မောင်ဝလုံး ခရီးသွားနေသည် (မန ္တလေးမှ ရန်ကုန်သို့)

mgwaloneJuly 30, 20121min1219

ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်ထဲမှာ မေးကြဖြေကြတာတွေ ကြားလိုက်၊ ဖတ်လိုက်ရပါတယ်။ ရန်ကုန်-မန ္တလေး အမြန်လမ်းမကြီးမှာ အမြန်လမ်းမကြီးတစ်ခုရဲ ့ အင်္ဂါရပ်တွေနဲ့ မညီညွတ်သေးတဲ့အကြောင်းနဲ့ လိုအပ်ချက်များကို ဘယ်လို ပြုပြင်မယ်ဆိုတာတွေကို မေးတာပါ။ မေးတဲ့မေးခွန်းကို ဖြေတဲ့သူက အမှန်တကယ် မဖြေသွားပါဘူး။ သူဖြေချင်တာကိုပဲ ဖြေသွားတာပါ။

တိုက်တိုက်ဆိုင် မောင်ဝလုံး မန ္တလေးကနေ ရန်ကုန်ကို အမြန်လမ်းမကြီးပေါ်ကနေ သွားဖြစ်ပါတယ်။ လိုင်းကား နဲ့ မဟုတ်ပဲ သူငယ်ချင်းတစ်ယောက်ရဲ ့ ကိုယ်ပိုင်ကားနဲ့ပါ။ တစ်ယောက်တလဲ မောင်းကြရင်း လမ်းမှာ တွေ ့သမျှ မြင်သမျှ လက်ဆော့ခဲ့တာတွေကို ပြန်လည် တင်ပြလိုက်ပါတယ်။

ပုံ (၁) ကတော့ မန ္တလေးက ထွက်လာပြီး အမြန်လမ်းနဲ့ တံတားဦး-ပလိပ်လမ်းဆုံနေရာ အဝိုင်းနားမှာပါ။ မြင်း လှည်း ဆိုင်ကယ် အားလုံးကို အမြန်လမ်းပေါ်မှာတွေ့နိုင်ပါတယ်။ ပိုက်ဆံကောက်တဲ့ ဂိတ်က ဝန်ထမ်းတွေကို မေးတော့ ဒီအပိုင်းက (စကားအင်း(လေဆိပ်လမ်းဆုံနားက ဂိတ်) ကနေ တခွန်တိုင် အဝိုင်းအထိ) အမြန်လမ်းပိုင်းထဲမှာ မပါဘူးလို့ ဆိုပါတယ်။

ပုံ (၂) ကတော့ အမြန်လမ်းမကြီးပေါ်တွင် ကျွဲ၊ နွား၊ ဆိတ်မကျောင်းရ၊ သင့်ကျွဲ၊ နွား၊ ဆိတ်များကြောင့် တစ်ပါးသူ မထိခိုက်ပါစေနှင့် (စာသား အတိအကျများ မဟုတ်ပါ) ဆိုတဲ့ စာတွေအတွက်ပါခင်ဗျ။

အမြန်လမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီး သင်နေတာလို့ ထင်ပါတယ်။ ပုံ (၃)ပါ။ ဦးထုပ်ကလည်း မဆောင်း၊ လမ်းပြောင်းပြန်က စီးလာ။ ဆိုင်ကယ်ကတော့ လိုင်စင်မဲ မဟုတ်ဘူးထင်ပါတယ်။

ကားမောင်းနေရင်း မိုးရေစက်တွေကြားက ရိုက်လိုက်တဲ့ပုံပါ။ (ပုံ-၄) ။ မြင်ကွင်းမကောင်းလှပေမဲ့ အမြန် လမ်းမ ကြီးနဘေးမှာ ရပ်နားထားကြသော ဘုရားဖူး လှည်းများကို တွေ့နိုင်ပါတယ်။

ပုံ (၅) ကတော့ မည်သည့်ဌာန၊ မည်သို့သော ခွင့်ပြုချက်ဖြင့် လာရောက်သည်မသိ။ အမြန်လမ်းမကြီးပေါ်သို့ ခရီးသည်တင်ကားများ ကုန်တင်ဆောင်လာလျင် တက်ခွင့် မရှိ ဆိုတဲ့ စာသားလေးတွေ့တော့ ကုန်ကားတွေ ကုန်တင်လျင် တက်လို့ရလို့ နေမှာပေါ့လို့ တွေးမိပါ၏။

အမြန်လမ်းမကြီးပေါ်မှာ သက်ဆိုင်ရာ ဒေသအပိုင်းအခြားအလိုက် ရဲကင်းများ၊ ရဲစခန်းများ ဖွင့်လှစ်ထားပါတယ်။ လိုအပ်သူများကို ကူညီနိုင်ရန် (ဥပမာ-ကားပျက်၊ ယာဉ်မတော်တဆဖြစ် စသည်) လို့ သိရပါတယ်။ ပုံ-၆ မှာ ဝတ်စုံပြည့်ဖြင့် ဆိုင်ကယ်စီးခွင့် မရှိသော အမြန်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းတစ်ဦးကို တွေ့နိုင်ပါတယ်။

