အနောက်ကမာ္ဘမှာ ထေရဝါဒ ဗုဒ္ဓဘာသာ လူသိနည်းတာ ဘာကြောင့်လဲ တွေးနေမိတယ်။ အတွေးအခေါ် အယူဝါဒတခု ပေါက်မြောက်ဖို့သည် နယ်ခံတွေရဲ့ အကျင့်စရိုက်နဲ့ အများကြီးဆိုင်တယ်။ အဲဒီယဉ်ကျေးမှု လားရာကို ခေတ်ရေစီးကြောင်းက ပုံဖော်ပါတယ်။ အဲလိုကောက်ချက်ချရင် လွတ်မြောက်မှု အတွေးအခေါ်ဟာ အဖြေပဲ။ လစ်ဘရယ်များအကြား ရေပန်းစားတဲ့ ဇင်၊ မဟာယာနမှာ စာသိပ်မပြောဘူး၊ ကန့်သတ်ချုပ်ချယ်မှု အနည်းဆုံးထားတယ်။ သိသလောက် တိဗက်မဟာယာနမှာလည်း ထေရဝါဒလိုပဲ ပညတ်ချက်တွေ အများကြီး ရှိပါတယ် သို့ပေမယ့် အနောက်ကမာ္ဘ ရောက်လာတဲ့အခါ လိုရင်းပွိုင့်ကို ထုတ်ပြတယ်။ ဓမ္မအရသာကို ဦးစွာ မြည်းစမ်းစေတယ်။ အားသာချက် အားနည်းချက်ကတော့ ဘယ်နေရာမဆို ရှိစမြဲပဲ၊ လွတ်လပ်မှုကြောင့်ဖြစ်တဲ့ အမှားတွေကို ညွှန်ပြတတ်ရင် ထိန်းချုပ်မှု ဆိုးကျိုးတွေကိုလည်း သိတတ်ရမယ်။ လက်ရှိကမာ္ဘမှာ ဗုဒ္ဓသာသနာ ဘယ်ဖက်က ပြုနေသလဲ မြင်ကြည့်ကြပေါ့ဗျာ။ အရေအတွက်ထက် အရည်အချင်း ပိုအရေးကြီးကြောင်း အချို့ စောဒက တက်ချင်တက်မယ်။ အကြံပေးချင်တာ လွတ်မြောက်မှု ရှုဒေါင့်ကနေ မိမိလက်ခံထားတဲ့ အမြင်ကို သုံးသပ်ကြည့်ပါ။ မူလအမြင် ပြီးပြည့်စုံမှုကနေ မတူတဲ့ အဖြေထွက်ကောင်း ထွက်လာမယ်။ ထေရဝါဒမှာ ကမ္မဌာန်းနည်းတိုင်း၊ ဆရာတိုင်း မမှန်သလို မဟာယာန၊ ဇင်ဝါဒတွေမှာလည်း ချို့ယွင်းချက် ရှိမှာငြင်းမရဘူး။ အဓိက ဆိုလိုရင်းသည် ပင်မကျောရိုး ရပ်တည်ချက်ကို အစွဲကင်းကင်း ဆင်ခြင်တတ်ဖို့ပါ။

သဘာဝရိပ်သာ ဆူနာမီဆရာတော် ဦးဥတ္တမသာရ


ဖြစ်တတ်၊ ဖြစ်လည်းဖြစ်နေတာ လွတ်လပ်မှုကို အလွန်အကျွံသုံးပြန်တော့ အထိန်းအကွပ်မဲ့ ပျက်ဆီးပါတယ်။ ဖန်ဆင်းရှင် ထိန်းချုပ်မှုကို ပယ်ချထွက်ခွာလာတဲ့ အနောက်တိုင်းက လူသားဝါဒီ၊ ရုပ်ဝါဒီများသည် မူးယစ်ဆေး၊ လိင်အာရုံခံစားမှု၊ လူ့ဘောင်စည်းကမ်း ထောင်ချောက်များအောက် သက်ဆင်းရတယ်။ ဗုဒ္ဓဝါဒကို လက်ခံပေမဲ့ အတွေးအခေါ်မှာတင် ရပ်တာများတယ်။ ဖန်ဆင်းရှင်ဂေါ့ဒ် အယူကိုပယ်ဖို့ ကျိုးကြောင်းဆီလျော်ချက်မှာတင် လမ်းဆုံးကြတယ်။ လက်ရှိဘဝနဲ့ ပစ္စုပ္ပန် တည်ရှိမှုကို အသားပေး အချိန်ကုန်လွန်ပါတယ်။
