အသင်ရထားကြီး
သင်ဖြတ်သွားသော်
ငယ်စဉ်ကလေးဘဝ
ဘာကြောင့်ရယ်မသိ ငါတို့ပျော်၏

အသင်ရထားကြီး
ငါကြီးလာသော်
ပညာရှာမှီး မြို့သို့သွားရန်
သင့်ကိုစီး၏

အသင်ရထားကြီး
ငါအရွယ်ရောက်သော်
ပညာတတ်မြောက် လုပ်ငန်းရောက်၍
မြန်ပြည်တလွှား သင်သွားလိုရာ သွားနိုင်စေရန်
ငါ့ပညာဖြင့် လမ်းဖောက်-တံတားဆောက်
လုပ်ဆောင်ခြင်းဖြင့်
သင်လည်းပျော်ရွှင်
ပြည်သူအများ ၀မ်းမြောက်ပါစေသတည်း။

မင်းသုတ
10:25 AM
13.2.2012

About zaw win

zaw win has written 78 post in this Website..