ဆပ်ပြာနှင့် လက်ဆေးပါ ….

Khaing KhaingJuly 30, 20121min35664

ရုံးမှာ အလုပ်လုပ်နေရင်း အိမ်သာသွားတုန်း ဝင်လာတဲ့အတွေးလေးတစ်ခုကို ပို့စ်တင်မိတာပါ ….

အိမ်သာတက်ပြီးလက်ဆေးမယ်လုပ်တော့ လက်မဆေးရင်ကော တကယ်ရောဂါရသလား မရဘူးလား … 🙂

အညစ်အကြေးတစ်ခုခုကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးကြောရင် သန့်ရှင်းတယ် ရောဂါပိုးတွေကို ကာကွယ်တယ်လို့ကြားဖူးပါတယ် …. ညစ်ပတ်နေတဲ့လက်ကို ဆပ်ပြာနဲ့ဆေးကြောရင် သန့်ရှင်းသွားတာ ရိုးရိုးအမြင်နဲ့ကြည့်ရင် သိသိသာသာမြင်နိုင်ပါတယ် … ရောဂါပိုးမွှားတွေ တစ်ကယ် သေမသေ တကယ်စင်မစင်ကို သေချာမသိဘူး …. ဥပမာ … ဝမ်းလျှောဝမ်းကိုက်နေတဲ့သူတစ်ယောက်ဟာ အိမ်သာတက်ပြီးလက်ဆေးရင် ထိုဝမ်းရောဂါပိုးတွေက တကယ်သန့်စင်သွားသလား … ကျွန်မ ဘတ်(စ်)ကားတွေစီးပြီးရင် အိမ်ရောက်တာနဲ့ လက်ကိုချက်ခြင်းဆေးတဲ့အကျင့်ရှိပါတယ် ………. ကိုယ်ကသန့်ရှင်းစေချင်လို့ လက်ကိုဆေးလိုက်တာပါ ဒါပေမယ့် ဘယ်ဆပ်ပြာမျိုးနဲ့ပဲဆေးဆေးလက်က သန့်ရှင်းစင်ကျယ်သွား လားမသွားဘူးလား ဆိုတာကို သံသယဖြစ်မိတယ် …….. ဒါကလည်း ဆပ်ပြာတွေအပေါ်ကို ယုံကြည်မှုနည်းတယ်လို့ပဲ ဆိုရမလား ……. ကြော်ငြာတွေထဲက ဆပ်ပြာတွေက ရောဂါပိုးတွေကို ဘယ်လောက်သေစေနိုင်တယ် သန့်ရှင်းသွားစေတယ်ဆိုတာကော တကယ်ပဲလား …….. ဆပ်ပြာကိုသုံးပြီးလက်ဆေးရင် ဘယ်ဆပ်ပြာအမျိုးအစားမဆို ရောဂါပိုးတွေ ဗိုင်းရပ်တွေကို တကယ်ကာကွယ်ပါရဲ့လား ……. ဒီလိုမှ စိတ်ချယုံကြည်ရမှုမရှိဘူးဆိုရင်တော့  ဆေးခန်းဆေးရုံတွေမှာ ဆရာဝန်ဆရာမတွေ အသုံးပြုနေသော ဆပ်ပြာနဲ့လူနာတွေအတွက် ရောဂါပိုးကာကွယ်မှုကို ဘယ်လိုလုံခြုံမှုပေးစွမ်းနိုင်မလဲ ……

စဉ်းစားရင် သိချင်နေတာလေးကို အတွေးနယ်ချဲ့ရင်း ……….. ဆပ်ပြာအကြောင်းကို စုံစုံလင်လင်လေး သိချင်မိပါတယ် ………..

64 comments

  • ဥဥ

    July 30, 2012 at 3:44 pm

    ဆပ်ပြာဆိုတာက ………………………….
    ………………………………………
    ဆလိမ်ရေးပတ်သတ် ဆပ် ပစောက်ရရစ်ရေးချ ပြာ = ဆပ်ပြာ :mrgreen:

    • မဟာရာဇာ အံစာတုံး

      July 30, 2012 at 3:56 pm

      ချရာဂျီး .. ချရာဂျီး ..
      ဒါချို “ဘဲဥ” ကိုရော ဘယ်လို ခေါ်လဲဟင်င်င် ..
      😀 😀

      • ဥဥ

        July 30, 2012 at 4:01 pm

        ပြောပြဘူး အတေခံလိုက်မယ် 😀

      • Khaing Khaing

        July 30, 2012 at 4:20 pm

        ဘကုံးရေနောက်ပစ် ဘဲ အက်ခရာ ဥ ငန်းဥ လို့ခေါ်တယ်တားတားအံချာတုံး ………

        • ချစ်ရင်ထူး II

          July 31, 2012 at 8:32 am

          ကျွန်တော်လည်း ကြော်ငြာထဲ တွေ့တာ “ သာမန်ဆပ်ပြာထက် စွမ်းရည် (၃)ဆ ပိုသည် ” ဆိုတော့ အိမ်က ဝယ်ခိုင်းတာက နည်းနည်း ပျော့(အား)တဲ့ဆပ်ပြာ ဝယ်ခဲ့ဆိုတာနဲ့ ဘာကိုဝယ်ရမှန်း မသိဘူးဖြစ်သွားတယ် .. အကုန်လုံးတော့ အတူတူပဲလားလို့ . .

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 3:48 pm

    ဟောဒီမှာ ..
    ချပ်ပျာ ရောင်းဘာဒယ် ခညာ့ .. 😀
    ဒီချပ်ပျာဂို သုံးရင် မွှေးဘာဒယ်၊
    ဆော်ကြည်ဒယ်၊
    ဘဲကြည်ဒယ် ခညာ့..
    အနော်ဂဒေါ့ ချပ်ပျာ အကြောင်း ဂလောက်ဘဲ သိပါဒယ် .. 😀

  • etone

    July 30, 2012 at 3:56 pm

    မခိုင်ရေ … အကျင့်တူသူတစ်ယောက်တော့ တွေ့ ရပြီ … ။ ကိုယ်ကပဲ ဇီဆာကြောင်နေသလားမှတ်တာ … ဒါဇီဆာကြောင်တာမဟုတ်ဘူး … စိုးရိမ်တတ်တာပါလို့ ပြောလို့ ရပြီ .. အဟီး 😛

    ညီမလည်း အပြင်က ပြန်လာတိုင်း လက်ဆေးတတ်ပါတယ် …. ဘတ်စ်ကားပေါ်မှာ လက်တန်းတွေ ထိုင်ခုံတွေက အစ … အများသုံးမို့လို့ … မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးလေးတွေ ကပ်နေနိုင်တဲ့အတွက် … လက်ဆေးလိုက်မှ စိတ်က နည်းနည်းသန့်သွားတယ် မဟုတ်လျှင်ပဲ .. လက်ထဲကို ချက်ချင်းကြီးအရေပြားက ဖောက်ဝင် ပိုးကူးတော့မလိုပဲ စိတ်ထဲ မရိုး မရွနဲ့ … နေသာထိုင်သာမရှိဘူး … ။

    ဆပ်ပြာတွေကတော့ ညစ်ပေမှုလောက်ကိုပဲ … ယေဘုယျ သန့်စင်ပေးနိုင်မယ်ထင်တယ်နော် ..တကယ်တမ်းပိုးမွှား တွယ်ငြိမှုဘက်ကို ရာနှုန်းပြည့်မကာကွယ်လောက်ဘူး .. တချို့သော ဆပ်ပြာတွေက ဘတ်တီးရီးယား 99% ကာကွယ်နိုင်တယ် ကြော်ငြာပေမယ့် …. တကယ်ဟုတ်မဟုတ်တော့ မသိဘူး ။ သာမန်အမွှေးဆပ်ပြာတွေထက်စာလျှင်တော့ .. ဒက်တောတို့လို ဆပ်ပြာမျိုးနဲ့ … လက်ဆေးဖြစ်တယ် … ။
    ဆေးခန်းမှာတော့ … စပရစ်ဆောင်ထားတယ်… ဘာပဲ ကိုင်ကိုင် ဂွမ်းလေးနဲ့တို့ပြီး စပရစ်နဲ့ လက်ဖဝါးကို ပွတ်လိုက်ရမှ … ။

    နောက်တစ်ခု .. စိတ်ထဲ မရိုးမရွဖြစ်မိတာက .. နေ့စဉ်သုံးပြီး ကွန်ပျူတာရိုက်နေရတဲ့ ကီးဘုတ်ပါ .. စိတ်ထဲ ညစ်ပတ်တယ်လို့ ခံစားရတယ် … ကီးဘုတ်ကို လက်အိတ်စွပ်ရိုက်လျှင်လည်း မြင်မကောင်းဘူးလေ .. စိတ်ညစ်တယ် 🙁 အတတ်နိုင်ဆုံးတော့ ကီးဘုတ်ရိုက်ပြီး မျက်နှာတွေ မကုတ်မိအောင် သတိထားပါတယ် … ။ 😀

    • Khaing Khaing

      July 30, 2012 at 4:18 pm

      တစ်ခါက ကြားဖူးတာလေးရှိပါတယ် …….. ခေါင်းထဲမှာအဲဒီကိစ္စလေးကိုစွဲနေမိတယ် … မမတုံ လည်းကြားဖူးမလားပဲ ….. နေ့စဉ်ကွန်ပျူတာအသုံးပြုနေတဲ့ လူတစ်ယောက်ရဲ့ကလေးလေးက အမှတ်မထင်ဆုံးပါးသွားခဲ့တယ် … လေ့လာစစ်ဆေးကြည့်တော့ ထိုသူက နေ့စဉ်ကီးဘုတ်အသုံး ပြုနေတဲ့သူ့လက်နဲ့ ကလေးငယ်ကို ပြန်လာတိုင်း ထိန်းကျောင်းဆော့ကစားရင်း သူ့လက်ကဗိုင်းရပ်ပိုးကြောင့် သူ့ရင်သွေးလေးအသက်ဆုံးရှုံးသွားရ တယ်တဲ့ ………

    • nigimi77

      July 30, 2012 at 11:30 pm

      ကြားဖူးတာ မဟုတ်ပါဘူး

      ကိုယ်တိုင်လဲ အဲလိုပါပဲ ။

      ရောင်းရင်းတွေ အိမ်ကို သွားလယ်တယ် ။

      သောက်တယ် စားတယ် ။

      ပြီးတော့ …တက်တယ်…. အိမ်သာ တက်တယ် ။

      အိမ်သာ တက်ရင် ဘာလုပ်လဲ ဆိုတော့…. ဆေးလိပ်သောက်တယ် ။

      ဆေးလိပ်သောက်တော့ လက်ထိပ်တွေက နံတယ် ။

      ကျုပ်လို ဇိုးသမား တွေက ရောဂါပို း ဘာညာတော့ သိပ် မတွေးချင်တော့ဘူး ။

      ဘူ ဘူချင်း တစ် မဖြစ်ချင်တာလဲ ပါတာပေါ့…။

      ခက်တာက ရောင်းရင်းတွေ အိမ်က ဖင်နှစ်လုံးဖြဲ ဆောင့်ကြောင့်ထိုင် ညှစ်ရတဲ့

      ချီးခွက်တွေ များတယ် ။ လူကသာ ဘယ်သန်… ဆေးလိပ်သောက်ရင် …

      ညာနဲ ့ သောက်တယ်…။ သောက်တော့ ဘာဖြစ်သေးလဲ မမေးနဲ ့ ဇိုးသမားများ

      ချီးပါရင် လှလှပပလေး ဖင်ခေါင်းကို ခွက်ရေနဲ ့ ပက်လို ့ ချီးက ပြောင်တာမဟုတ်ဘူး ။

      ဇိုးသမား ချီး ဇိုးသမားက ဇိုးကို သစ္စာရှိသလို ဇိုးချီးကလဲ ဇိုးဖင်ခေါင်းကို အတော် သစ္စာရှိသဗျ ။

      အတော်နဲ ့ ပက်လို ့ ပြောင်တဲ့ အရာ မဟုတ်ပေဘူး ။

      ဒီတော့လဲ လှေထိုးကြီး ရိုးရိုး နည်း နဲ ့ပဲ ဘယ်သန် ညာဖင် နှိုက်ပြီး တိုက်ချွတ် ဆေးကြော

      ရသကိုး…။

      ဆေးလိပ်သာ ကြိုက်လို ့ သောက်တယ် …. ဆေးလိပ်သောက်ထားတဲ့ လက်ချောင်းတွေနဲ ့

      ဖင်ဆေးရတာဖြင့်….. ရှိန်းရှိန်း….ရှိန်းရှိန်းး…ဖိန်းဖိန်း…ဖိန်းဖိန်း နဲ ့…….. :mrgreen:

      • Khaing Khaing

        July 31, 2012 at 12:15 pm

        အိမ်သာထဲ ဆေးလိပ်သောက်တဲ့အကျင့်က မိမိအိမ်မှာရော …. အများဆိုင်နေရာတွေမှာရော တစ်ခြားလူတွေကို ထိခိုက်စေတယ်လို့ထင်မိပါတယ် …. အလုံပိတ် အိမ်သာတွေ မှာ ဆေးလိပ် သောက်သူကသောက်ပြီးအပြင်ထွက်လာတယ် နောက်ဝင်မယ့်သူက ထိုအနံ့ကိုရူရတယ် ….. ကျွန်မကတော့ အဲလိုမျိုးဆိုအရမ်းစိတ်ညစ်တယ် ….. အိမ်မှာအဲလိုလူနှစ်ယောက်ရှိတယ် …….. နောက်ပြီးရှိသေးတယ် အိမ်သာထဲ ဆေးလိပ်တိုထားပြီး နောက်တစ်ခေါက်ဝင်ရင် တစ်ခါသောက် ရွံစရာကောင်းတယ်လို့လည်းမြင်မိပါတယ် ……. အခုအသက်ကြီးတဲ့အချိန်ရောက် မှသာ ဒါမျိုးတွေစဉ်းစားပြီးရွံတတ်တာပါ ……. ငယ်ငယ်ကကျောင်းတုန်းမှာတော့ မုန့်ခိုးစားချင်ရင် အိမ်သာထဲမှာ သွားခိုးစားကြတယ် ……

  • သူရဇော်

    July 30, 2012 at 3:59 pm

    ဟေဟေ့ အကြောင်းရင်းတော့ ဖတ်ရသေးဘူး ….. နေရာဦးတာနောက်ကျသဗျို့….

  • pan pan chit

    July 30, 2012 at 4:09 pm

    အိတ်ထဲမှာ ရေမလိုလက်ဆေးရည်ဆောင်ထားလိုက်တယ်
    ဒါပေမယ့် ဆပ်ပြာနဲ့ ရေနဲ့ဆေးရတာလောက် အားမရလှဘူး
    ပြောင်တယ်ရယ်လို့မထင်ဘူး
    အပြင်မှာတော့ အဆင်ပြေအောင် မရှိသုံး သုံးရတာပါပဲ ယောင်းမ မမခိုင်ရယ် 😀

    • Khaing Khaing

      July 30, 2012 at 4:21 pm

      အဲဒီလက်ဆေးရည်က လက်သန့်ပေမယ့် သူ့ကိုသုံးပြီး အစားအသောက်တွေကိုရော ပန်ပန်စိတ် သန့်သန့်ရဲ့စားရဲလား ယောက်မလေး ……….

      • pan pan chit

        July 30, 2012 at 4:57 pm

        အွင်းးးး
        ဟုတ်တယ်မမခိုင်ရေ
        အဲ့ဆေးရည်သုံးရင်တောင် ဆေးရည်တွေလက်ပေတာနဲ့ ချက်ချင်း တစ်ရှူးနဲ့သုတ်ပစ်တာ
        အော်….စိတ်ကလည်းလေ 🙄

    • ရဲစည်

      July 31, 2012 at 6:42 pm

      သများဂတော့ လျှာနဲ့ လျှက်ပလိုက်တယ်အေ့
      ကိန် ကီ အီ အီ
      ခွေးအနဲ့ မှားဝင်လာတာ ဆောဒဂီး