လွတ်မြောက်ခြင်း ဝိမုတ္တိရသ ခံစားဖို့ဆိုတာ ဒီမိုကရေစီစနစ်လိုပဲ လွတ်လပ်မှုနဲ့အတူ တာဝန်သိမှု၊ စည်းကမ်း လိုက်နာမှုတို့လည်းဆိုင်တယ်။ ဒါတော့ယူပြီး ဟိုဟာချန်ထားလို့ မရစကောင်းဘူး။ သီလ၊ သမာဓိ၊ ပညာ မဂ္ဂင်ရှစ်ပါးလမ်းကြောင်းနဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဗိုလ်ငါးဗိုလ်တို့သည် ပရမ်းပတာ မဖြစ်စေဖို့ ထိန်းကွပ်ပေးတဲ့ အရံအတားများဖြစ်တယ်။ သတိပြုရမှာ ဘုရားပြီး ငြမ်းဖျက်သလို သုံးယုံသုံးပြီး မစွဲမိစေဖို့။ ညဏ်ရှိတိုင်း ချဲ့လွန်းရင် ပေါ့စေလို ဆေးမှင်ထိုး ကြောင်အတွက်လေး ဖြစ်ရတယ်။ ပညတ်သတ်မှတ်ချက်ကို ပယ်ခြင်းတွယ်ခြင်း အစွန်းနှစ်ဖက် လွတ်အောင်နေခြင်းကို လွတ်မြောက်ခြင်းလို့ မြင်ကြည့်နိုင်တယ်။ ရွာထဲမှာ ပစ်စုတ်ပံဂိုဏ်းသားများပြောတဲ့ ဘုရားဟော ရှေးဘဝ နောက်ဘဝ မြဲတယ် မမြဲဘူး ဟိုဟာဒီဟာ မယူနဲ့ဆိုတာ အဲဒါပဲ။။ ပယ်ရင်လည်းမလွတ် တွယ်ရင်လည်းမကျွတ်၊ သက္ကာယဒိဠိ တန်းလန်းငြိနေတယ်။ ပယ်တယ်ဆိုတာ မရှိမှတ်လို့၊ တွယ်တယ်ဆိုတာ အရှိမှတ်လို့ အဲလိုဆိုလို့ကတော့ ပညတ်ပဲဖြစ်ဖြစ် ပရမတ်ပဲဖြစ်ဖြစ် ဘာပဲ တွယ်တွယ် ပယ်ပယ် မလွတ်ဘူး။ ပရမတ်ကို ပညတ်ကွယ်သလို လွတ်မြောက်မှု နိဗ္ဗာန်ကို ပရမတ်ဖယ်တယ်။
ပညတ် ပရမတ် အပြစ်မတင်ဘူးနော်၊ သူတို့ကို အဟုတ်ထင်တာကိုပြောတာ။ အရောင် အဆင်း အထိအတွေ့ ငြင်းလို့မရဘူး၊ လက်တွေ့ တကယ်ကို ရှိနေတယ်၊ ရှောင်ရမှာ အဲဒါတွေကို ဟုတ်တယ်လို့ မှတ်ထင်နေတာ။ အဝါရောင်လို ထင်နေတာ၊ မျက်လုံးနဲ့မြင်တယ်လို့ မှတ်နေတာ၊ ငါလုပ်တယ်လို့ စွဲနေတာ။ ကုန်ကုန်ပြောရင် ဖြစ်ပျက်သင်္ခါရကို အရှိလုပ် ဆင်ခြင်နေရင်ကို လွဲနေပြီ။ ကိလေသာ အာသဝေါကုန်သွားတဲ့ ရဟနာ္တလို ပညာသိ မသိပေမဲ့ လမ်းကြောင်းမှန်ပေါ် ရှိနေဖို့တော့လိုတယ်။ သွားနေရင်းနဲ့ လွဲသွားပြန်ထိန်း ချော်သွားပြန်တက် အလေ့အကျင့် လုပ်ဖန်များတော့ ညဏ်ဖြစ်တယ်။ ထပ်ပြောမယ် ရှိနေတဲ့ ရုပ် နာမ်တရားတွေကို မပြောဘူး။ ဖြစ်ပျက်ဆိုတာလည်း အဲဒီအရာတွေ ပြောင်းလဲပျက်ဆီးနေတာ ပြောတာမဟုတ်ဘူး၊ အရှိမှတ် အဟုတ်ထင် တရစပ်ကြီး တငါငါစွဲယူ ထင်မှတ်နေတာကိုပြောတာ။ (ခွီးထဲမှပဲ ငါလည်း ပညတ်သိပ်တင်ရင်းနဲ့ မိုးပြားဂိုဏ်းဝင် ဖြစ်တော့မှာပဲ။ မတူဘူးနော်၊ တခြားစီ..)
