကျွန်တော် အင်ထရို ရေးခဲ့တဲ့ လဘက်ရည်သောက်ဖက် မိတ်ဆွေ ကို ရှင်းပြနိုင်စရာ အဖြေ ထွက်လာပါတယ် ။ သူမေးထားတဲ့ လူတွေရဲ ့ချစ်ခင်ယုံကြည်ခင်မင်မှုကို ဘယ်လိုရှာရမလဲ ဘယ်လို လုပ်ယူရမလဲ ဆိုတာကို ဥပမာကောင်းကောင်းကြီးပြစရာ ၊ ကိုဘလက်ချော တစ်ယောက်ကို ပဲ ပြေးမြင်မိပါတယ် ။ ဘာလို ့လဲ ဆိုတော့ မန်းတလေးဂေဇက် မှာ ကိုဘလက်ချော ဟာ ခဏလေးအတွင်းမှာ လူချစ်လူခင်ဖြစ်သွားတဲ့ ဟီးရိုး တစ်ယောက်ဖြစ်ခဲ့လို ့ပါဘဲ ။
ကျွန်တော့်မိတ်ဆွေကလဲ မန်းတလေးဂေဇက်ကိုဝင်မှာနဲ ့၊ အခု ကျွန်တော် ကိုဘလက်ချော ကို ဂုဏ်ပြုရင်း ကိုဘလက်ချော လျှောက်ခဲ့တဲ့လမ်းအကြောင်းကို ရေးသားဂုဏ်ပြုမှာနဲ ့မိတ်ဆွေအတွက် အဖြေဟာ ကွက်တိပါဘဲ ။
ကိုဘလက်ချော ဟာ မန်းတလေးဂေဇက်မှာ ပထမဆုံးတင်ခဲ့တဲ့ ပို ့စ်ကိုတော့ ကျွန်တော်လဲ မမှတ်မိတော့ပါဘူး ။ ကိုဘလက်ချော ကိုယ်တိုင် ဒီပို ့စ်ထဲမှာ လင့်ခ်လေးတွေ လာပေးရင်တော့ ကောင်းပါတယ် ။
ပထမဆုံးအနေနဲ ့.. ကိုဘလက်ချောဟာ မန်းတလေးဂေဇက် က ရွာသူားတွေ တင်သမျှ ပို ့စ်တိုင်း ကို သူဖတ်တယ်ဆိုတဲ့အကြောင်း ကို သူ သက်သေပြပါတယ် ။
တစ်ပတ်အတွင်း တင်သမျှ ပို ့စ်တိုင်းကို မလွတ်တမ်းဝင်ဖတ်ပြီး ၊ ပို ့စ်ထဲမှာ ပါတဲ့ ပို ့စ်ပိုင်ရှင် ပေးချင်တဲ့ အိုင်ဒီယာ (သို ့မဟုတ်) ကဗျာ မျိုးဆိုရင် ကဗျာထဲက အလှဆုံးစာသား ၊ ဝတ္ထုတို ဇါတ်လမ်းတို မျိုးဆိုရင်လဲ ၊ စာထဲပါအကြောင်းအရာထဲက အလန်းဆုံး စာသား ကို ဆွဲယူပြီး မှတ်သားလိုက်ပါတယ် ။
အားလုံးကို စုပြီးတဲ့အချိန်ခါမှာတော့ ၊ ကိုဘလက်ချောဟာ ပို ့စ်တစ်ခု အနေနဲ ့ရေးတင်လိုက်ပါတယ် ။
ဒီတစ်ပတ်ဖတ်ခဲ့တာတွေကတော့ ဆိုပြီး ၊ ဘယ်သူက ဘယ်ပို ့စ်မှာ ဘယ်လိုလေးရေးတာ အရမ်းကောင်းတယ် ၊ ဘယ်သူကတော့ ဘယ်ကဗျာလေးရေးတာ ဘယ်လို ခံစားရတယ် ဆိုပြီး အနှစ်တွေ ကို စုပြီး တင်ပေးပါတော့တယ် ။
ကိုဘလက်ချောရဲ ့စုစည်းပေးမှုကို ခံကြရတဲ့ ပိုစ့်ပိုင်ရှင်များမှာလဲ အားရဝမ်းသာကျေနပ် ဖြစ်ကြရပါတယ် ။
ဘာလို ့လဲ ဆိုတော့ ၊ တချို ့ပိုစ့်တွေဆိုရင် ဖတ်တဲ့လူနည်းတာကိုး ၊ တချို ့ကြတော့လဲ တစ်ကယ်ကို ရေးထားတာကောင်းပေမယ့် ၊ မန်ဘာနာမည်ရယ် ၊ လူသိနဲတာရယ်နဲ ့ကြတော့ ၊ တင်တဲ့ ပို ့စ်ကို အားပေးခြင်း မခံကြရရှာဘူး ။ အဲဒါကို သိနားလည်နေတဲ့ ကိုဘလက်ချော က စာပေါင်းစုံကို သေချာဖတ်ပြီး အကောင်းမြင် သုံးသပ်ချက်တွေနဲ ့ပြန်စုပေးလိုက်တော့ ကိုဘလက်ချောကို ဝိုင်းပြီး ကျေးဇူးတင် ခင်မင်ချင်စိတ်တွေ ဖြစ်လာကြပါတယ် ။
ကိုဘလက်ချော တင်သမျှ ပို ့စ်တိုင်းမှာလဲ အမြဲတမ်းဝင်ရောက် ဖတ်ကြ ကွန်မင့်ပေးကြ ဖြစ်ကုန်ပါတယ် ။
ဒါဟာ ပေါင်းသင်းဆက်ဆံရေးနည်းပညာပါ ။
တစ်ဘက်လူ ဘာလိုချင်နေသလဲ ဘာဖြစ်ချင်တာလဲ ဆိုတာ ကို သိအောင် လုပ်ပြီး ၊ သူဖြစ်ချင်တဲ့ ဆန္ဒကို ကိုယ့်ဘက်က ဖြည့်ဆည်းပေးရင်း တစ်ဘက်လူ ရဲ ့အားကိုးမှု ခင်မင်မှု ၊ အမြင့်ဆုံးအနေနဲ ့ လေးစားမှု ဆိုတာတွေကို ရယူလိုက်ခြင်းပါဘဲ ။
အဲဒီလိုနဲ ့ကိုဘလက်ချောဟာ တစ်ဖြေးဖြေး နာမည်ကြီးလာ အရှိန်ရလာပါတယ် ။ ရွာသူား အားလုံး နဲ ့လဲ ခင်မင်သွားပါပြီ ။
အဲဒီမှာ ကိုဘလက်ချော ထပ်မံ အသစ်ဖောက်တဲ့ လမ်းကတော့ ၊ ဂေဇက်က ပေါ်ပြူလာတွေ ရဲ ့ ပိုစ့်တွေ ကို စုစည်းပြီး မှ တစ်ဦးချင်းစီ ကို နာမည်တပ်ပြီး ပြန်လည်စုစည်းတင်ဆက်ခြင်းပါပဲ ။
ကိုဘလက်ချော ဟာ မန်းတလေးဂေဇက်က ပေါ်ပြူလာတွေ ရဲ ့ ပိုစ့်တွေကို ပြန်ဖတ်ပြီး တစ်ပိုစ့်ချင်းစီ ရဲ ့ link ထည့် ၊ ဘယ်ပိုစ့်မှာတော့ ဘယ်လိုရေးပြထားတာ ဘယ်သို ့ဘယ်ပုံကောင်းတာ ဆိုပြီး စုစည်းတင်ဆက်မှု လုပ်ခဲ့ပါတယ် ။
ကိုဘလက်ချောရဲ ့ strategy လို ့သုံးချင်ပါတယ် ။
အောက်မှာရေးပြထားတာတွေကတော့ ကိုဘလက်ချော စုစည်းတင်ဆက်ပေးထားတဲ့ မန်းတလေးဂေဇက် က မန်းတလေးက လူတွေ ရဲ ့ပို ့စ်တွေ ကို စုပေါင်းပြီး အကောင်းမြင်စိတ် နဲ ့ဝေဖန်သုံးသပ်ပြထားခြင်းတွေပါ ။
““ မန်းတလေးမြို ့ကို သိမ်းပိုက်ခြင်း ”” လို ့ကျွန်တော် ခေါင်းစဉ်တပ်ချင်ပါတယ် ။