  • pooch

    July 30, 2012 at 4:27 pm

    အဲ့ဒီ လက်ဆေးရည်တွေကို တဘူးလားပဲ ကုန်အောင်သုံးလိုက်တယ်။ စိတ်ထဲ ရေနဲ့ ဆေးတာလို မသန့်ဘူး ထင်တာနဲ့ ဆက်မသုံးတော့ဘူး။ အမှန်ကတော့ ကိုယ်က ဇီဇာကြောင်တာပါ။

    ကျုံးလေးဘက်လမ်းဘေးမှာ လမ်းလျှောက်တဲ့သူတွေ ကစား ဖို့ အားကစားပစ္စည်းလေးတွေ ထားပေးတယ် ။ မြင်မိသမျှ လူတကာ ကိုင်ဆော့ အရူးလည်း ဆော့နဲ့ တွေ့တော့ စိတ်ထဲ မသိုးမသန့်ရှိလှတာမို့ ဘယ်တော့မှ ထိလေ့မရှိဘူး။ ဘက်တီးရီးယားတွေ အများစုက အဲ့လိုနေရာတွေမှာ စုနေတတ်တာဆိုတော့ ကလေးငယ်တွေ ဘာတွေ ဆိုရင် ကူးလွယ်တာပေါ့။

    ဖတ်ဖူးတာကတော့ ရုပ်ရှင်ရုံရဲ့ အိမ်သာတံခါး လက်ကိုင်ဟာ ဘက်တီးရီးယား အများဆုံး စုဝေးရာအရပ်လို့ ပြောတယ်။ ဒါကြောင့်မို့ အိမ်သာတံခါးကို တစ်သျှူးနဲ့ကိုင်တာ သက်သာမယ်ထင်တယ်။

    ဆပ်ပြာကတော့ အမြဲတမ်း ပိုးသတ်ဆေး ပါတဲ့ ဆပ်ပြာကို သုံးတာရေရှည်မှာ မကောင်းဘူးလို့ ဖတ်ဖူးတယ်။
    ပုံမှန်ဆပ်ပြာကိုပဲ စင်အောင် ဆေးရင် လုံလောက်တယ် ပြောတယ်။

    အမေရိက က ကလေးဆေးရုံတခုဟာ သိပ်သန့်လွန်းလို့ ဘာပိုးမှ မရှိပဲ သန့်နေတဲ့ အတွက် မွေးကင်းစကလေးတွေမှာ ပြသာနာနည်းနည်း ရှိလို့ ပိုးမွေးရတယ် လို့တောင် ဖတ်ဖူးတယ်။ အပြည့်အစုံတောင် မမှတ်မိတော့ပါဘူး။

    • Khaing Khaing

      July 30, 2012 at 4:36 pm

      အမ pooch ညီမနဲ့သမီးလေးတောင် ပြန်ခါနီးရက်က ကျုံးဘေးက အားကစားပစ္စည်းတွေမှာတောင် ကစားမိတယ် ….. ခရီးသွားတုန်းကလည်း ဒက်တော ဆပ်ပြာကို သုံးမိတယ် …. ဘာဖြစ်ဖြစ် ရောဂါပိုးသေအောင်သန့်အောင်ဆိုတဲ့သဘောပေ့ါ … အမရေ အခုလို သိတာလေး ဖြန့်ဝေပေးလို့ ကျေးဇူးပါနော် ……..

  • ဥဥ

    July 30, 2012 at 4:45 pm

    ဟုတ်ကဲ့ တစ်ချယ့်နားဂျပ် ဆိုတာဂျီးယူတွားပီး လစ်တော့မယ်တော့ 😀

  • ဦးဦးပါလေရာ

    July 30, 2012 at 7:10 pm

    ရိုးရိုးဆပ်ပြာတွေဟာ ဗိုင်းရပ်စ်အများစုကို မသတ်နိုင်ပါဘူး။
    ဗက်တီးရီးယားလို အလုံးအထည်ရှိတဲ့ရောဂါပိုးတွေကိုတောင်မှ အကုန်မနိုင်ပါဘူး။
    ဒါပေမယ့် လက်ကိုဆပ်ပြာနဲ့ဆေးရင် လက်မှာကပ်နေတာတွေ အများစုက ရေနဲ့ပါသွားတာပေါ့နော..။

