***အချိုပေါ့ ***

maung khinminJuly 30, 20121min745

***…အချိုပေါ့ … ***

ရက်စက်ခြင်း ရဲ့  ….
အစွန်းအထင်း မှာ
ဖြူစင်ခြင်း …. ဟာ
ပွဲထွက်ခွင့် မရတော့ ….

ချောင်ကျကျ  ….
ထောင့်တစ်နေရာ .. စားပွဲ ထက်မှာ …
ခေါက်ရိုး အချိုးခံထားရတဲ့ …
စကားလုံး အပိုင်းအပျက် တွေ ..လည်း
အပျိုရည် ပျက်သလို …
ထထ ငိုကြ  …

ကာရန် ပါတာနဲ ့ …
ကဗျာတစ်ပုဒ် …. မဖြစ်နိုင်သလို
ရစ်သမ် ချို ရုံ နဲ ့လည်း ….
ကဗျာ လို ့  မဆိုလို ..တော့
အဲဒီလို ….
အကြောင်းအရာ တွေဟာ ….
ပေါ့ပျက်ပျက်  နဲ ့ …
ဘယ်သူ ကမှ ..
အရေးတယူ မလုပ်တော့တဲ့  …
လက်ကိုင်ပုဝါ အဖြူလေး .. ရယ်
လွမ်းတယ် …..

အိပ်မက် တွေထဲ ဘဲ  . ..
ပန်းတွေ ကို …  ပွင့်ပွင့် ထည့်နေရ ..
နောင်တ အရင့်ရောင် တွေ …နဲ ့
လျှော်ဖွတ် ခဲ့ရလည်း ..
လက်ကိုင် ပုဝါလေးက …
နဂို လောက်တော့ …
ပြန်ဖြူလာမှာ … မဟုတ်တော့ဘူး …။။။

5 comments

  • sanhla phyu

    July 30, 2012 at 12:36 pm

    အိုကီ ရှိတယ် လေ ကဗျာ ဆရာ

  • cherry nwe

    July 30, 2012 at 12:45 pm

    ကဗျာလေးကအရမ်းကောင်းတယ် ကူးယူပါရစေနော်

  • မမ အညာသူ

    July 30, 2012 at 1:16 pm

    ကဗျာလေးကိုအားပေးဖတ်ရှု.သွားပါတယ်
    အရမ်းကောင်းပါတယ်နော်

  • ko khin kha

    July 31, 2012 at 1:48 pm

    လျှော်ဖွတ် ခဲ့ရလည်း ..
    လက်ကိုင် ပုဝါလေးက …
    နဂို လောက်တော့ …
    ပြန်ဖြူလာမှာ … မဟုတ်တော့ဘူး …။။။

    sanhla phyu ပြောသလို အိုကီ ရှိတယ်လေ။

Leave a Reply