မန်းသူမန်းသားတွေရဲ့ မန်းဂဇက် အပိုင်း (၁) – pooch
https://myanmargazette.net/92134/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion
ဒါကတော့ မန်းတလေးကို သိမ်းပိုက်ခြင်း အစီအစဉ်ရဲ ့ပထမဆုံး ခြေလှမ်းဖြစ်ပြီး ၊ ဒီပို ့စ်မှာ best comment ပေးဖို ့မေ့ခဲ့တယ် ထင်ပါတယ် ။
မန်းသူမန်းသားတွေရဲ့ မန်းဂဇက် အပိုင်း (၂ ) – TTNU
https://myanmargazette.net/93053/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion
ဒီပို ့စ်ထဲမှာတော့ ဆရာမကြီး TTNU ရဲ ့ကွန်မင့် ကို best comment အဖြစ် ရွေးထားပါတယ် ။
အနီးဆုံးရောက်နေတဲ့အချိန်မှာ ပို စိတ်ချရအောင် ထပ်မံချည်လိုက်တဲ့ အနေအထားလို ့သုံးသပ်မိပါတယ် ။
မန်းသူမန်းသားတွေရဲ့ မန်းဂဇက် အပိုင်း ( ၃ ) – DIAMOND KEY
https://myanmargazette.net/94262/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion
ဒီပို ့စ်မှာလဲ “ ကိုစိန်သော့ ” ရဲ ့ကွန်မင့်ကို best comment ပေးထားပါတယ် ။
*********************
ဒါကတော့ မန်းတလေးဂေဇက်ရဲ ့မန်ဘာတစ်ဦးဖြစ်တဲ့ မန်းတလေးဂေဇက်မှာ မတွေ ့ရတာကြာပြီ ဖြစ်တဲ့ “hmee” တင်ခဲ့တဲ့ ပို ့စ်တွေကို
စုတင်ပေးရင်း မမှီဆီသို ့ခရီးစဉ်ပါ ။
“““ အစ္စရေးမှ မမှီကို နှုတ်ဆက်ခြင်းနှင့် မြန်မာပြည်မှ မမှီကို ကြိုဆိုခြင်း ”””
https://myanmargazette.net/93999/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion
ဒီပို ့စ်ထဲမှာလဲ ၊ မမှီ ရဲ ့ကွန်မင့် ကို best comment အဖြစ် ပေးရင်း ရင်းနှီးမှု ထပ်ယူထားပါတယ် ။
*********************
ဒါကတော့ မန်းတလေးဂေဇက် ရဲ ့သတ်ပုံစောင့် အပျိုကြီး MaMa ရဲ ့ပို ့စ်တွေ ကို ကိုဘလက်ချော ပြန်စုစည်းတင်ပေးထားခြင်းပါ
သဂျီးကိုယ်တိုင်ပြောထားတာက
““
kai says:
3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန်
ဆိုတဲ့ရွာ့အခြေခံစည်းကမ်းမှာ.. စာလုံးပေါင်းစစ်ရန် လင်ခ့်က.. ရွာသူမမရဲ့ တိုက်တွန်းမှုကြောင့် ထည့်ထားတာဖြစ်ပါကြောင်း…။
””
ပို ့စ်နာမည်ကတော့
“““ မမ ရန်ကုန်သူ ”””
https://myanmargazette.net/95428/creative-writing
အပေါ်မှာ ပြန်ကူးပေးထားတဲ့ သဂျီးရဲ ့ကွန်မင့် ကို best comment ပေးထားပါတယ် ။
*********************
နောက်ထပ်လည်း ကိုပေါက်(မန်းတလေး) နဲ ့တခြား မန်းတလေးဂေဇက်ထဲက ရွာသူားများရဲ ့ပိုစ့်များကို ပြန်လည်စုစည်းထားတာတွေ ရှိနေသေးပေမယ့် ၊ ကျွန်တော့်အနေနဲ ့ဒီလောက်ပဲ ပြန်ရှာလို ့ရတဲ့အတွက် ၊ ဒီလောက်ပဲ ပြန်စုတင်လိုက်ပါတယ် ။
အဲဒီလို ဂေဇက်က ပေါ်ပြူလာများရဲ ့ပို ့စ်များကို စုစည်းတင်ဆက်နေရင်းနဲ ့ကိုဘလက်ချောဟာ အပတ်စဉ် ဂျာနယ်များမှ ထူးခြားသော သတင်းများ အကြောင်းအရာများ ကို ပြန်လည်စုစည်းတင်ဆက်ထားတဲ့ “ ချိုပေါ့ကျ ” လို ့နာမည်ရ ပို ့စ်ပေါင်း နံပါတ် ၁၂ အထိ တင်ခဲ့ပါတယ် ။
ဒီလောက်ဆိုရင်
မန်းတလေးဂေဇက်ကို မန်ဘာအသစ်ဝင်ချင်နေတဲ့ ညီငယ် ညီမငယ် အစ်ကို အစ်မ တို ့အနေနဲ ့၊ မန်းဂေဇက်မှာ ဘယ်လို လည်ပတ်ရင် အဆင်ပြေနိုင်မလဲ ဆိုတာကို သိကြလောက်ပါပြီ ။
ဒါဟာ အထိရောက်ဆုံး ၊ အမြန်ဆုံး အောင်မြင်မှု ရဖို ့အလွယ်ကူဆုံးသော ပေါင်းသင်းဆက်ဆံရေး ပညာရပ်တစ်ခုပါ ။
ကျွန်တော်မောင်ပေ က တော့
ကိုဘလက်ချော ကို ဂုဏ်ပြုရင်းနဲ ့
ကျွန်တော် လေ့လာမိတဲ့ ပေါင်းသင်းဆက်ဆံရေးပညာ နဲနဲလေးနဲ ့
ကိုဘလက်ချော ရဲ ့ပိုစ့်များကို ပြန်လည် စုစည်းတင်ဆက်လိုက်ရပါတယ် ခင်ဗျား
ကျွန်တော့်ပိုစ့်မှာ လိုအပ်ချက်များ အများကြီး ကျန်နေဦးမှာ ဖြစ်ပြီး ၊ အဆိုပါ လိုအပ်ချက်များကို စာဖတ်သူများက ကွန်မင့်များဖြင့် ဖြည့်စွက်ပေးခဲ့ရင် တဖြေးဖြေးနဲ ့ပိုပြည့်စုံလာလိမ့်မှာ အမှန်ပဲ လို ့လဲ ထင်မိကြောင်း ပြောရင်းနဲ ့… နိဂုံးချုပ်လိုက်ပါတယ် ။
******* အားလုံးကို ကျေးဇူးတင်ပါတယ် *******

59 comments

  • Gipsy

    July 29, 2012 at 10:08 pm

    တံခါးစောင့်ကြီးရဲ့ ဂုဏ်သတင်းကလဲ နှယ်နှယ်ရရ မဟုတ်ပေဘူးလေဗျ …
    ဆရာကြီး အဆင့်ပေပဲဗျ …
    ဂုဏ်ပြုသင့် .. ဂုဏ်ပြုထိုက်ပါကြောင်း …။ 😀

  • သန်းထွဋ်ဦး

    July 29, 2012 at 10:12 pm

    ကိုပေရေ ကိုဘလက်ချောကို ဂုဏ်ပြုပို ့စ်နဲ ့အကို ့ပေါင်းသင်းဆက်ဆံရေးပညာကို
    လေးစားပါတယ်ဗျာ။

  • aye.kk

    July 29, 2012 at 10:22 pm

    ကိုပေ…
    ဂေဇက်အပေါ်..
    ကျေးဇူးသိတတ်သော…
    ကတညုတမျက်စိဖြင့်….
    ကျေးဇူးကြည့်မြင်တတ်ပါပေသည်။။

  • ကြောင်ကြီး

    July 29, 2012 at 10:30 pm

    ကပေက ဦးဘလက်ကို သံအမတ်ကြီး ခန့်ချင်လို့လား။ အစိုးရမင်းများ တဦးတယောက်ကို မြှောက်ချင်ရင်ဖြစ်စေ၊ outချင်ရင်ဖြစ်စေ အဲဒီရာထူးပေးလေ့ရှိတယ်။ နင်အကြံကရော ဘယ်လိုလဲ။

  • ဇွဲမာန်(အင်းဝ)

    July 29, 2012 at 11:03 pm

    ကိုပေ…
    လေးစားပါတယ်၊

  • nozomi

    July 29, 2012 at 11:14 pm

    ကိုချော ဆိုတာကတော့
    အမည်တင် ချောတာ မဟုတ်ပါဘူး
    လူကလဲ ရုပ်ချော သဘောကောင်း အပြောချို
    သူက တစ်ရွာလုံးကိုချစ် သလို တရွာလုံးကလဲ ပြန်ချစ်ခံရတဲ့ သူပါ