    တကယ်က ရောဂါပိုးနဲ့ ထိတွေ့တိုင်းလဲ ရောဂါကူးတာမဟုတ်ပါဘူး…
    မြန်မာပြည်မှာတော့ ဝမ်းရောဂါဆိုင်ရာရောဂါပိုးတွေ၊ အဆုပ်ရောဂါဆိုင်ရာဗိုင်းရပ်စ်ပိုးတွေက ရှောင်လို့မလွတ်အောင်ပျံ့နှံ့နေတာပါ။
    ကိုုယ်ထဲဝင်လာတဲ့ရောဂါပိုးအကုန်နီးပါးကို ကိုယ့်ကိုယ်ထဲက ကိုယ်ခံအားစံနစ်ကပဲ တိုက်ဖျက်ပစ်တာပါ။
    အဲဒါကြောင့် ပုံမှန်ဆပ်ပြာနဲ့ ပုံမှန်သန့်ရှင်းရုံနဲ့ပဲ လုံလောက်တယ်လို့ထင်မိတာပဲ ခိုင်ခိုင်ရေ..။

    • Khaing Khaing

      July 30, 2012 at 10:06 pm

      လေးပါရေ… အခုလို ဝေမျှပေးတာ ကျေးကျေးပါ…. တကယ်ကို ဂဂနနမသိလို့ စဉ်းစားမိတာကို ပို့စ်တင်မိလိုက်တာပါ…… မိုးစက်မိုးပေါက်လေးတွေကို တစ်စက်ချင်း စုနေပါတယ် …

      • မဟာရာဇာ အံစာတုံး

        July 30, 2012 at 10:11 pm

        မာမီ ..
        မိုးတွင်းကြီးနော် ..
        မိုးစက်တွေကို တစ်စက်ချင်း စုနေတယ်ဆိုလို့ ..
        အဟိ .. 😀
        (လာနောက်သွားပါ၏ …)

  • Mလုလင်

    July 30, 2012 at 7:23 pm

    လက်ခဏခဏ ဆေးတာ တို့ ခေါင်းခဏခဏ ဖြီးတာ တို့ မှန်ခဏခဏ ကြည့်တာ တို့ သော့ပိတ်ပြီး မပိတ်ပြီးကို သုံးခါ လောက် (သေချာနေတာကို ပြန်စစ်) ပြန်စစ် ကြည့်တာ တို့ က စိတ်အခြေအနေ တစ်ခု ကို ရည်ညွှန်းပါတယ်။ ဖိစီး မှု များတဲ့အခါမျိုး မှာ အဲ့လို ဖြစ်တတ်ပါတယ်။ လက် ကတော့ ပြောင်နေတယ် ထင်ရင် (စိတ်ကထင် တာ.. ရောဂါပိုး ရှိချင်လဲ ရှိမှာ ပေါ့) ခဏခဏ တော့ မဆေးဖြစ်ပါဘူး။ အဲ … တံခါး ပိတ်ပြီး မပြီး နဲ့ မိန်း ချမချ ကိုတော့ သုံးခါ လောက် ကို ပြန်ပြန်စစ်တယ် ဗျို ့ ….။

    • Khaing Khaing

      July 30, 2012 at 10:11 pm

      ကျွန်တော်ဆရာဝန်တစ်ယောက်ပါ … အစာစားပြီးလည်းနာ အစာမစားခင်လည်းနာ ဒါဆို အစာအိမ်ဖြစ်နေတာဖြစ်ပါလိမ့်မယ် …. ကိုကိုလုရေ … အခုတောင်ဒီလောက်မေ့တတ်တယ် ဆိုရင် အပိုဆုတွေရလာရင်တော့ မြင်ယောင်သေးတယ် ……… ညီမဆိုက်ကိုက သန့်ရှင်းရေးမလုပ်တာမဟုတ်ဘူး အားငယ်ဝမ်းနည်းတတ်တဲ့ဆိုက်ကိုပါ ….မယုံရင် ညီမသက်ဆိုင်သူကိုမေးကြည့်………..

