တရုတ်တန်းဈေးက အဖြစ်ပျက်လေး

တရုတ်တန်းဈေးက အဖြစ်ပျက်လေး ကျွန်တော် ငယ်ငယ်က ကြားခဲ့ဖူးတဲ့သီချင်းလေး ယုံချင်ယုံ မယုံချင်နေ

တရုတ်တန်းဈေးက ဖြစ်ပျက်လေး ဆိုတဲ့သီချင်းလေးကို ဟာသ လိုလို သရော်ထားသလို ပဲထင်ထားမိခဲ့တာပါ

အင်း ခုတော့ လဲ ………….တင်ပြစရာလို့ပြောရလေမလား ………ဆိုရေးရှိက ဆိုရမည်ဟု ဆိုရမည်လား…………

လာလာလာ လာလာလာလာ လာလာလာ

လာလာလာလာ……………………………………………………………………………………….

ဂဏန်းခြောက်လုံးချီပြီးတော့ ချမ်းသာလှတဲ့ ပွဲရုံတစ်ခု ပွဲကတော်ဆိုလား တရုတ်တန်းဈေးကို ကားကြီးစီးကာလာ .

စိန်တွေရွှေတွေတဖျတ်ဖျတ် ကိုယ်နေဟန်က မတ်မတ် လေသံက မာဆတ်ဆတ် ဖဲ ဘယ်လောက်ရှုံးကြောင်း ဂုဏ်ယူ

ဝံ့ကြွားနေ……………..ယုံချင်ယုံမယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့…..ယုံချင်ယုံ မယုံချင်နေ တရုတ်တန်း

ဈေးက အဖြစ်ပျက်လေး…….

ခုတ်ဖို့ထစ်ဖို့ ပါးပါးလှီးဖို့ အကွက်ကောင်းစောင့်တဲ့ မုဆိုးတစ်ပိုင်းမှောင်ခိုသည်(သယ်) တစ်ယောက်က တစ်ယောက်ကို

မျက်စိမှိတ်အချက်ပေး ဘယ်အဆင်က ဘယ်လိုလှမှန်း ဘယ်အရောင်နဲ့ဘယ်လို လိုက်မှန်း နားဝင်ချိုစေတဲ့စကားလုံး

အကောင်းသုံးတတ်လို့ တမှင်တကာချန်ထား ဗျို…..ယုံချင်ယုံမယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့….ယုံချင်

ယုံ မယုံချင်နေ တရုတ်တန်းဈေးက အဖြစ်ပျက်လေး……..

မြှောက်လို့မြှောက်မှန်းမသိတဲ့ သူဌေးကတော် တဟဲဟဲနဲ့ သဘောတွေ့မနောကွေ့ လေတော့ ထွက်သွားပေါ့ လေ

အိတ်ထဲက ရာတန်… ဘယ်အလှူကုန်တာဘယ်လောက်တဲ့…ဘယ်မင်္ဂလာဆောင် ဘယ်လောက်ဖွဲ့ ကြုံရာလူကို

ကြွားရင်း ငရုတ်သီး တမတ်ဖိုး ဝယ်မလို သူစစ်နေ……ယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့…..

ယုံချင်ယုံ မယုံချင်နေ တရုတ်တန်းဈေးက အဖြစ်ပျက်လေး……

ချွေးနဲ့ရင်းပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးမှ ရတဲ့ငရုတ်သီး ရောင်းသူ ခမျာမှာ ပစ္စည်းကောင်းကို ဈေးကောင်းတောင်း

ချင်လဲ မြန်မြန်ပြန်ချင်တဲ့အရေး မြန်မြန်ကုန်ချင်တဲ့အရေး လေသံက တုန်နှေးနှေး ဈေးဦးပေါက်မို့ ယူပါ သူလျော့

ပေး……………. ယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့….ယုံချင်ယုံ မယုံချင်နေ တရုတ်တန်းဈေး

က အဖြစ်ပျက်လေး ……………………..

ပွဲစားကြီးကတော် ဈေးပေါက်က အထွက် ခွက်လေးတစ်ခွက်နဲ့ သူတောင်းစား တစ်ယောက်ကိုမြင်တော့ “ချွင်” ကနဲ

ဆို တစ်မတ်စေ ့ ပစ်ချသွား….အင်္ဂါစုံညီလက်နဲ့ ခန္ဒာစုံညီလက်နဲ့ ရေသာခိုတဲ့သကောင့်သား ဌေးသထက်ဌေးအောင်

သူလေ ဆုတောင်းပေး ….ယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့ …..ယုံချင်ယုံ မယုံချင်နေ

တရုတ်တန်းဈေး ကအဖြစ်ပျက်လေး…………….

