ကိုယ့်တာဝန်နှင့်အခန်းဆက် အတွေးများ (၂)

ယောဆရာကြီးကဓာတ်ပုံဆရာမဟုုတ်ပါ ဓာတ်ပုံအကြောင်းနားမလည်ပါ ဓာတ်ပုံပြပွဲလေး အောင်မြင်တာကို ကြည်နှုးနေသူပါ ။ ဥပဒေကိုစိတ်ဝင်စားတယ် စာပေကိုမြတ်နိုးတယ် ပြီးခဲ့တဲ့ပိုစ့်မှာ
မှော်ဆရာရဲ့ Commend ကနောက်မှတက်လာတာ ဆိုတော့ဖြေရှင်းပေးဖို့ပါမသွားဘူး ဒီမိုကရေစီ စနစ်ကို ရှေးရှုချီတက်နေတဲ့ ရွာကြီးတစ်ရွာဆိုတော့ လွပ်လပ်စွာရေးသားခွင့်ရှိတာပေါ့
ဒါယောဆရာကြီး ရဲ့ကိုယ်ပိုင် အခွင့်အရေးပါ ချစ်ခြင်း မုန်းခြင်း ချီးမွှမ်းခြင်း ကဲ့ရဲ့ခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း အောင်မြင်ခြျင်း ကျရှုံးခြင်း ဒါဟာ လောကဓံပါ ။ ယောဆရာကြီးက
ရာဇဝတ်မှုကျူးလွန်နေသူမဟုတ်ပါ၍ နောက်ကြောင်း လိုက်လိုက် မလိုက်လိုက် အရေးမကြီးပါ တတိယအကြိမ်မြောက် ဓာတ်ပုံပြပွဲမှာ ကုလားထိုင်လွဲနေလို့ စာပေလေ့လာလိုက်စားသူ
ပီပီ ရသစာပေနဲ့ ထောက်ပြလိုက်ခြင်း ဖြစ်ပါသည် ။ ကျေနပ်ခြင်း မကျေနပ်ခြင်း နကမ္ပတိပါ ။ ရသစာပေဆိုတာ အတွေးနယ်ချဲ့ရခြင်းပါ နှလုံးသားထဲကို စိမ့်ဝင်တဲ့အထိတွေးရတာပါ ၊
တွေးလေ ခံစားရလေ အရသာရှိလေ ပါ။ ဓာတ်ပုံပညာနဲ့တော့ တူမယ်မထင်ဘူး။ ရာဇကုမာရ် ကျောက်စာ ၊ သိင်္ဃသူ့သမီးကျောက်စာတို့လောက် ယောဆရာကြီး ပိုစ့်က မနက်ပါဘူး ၊
မသိကိန်းသုံးလုံးပါ တစ်ပြိုင်နက် ညီမျှခြင်းလေး တစ်ခုပါ ။မသိကိန်းတွေရဲ့နေရာကို အစားဝင်ခံစားကြည့်ရင် ရသ စာပေရဲ့အရသာကို ခံစားရမှာပါ ။ စာတစ်ပုတ်ကိုဖတ်လိုက်ရုံမျှဖြင့် ချစ်ခြင်း
မုန်းခြင်း ငိုခြင်း ရယ်ခြင်း တွေကို ခံစားရပြီ ဆိုရင် စာရေးသူရဲ့ရသစာပေ ပြောင်မြောက်ပါပြီ ။ပရိသတ်မရယ်သော ပြက်လုံးကိုလူရွှင်တော် ပြက်မိပါကအရသာမရှိပါ ။လူရွှင်တော့်ပြက်လုံးများ
သည ်ပရိသတ်ကို တဝါးဝါး ပွဲကျစေမှ ရသမြောက်ပါသည် ။ကားနှစ်စင်း ရှေ့နောက်ပြေးနေရစဉ်ရှေ့ကားက ဝေ့လည်လည်လုပ်နေရင် နောက်ကားဆရာက “အင်း ..ရှေ့ကားတော့စာဖတ်နေပြီ ”
ဟုမှတ်ချက်ချပါသည် ။ပုံမှန် ပြန်ဖြစ်သွားပြီ ဆိုရင်တော့ “အင်း .. ရှေ့ကားစာတတ်သွားပြီ ” လို့ မှတ်ချက်ချ ပါသည်။ မည်သူက စာဖတ်နေ၍ မည်သူကစာတတ်သွားပြီ နည်း ။ နှလုံးသားထဲအထိ
ခံစားကြည့်စေချင်ပါသည် ။ မှော်ဆရာ လည်း ဒီမိုကရေစီရွာကြီးထဲမှာ ဝေဖန်ခံနိုင်သူ ဖြစ်ပါစေ လို့ ဆန္ဒပြုပါတယ် ။နေရာမှန် ရပ်တည်နိုင်ပါစေ ။

ဝန်ခံချက် ။ ။ ဓာတ်ပုံပညာအမြင်ဖြင့်ရေးသားခြင်း မဟုတ်ပါ၊
စာပေပညာအမြင်ဖြင့် ရေးသားခြင်း ဖြစ်ပါသည် ။
ဥပဒေပညာ အမြင် များကိုလည်း ဆက်လက်တင်ပြပါမည်။

စာကြွင်း ။ ။ မှော်ဆရာ၏ချမ်းသာကြွယ်ဝမှုများကို အခွန်ဋ္ဌာန တွင် ကြေငြာသင့်ပါသည်။
(လိပ်စာများလွဲနေသလားလို့ .)