      • etone

        July 31, 2012 at 10:08 am

        အွန် .. မမခိုင် .. အနားမှာ လူရှိလို့ အားငယ်နေတယ် …
        အရင်က….. ဘုဘုဘောက်ဘောက် တယောက်တည်း တုန်းကတော့ အသံမထွက်ဘူး . ….. ညှင်း ညှင်း … ညှင်း .. (ကပေ့ခဏငှားနော် ) ။ :mrgreen:

  • ပင်လယ် ပျော်

    July 30, 2012 at 8:14 pm

    virus တွေလုံးဝကင်းရှင်းအောင် နေလို.မရသလို ခန္ဓာကိုယ် ခုခံအားမြင့်အောင်လည်းပဲ လိုအပ်တယ်လို ့ ထင်ပါတယ်…ဥပမာ အလွန်သန့်ရှင်းတဲ့နိုင်ငံကလာတဲ့ နိုင်ငံခြားသားများ မြန်မာလူမျိုးများ စားသောက်သလို စားသောက်လို့မရပါ… အခန့်မသင့်လျှင်ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ် …

  • မောင်ပေ

    July 30, 2012 at 8:21 pm

    ဒါကတော့ ဒီလိုရှိပါတယ်
    ဟိုဟာကတော့ ဟိုလိုရှိပါတယ်
    အကြောင်းမှန် ကို မောင်းလှန်လိုက်တော့
    မခိုင်လက်မဆေးပဲ သင်္ဘောသီးသွားခွဲမိလို ့ဘဲ ဖြစ်ရမယ်

    • Khaing Khaing

      July 30, 2012 at 10:13 pm

      တော့ ကပေ …. ကျွန်မက သင်္ဘောသီးမခွဲဘူး ……… ဒီအတိုင်းပဲနွှာစားပလိုက်တယ် ……

      • မောင်ပေ

        July 31, 2012 at 12:52 am

        ဟီးး
        ဒီလိုပါ
        ကျုပ်တို့ လင်မယားဆိုရင်
        ညစာ ထမင်းအတူတူစားတယ်
        ပြီးရင် လက်အတူတူဆေးတယ်
        ညအိပ်ရာဝင်ခါနီးရင်
        သွားတိုက်မျက်နှာသစ် ခြေဆေးလက်ဆေးပေါ့
        အဲဒီလိုဆိုတော့
        ကျန်းမာရေးအတွက် ဘယ်လိုကောင်းမလဲတော့ မသိ

        • Khaing Khaing

          July 31, 2012 at 12:40 pm

          တော့ ကပေ …… ဘယ်က ကျုပ်တို့လင်မယားဆိုရင် ကပါလာရတာတုန်း ……. လူတွေအထင်ကြီး အောင်ရေးနေပြန်ပြီ …………

