သိမ်းဆည်းသွားသော လယ်ယာမြေများပေါ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ သကြားစက်ရုံနှင့် အရက်ချက်စက်ရုံ တည်ဆောက်ခဲ့ပြီးလစ်လစ်၍ ကျန်ရှိနေသော လယ်ယာမြေများအား ပြန်လည်ရရှိရေးအတွက် တိုင်ကြားခြင်း။

yanayeJuly 29, 20121min520

သို့
ဦးသိန်းစိန်(သမ္မတကြီး)
ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတရုံး
နေပြည်တော်
နေ့စွဲ။ ၂၀၁၂ခုနှစ်၊ ဇူလှိုင်လ ၁ဝ ရက်

အကြောင်းအရာ။ ။သိမ်းဆည်းသွားသော လယ်ယာမြေများပေါ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ သကြားစက်ရုံနှင့် အရက်ချက်စက်ရုံ တည်ဆောက်ခဲ့ပြီးလစ်လစ်၍ ကျန်ရှိနေသော လယ်ယာမြေများအား ပြန်လည်ရရှိရေးအတွက် တိုင်ကြားခြင်း။

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာ၊ ပုပ်္ပါးကျေးရွာအုပ်စု၊ ပုပ်္ပါးကျေးရွာ၊ ပျဉ်းတော်ကျေးရွာ၊ ချောင်းကန်ကျေးရွာအုပ်စု၊ ချောင်းကန်ကျေးရွာ၊ သလဲဦးကျေးရွာ အုပ်စု၊ သလဲဦးကျေးရွာ၊ ထနောင်းကိုင်းကျေးရွာအုပ်စု၊ ထနောင်းကိုင်းကျေးရွာနှင့် ဂွေးကုန်းကျေးရွာများရှိ ကွင်းအမှတ် (၉၄၄/၉၄၅- ၉၄၆/၉၇၁)ကွင်းအတွင်းရှိ လယ်ယာမြေဧက (၁၀၀၀)ကျော်အား ဘိုးဘွားစဉ်ဆက်မှစ၍ လယ်ယာမြေ များကို မိသားစုဘဝရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်ခဲ့ကြပါသည်။ ကျွန်တော်တို့ လယ်သမားများမှ မိမိတို့ပိုင် လယ်ယာမြေများကို စိုက်ပျိုးလုပ်ကိုင်နေစဉ် ၁၉၉၉ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ သကြားစက်ရုံနှင့်အရက်ချက်စက်ရုံတည်ဆောက်ရန် အကြောင်းပြ၍ မြို့နယ် မ.ယ.ကအဖွဲ့နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ စက်ရုံမှူး ဒုဗိုလ်မှူးကြီးရဲနိုင်၊ ကြံစိုက်ပျိုးရေးတပ်မှ ဗိုလ်မှူးကြည်ဝင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မြင့်အုန်း၊ ရွှေဘိုထောက်ပံ့ပို့ ဆောင်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး တင်ညွန့်၊ မ.ယ.က ဥက်္ကဋ္ဌ ဦးခင်မောင်ကြီးတို့မှ ရပ်ကွက် ရ.ယ.ကရုံးသို့ လာရောက်ရန် တောင်သူလယ်သမားများကို ဆင့်ခေါ်ခဲ့ပါသည်။
၂။ ရပ်ကွက် ရ.ယ.ကသို့ တောင်သူလယ်သမားများ ရောက်ရှိလာသည့်အခါ မြို့နယ် မ.ယ.ကအဖွဲ့မှ အသင့်ရေးပြီးဆောင်ယူလာသော စာရွက်များပေါ်တွင် အတင်းအဓမ်္မ လက်မှတ်ထိုးခိုင်းခဲ့ပါသည်။ ၎င်းစာသားများမှာ (လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပုဒ်မ ၃၉အရ လယ်မြေများကို ကြည်ဖြူစွာ ပြန်လည်အပ်နှံပါသည် လယ်ယာ မြေများအပြင် အခြားလုပ်ကိုင်စားသောက်ရန် ကွက်လပ်ဧကကျန်ရှိသေးသည် ထို့ပြင် အခြားလုပ်ကိုင်စားသောက်စရာ စီးပွားရေးလုပ်ငန်းများ ကွက်လပ်ရှိပါသေးသည်ဟု ရေးသားထားသည့် စာရွက်များပေါ်တွင် လက်မှတ်ရေးထိုး ခိုင်းခဲ့ကြပါသည်။ ထိုသို့ တောင်သူလယ်သမားများအား အတင်းအဓမ်္မ လက်မှတ်ရေးထိုးခိုင်းပြီး လယ်များ အပ်နှံရေးကို တောင်သူလယ်သမားအချို့မှ သဘောမတူကြောင်း လယ်များကို မအပ်နှံနိုင်ကြောင်း ပြောခဲ့၍ ထန်းတပင်ကျေးရွာ ဥက်္ကဋ္ဌ ဦးသန်ချောင်းနှင့် အဖွဲ့ဝင် ဦးကျော်သိန်းတို့ကို မြို့နယ် မ.