အစာရေစာ ပေါများလှတဲ့ အမြန်လမ်းမကြီးပေါ်မှာ အေးအေးလူလူ အစာစားနေတဲ့ ကျွဲညီနောင်ပါ။ (အလယ်နဲ့ လမ်းဘေးမှာ တစ်ကောင်စီ) ပုံ-၇

ပုံ-၈ က ဆရာကတော့ ဦးထုပ်တော့ ဆောင်းတယ်။ ဆိုင်ကယ်ကတော့ လိုင်စင် ရှိပုံမရ။ မြင်းဝါထဲကလည်း စီးနေပါတယ်။ လမ်းပြောင်းပြန်ဖြစ်နေတာလေးပါပဲ။ အဲ အမြန်လမ်းမကြီးပေါ်မှာဖြစ်နေတာလေးတော့ ရှိတာပေါ့လေ။

အမြန်လမ်းမကြီးဘေးက အချို ့နေရတွေမှာ သံဇကာတွေ ၊ စည်းရိုတွေ ကားထာတာတော့ တွေ့ပါတယ်။ အချို ့ နေရတွေမှာ ရွာကိုသွားဖို့ သံစကာကို ရှောင်သွားရင် ဝေးတော့ သံဇကာတွေကို ခွာထားတာတွေလဲ တွေ့ခဲ့ ရပါတယ်။

ဓါတ်ပုံ မရိုက်လိုက်ရပေမဲ့ သူငယ်ချင်းပြလို့ မြင်လိုက်တာလေးတစ်ခုကတော့ မပြုံပဲနဲ့ ဝါးလုံးကွဲရယ်ချင်စရာလို့ ဆိုရမလားပဲ။ အမြန်လမ်းမကြီးပေါ်မှာ ဆိုင်းဘုတ်တွေက အများသားခင်ဗျ။ မိုင်နှုန်းကန့်သတ်ချက်၊ ယာဉ်မောင်း တွေ မအိပ်ငိုက်အောင် သတိပေးချက်။ စသဖြင့်ပေါ့လေ။ အတော်များ၊ အတော်စုံပါတယ်။ အဲဒီထဲမှာ အမြန်လမ်းပေါ်တွင် ဆိုင်ကယ်စီးလျင် အသက်ဆုံးရှုံးနိုင်ပါသည် ဆိုတာမျိုးလဲ ပါပါတယ်။

အဲ မြင်လိုက်ရတာက အဲဒီဆိုင်းဘုတ်ကို သယ်ပြီး လမ်းဘေးမှာ လာထောင်ကြတဲ့ ဝန်ထမ်းများအားလုံးက ဆိုင်ကယ် ကိုယ်စီနဲ့ပါခင်ဗျ။ ကဲ ဘယ်လိုလုပ်ကြမလဲ ……….. လို့။

အဲဒီဆိုင်းဘုတ်တွေထဲမှာ ထူးဆန်းတာကတော့ ပုံ -၉ ပါ။ ကျွန်တော်တို့ ကားကတော့ မပျက်ခဲ့လို့ ဘယ်လို ပိုက်ဆံကောက်၊ ဘယ်လို အရေးယူမလဲတော့ မသိခဲ့ပါ

အမြန်မောင်းနေတဲ့ ကားပေါ်ကနေ ရိုက်ခဲ့တာရယ်။ ကျွန်တော် ညံ့တာရယ်ကြောင့် အချို ့ပုံများ မကြည်မလင်၊ မပြတ်မသား ဖြစ်နေတာကို ခွင့်လွှတ်ပါလို့ အားလုံးကို တောင်းပန်ပါတယ်။

မောင်ဝလုံး

9 comments

  • mgwalone

    July 30, 2012 at 7:06 am

    ကျွန်တော်ကံမကောင်း လို့ပဲ ဆိုချင်ပါတယ်။ ပုံတွေကို Size လျှော့ပါတယ်။ သေချာတင်ပါတယ်။ Fullsize ကိုလည်း ရွေးခဲ့ပါတယ်။ Resolution လည်း လျှော့။ 200 k အောက်မှာပဲ save လုပ်ပြီးမှ တင်တာပါ။ ဘာလို့ သေးသွားသလဲ မပြောတတ်တော့ပါ။ ပုံစာညွှန်ကိုထည့်တာ အောက်က စာနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ အောက်ဆုံးပုံက နံပါတ် (၁) လို့ စီပြီး ကြည့်ပါလို့ တောင်းပန်ပါရစေ။ ကျွန်တော်ပုံတင်တာ အဆင်မပြေတာကို ပို့စ်ကနေ ဝိုင်းဝန် အကြံပေးကြသူများ တစ်ကူးတစ်က အချိန်ယူပြီး email ပို့က ရှင်းလင်း သင်ပြပေးသူများကို ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောပါရစေ။ ဆရာကောင်း တပည့် မဖြစ်ခဲ့တာကိုလည်း တောင်းပန်ပါတယ်။ဆက်ပြီး ကြိုးစားပါမယ် ခင်ဗျာ။
    မောင်ဝလုံး