ဝါကြွားခြင်း ။ ။ ကလောင်အမည် ယောဆရာကြီးပါ ယောမင်းကြီး ဦးဖိုးလှိုင်နှင့်အမျိုးမတော်ပါ ၊ ဗုဒ္ဓဘာသာ ဗမာလူမျိုးဖြစ်ပြီး လူ့ဘဝတွင် ရွှေရတု ကျော်ခဲ့ပါပြီ ၊ သချင်္ာပညာကို လေးဘာသာဂုဏ်ထူးနဲ့သိပ္ပံဘွဲ့ရပါသည်၊ အထက်တန်းရှေ့နေစာမေးပွဲကျ၍ ရှေ့နေလိုက်ခွင့်မရှိပါ၊ နိုင်ငံ့ဝန်ထမ်းအဖြစ် ငွေရတုပွဲ ကျင်းပဖူးပါသည် ၊ လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆုလက်မှတ် အိမ်မှာရှိပါသည်။ အိမ်လိပ်စာမပြောပါ၊ (အိမ်လည်လာလျှင် လက်မှတ်မပြနိုင်က အခက်တွေ့ပါလိမ့်မည်)။

ယောဆရာကြီး ..

8 comments

  • Khaing Khaing

    July 30, 2012 at 12:15 pm

    ခိုင်ခိုင်စာရေးနေပါသည် …. ဝက်သားဒုတ်ထိုးရောင်းနေခြင်းမဟုတ်ပါ …………. 🙂

  • မောင်ပေ

    July 30, 2012 at 12:22 pm

    လုံးလုံးကို သဘောမပေါက်မိပါကြောင်း
    သတင်းပို ့ခဲ့ပါတယ် ဗျို ့

  • မှော်ဆရာ

    July 30, 2012 at 1:34 pm

    — ဓာတ်ပုံပြပွဲမှာ ကုလားထိုင်လွဲနေလို့ —
    ဓါတ်ပုံပြပွဲကို ကုလားထိုင်တစ်ခု .. နေရာတစ်ခုလို့ ယောဆရာကြီးက သတ်မှတ်ထားပါသလား သိချင်ပါ၏ ။ ?

  • ဥဥ

    July 30, 2012 at 4:56 pm

    အားလုံးရင်ဆိုင် ဒီမိုးသက်မုန်တိုင်းများ
    ကြမ်းတမ်း ကိုယ်ဘယ်ဟာမှ မကြောက်ပီ
    ကိုယ့်ရဲ့ခြေလှမ်း တစ်လှမ်းခြင်းလှမ်းရင်း ခရီးဆက်…… အငဲသီချင်းလေး ဆိုသွားပါတယ်နော

  • ကြောင်ဝတုတ်

    July 31, 2012 at 1:05 pm

    စာကြွင်း ။ ။ မှော်ဆရာ၏ချမ်းသာကြွယ်ဝမှုများကို အခွန်ဋ္ဌာန တွင် ကြေငြာသင့်ပါသည်။
    (လိပ်စာများလွဲနေသလားလို့ .)

    ဦးယောဆရာကြီးရေ… (ရွှေရတုကျော်သူမို့ဦးတပ်ခေါ်ပါသည်…)
    ရွာထဲရောက်နေသူတိုင်း လက်ယာဘက်ဘေးက –
    Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ… ဆိုတာလေးကိုဖြင့် ဂရုပြုစေလိုပါတယ်…
    စာရေးသူကိုယ်တိုင်လဲ ဥပဒေကြောင်းများနဲ့ ရွာ့စည်းကမ်းပိုင်းဆိုင်ရာများကို
    အပြုသဘောဦးတည်နေသူဟုထင်မှတ်မိသောကြောင့်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Rose Minn

    July 31, 2012 at 1:40 pm

    အပြုသဘော ဆောင်ထောက်ပြခြင်းဖြင့် ပုဂ္ဂိုလ်ရေး အရထိခိုက် ခြင်း ရှောင်ကြဉ်လျှင် ပိုမို တိုးတက်မည့်ရွာကြီးဖြစ်ဖို့ ရည်ရွယ်ပါကြောင်း…………………… 🙂