    • pooch

      July 30, 2012 at 12:14 am

      ကိုဘလက်ငယ်ငယ် က ကျော်သူငယ်ငယ်က ရုပ်နဲ့ နင်လားငါလား ခဏခဏအမှားခံရတယ် ဆိုတာ ဟုတ်လားဟင်.. 😀

  • အရီးခင်လတ်

    July 29, 2012 at 11:49 pm

    ထောက်ခံပါတယ်။
    ထောက်ခံပါတယ်။
    ကဘချော က သဘောကောင်း မနောကောင်း လူညိုချော ကြီး ဆိုတာ ကိုယ်တွေ့ မျက်မြင်ပါဘဲ။

    ကိုပေ့ ကိုလဲ မမြင်ဘူးငြား ခင်မင်လေးစားပါ၏။ 🙂

  • pooch

    July 30, 2012 at 12:02 am

    ကပေ စာအုပ်တွေ ဖတ်ဖြစ်နေတယ်လား ။ ဒါဆို ခုတလော ဖတ်ဖြစ်နေတဲ့ ဖတ်လက်စ စာအုပ်တအုပ် ညွှန်းလိုက်မယ်။

    ခြေရာပျောက်မြစ် ( ဦးသန့်မြေး – သန်းမြင့်ဦး) ရေးတာ။

    ဖတ်ခဲ့ဖူးသမျှ သမိုင်းတွေ ရာဇဝင်တွေထဲမှာ ဒီစာအုပ်ကို ဖတ်ရတာ အကြိုက်ဆုံးပဲ။ နားလည်လွယ်လို့။
    အတွေးနက်နက်နဲ့ ပညာသား ပါအောင် ဖွဲ့ထားတာ။မြန်မာ့ သမိုင်းနဲ့ ပတ်သတ်ပြီး ဦးနှောက်ဆေးပေးလိုက်သလို ပဲ။ အတွေး တချို့ အမြင်တမျိုး ရှုထောင့်တမျိုး ပေးသွားတယ်။

    အရင်က သူကြီးကို သိပ်နားမလည်တတ်ဖူး။ ခုလည်း နားမလည်ပါဘူး ။ :mrgreen:
    ကျမတို့ တိုင်းပြည်ဆင်းရဲခြင်းအကြောင်းကို လှစ်ခနဲ တွေ့လိုက်ရလို့ အမှန်တရားတခုအတွက် ဝမ်းနည်းမိတယ်။

    ခုစာအုပ်က ဘာသာပြန်တဲ့ ။ မူရင်းလည်း မတွေ့ဖူးတာမို့ စာရေးသူအာဘော်ပါလား မပါလား မသေချာပေမဲ့ မပါလောက်ဖူးထင်တာပဲ။

    မူရင်း အရေးအသားကိုလေ့လာချင်တာကြောင့် ရနိုင်မဲ့ လင့်လေး များ သိရင် သိသူများ ပြောစေချင်ပါတယ်။

    ပိုစ့်နဲ့ မဆိုင်ပဲ ရေးချင်တာလာရေးသွားပါသဖြင့် ခွင့်လွှတ်ပေးပါရန် ။

    • nozomi

      July 30, 2012 at 12:19 am

      ဒေါ်ပု တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လက်ထဲ လဲ အဲဒီစာအုပ် ရောက်နေတယ်
      အကြမ်းတော့ လှမ်းပြီးပြီ
      ခေါင်းစဉ်လေးတွေက စိတ်ဝင်စားစရာပဲ
      တခြားအလုပ်တွေ ရှုပ်နေတာကြောင့်ရော စာအုပ်ကထူ ကြောင့်ပါ
      နဲနဲချင်းဖတ်နေရတယ် ဒီနှစ်ကုန်တာတောင် ပြီးပါ့မလား မသိ

      ဟိုတစ်လောက် ဂျာနယ်မှာ တွေ့လိုက်တယ်
      နောက်ထပ် ဘာသာပြန်စာအုပ်
      တရုတ်နဲ့ အိန္ဒိယတို့ဆုံရာ ( စကားလုံး အတိအကျမေ့နေလို့) လဲ ကောင်းမယ်ထင်တယ်

      • pooch

        July 30, 2012 at 12:33 am

        ကျမလည်း အကြမ်းပဲ ပြီးသေးတာ ။ သေချာအချိန်ယူပြီး ဖတ်ရအုန်းမှာ။ ကြာအုန်းမှာ ပြီးဖို့။

        နောက်ထွက်မဲ့စာအုပ်က ဆုံစည်းရာ ထင်ရဲ့ ကျမလည်း မေ့နေတယ်။
        မူရင်းနာမည်က Where China Meets India: Burma and the New Crossorads of Asia တဲ့။

        နာမည်တောင် မှားရေးလိုက်တယ် သန့်မြင့်ဦးကို သန်းမြင့်ဦးဆိုပြီး ပြင်ဖတ်ပေးကြပါ။

  • surmi

    July 30, 2012 at 12:03 am

    ထောက်ခံပါဒယ်
    ကျေးဇူးကြီးလှစွာသော ကိုဘလက်နင် ့
    ကျေးဇူးပြုသောကိုပေ
    လေးစားရသောသူတွေဖြစ်ပါကြောင်း

  • etone

    July 30, 2012 at 9:07 am

    ကိုပေရေ …. လေးဘလက်ရဲ့ ပထမဆုံးပို့စ်ကတော့ ……..

