ဟိုရှေးရှေးတုန်းကပေါ့ကွယ်

တောစပ်နာမှာသရက်ပင်နှစ်ပင်ရှိတယ်တဲ့ကွယ်……

သရက်ပင်တစ်ပင်က အသီးတွေနှင့်ဝေဆာနေတာပေါ့

တစ်ပင်ကတော့ ဘာအသီးမှမရှိဘူးပေါ့ကွယ်

ဘာအသီးမှမရှိတဲ့သရက်ပင်က သူကိုယ်သူသိမ်ငယ်ပြီး အားငယ်နေတာပေါ့

အသီးတွေနှင့်ပြွတ်လိမ်နေတဲ့ သရက်ပင်ကတော့ အများသူငါ ရဲ့ဂရုစိုက်ခြင်းခံရတော့မာန်ဝင့်နေတာပေါ့ကွယ်

အဲလိုနှင့်သရက်သီးမှည့်ချိန်သို့ရောက်လာခဲ့တာပေါ့

အဲအခါရွာသားတွေရဲ့ဆွတ်ခူးခြင်းကိုလဲခံရ ၊ ကလေးတွေရဲ့ပြစ်ခတ်ခြင်းကိုလဲခံရတယ်

ပြီတော့ နွားကျောင်းသားတွေရဲ့ ပုတ်နှက်ခြင်းကိုလဲခံရရှာတာပေါ့

အဲဒီလိုနှင့်ပဲ သရက်ပင်လေးခမျာ အကိုင်းတွေလဲကျိုး အရွတ်လဲကျွေ အသီးလဲတုန်းခဲ့ရတော့တာပေါ့

ဘာအသီးမှမရှိတဲ့ သရက်ပင်လေးမှာတော့ လူတွေရဲ့နှိပ်စက်ခြင်းဒဏ်ကိုမခံရပဲ အညွှန့်တစ်လူလူနှင့် စိမ်းလမ်းစိုပြေလို့နေပါသတဲ့ကွယ်

ညာပြောချင်တာကပေါ့နော် ဒီလိုပါပဲ

အပြင်လေားကမှလဲ ကိုယ်မှာပစ္စည်းဥစ္စာပေါးလေလေ ရာထူးအရှိန်အဝါကြီးလေလေ

ပက်ဝန်းကျင်ရဲ့ နှိပ်စက်မှု.ကိုခံရလေပါပဲ

တကယ်တော့ ကိုယ်မှာရှိတဲ့ပစ္စည်းတွေ ရာထူးအရှိန်အဝါတွေက ကိုယ်ကိုပြန်ပြီဒုက္ခပေးနေတာပါ

ဘာမှမရှိတဲ့လူမှာတော့ ဘယ်သူမှဒုက္ခပေးလို့မရတော့ဘူးပေါ့ကွယ်

ပုံပြင်လေးကတော့ဒါပါပဲရှင်

အားလုံးကိုခင်မင်လျှက်

ညာ

About မမ အညာသူ

မမ အညာသူ has written 12 post in this Website..