သရက်ပင်နှစ်ပင်ရဲ့ရာဇဝင်

မမ အညာသူJuly 30, 20121min22217

ဟိုရှေးရှေးတုန်းကပေါ့ကွယ်

တောစပ်နာမှာသရက်ပင်နှစ်ပင်ရှိတယ်တဲ့ကွယ်……

သရက်ပင်တစ်ပင်က အသီးတွေနှင့်ဝေဆာနေတာပေ့ါ

တစ်ပင်ကတော့ ဘာအသီးမှမရှိဘူးပေါ့ကွယ်

ဘာအသီးမှမရှိတဲ့သရက်ပင်က သူကိုယ်သူသိမ်ငယ်ပြီး အားငယ်နေတာပေ့ါ

အသီးတွေနှင့်ပြွတ်လိမ်နေတဲ့ သရက်ပင်ကတော့ အများသူငါ ရဲ့ဂရုစိုက်ခြင်းခံရတော့မာန်ဝင့်နေတာပေါ့ကွယ်

အဲလိုနှင့်သရက်သီးမှည့်ချိန်သို့ရောက်လာခဲ့တာပေါ့

အဲအခါရွာသားတွေရဲ့ဆွတ်ခူးခြင်းကိုလဲခံရ ၊ ကလေးတွေရဲ့ပြစ်ခတ်ခြင်းကိုလဲခံရတယ်

ပြီတော့ နွားကျောင်းသားတွေရဲ့ ပုတ်နှက်ခြင်းကိုလဲခံရရှာတာပေါ့

အဲဒီလိုနှင့်ပဲ သရက်ပင်လေးခမျာ အကိုင်းတွေလဲကျိုး အရွတ်လဲကျွေ အသီးလဲတုန်းခဲ့ရတော့တာပေါ့

ဘာအသီးမှမရှိတဲ့ သရက်ပင်လေးမှာတော့ လူတွေရဲ့နှိပ်စက်ခြင်းဒဏ်ကိုမခံရပဲ အညွှန့်တစ်လူလူနှင့် စိမ်းလမ်းစိုပြေလို့နေပါသတဲ့ကွယ်

ညာပြောချင်တာကပေါ့နော် ဒီလိုပါပဲ

အပြင်လေားကမှလဲ ကိုယ်မှာပစ္စည်းဥစ္စာပေါးလေလေ ရာထူးအရှိန်အဝါကြီးလေလေ

ပက်ဝန်းကျင်ရဲ့ နှိပ်စက်မှု.ကိုခံရလေပါပဲ

တကယ်တော့ ကိုယ်မှာရှိတဲ့ပစ္စည်းတွေ ရာထူးအရှိန်အဝါတွေက ကိုယ်ကိုပြန်ပြီဒုက္ခပေးနေတာပါ

ဘာမှမရှိတဲ့လူမှာတော့ ဘယ်သူမှဒုက္ခပေးလို့မရတော့ဘူးပေါ့ကွယ်

ပုံပြင်လေးကတော့ဒါပါပဲရှင်

အားလုံးကိုခင်မင်လျှက်

ညာ

17 comments

  • ဥဥ

    July 30, 2012 at 2:09 pm

    အဲ့ဒီသရက်ပင်ဂျီးဂ…..
    …………
    ……………
    ………..
    ……….
    ခူး………… ခလော…..
    ခူး………… ခရော……… 😀

  • မွန်မွန်

    July 30, 2012 at 2:48 pm

    ဥပမာတစ်ခုပေါ့နော်…
    လခထုတ်ရက်ဆို ဘတ်စ်ကားစီးရတာ စိုးရိမ်စိတ်တွေပြည့်နေတယ်… ပူပန်မှုတွေရှိတယ်… 🙂
    နောက်နေ့ဆိုရင်တော့ အေးဆေးပဲ…

    ဆိုလိုချင်တာက ပိုင်ဆိုင်မှုများရင် ပူပန်မှုများတယ်။ 😛

    • မဟာရာဇာ အံစာတုံး

      July 30, 2012 at 7:54 pm

      အဲ့ဂလို
      မဖစ်ရလေအောင် ..
      အဲ့နေ့ကျရင် ဘေးနားက
      ဘော်ဒီဂတ် တစ်ယောက်လောက်များ မလိုဘူးလား ခညားး
      လိုအပ်ရင် ဖုန်းဆက်လိုက်ပါ ..
      ဖရီး လိုက်ပေးဘာ့မယ် .. ငှဲ .. ငှဲ .. 😀

  • Khaing Khaing

    July 30, 2012 at 3:07 pm

    ခုနက မန့်လိုက်တာ ဘယ်ပျောက်သွားလဲမသိဘူး …….. မမညာရဲ့ဥပမာလေးကို သဘောကျမိပါတယ် ..ခုနက ဖီးလ်ကမန့်တဲ့အထဲပါသွားတယ် ….. အခုထပ်မန့်တာ အဲဒီဖီးလ်တွေမပါတော့ဘူး ………

  • မမ အညာသူ

    July 30, 2012 at 3:22 pm

    အော်ခုလို ညာရဲ့ပိုစ်လေးကိုဝေဖန်ပေးတာကျေးဇူးတင်ပါတယ်နော်

  • ယောဆရာကြီး

    July 30, 2012 at 7:28 pm

    အသီးသီးတဲ့ သရက်ပင် မှာသရက်သီးကြောင့် ပျက်စီးရပုံနှင့် အသီးမသီးတဲ့သရက်ပင်မှာ သရက်သီး မရှိ၍ ဘေးကင်းရပုံကို ဥယျာဉ် လှည့်လာတဲ့ ဘုရင်ကြီးဟာ တွေ့မြင်သံဝေဂ ရပြီး ဆင့် ကျောက်ကုန်း ပေါ်မှာပင် ပစ္ဈေကဗုဒ္ဓါ ဖြစ်သွားကြောင်း သီတဂူဆရာတော်ဟောကြားတော်မူသည့် ဂုမ္မကာရ ဇာတ်အထုပ္ပတ္တိ တရားတော်တွင် နားကြားဖူးပါကြောင်း ..

  • မောင်ပေ

    July 30, 2012 at 8:19 pm

    မမညာရေ
    မောင်ပေလဲ
    ချယ်ရီနွယ်ရယ် နိုရာလေးရယ်
    ဆိုတဲ့
    အပင်နှစ်ပင်ကြားက
    မြေစာပင်လေး
    ဖြစ်လို ့ဖြစ်မှန်းမသိ
    ဖြစ်နေဘီလားမသိ
    ဟီဟိ

  • ko khin kha

    July 30, 2012 at 9:05 pm

    တကယ်တော့ ကိုယ်မှာရှိတဲ့ပစ္စည်းတွေ ရာထူးအရှိန်အဝါတွေက ကိုယ်ကိုပြန်ပြီဒုက္ခပေးနေတာပါ
    ဘာမှမရှိတဲ့လူမှာတော့ ဘယ်သူမှဒုက္ခပေးလို့မရတော့ဘူးပေါ့ကွယ်

    ဒီလိုလည်းတွေးလို့ရတယ်နော်- ဟိုအသီးမသီးတဲ့ ဘာမှအသုံးမကျတာ အဲဒီနေရာမှာ အခြားစားရတဲ့အပင်ပြောင်းစိုက်မယ်ဆိုပြီး ခုတ်ပစ်လိုက်မှဟုတ်ပေဖြစ်နေမယ်နော်။

  • သန်းထွဋ်ဦး

    July 30, 2012 at 9:38 pm

    ပိုင်ဆိုင်ချင်ပါသေးတယ် မမအညာသူရေ။
    တစ်ခုလောက်တော့ ပိုင်ဆိုင်ချင်ပါတယ်ဗျာ။
    ဘာမှ မရှိဘူးဆိုတော့လဲ မဟုတ်သေးဘူးလား
    လို ့ပါဗျာ။

  • htoosan

    July 30, 2012 at 10:34 pm

    ဘာမှ မရှိတဲ့ သူ ဖြစ်အောင် ကြိုးစား အားထုတ်မှု့ မရှိဘဲ နေရမလို ဖြစ်နေတယ် ..
    နဲနဲတော့ လွဲနေသလိုဘဲ… 🙄

  • ကြောင်ကြီး

    July 31, 2012 at 9:36 am

    သရက်နှစ်ပင်
    အထက်ဆင်
    သမက်ဘုရင်
    အကွက်ထွင်
    ဘယက်ဆံပင်
    အသက်ဝင်
    ကလက်မရွှင်
    အဖတ်တင်..။

  • P chogyi

    July 31, 2012 at 9:38 am

    အဲဒီပုံပြင်အတိုင်းတော့မဖြစ်နိုင်ဘူး
    ခုခေတ်မှာက သား/သမီးတွေ ကျူရှင်ဖိုး၊ ကျောင်းအလှူငွေ
    မုန့်ဖိုး၊ ………… ဘာဖိုး၊ ညာဖိုး ကုန်ရမှာများလွန်းလို့
    သရက်ပင်တောင်မဟုတ်ဘူး၊ ညောင်ပင်လောက်ကို အသီးအရွက်တွေပိုင်မှ
    အဆင်ပြေမှာ။

  • surmi

    July 31, 2012 at 1:43 pm

    မင်္သ ိခ ပြောနည်းပြောကြည် ့ရအောင်
    ဘာမှမရှိတာဟာ အားလုံးရှိတာဖြစ်ပြီး ဘာမှမသိတာဟာ အားလုံးကိုသိတယ်
    ဒီတော ့ အားလုံးရှိချင်တဲ ့သူတွေ ရှိသမျှပစ္စည်းတွေစုပြီး ကျုပ်ဆီလာပို ့ကြပါ

  • မမ အညာသူ

    July 31, 2012 at 3:15 pm

    တကယ်လာပို့ပေးရမှာလား……………
    တို့မှာရှိတာအကြွေးတွေပဲရှိတယ်
    ယူမှာသေချာလားဟင်
    ဟဲဟဲ 😛

  • ငပွကြီး

    July 31, 2012 at 3:49 pm

    ပွ ပြောချင်တာက သရက်ပင်ဆိုတာ သရက်သီးရှိမှတင့်တယ် တယ်မဟုတ်လား …
    ဒါပေမယ့် အဲဒီ အသီးကြောင့်ဘဲ သရက်ပင်က ပျက်စီးခြင်းရောက်ရတယ်..
    ဆိုတော့ ..အဓီက ကတော့ စည်းကမ်း စံနစ် ပွကျင့်ဝတ် အဲလေ လူ့ကျင့်ဝတ် ကြောင့်လို့ဘဲထင်ပါတယ် .ညာ..

  • အလင်းဆက်

    July 31, 2012 at 8:06 pm

    ပုံပြင်လေး..ဖတ်ရတာ… အရသာ..ရှိပါပေ့ မမအညာသူ..ရေ…
    တစ်ထောင့်တစ်ည….လို မဆုံ့းနိုင်တဲ ့ ပုံပြင်လေးတေါ..ပြောပြပါလား..ခညာ.။

    တားတား..က ပုံပြင် ကြိုက်လို ့ပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 31, 2012 at 10:54 pm

    မလေး 👿
    သူလင်မရလို့ သူများလင်ယူတာကို ကဲ့ရဲ့နေတဲ့ သရက်ပင်မြုံမ
    နောင်နှစ်ကြရင်လည်း သရက်ပင်ထီးကြီးနဲ့ အလေလိုက်ပြီး
    သရက်သီးလေးတွေကို ဘုံးဘောလအော မွေးဦးမှာ ဟုတ်ပါဘူး
    သီးအုန်းမှာ သီးအုန်းမှာ

Leave a Reply