ယ.ကအဖွဲ့မှ စိုက်ရုံးဧရိယာအုတ်တိုင်များ ဖျက်ဆီးသည်ဟုဆိုပြီး ဖမ်းဆီးကာ မြို့နယ်ရဲစခန်း အချုပ်ထဲထည့်ခဲ့ပါသည်။ ထိုအချုပ်ခန်းထဲတွင် ဆက်လက်၍ လက်မှတ်ထိုးခိုင်းပါသည်။ လက်မှတ်မထိုးလျှင် သည့်ထက်မက ထောင်ချမည်ဟုပြော၍ လက်မှတ်ထိုးခဲ့ကြရပါသည်။ ထိုမှတဆင့် ရွှေဘိုခရိုင် ခ.ယ.ကဥက်္ကဋ္ဌ ဒုဗိုလ်မှူးကြီးသန်းဟန်မှ (၆-၈-၉၉)နေ့တွင် ကျွန်တော်တို့ပိုင်ဆိုင်သော တောင်သူလယ်သမားများ၏ လယ်ယာမြေများကို လုပ်ကိုင်ခွင့်တားမြစ်ကြောင်း အတည်ပြုလိုက်သည်ဟု ပုပ်္ပါးကျေးရွာ အ.မ.က ကျောင်းတွင် လယ်သမားများအား ဆင့်ခေါ်၍ ကြေငြာခဲ့ပါသည်။
၃။ ထိုကြေငြာချက်အပေါ် တောင်သူလယ်သမားများမှ ဆန့်ကျင်ကန့်ကွက်ခဲ့သော် ဥပဒေပုဒ်မ ၄၈(က)အရ ထောင်(၁၀)နှစ် ကျခံစေရမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့ပြီး သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် နစ်နာ ကြေးငွေအဖြစ် တစ်ဧက(၂၀၀ဝိ/-)ကို ပေးဆောင်မည် ဇီးကုန်းကျေးရွာ ရ.ယ.ကရုံးသို့ (၈.၂.၂၀၀၀)ခုနှစ်နေ့တွင် လာရောက်ယူရန် ပြောကြားခဲ့ပါသည်။ နစ်နာကြေးငွေ လာရောက်မယူသည့် တောင်သူများမှာ ပုဒ်မ၄၈(က)ကို ဆန့်ကျင်သည်ဖြစ်၍ ထောင်ချမည်ဟု ပြောခဲ့ပါသည်။ နစ်နာကြေးငွေ(၂၀၀ဝိ/-)ပေးမည်ဟု ပြောခဲ့သော်လည်း အချို့လယ်သမားများမှာ မြေစာရင်းဦးစီးဌာနမှ (၃၀ဝိ/-)ဖြတ်တောက်ခံရ၍ (၁၇၀ဝိ/-)သာ ရရှိသူများလည်း ရှိခဲ့ပါသည်။ ယာလျော်ကြေး၊ ရေလှောင်ကန်လျော်ကြေး၊ ရေလျံတွင်းလျော်ကြေး၊ ထန်းပင်လျော်ကြေးနှင့် အခြားသီးပင်စားပင် လျော်ကြေးငွေ မရရှိခဲ့ကြပါ။
၄။ ကျွန်တော်တို့ပိုင် လယ်မြေဧက(၁၀၀၀)ဧကကျော်ကို အတင်းအားဓမ်္မ သိမ်းပိုက်သွားခဲ့သော်လည်း (၁၀၀၀) ဧကကျော်လယ်မြေများအားလုံးအပေါ် စက်ရုံတည်ဆောက်ခဲ့ခြင်းမရှိဘဲ ဧက(၈၀)ဝန်းကျင်လောက်သာ စက်ရုံဝင်း အဖြစ် တည်ဆောက်ခဲ့ကြပါသည်။ ကျန်လယ်မြေဧက(၉၀၀)ကျော်မှာ လစ်လပ်လျှက်ရှိပါသည်။ လယ်ယာမြေများအား စက်ရုံစီမံကိန်းအတွက် လိုသည်ထက်ပို၍ သိမ်းဆည်းခံခဲ့ရသည့်အတွက် တောင်သူများမှာ ယနေ့ချိန်ထိ (၁၃)နှစ်ကြာမျှ စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း မရှိ၍ ဆင်းရဲဒုက်္ခအမျိုးမျိုး ရောက်ခဲ့ကြရပါသည်။ လစ်လပ် ကျန်ရှိနေသော လယ်မြေ(၉၀၀) ဧကကျော်တွင် ကျွန်တော်တို့တောင်သူလယ်သမားများ မိမိပိုင်မြေကို လုပ်ပိုင်ခွင့်မရဘဲ မတရားသိမ်းဆည်းသွားခဲ့သော မသက်ဆိုင်သူများမှ နီးစပ်ရာတောင်သူများကို သီးစားချခဲ့ရာတစ်ဧကကို စပါး(၁၀)တင်း ပေးခဲ့ကြရပါသည်။ မိမိပိုင် လယ်မြေကို လယ်သမားများကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း မရှိခဲ့၍ ဘဝရပ်တည်နိုင်ရေးမှာ ချို့ယွင်း ကြရပါသည်။ ကျွန်တော်တို့ တောင်သူလယ်သမားများ၏ သားသမီးများ ပညာဆက်လက်မသင်ကြားနိုင်သည့် ဘဝမျိုးရောက်ခဲ့ရပြီး တကောင်းမြို့နယ်ရှိ တရုတ်ကုမ်္ပဏီပိုင် နီကယ်စက်ရုံတွင် တရုတ်လူမျိုးများ၏ အဝတ်အစား လျော်ပေးရခြင်း၊ ထမင်းဟင်းချက်ပေးရခြင်းစသည့် အောက်ခြေသိမ်းအလုပ်များကို သွားရောက် လုပ်ကိုင်နေရသဖြင့် တိုင်းတပါးသားများရဲ့ ကျွန်ဘဝသို့ ရောက်ခဲ့ရသည်မှာ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် ရင်နာမဆုံး ဖြစ်ကြရ ပါသည်။
၅။ သို့ဖြစ်ပါ၍ စက်ရုံစီမံကိန်းမြေမှအပ ကျွန်တော်တို့ တောင်သူလယ်သမားများပိုင်ဆိုင်သော လစ်လပ် ကျန်ရှိနေသည့် မြေဧက (၉၀၀)ဧကကျော်ကို တောင်သူလယ်သမားများအား ပြန်လည်ပေးအပ်ပြီး လုပ်စားခွင့် ပြုပါရန် မှတ်ပုံတင်ခွင့်ပြုပါရန်နှင့် မတရားသဖြင့် အတင်းအဓမ်္မလယ်ယာမြေများကို ခြိမ်းခြောက်သိမ်းယူသွားခဲ့သူများအား စုံစမ်းအရေးယူ ဆောင်ရွက်ပေးပါရန် မှတ်ပုံတင်မိတ်္တူနှင့်အတူ လယ်သမားများ၏ လက်မှတ်ထိုးမိတ်္တူများပါ ပူးတွဲ ပေးပို့ တင်ပြတိုင်ကြားအပ်ပါသည်။
တိုင်ကြားသူ
သိန်းထွန်းအောင်
၅/ကဘလ(နိုင်) ၁၃၄၈၇၅
ထန်းတပင်ကျေးရွာ၊ ကန့်ဘူလူမြို့နယ်။
မိတ်္တူကို –
– သူရဦးရွှေမန်း၊ ဥက်္ကဋ္ဌ၊ပြည်သူ့လွှတ်တော် နေပြည်တော်။
– ဦးမြင့်လှိုင်၊ ပြည်ထောင်စုဝန်ကြီး၊ လယ်ယာဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်။
– ဦးသာအေး၊ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ရုံး၊ စစ်ကိုင်းမြို့။
– ဦးဝင်းမြ၊ ဥက်္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရုံး၊ ရန်ကုန်။
– ဥက်္ကဋ္ဌ၊ တိုင်ကြားစာနှင့် အသနားခံစာစိစစ်ရေးကော်မတီ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်။
– ဒေါ်အောင်ဆန်းစုကြည်၊ ဥက်္ကဋ္ဌ၊ ဗဟိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ ရန်ကုန်မြို့။
– စတီးမာရှယ်၊ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ၊ (ှုူဥ)အပြည်ပြည်ဆိုင်ရာ ကမ်္ဘာ့အလုပ်သမားများ အဖွဲ့ကုန်သည်ကြီးများဟိုတယ်(၁၂)ထပ်၊ ရန်ကုန်မြို့။
– အုပ်ချုပ်ရေးမှူး၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ရွှေဘိုမြို့၊
– အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ကန့်ဘလူမြို့။
– လက်ခံ

နေ့စွဲ။ ၂၀၁၂ခုနှစ်၊ ဇူလှိုင်လ ၁ဝ ရက်

အကြောင်းအရာ။ သိမ်းဆည်းသွားသော လယ်ယာမြေများပေါ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ သကြားစက်ရုံနှင့် အရက်ချက်စက်ရုံ တည်ဆောက်ခဲ့ပြီးလစ်လစ်၍ ကျန်ရှိနေသော လယ်ယာမြေများအား ပြန်လည်ရရှိရေးအတွက် တိုင်ကြားခြင်း။