    SKY NET ကို ကျေးဇူးတင် ဆိုတဲ့ ပို့စ်လေးပါပဲ ……… ပထမဆုံး စတင်တဲ့နေ့က 3.8.2011ပါ …….. ။

    • CASPER

      July 30, 2012 at 12:21 pm

      ဟေ Best တွေဘာဒွေကို တန်းဖြစ်သွားတာပါဘဲလားဗျို့************** ကြည့်လုပ်ကြပါဗျို့

    • CASPER

      July 30, 2012 at 1:20 pm

      ဟေ့ မနာလိုခြင်း ထက်…ကြီးမားသော မကောင်းမှုရယ်လို့ မရှိနိုင်တယ်.
      ရွာသားတဦး တင်ထားတာလေး ပေါ့နော် နော်
      အင်မတန်ကြိုက်လွန်းလှလို့.. တရွာလုံး တပြည်လုံးဆောင်ထားသင့်လားလို့
      ခင်ဗျားတို့ ချီးမြှောက်သလိုုလုပ်ပီး မာန်တွေတက်နေကြတယ်
      ဘာ ဘာ ဘာမှလည်း ဟုတ်ကြတာမဟုတ် ဟေး ဟေး
      ဘာဒဲ့ ဒီမိုရွာဆိုပီးတောင် လုပ်နေကြသေး..ဟေ့ ဟေ့
      ဒီမိုလုပ်လေ ပြဲလေရွာမို့. ဒီပြဲရွာလို့ခေါ်ကြပါလားဗျို့……….ဝိုးးးးး
      ဂေဇတ်ကအတော်နာမည်ရလာတယ်ဆိုလားဘဲ အဟွန့်..
      ကိုယ့်ဘာသာကြွေးကြော်နေကြလိုက်တာ
      ရှက်ဖွယ်ပါဗျားးးးးးးးးးးးးးးးးးးးးးးးးး
      ဒါနမူနာလေး ထုတ်ပြတာနော်…ဒါဗြဲ…

      • etone

        July 30, 2012 at 4:14 pm

        CASPER ဆိုတာ ကလောင်ခွဲတစ်ခုပါ ကိုပေ….. သူ့ခမျာ ဒီတိုင်းပြောလျှင် … အားနာစရာတွေ ဖြစ်ကုန်မှာစိုးလို့ ……. ထင်ပါရဲ့ … ။
        ဘာဘာညာညာမပြောပဲ .. ဒီတိုင်းလွှတ်ပေးလိုက်ပါ …….. ။ လေးဘလက်ကို ဂုဏ်ပြုတာ ..ကြားထဲက ငထွားခါးနာနေတယ် … ခွိခွိ 😛
        အဒူလဲ သိချင်လျှင် ပရိုက်ဗိတ်ထဲ လာခဲ့ပါ …. ။ 😀 😀

        • CASPER

          July 31, 2012 at 1:50 pm

          အဟက်…
          ဒေါ်အီးတုံးက ဘယ်သူဆိုတာဖော်ကောင်လုပ်ဦးမလို့လား။ သေချာစဉ်းစားနော်။ မှားလိမ့်မပေါ့။

  • Moe Z

    July 30, 2012 at 9:29 am

    ထောက်ခံပါကြောင်း 1000000000 🙂

    • ကြောင်ကြီး

      July 30, 2012 at 11:16 am

      အလဂါးရတဲ့ ဘဲဥတောင် ကိုးလုံးပဲ သထာရသလား ကြောင်ကြီးမဟေသီ မိုးစက်ဒေဝီထိပ်ထားလေးရဲ့။ ဦးကြောင်မှာ နှစ်လုံးပဲရှိလို့ မပေးဘဲနေရတာ…။ 😛

      • Khaing Khaing

        July 30, 2012 at 1:42 pm

        မိုးစက်ကို ဘယ်သူကခံယူနေတာလဲ ….. မိုးစက်လေးရေ မင်းရဲ့ မေတ္တာမိုးလေးကို ဘယ်သူ့ပေါ် ရွာမှာလဲကွယ် ……. မိုးစက်လေးကို ခံယူချင်တဲ့သူတွေ တော်တော်များနေတယ်နော် ……… မိုးစက် ညီမလေး မမမှာ မောင်လေးတစ်ယောက်ချိတယ် …… ပန်ပန်ခြစ်ကလေးကို ယောက်မတော်မလားလို့စဉ်းစားနေတာ ………

      • ဥဥ

        July 30, 2012 at 2:03 pm

        ချင့် သများကိုခေါ်သလား အူးကြောင် 😀

  • same kyaw

    July 30, 2012 at 9:39 am

    မန်းဂဇက်မှာ ရေးတဲ့သူတော်တော်များများတော်ကြပါတယ်။၉၀% တော်ကြတယ်။သီးခံကြတယ်။မသိရင်ရှင်းပြပေးကြတယ်။မျိုးချစ်စိတ်ဓာတ် အပြည့်ရှိကြတယ်။ကူညီ ကြတယ်။အဲ့ဒါကြောင့် အင်တာနက်ဝင်တိုင်း ဒီဆိုက်ကို မရေးဖြစ်ရင်တောင် ဝင်ဖတ်ဖြစ်ပါတယ်။သာမန်ရေးနေတဲ့သူတွေ တောင်တော်တယ်ဆိုတော့ တံခါးစောင့်ဆို ပြောဘွယ်မရှိတော့ပါဘူး။ချစ်စရာကောင်းတဲ့ မြန်မာ အငွေ့အသက်တွေ ကိုတွေ့ရပါတယ်။

  • shwe kyi

    July 30, 2012 at 10:30 am

    ထောက်ခံပါတယ်အူးပေ။ ဦးဘလက်ရဲ့စာဖတ်အားကိုတော့မလေးစားပဲမနေနိုင်ပါဘူး။
    ဖတ်ပြီးရင်လည်း ခွဲခြားဝေဖန်သုံးသပ်ပြသွားတာတွေအရမ်းကောင်းပါတယ်။
    ချိုပေါ့ကျကိုအရသာကောင်းကောင်းဖျော်နိုင်တဲ့အဖျော်ဆရာကောင်းတယောက်ပေါ့။