  • mgwalone

    July 30, 2012 at 7:10 am

    အခုမှ ပြန်ကြည့်မိတယ်။ ပုံ ၃ နဲ့ ပုံ ၆ မှာ ကျွန်တော် ပြချင်တာ မပေါ်ဘူးဖြစ်နေတယ်။ ပုံကို click လုပ်ပြီး ကြည့်ပေးပါ။ ပုံအစွန်မှာပါတဲ့ ဆိုင်ကယ်တွေက ပို့စ်မှာ မပေါ်ဘူးဖြစ်နေပါတယ်။

  • မောင်ပေ

    July 30, 2012 at 8:54 am

    ဝန်ထမ်းတွေ ဆိုင်ကယ်မောင်းနေကြတာကတော့ တာဝန်ကြရာဆီကို အသွားအပြန် ပို့ပေးမယ့် ဖယ်ရီမရှိလို့ ဖြစ်မယ်
    အမြန်လမ်းမကြီးပေါ်မှာ အခုချိန်အထိ ကျွဲ နွား ဆိတ် တွေ ရှိနေသေးတာကတော့ ခရီးသွားတွေအတွက် တစ်ကယ့်သေကြောင်းကြံစည်ခံရခြင်းပါပဲ

  • P chogyi

    July 30, 2012 at 9:07 am

    အမြန်လမ်းယာဉ်စည်းကမ်းထိန်းသိမ်းဖို့ဆိုပြီး
    ပီကယ် ၄၀ဝ တာဝန်ပေးလိုက်တယ်တဲ့
    မြို့ထဲမှာ ခွင်ရိုးသွားလို့ မြို့ပြင်ထွက်ပြီ

  • Zero Hour

    July 30, 2012 at 10:25 am

    ဝလုံးကို နေပြည်တော် အမတ်မင်း အဖြစ်ခန့်သင့်တယ်။
    ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို အဲလို လက်တွေ့ မျက်တွေ့ ကွင်းဆင်းလေ့လာလို့။

  • mgwalone

    July 30, 2012 at 2:43 pm

    ဝထန်းတွေ ကြို/ပို့ ယာဉ်ထားဖို့ဆိုတာလေး သဘောကျသဗျာ။ အမြန်လမ်းပေါ်မှာ အလုပ်လုပ်ဖို့ တာဝကျသူ အတွက် ကားမရှိတော့ ဆိုင်ကယ် စီးရတာဆိုတော့လည်း။ ဒါပေမဲ့ ကျွန်တော် လာရင်းနဲ့ ဝန်ထမ်းတွေနဲ့ လမ်းပြင်လာတဲ့ ဆောက်လုပ်ရေးကကား အမြန်လမ်းဘေးက မြေသားလမ်းပေါ်မှာ ဗွက်နစ်နေတာ တွေ့ခဲ့သဗျ။
    zero hour@ အမတ်တော့ မလုပ်ချင်ပါဘူးခင်ဗျာ။ အခုဟာကလဲ သွားရင်းလာရင်း လမ်းကြုံ လက်ဆော့ခဲ့တာ။ ကျေးဇူးတင်ပါတယ်။

  • သန်းထွဋ်ဦး

    July 30, 2012 at 9:58 pm

    အတော့်ကို စိတ်ပျက်စရာသတင်းပါလား ကိုဝလုံးရေ။
    ပို ့စ်အတွက် ကျေးဇူးပါနော့်။ဓါတ်ပုံစတင်တော့ကျနော့်
    ကို ကိုပေါက်ဖော်တို ့ဝိုင်းကူညီကြတာ။
    Resolutionကို 600-မကျော်အောင်ထားပါ။ပို ့စ်၏ဘယ်
    ဖက်တွင်ထားရန် ဆိုဒ်ကို ကြိုက်ရာထားနိုင်ပါတယ်ဗျာ

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 10:03 pm

    သေချာဒယ် ..
    “ငါတို့က ယာဉ်တန်းနဲ့လာတာ။” ဆိုတဲ့ ပုံကို ရိုက်တုန်းက
    မိုးရွာနေမယ် … ကွိ .. ကွိ ..
    😀

  • ဖိုးထောင်

    July 31, 2012 at 1:16 am

    အမြန်လမ်းမကြီးပေါ်က အမြန်လမ်းဥပဒေအတိုင်း နိုင်ငံကြီးသားများပီသစွာလိုက်နာနိုင်ကြပါစေ

Leave a Reply