ဒီသီချင်းကို အဆိုတော်စိုင်းထီးဆိုင်က လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု သုံးခုလောက်ကဆိုတာထင်ပါတယ်

(ကျွန်တော် သေချာမမှတ်မိတော့လို့ပါ)

ခုတင်ပြမယ့် အကြောင်းရာကလဲ အဆိုတော် ပြောခဲ့ဆိုခဲ့သလို တရုတ်တန်းဈေးက အဖြစ်ပျက်လေးပါပဲ ……

ဖြစ်ပုံက ဒီလို ဒီလို ………..

တန်ဖိုးခပ်ကြီးကြီး ကားနှစ်စီးနဲ့ ကြားညှပ် ခဲ့ရတဲ့ ဆိုင်ကယ်(စူပါကပ်)လေး အကြောင်းပါပဲ ………………….

တန်ဖိုးခပ်ကြီးကြီး ကားတစ်စီးက အိမ်ရှေ့တစ်ခု မှာ (ပါကင်)ရပ်ထားတာပေါ့ လေ တစ်ခြားကားတစ်စီး ကဇွတ်

တရွတ် ခပ်ကြမ်းကြမ်းမောင်း လာဟန်တူပါရဲ့ ဆိုင်ကယ်စီးနှင်းလာသူ မိန်းမရွယ် ခမျာ ကြောက်အားလန့်အားနဲ့

ကွေ့ချသည်ပဲဆိုဆို လမ်းဘေးထိုးကျသည်ပဲပြောပြော ရပ်ထားသည့်ကားကို မဆိုစလောက် ပွန်းပဲ့ သွား တာပေါ့

သူလဲ လဲကျသွားတာပေါ့ လေ ……အဲဒါနဲ့ တခြားကားခပ်ကြမ်းကြမ်း မောင်းမိတဲ့သူက ဘာဖြစ်သွားလဲ …ဘာလုပ်

ပေးရမလဲ ပြောဆိုတာပေါ့….အဲဒီမှာ ရပ်ထားတဲ့ကားကို ထိမိ ခြစ်မိသွားတဲ့အတွက် လျော်ကြေးတောင်းတော့တာ

ပေါ့ ကားပေါ်ပါလာသူနဲ့မပြီးလို့ ကားပိုင်ရှင်(ခပ်ကြမ်းကြမ်းမောင်းတဲ့ကား)ရောက်ရှိလာတော့ တာပေါ့…..

ခြစ်မိသွား (ပျက်စီးသွားတာက မဆိုစလောက်ပြောလို့ ရမယ်ထင်ပါတယ်)အဲဒီကားပိုင်ရှင် ကမလျော်နိုင်ကြောင်း

ပြောကြ ဆိုကြ ထုံးစံအတိုင်း နင်ပဲ ငဆ ပြောကြဆိုကြတော့ ပရိသတ်တွေ လဲ ထွက်ပေါ်လာတော့တာပေါ့ ……

အဲဒီမှာ ခပ်အေးအေးနဲ့ရိုးပုံ ရတဲ့ မိန်းမရွယ်က(ဆိုင်ကယ်စီးသူ) သူလျော်ပါရစေ သူပေးပါ့မယ် ဆို တော့မှပြေလည်

ကြေလည်သွားတော့တာပေါ့ ……….အင်း ………….

ပြောချင်တာက စိုင်းထီးဆိုင်ဆိုသလို ငရုတ်သီးရောင်းသူ လို လေသံက တုန်နှေးနှေး နဲ့ ပြောဆို အလျော်ပေးခဲ့ရ

တာက ဆိုင်ကယ်စီးတဲ့ မိန်းမရွယ် (ခပ်ရိုးရိုးအေးအေး လေးပါ)

မြန်မာတွေ စိတ်ထားမြတ်တယ် မြင့်တယ်လို့ လူပြောသူပြောများ လှပါတယ်….ခုဖြစ်တဲ့ ကိစ္စက မဆိုစလောက်

ဆိုမှ မဆိုစလောက် အဲ………..ခေတ် စကားနဲ့ပြောရရင်တော့ ပါးပါးလေး မှ ပါးပါးလေးပါ ဗျာ ဒီလို အလျော်တောင်း

တာ (တန်ရာတန်ကြေးတော့ မဟုတ်လောက်ဘူး) မြန်မာ ဆိုတဲ့ စိတ် ပျောက်သွားပြီလား ဒါမှမဟုတ် မြေနိမ့်ရာ

လှံစိုက် …လဲရာ သူခိုးထောင်း………နူရာ ဝဲစွဲ…….အထက်စီးဆန်ဆန် လုပ်တတ်တာ မြန်မာ မှဟုတ်ပါရဲ့လား?????

မြန်မာဆိုတာ သူများကို ပေးဖို့ကမ်းဖို့ လှူဖို့တမ်းဖို့ ကျွေးဖို့မွေးဖို့ အမြဲတမ်း ရက်ရောတတ်တဲ့လူမျိုး များ ပါ …..

ခုတော့ စိုင်းစိုင်း ပြောသလို ပြောရရင် ဘာတွေဖြစ်ကုန်ပြီလဲ ငါတို့ရဲ့ ကမ္ဘာကြီး ….အရောင်တွေလွှင့်ကုန်ပြီလား

ငါတို့ရဲကမ္ဘာကြီး…….ကိုယ်ရည်ရည်သွေး နိမ့်ကျလာတာဟာ ကောင်းတဲ့ အတိတ်နိမိတ်တော့ မဟုတ်လောက်ပါ

ဘူး…ဒါတွေကို ဘယ်လိုလုပ်ကြမလဲ???????????????????

ဒီနေရာ ကျွန်တော်တု့ိလူမျိုးအချင်းချင်း မဟုတ်ပဲနဲ့ လူမျိုးခြားနဲ့ ဖြစ်ခဲ့ရင်ကော လူမျိုးခြားက ငွေပေးလိုက်ရင်ဖြစ်ပါ

တယ်ကွာ ဆိုတဲ့ အတွေးမျိုး နဲ့ မြန်မာ ဆိုတာငွေနဲ့ပေါက်ရင် ရပါတယ်ကွာ အစွဲမျိုးစွဲသွား ခဲ့ရင် အမျိုးသားရေး ကို

ထိပါးလာပြီနော် …..နိုင်ငံ့ဂုဏ်သိက္ခာပါ ထိခိုက်လာ နိုင်ပါတယ်…ဒါတွေကို ကျွန်တော်တို့ ဘယ်လို

တားဆီးကြမလဲ ???????????

နောက်ပြီးမှန်၏ မမှန်၏ မစဉ်းစား မဆင်ခြင်ပဲ မျက်နှာကြီးရာ ဟင်းဖတ်ပါ ….စိန်နားကပ်နဲ့ပါးပြောင် နေကြတဲ့သူ

တွေကိုလဲ ခုဖြစ်ပျက်မှာ တွေ့ရှိခဲ့ရတယ်……

ဒါတွေက ကော မြန်မာလူမျိုးများ မှာ ဖြစ်လေ ့ဖြစ်ထရှိနေကြပြီလား ?????????????????????

ကဲ ယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့…ယုံချင်ယုံ မယုံချင်နေ တရုတ်တန်းဈေးက အဖြစ်ပျက်

လေး.. လို့ပဲ ဆိုလိုက်ပါရစေတော့………………

4 comments

  • သန်းထွဋ်ဦး

    July 29, 2012 at 10:06 pm

    လူတန်းစားခွဲထြားပြီး ရုပ်ဝတ္တူဝါးဒီ သမားတွေမို ့ပါ ကိုဆင်ရေ

  • Gipsy

    July 29, 2012 at 10:14 pm

    ဆင် ကျီစယ် တာ ဆိတ် မခံသာ … အဲ့လို အဖြစ်အပျက်ဆင်ဆင်ပေါ့နော် …
    ( စတာ )

  • cherry nwe

    July 30, 2012 at 2:03 pm

    လူတွေတော်တော်တရားရဖို့ကောင်းတယ် အထူးသဖြင့်ကလိန်ကကျစ်သမားတွေပေါ့

  • ဖိုးထောင်

    July 30, 2012 at 11:24 pm

    မှန်တယ် ချယ်ရီလေးပြောတာကို ကိုကိုဖိုးထောင်ထောက်ခံတယ် ညွှတ်ညွှတ်ညွှတ်

Leave a Reply