လွတ်မြောက်ခြင်းလိုပဲ စွန့်လွှတ်ခြင်းကို နိဗ္ဗာန်ရကြောင်းအဖြစ် မြင်ကြည့်ရအောင်။ မစွန့်လွှတ်လို့ကတော့ မလွတ်မြောက်ဘူး။ စွန့်တိုင်း လွတ်သလားဆိုတော့ မဟုတ်ပြန်ဘူး၊ ပညာဦးစီးရမယ်။ တွဲရမှာ ကွဲရမှာ ခွဲရမှာ ပညာသိ မသိသ၍တော့ ကံကုသိုလ်နဲ့ အဆုံးသတ်ပေါ့ဗျာ။ တွေ့ယုံတွေ့ပြီး မယူပဲထားတာကို စွန့်ခြင်းလို့ ပြောတယ်မှတ်ပါ။ မိုးကုတ်နည်းသုံးချင်သုံး၊ မဟာစည်နည်းထိုင်ချင်ထိုင်၊ စွန်းလွန်းနည်းကျင့်ချင်ကျင့် သို့သော် အဲဒီနည်းတွေကို ဆုပ်ကိုင်မထားနဲ့။ ပဋိစ္စသမုပ္ပ၊ သတိပဌာန်၊ အာနာပါန အသုံးချပါ ယူမထားနဲ့၊ အသိတခု ရလာလား သိမ်းမထားနဲ့၊ ညဏ်အစစ်သည် ဘယ်တော့မှ ပျောက်မသွားဘူး။ စွန့်ပါများရင် အကျင့်ရသွားမယ်။ ထာဝရ ဥပုသ်သည်လို နေ့လွဲညစာအရေး မရှိတော့ဘူး၊ တွယ်စရာနည်းတော့ လွတ်မြောက်ဖို့ နီးစပ်လာမယ်၊ များများစွန့် များများလွတ် အကုန်စွန့် အကုန်လွတ်မယ်။ တခုတော့ရှိတယ် စွန့်နေသေးသ၍၊ စွန့်ခြင်းအပေါ် စိတ်ထား နေရသ၍တော့ မပြတ်သေးဘူးမှတ်ပါ။
နောက်ဆုံးတခါ ပြည့်စုံပြီးမြောက်ခြင်းကို အလားတူ သုံးသပ်ကြည့်ရအောင်။ လွတ်မြောက်တော့ စွန့်စရာမရှိ၊ စွန့်တတ်တော့ လွတ်မြောက်၊ လောကသုံးပါး ဘုံသုံးပါး လွန်မြောက်သွားတော့ မပြီးပြည့်စုံသွားပေဘူးလား။ ပြည့်စုံမှုအစစ်ကို မလိုချင်တော့မှ ရတယ်။ စွန့်ဖို့မရှိတော့မှ ဖြစ်တယ်။ အတိတ် အနာဂတ် ပစ္စုပ္ပန် ဘာမှမကျန်၊ အတိတ်ကံပါရင် ကြုံစရာရှိကြုံ ဆုံစရာရှိဆုံ။ ပြုတဲ့ကံအလျောက် ရုပ်နာမ် ခံစားပေမဲ့ စိတ်လွတ်မြောက်နေပြီ။ အဆက်မပြတ် ပြောင်းလဲခြင်း သင်္ခါရနယ်ကို အာရုံညွတ်စရာ ကင်းသွားပြီ။ ဖြစ်ခြင်းပျက်ခြင်းမဲ့ အသင်္ခတနယ် သုညဓါတ်ဆိုက်နေပြီ။ အားလုံးပြည့်စုံသွားပြီ၊ ပိဋကတ်သုံးပုံ မသိလည်း တရားရှိသွားပြီ၊ ဝိနည်းနားမလည်လဲ နေတတ်သွားပြီ၊ ဘုရားမရှိခိုးလည်း နှလုံးသားထဲ ဘုရားတည်နေပြီ။ အဆုံးစွန် အောင်မြင်သွားတဲ့ ဓမ္မအသိကို စကားလုံးတွေနဲ့ ပညတ်တင်တဲ့အခါ ပိဋကတ်သုံးပုံပဲ ပြန်ရမယ်။
ပြန်ချုပ်ရရင် လွတ်မြောက်ခြင်း၊ စွန့်လွှတ်ခြင်း၊ ပြည့်စုံခြင်းတို့ တခုနဲ့တခု ဆက်နွယ်နေတယ်။ တခုအောင်ရင် ကျန်နှစ်ခုလည်း အလိုလိုပါတယ်။ အဆုံးစွန်ထိ မပြီးမြောက်သေးလည်း သူ့အထွာနဲ့သူ တနွယ်ငင်တစင်ပါ ဓမ္မအရသာ ခံစားသိနိုင်တယ်။ ပြောင်းပြန်အားဖြင့် တခုခုများ ကျန်နေသေးတယ် ဆိုရင်တော့ ထင်နေတာ မဟုတ်သေးဘူးမှတ်..။
ညွှန်းပါရစေ ဓမ္မအမွေ။ http://realenlightenment.multiply.com/

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး