နားလည်မှု နဲ့ စည်းကမ်းလိုက်နာမှု့ ယှဉ်ကြည့်မိတာပါလို့

ခင္ခJuly 30, 20121min924

“ နားလည်မှု နဲ့ စည်းကမ်းလိုက်နာမှု့ ယှဉ်ကြည့်မိတာပါလို့ ´´( ခေါင်းစဉ်စာသားပါ)

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ရန်ကုန်ကသူငယ်ချင်းတစ်ယောက် မန္တလေးကို အလုပ်ကိစ္စနဲ့ရောက်လာလို့   မနက်ကုမ္မဏီရုံး အလုပ်တွေလုပ်ပြီး ထမင်းစားချိန် မတိုင်မှီ နေလည်စာအတူူစားရင်း စကားပြောကြရအောင် သူတည်းခိုတဲ့ဟိုတယ်ကနေခေါ်ပြီး မြန်မာထမင်းဆိုင်ကို ကားနဲ့သွားတော့ မန္တလေးလမ်းပေါ် မှာ မောင်းနေကြတဲ့ဆိုင်ကယ်၊စက်ဘီးနဲ့ ကားတွေကို ကျွန်တောကတော့ သူအရပ်နဲ့သူ့ဇာတ်ဆိုသလို မောင်းနှင်သွားတာကို သူငယ်ချင်းက ဘေးကထိုင် လိုက်ရင်း “မင်းတို့မန္တလေးက ဆိုင်ကယ်တွေ၊ ကားတွေမောင်းတာ လမ်းစည်းကမ်းလည်း မလိုက်နာဘူး  ဖြစ်သလိုမောင်းနေကြတာဘဲ၊ ရန်ကုန်မှာဆို အခုလိုမောင်း ပုံမျိုးနဲ့ဆို အဆဲကြည်ခံနေရမှာကွာ´´ လို့ပြောတော့ ကိုယ်နေတဲ့မြိုကိုလာပြောတာမို့ ကျွန်တော်ကလည်း“မင်းတို့ရန်ကုန် မီးပွိုင့်တွေဆိုတာ လမ်းဆုံ၊လမ်းခွတွေမှာရှိပြီး အဲဒီမီးပွိုင့်က နီ ဝါ စိမ်း ကိုကြည့်ပြီး မောင်းကြသလို၊ ဦးစားပေးလမ်း၊ လမ်းသွယ် ဒါတွေလည်းစည်းကမ်းလိုက်နာမောင်းကြတာပေါ့ကွာ၊ ကိုယ်မှန်လို့ကတော့ ဆဲမယ်ဆိုတာကြည်ဘဲမလား၊ ဒီမှာတော့မဟုတ်ဘူးကွ ဒို့မန်းသူ၊ မန်းသားတွေက မီးပွိုင့်ဆိုတာ ဆိုင်ကယ်၊ ကားမောင်းလာတဲ့သူရဲ့ မျက်နှာမှာရှိတာလေ၊ သူဒီဘက်အရင်ကွေ့ရင် ကိုယ်ကဟိုဘက်ကသွားလိုက်မယ် သူကဟိုဘက်ကဆို ကိုကဒီဘက်ကပေါ့၊ သူအမြန်လိုရင် ကိုယ်ကဦးစားပေးလမ်းကဖြစ်ပေမယ့် သူမျက်နှာအနေအထား ကြည့်ပြီးသည်းခံရပ်ပေး ရင်ပေးကြတာ မောင်းသူအချင်းချင်း အကဲခတ်ပြီး နားလည်မှုနဲ့မောင်းကြတာပါကွာ ´´လို့ဆိုတော့၊ သူငယ်ချင်းက “ထားပါတော့လေ´´တဲ့။ကျွန်တော်ကဆက်ပြောဖြစ်လိုက်သေးတယ် “လူကဲခက်ပညာ ကျင့်ပြီးသားရတာပေါ့´´လို့။

ဒီလိုနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်ကိစ္စရှိလို့ရန်ကုန်ရောက်တော့ အဲဒီသူငယ်ချင်းနေတဲ့ ကမာရွတ်၊စံရိပ်ငြိမ်ကနေ သူငယ်ချင်းကိုခေါ်ပြီး ရန်ကုန်မြို့ထဲသွားမှာမို့ မိုးကလည်းရွာနေလို့ အဌားကားလေးတစ်စီးလက်တားလို့ ဌားစီးကြတာပေါ့။ ကျွန်တော်တို့ဌားတဲ့ဖက်က ရန်ကုန်မှအင်းစိန်သွားတဲ့ ဖက်ခြမ်းကမို့ အဌားယာဉ်မောင်းသူက ကျွန်တော်တို့နှစ်ယောက်ကားပေါ်ရောက်ပြီးတာနဲ့ အရှေ့ဖြတ်ကွေ့လို့ရတဲ့နေရာကနေ မြို့ထဲဦးတည်တဲ့ ယာဉ်ကြောဖက်ကို ကွေဖို့ကားခေါင်းလည်းတည်ပြီး တဖက်ကလာတဲ့ကားအသင့်သင့် အလှမ်းဝေးနေချိန်မှာကွေ့ပါလေရော၊ အဲဒီမှာဖြစ်ချင်တော့ သူကွေ့တဲ့ နေရာနဲ့အနီး အိမ်ယာလမ်းထဲကထွက်လာတဲ့ ကားလေးတစ်စီးက သူထက်ဦးအောင် အဌားယာဉ်လေးရှေ့ကဖြတ်မောင်းပြီးရပ်တန့်လိုက်တော့ အဌားယာဉ်လေးမှာဆက်ကွေ့မရဘဲ ကွေ့လျှက်သားလေးမှာဖြစ်နေတာပေါ့၊ ဒါနဲ့အဌားယာဉ်မောင်းက လက်ကလေးထောင်ပြီး နောက်ဆုတ်မယ်ဆိုပေမယ့် လမ်းစည်းကမ်းအတိုင်း အတည့်မောင်းလာတဲ့ကားက သူမောင်းလာတာလမ်းမှန်ဘဲဆိုပြီး တစ်စီးပြီးတစ်စီး ဆက်တိုက်ရပ်မပေးဘဲမောင်းတော့ အဌားကားယာဉ်မောင်းလေးမှာ ရှေ့ကကားလည်းပိတ်ခံနေ နောက်ကဖြတ်ပြီးယာဉ်တန်းစီတဲ့ ကားတွေကဆက်တိုက်မို့ ဘာမှလုပ်မရဘဲ ရပ်နေရတာ ၁၅မိနစ်လောက်ရှိမှ ရှေ့ကရပ်ထားတဲ့ကားသမား ကျွတ်ကျွတ်အိတ်တစ်ထုပ်နဲ့ ဘာတွေဝယ်လာလည်းမသိ ရောက်လာပြီး သူမောင်းထွက်တော့မှ ကျွန်တော်တို့စီးတဲ့ အဌားကားလေးမှာ ဆက်ကွေ့လို့မောင်းလာနိုင်တော့တာပေါ့။ ကားပေါ်မှာတော့ အဌားယာဉ်မောင်းလည်းရှိနေလို့ မပြောဖြစ်ပေမယ့်   မြို့ထဲရောက်လို့လုပ်စရာကိစ္စလေးတွေပြီးလို့ လ္ဘက်ရည်ဆိုင်ထိုင်ဖြစ်တဲ့အခါကျတော့ ကျွန်တော်က “ မင်းတို့ရန်ကုန်လမ်းစည်းကမ်းလိုက်နာပြီ လမ်းမှန် လာတဲ့ကားကိုဦးစားပေးရတယ်ဆိုပေမယ့်၊ မနက်ကလိုမျိုးမှာ ရှေ့ကလာရပ်တဲ့ကားရော၊ နောက်ကဖြတ်မောင်းတဲ့ကားရော ဦးစားပေးယာဉ်ကြောက လာတယ်ဆိုပေမဲ့ ခဏလောက်သာ နားလည်မှုလေးနဲ့ရပ်ပေးလိုက်မယ်သာဆိုရင် နှစ်ဖက်စလုံးအဆင်ပြေမှာပေါကွာ´´ ဆိုတော့ သူငယ်ချင်းက “ ရန်ကုန်က မန်းကလူတွေလို မီးပွိုင့်ကမျက်နှာမှာတပ်ထားတာမဟုတ်ဘူးလေကွာ´´ ဆိုပြီး ကိုယ့်စကားနဲ့ပြန်ပြောခံရတာမို့ရယ်၊ အငြင်းလည်းပွားမနေချင်တာကြောင့် အခြားစကားလွဲ၍ပြောကြသော်လည်း ညနေအိမ်ရောက်လို့ပြန်တွေးမိတဲ့အခါမှာတော့ ကိုယ့်အရပ်နဲ့ကိုဇာတ်ကတော့ အဆင်ကိုချောလို့ပါဘဲတွေးမိပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

4 comments

  • Khaing Khaing

    July 30, 2012 at 4:48 pm

    ကိုခင်ခ ညီမပို့စ်လေးကို အဆုံးသတ်အောင် ဖတ်ခဲ့ပါတယ် ……. ကိုယ်တိုင်ကားမောင်းကျွမ်းကျင်သူ မဟုတ်တာကြောင့် အထင်အမြင်လေးတွေ ပေးတော့ဘူးရယ် ….. မန်းလေးမှာတော့ လမ်းကူးတာက ကဆုန်ပေါက်ကူးခဲ့ရတယ် …..

  • ဦးဦးပါလေရာ

    July 30, 2012 at 8:47 pm

    ရန်ကုန်မှာတော့ သူ့ဘက်ကို ထည့်တွက်တဲ့လူ သိပ်နည်းသွားပါပြီ..။
    ဒါကြောင့် ကားမောင်းရင် ကိုယ့်ကားကို သိပ်မနှမြောမှ အဆင်ပြေတယ်…။
    ဖင်နဲ့ထောက်ရတာနဲ့၊ ခေါင်းထိုးထည့်ရတာနဲ့၊ မျက်နှာချင်းဆိုင်ပြီး အတင်းမောင်းဝင်ရတာနဲ့…

  • သန်းထွဋ်ဦး

    July 30, 2012 at 9:05 pm

    အမှန်ပါဘဲဗျာ လောလောဆယ်ထိတော့မယ် ကိုယ့်အရပ်နဲ ့ကိုယ့်ဇာတ်သာ
    အကောင်းဆုံးပါဗျာ။

  • မောင်ပေ

    July 30, 2012 at 9:35 pm

    မန်တလေးမှာ ကား/ဆိုင်ကယ်မောင်းမယ့် အခြားမြို ့က လူတွေအတွက်
    ကိုယ့်အရှေ ့လမ်းပေါ်မှာ သွားနေတဲ့
    ဆိုက်ကယ် စက်ဘီး သမားတွေရဲ ့ဦးခေါင်းကို သတိကြီးကြီးထားပြီး ကြည့်ရပါမယ်
    သူတို ့ဇက်ကလေး ညာဘက်ကို နဲနဲလေး စောင်းပြီ ဆိုရင် ညာဘက်ကို ကွေ ့တော့မှာပါ ၊ အနောက်က ဘာပါပါ ဘာလာလာ မကြည့်ပဲ ညာဘက်ကို ဖြတ်ကွေ ့တော့မှာ ဖြစ်ပါတယ်
    ထို ့အတူ ဘယ်ဘက်ကို နဲနဲလေးစောင်းပြီ ဆိုရင်လဲ အပေါ်က အတိုင်းပါဘဲ
    ကွေ ့မယ့်ဘက်ကို အချက်ပြမီးပြတဲ့လူ ၊ ကွေ ့မယ့်ဘက်ကို လက်ပြတတ်တဲ့ စက်ဘီးသမား တော်တော်ရှားပါတယ် ။

Leave a Reply