  • Solid_Sn@ke

    August 1, 2012 at 3:34 pm

    ဦးယောဆြာကြီးရေ…

    ယောဆရာကြီးကဓာတ်ပုံဆရာမဟုုတ်ပါ ဓာတ်ပုံအကြောင်းနားမလည်ပါ ဓာတ်ပုံပြပွဲလေး အောင်မြင်တာကို ကြည်နှုးနေသူပါ ။

    ဂေဇက်မန်ဘာဝင်တယောက် အနေနဲ့ …
    အားပေးနေတယ် ဆိုတဲ့ အတွက် ကျေးကျေးပါ …. ။

    တတိယအကြိမ်မြောက် ဓာတ်ပုံပြပွဲမှာ ကုလားထိုင်လွဲနေလို့ စာပေလေ့လာလိုက်စားသူ
    ပီပီ ရသစာပေနဲ့ ထောက်ပြလိုက်ခြင်း ဖြစ်ပါသည် ။

    သည်နေရာမှာ အလွဲလေး နည်းနည်း စပါတယ်… ။ ဘာလို့ သည်လိုပြောရသလိုဆို..
    ဓါတ်ပုံပြပွဲ စဖြစ်လာပုံကနေ စပြောမှ ဖြစ်မှာပါ …။ အင်မတန်ကောင်းတဲ့ အိုင်ဒီယာလေး
    တစ်ခုကို ချစ်ရင်ထူး-၂ က ပြောပြလာပါတယ်..။ ကျနော် ဝင်ရောက်ဆွေးနွေးရင်းနဲ့ …
    သဂျီးအပါအဝင် စိတ်ပါဝင်စားသူ ရွာသူားတွေ ရဲ့ ဝိုင်းဝန်းမှုနဲ့ စတင်ခဲ့တာပါ..

    သည်နေရာမှာ လစဉ် ရွာထဲက ဓါတ်ပုံသမားတွေ ကနေ တစ်ယောက် ကို ခေါင်းစဉ်တခုနှုန်း
    ပေးပြီး ပြပွဲခေါင်းစဉ်း လုပ်ကြမယ်လို့ သဘောတူညီမှု ရယူထားကြပါတယ်။ …
    ပထမလ ဈေးသည် ဟာ ကျနော် ပေးတဲ့ ခေါင်းစဉ်ပါ…။ ကျနော်က အိုင်ဒီယာပိုင်ရှင်
    ခရထ-၂ ကို ဦးစားပေးတဲ့အနေနဲ့ သူ့အနေနဲ့ ပိုစ့်ရေးတင်စေခဲ့ပါတယ်။ ဒုတိယလ
    ချစ်စရာ့အရွယ် ကတော့ ခရထ-၂ ရဲ့ ကိုယ်ပိုင်ခေါင်းစဉ်ပါ …။ အဲ …တတိယလအတွက်
    ကိုလုလင် ကိုမှော် နဲ့ ကိုသော့ တို့ထဲက တယောက်ယောက် ကို မေးရင်းမြန်းရင်းနဲ့ ..
    ကိုမှော် က ခေါင်းစဉ် ဝင်ပေးပေးသွားတာဖြစ်ပါတယ်။ အနှီကာလတွေမှာ ခရထ-၂
    ကော်နက်ရှင်မကောင်း တာကြောင့်ရော …မအားပုံရတာကြောင့်ပါ.. ကိုမှော် တင်လိုက်ပေမယ့်..
    သည်အကြောင်းတွေ အစဉ်တစိုက် ဖတ်လာ သိလာတဲ့ ကျန်ရွာသူားတွေ ဘာမှဝင်မပြောတာ
    နေရာ လွဲတယ် မထင်ကြတာ တွေ့မှာဖြစ်ပါတယ်။ တကယ်က အားလုံး စီစဉ်ထားကြတဲ့
    အတိုင်း ဖြစ်လို့ ဘာပြဿနာ မှ မရှိပါခင်ဗျား …။ ကိုမှော်သည် သူ့အလုပ်သူ လုပ်ခြင်းသာ
    ဖြစ်ပါတယ်…။

    ယောဆရာကြီး ကုလားထိုင် လွဲနေပါတယ် လို့ ..အထင်လွဲနေလို့ ဝင်ရှင်းရတာဖြစ်ပါတယ်…။
    ဒါတွေ ဝင်ရှင်းရတာကတော့ ..သည်လအတွက် ခေါင်းစဉ်ပေးမယ့်လူမရှိသလိုုဖြစ်နေတုန်း
    ကိုမှော့်ကို ခေါင်းစဉ်ပေးပေးဖို့ ..ကျနော်က လောဆော်ခဲ့တာ တကြောင်း…
    ကျနော်ကိုယ်တိုင်လည်း ကော်နက်ရှင်ကောင်းတဲ ့နေရာရောက်နေလို့ … ပုံတွေ စုပြီး
    တင်ပေးတဲ့ တာဝန်ယူထားတာမို့ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စထင်လို့ .ပါဗျို့…

Leave a Reply