  • lynn lynn

    July 30, 2012 at 10:33 am

    အဖက်ဖက်ကတော်တဲ့ ဦးဘလက်ကိုကော၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတဲ့ ဦးပေကိုရော လေးစားပါတယ်။

  • lynn lynn

    July 30, 2012 at 10:33 am

    အဖက်ဖက်ကတော်တဲ့ ဦးဘလက်ကိုကော၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတဲ့ ဦးပေကိုရော လေးစားပါကြောင်း

  • ko khin kha

    July 30, 2012 at 10:53 am

    ကိုဘလက်ချောရဲ့ ပိုစ့်တွေဖတ်ရင်းတော့ ဂေဇက်မှာရင်းနှီးနေတာပါ။
    လူချင်းတော့မဆုံတွေ့ဘူးပါဗျာ။ အခွင့်သင့်ရင်ဖြင့်တစ်ခါလောက်တော့ ဆုံချင်ပါရဲ့။
    ကိုပေဖော်ညွှန်းမှု့တွေကလည်း အဆက်အစပ်နဲ့ကောင်းပါ၏။

  • မမ အညာသူ

    July 30, 2012 at 10:55 am

    ဦးဘလတ်ကိုလဲဂုဏ်ပြုပါတယ်
    ဦးပေကိုလဲလေးစားလျက်ပါ

  • Khaing Khaing

    July 30, 2012 at 11:00 am

    အယ် … သူတို့က ရွာမှာ နှိုက်နှိုက်ချွတ်ချွတ်ရှိသူတွေပဲ ….. တော့ ကပေ …… ကိုပြောင်ကြီး … ရှင်လည်း ရွာသူတွေကို အနုအရွစကားတွေနဲ့ မြူဆွယ်တဲ့သူတစ်ယောက်ပဲ ……

  • CASPER

    July 30, 2012 at 11:37 am

    ဒီပို့စ်က တစ်မျိုးကြီးပဲ၊ ဂုဏ်ပြုချင်တာလား၊ ဂုဏ်ပုအောင် လုပ်တာလား မသိဘူးရယ်၊ တစ်မျိုးတော့တစ်မျိုးပဲ ဉာဏ်မမှီဘူးရယ်လို့ပဲဆိုပါတော့

  • မောင်ပေ

    July 30, 2012 at 12:13 pm

    ဖတ်ရှု အားပေးသွားကြတဲ့ စာဖတ်သူအားလုံးနဲ ့
    ကွန်မင့်များဖြင့် ချီးမြှင့်တော်မူကြသော
    ကို Gipsy
    ကို သန်းထွဋ်ဦး
    အန်တီ aye.kk
    အူးကြောင်ကြီး
    ကို ဇွဲမာန် (အင်းဝ)
    ကို nozomi
    မပုရှ်
    အန်တီ အရီးခင်လတ်
    ိကို ဆာမိ
    ညီမလေးအိတုန်
    ညီမငယ် မိုးဇက်
    ကို same kyaw
    မရွှေကြည်
    ကို/မ လင်းလင်း
    ကိုခင်ခ
    မမ အညာသူ
    မခိုင်ခိုင်
    ကို CASPER
    တို ့ကို လေးစားကျေးဇူး တင်ရှိပါတယ် ခင်ဗျား

    • CASPER

      July 30, 2012 at 12:23 pm

      လေးစားထိုက်သူကို လေးစားပါ၊ အားပေးထိုက်သူကို အားပေးပါ၊ မီးလောင်ရာ လေမပင့်ပါနှင့်၊
      သင့်ကြောင့်လဲ မီးမလောင်ပါစေနှင့်
      ပုံ
      မီးသတ်ဦးစီးဌာန

      • မောင်ပေ

        July 30, 2012 at 12:28 pm

        ကျုပ် ပို ့စ်လေးထဲက
        ကွန်မင့်များကို အဆက်မပြတ်လေ့လာ ဖတ်ရှုပေးလို ့ ကျေးဇူးတင်ပါတယ်
        ဒါနဲ ့မီးက ဘယ်မှာ လောင်နေတာများပါလိမ့်

        • aye.kk

          July 31, 2012 at 10:52 am

          ကိုပေရေ..
          ဆယ့်တစ်မီးထဲကမီးက..
          ထပြီးလောင်နေတာ…
          တရားရေအေးနဲ ့သာငြိမ်းပေးမှဖြစ်မှာ..။။

        • မီးက လူတိုင်းရင်ထဲမှာ လောင်မှန်းမသိလောင်နေတာမောင်ပေရဲ့။
          သူများမီးလောင်တာကို အလွယ်တွေ့နိုင်ပေမယ့် ကိုယ့်ရင်ထဲမှာလောင်နေတဲ့မီးကတော့
          ကိုယ်တိုင်မမြင်နိုင်ဘူးလေကွယ်။.

    • lynn lynn

      July 30, 2012 at 1:28 pm

      ဦးပေရေ ကို/မ လင်းလင်းတော့ မလုပ်ပါနဲ့။ ကိုယ့်ကိုကိုယ် ယောက်ျား၊ မိန်းမ မကွဲပြားတဲ့လူလို့ ခံစားရလို့ပါ။ လင်းလင်းက Lady ပါ။ အသက်သုံးဆယ်အရွယ် ရင်ကြပ် အဲ ရင့်ကျက်တဲ့ အမျိုးသမီးပါ။

  • Rose Minn

    July 30, 2012 at 12:31 pm

    ဒီမယ် မောင် သရဲလေး မီးသတ်တာ လဲ သတ်ပေါ့ ဒါပေမယ့် ကျွမ်းကျင်ဖို့ လိုပါတယ်။ နည်းပညာ လည်းလိုပါတယ်နော်။

  • CASPER

    July 30, 2012 at 12:38 pm

    နားမလည်တဲ့ကိစ္စရယ်လို့မရှိပါဘူး******* နားလည်ဖို့ပဲလိုပါတယ် ရွာကအပြင်လူ ဝင်လာပီးဖြိုခွဲစရာမလိုတော့ဘူးးး၊ ကိုယ်စီပါဝါ မာနတွေပြိုင်ရင်း မြောင်းထဲကို ထိုးဆင်းနေတာပဲ..
    လောဘ၊ ဒေါသ၊ မောဟ
    အင်းမမြဲဘူး
    မမြဲဘူး

  • CASPER

    July 30, 2012 at 12:39 pm

    အမှန်ပြောရင် မောပြန်ရတယ်ဆိုလား၊ ကြားမိတာလေးနော်၊

    • မောင်ပေ

      July 30, 2012 at 12:45 pm

      တော်တော်လေးကို စဉ်းစားရကြပ်ပါကလား
      ကိုကတ်စ်ပါ က xxxxxx
      မရို ့စ်မင်း ကလဲ xxxxxx

      • kai

        July 30, 2012 at 12:53 pm

        ကိုရင်မောင်မောင်ပေ..
        ရွာသူားတွေအိုင်ပီလိပ်စာ.. အီးမေးလ်.. ရေးမတင်ပါနဲ့နော…
        အခုတင်ထားတာ.. ဖျက်လိုက်ပါတယ်..။

        • မောင်ပေ

          July 30, 2012 at 12:57 pm

          ဟီး
          ဟုတ်ကဲ့ပါ ခင်ဗျ
          အနော်လဲ ဝေခွဲရခက်သွားလို ့ပါ
          နောက်ကို အဲဒါတွေ မတင်တော့ပါဘူး ခင်ဗျ

  • cherry nwe

    July 30, 2012 at 1:10 pm

    ဟယ်ဦးပေကဘဘဘလက်ခွင့်ပြုချက်ရလို့လားတော်ကြာသမီးလိုကြိမ်းခံထိနေအုန်းမယ်နော်
    မီးမီးကြောက်၂

  • cherry nwe

    July 30, 2012 at 1:13 pm

    ကျန်သွားလို့ လေးစားထိုက်သူတွေအားလုံးကိုသမီးလေးစားပါတယ်ဒါပေသိ ဘဝင်လိုလိုသခင်လိုလိုဆိုရင်တော့ဆောရီးပဲ…….

    • ဥဥ

      July 30, 2012 at 1:53 pm

      အဲ့ထဲမှာ သများတို့ပါဘူးနော် ချယ်ချယ်လေး

      • Khaing Khaing

        July 30, 2012 at 2:05 pm

        နှာဘူး ဥဥ ဘာချယ်ချယ်လေးလဲ …….. ရှင့်ရဲ့အကန့်လေးခုမှာ ကျွန်မရှိနေသေးလား Confirm လုပ်ပေးပါဦး ….

        • ဥဥ

          July 30, 2012 at 2:11 pm

          နောက်ထပ် အကန့်သစ်ဖောက်မလို့အေ့
          ညည်းအသာနေဇမ်းဘာ :mrgreen:

        • Khaing Khaing

          July 30, 2012 at 2:26 pm

          နေဘူးအေ …… ဖယ်စမ်းပါ …. ကိုယ့်နေရာကိုသူများဦးတာ ဘယ်သူကခံချင်မှာလဲ …. မုန့်ကိုသာဝေမကျွေးဘူး အချစ်ကိုသာဝေစားမယ် ……. 🙂

  • R Ga

    July 30, 2012 at 3:11 pm

    (((((ဝေးးးးးးးးးး လေးဘလက် ဘေးဘလက်……ဒါမှ တို့ လေးဘလက် လေးဘလက်)))))

    လေးစားပါတယ်လေးဘလက်ရယ်။
    လေးစားမှုပြုပါတယ်။
    လေးလေးနက်နက်တွေးခေါ်နိုင်တဲ့အရေးအသားတွေနဲ့
    လေးလေးပင်ပင် စိတ်ကူးစိတ်သမ်းများ။

    လေးစားတယ်ဆိုတာထက်လေးစားမိနေသော
    လေးဘလက်ရဲ့ ညီငယ် အာဂ

  • မောင်ပေ

    July 30, 2012 at 3:49 pm

    သည်ပိုစ့်ကိုရေးဖြစ်တဲ့ ကျွန်တော့် စိတ်ကူးက
    ပေါင်းသင်းဆက်ဆံကြတဲ့အခါ
    ကိုယ့်ဘက်က တစ်ဘက်သားအတွက်
    အရင်အကျိုးပြုပေးရင်
    တစ်ဘက်သားက ကိုယ့်ကို ယုံကြည်ခင်မင်တယ်ဆိုတာနဲ့
    ကိုဘလက်ချောရဲ့ ပိုစ့်တွေကို ပြန်လည်စုစည်းပေးလိုက်တာပါ
    မရို့မင်း ကတ်စ်ပါ
    ချယ်ရီနွယ်
    ဥဥ
    ကိုအာဂ တို့ကို ဖတ်ရှု ကွန်မင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ

  • manawphyulay

    July 30, 2012 at 4:20 pm

    လေးဘလက်က အရင်ထဲက လေးစားတဲ့စာရင်းထဲမှာပါပြီးသားလေ… အရင့်အရင်လူတွေလည်း ရှိကြပါသေးတယ်။ သူတို့လည်း ခုဘယ်တွေရောက်နေလဲမသိဘူး။ လေးဖက်ကတော့ ဂေဇက်ရဲ့ တံခါးမှူးကြီးပေါ့။ လေးစားပါတယ်ရှင်။

  • လင်းဝေ

    July 30, 2012 at 5:55 pm

    မောင်ပေ မတွေ့တာကြာပြီကွာ။
    မန္တလေးကို ငါလွမ်းမိ လို့ပဲ အငဲလိုသာ ဟဲမိတော့တယ်။
    အခု ကိုဘလက်ကြီးကို ဖုန်းပြန်ဆက်နေတာ မအားသေးပါပဲ။ စောစောက သူခေါ်တော့ကိုယ်ကမအားဖြစ်နေ။

    • မောင်ပေ

      July 30, 2012 at 8:16 pm

      အကိုကြီး က မန်းတလေး ကို ရောက်ရဲ ့သားနဲ ့
      ကွက်ပျောက်တွေ ရိုက်သွားတာကိုးဗျ
      အနော် လဲ မိန်းခလေးတွေနဲ ့အတူ သီချင်းဆိုတတ်ပါတယ်နော
      ဟီဟိ

  • ဖိုးထောင်

    July 30, 2012 at 10:33 pm

    ဒါဆို အန်ကယ်အူးပေ ကဘီဘီချိန်မှာဖတ်ဖို့ဆိုပြီး ပို့စ်တွေတင်ဗျာ အနော်အားပေးနေမယ် ဒီပုံအတိုင်းဆို တို့ရွာတံခါးစောင့်တစ်ဦးတိုးလာတာပေါ့ ဦးဘလက်ကနေ့ဖက် ဦးပေကညဘက် မကောင်းဘူးလား ရွာကြီး ပိုပြီးလုံခြုံသွားတာပေါ့ ခေတ်ကသိပ်ကောင်းတာမဟုတ်ဘူးရယ် သဘောတူပါသလား … သဘောတူရင် အစိမ်းလေးတွေမြင်ချင်ပါတယ် …. ညွှတ်ညွှတ်ညွှတ်

  • ဥဥ

    July 31, 2012 at 9:08 am

    ကဖိုးထောင် သများ အစိမ်းပေးခဲ့ပါတယ်ချင့်

  • သူများထဲ မဆိုင်ဘဲဝင်ပွားလိုက်ပါအုံးမယ်။

    ချစ်စ ဆရာကြီး ဆိုတာ ကိုပေါက် ရဲ့နောက်ထပ်ကလောင်ခွဲလို့ပြောတယ်လို့ အသံကြားလိုက်ရပါတယ်.။
    သေချာအောင်ပြောထားပါမယ်.။
    ကိုပေါက်(မန္တလေး)ဆိုတဲ့ နာမယ်တစ်ခုထဲကိုဘဲ ဆိုက်ပေါင်းစုံမှာရော ဖေစ်ဘုတ်မှာပါ အသုံးပြုပါတယ်။.
    သူများကို ထောက်ခံဘို့ တုန့်ပြန်ဘို့ရာ ကျနော်အတွက် ကလောင်ခွဲ ကလောင်ဝှက်မလိုပါ။
    ကျနော်ယုံကြည်တာတွေရေးဘို့ အြ့မင်မတူရင်ပြန်ဆွေးနွေးဘို့
    ကိုပေါက်(မန္တလေး)တစ်ခုထဲဘဲအသုံးပြုမှာပါ။
    ဒီလိုပြောလို့ အထင်တော့မကြီးလိုက်ပါနဲ့။
    အပွင့်လင်းဆုံးပြောရရင် အကောင့်အသစ်မလုပ်တတ်လို့ပါခင်ဗျာ။

  • မွန်မွန်

    July 31, 2012 at 12:29 pm

    အမှန်အတိုင်းပြောရင် လေးဘလက်ရဲ့ စာတွေကို အများကြီး မဖတ်ဖူးပါဘူး။ မဖတ်ဖူးဘူးဆိုတာကလည်း မွန်မွန်ကိုယ်တိုင်က ရွာထဲမှာ ပေါ်တော်မူ ဖြစ်ဖြစ်နေတာပါတယ်။ ချိုပေါ့ကျ တွေကိုတော့ အမြဲတမ်းစောင့်ဖတ်ပါတယ်။ ကွန်မန့်မပေးဖြစ်ရင်တောင် ဖြည်းဖြည်းချင်းဖတ်ဖြစ်ပါတယ်။

    အခုလည်း ကိုပေပေးထားတဲ့ လင့်တွေကိုဖွင့်ပြီး စာတွေကို ပြန်ဖတ်ကြည့်လိုက်ပါမယ်…။

  • Shwe Ei

    July 31, 2012 at 12:29 pm

    ဂုဏ်ပြုဖို့ မမေ့ပါကပေရေ။ ဂုဏ်ယူစရာ ရွာရဲ့ဂုဏ်ဆောင် ဘဘဘလက်ကို ရွာသူား တိုင်းလေးစားကျအားကျပြီးသားပါ။ ကပေ ကအမှတ်တရပို့စ်လေး တခုနဲ့ဂုဏ်ပြုလိုက်တော့ ထင်သာမြင်သာဖြစ်သွားတာပေါ့။ ဂုဏ်ပြုသူရော ဂုဏ်ဆောင်သူရော ကိုလေးစားပါတယ်။

  • မောင်ပေ

    July 31, 2012 at 2:39 pm

    အလင်းစက်ရေ ဘာဖြစ်သွားတာလဲ?
    ကိုဖိုးထောင်ခင်ဗျ ဘီဘီအချိန်အတွက် အားကိုးပါရစေနော
    ကိုပေါက် က ဘာဆိုင်လို့ ချစ်စဆရာဖြစ်သွားတာတုန်း ကိုပု ဆို ဟုတ်တုတ်တုတ်
    မွန်မွန်ရေ ဖတ်ကြည့်ပါနော ကျေးကျေးဘာ
    မရွှေအိကိုလဲ လေးစားကျေးဇူးတင်ပါတယ်ဗျ

Leave a Reply