      • Foreign Resident

        July 31, 2012 at 3:58 am

        ဟယ် ကြည့်စမ်း သတ္တိရှိလိုက်တာ ။ 😛

  • ko khin kha

    July 30, 2012 at 8:47 pm

    လက်ဆေးတဲ့အလေ့အကျင့်ကတော့ ကောင်းပါတယ် မခိုင်ရေ။
    ဒါပေမယ့် လက်ခဏခဏဆေးပြန်ရင် လက်အဆီပျံခြင်းကို အနှောက်အယှက်ဖြစ်ပြီး ကြာလာရင် အရေပြားခြောက်ခြင်းကွဲအက်ခြင်းတွေဖြစ်နိုင်တာကိုတော့ ဖတ်ဖူးတဲ့ စာပေစုအရ ပြောပါရစေ။
    အိမ်သာတက်ပြီးလက်ဆေးသာတော့ လုပ်သင့်ပါတယ် တကိုယ်ရေကျန်းမာရေး အထောက် အကူဖြစ်ပါတယ် ။ပြီးတော့စိတ်လည်းသန့်သွားတာပေါ့။
    ရေဂါကူးတယ် ဝင်တယ်ဆိုတာကတော့ မိမိကိုယ်ခံအားပေါ်လည်းမူတည်ပါတယ် လက်အမြဲဆေးပေမယ့် ကိုယ်ခံအားမကောင်းတဲ့သူတွေ ခဏခဏဖျားနာတာတွေ့ဖူး မှာပေါ့၊ ဒီလိုဘဲလမ်းပေါ်မှာဘဲ အနေများတဲ့ကလေးတွေ ဖုန်တွေထဲ လူးလိုက်ဆော့လိုက် ပေမယ့် ကျန်းမာနေတာမျိုး မခိုင်ပတ်ဝန်းကျင်မှာတွေ့ခဲ့ လိမ့်မလားတော့မသိဘူး၊ အဲဒီနှစ်ခုက ဘာကွာလဲ ကိုယ်ခံအားကောင်းခြင်းပါဘဲ။
    ကျွန်တော့အမြင်ကတော့ သန့်ရှင်းဖို့ စိတ်သန့်ဖို့အတွက် လိုအပ်သလောက်တော့ ဆပ်ပြာနဲ့လက်ဆေးပြီး မိမိကိုယ်ခံအားကောင်းစေမယ့် အစာမျိုးသင့်သင့်လျောက် ပက်စွာစားတာ၊ သက်လုံကောင်းအောင်လေ့ကျင့်ခန်း တစ်ခုခုပုံမှန်လုပ်တာမျိုး ဒါမှမဟုတ် တစ်နေ့ နာရီဝက်နဲ့ တစ်နာရီကြား လမ်းလျောက်ပေးတာမျိုး ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် အနားယူအိပ်တာမျိုး စတာတွေကို လုပ်ပေးနေပေးမယ်ဆိုရင် ပို၍များကောင်းစေမလားလို့ ဖတ်မိတဲ့ထဲက သိသလောက်မှတ် သလောက်ပြောပါရစေ။ ကျွန်တော့်အယူအဆနော် မှန် မမှန်တော့ မသိဘူးနော်။

    • Khaing Khaing

      July 30, 2012 at 10:18 pm

      ကိုခင်ခရေ … ညီမတို့အိမ်နားမှာ အမှိုက်ပုံကြီးရှိပါတယ် … အဲဒီအမှိုက်ပုံမှာ စည်ပင်မိသားစုတွေ နေကြပါတယ်… မိခင်တွေကလည်း တော်သင့်ယုံသာစားသောက်ပြီး ကလေးငယ်တွေကလည်း ဖြစ်သလိုနေနေကြပါတယ် ……. သူတို့ရဲ့ကလေးတွေက ဝတုတ် ပြီး ကျန်းမာရေးလည်းအလွန်ကောင်းပါတယ် … ချူချာတတ်တဲ့ ကိုယ့်သမီးလေးကို မြင်တိုင်း သူတို့လေးတွေနဲ့များကွာပါလားလို့ စိတ်ထဲမကောင်းဖြစ်ရတယ် …….

  • သန်းထွဋ်ဦး

    July 30, 2012 at 9:28 pm

    Carbolic ဆပ်ပြာကတော့ အတော့်ကိုကောင်းပါတယ်ဗျာ။အနံ ့သာမကောင်းတယ်။

    • Khaing Khaing

      July 30, 2012 at 10:21 pm

      ဟုတ်ပါတယ် ကိုသန်းထွဋ်ဦး …. အခိုင်တို့ငယ်ငယ်ကဆို ဆန်းလိုက်တို့ ကာဘော်လစ်တို့က ချေးပြောင်ပြီး ရောပိုးတွေကို သေစေတယ်လို့ကြားဖူးပါတယ် .. ကိုယ်တိုင်လည်း အဲဒီဆပ်ပြာကို အတော်ကြာအောင်သုံးခဲ့ဖူးပါတယ် ……..

  • ဖိုးထောင်

    July 30, 2012 at 10:27 pm

    အနော်ကတော့မံမံချားပီးယင် ပုချိုးနဲ့လက်တုတ်ရိုက်တာပဲ လက်ချေးဘူး
    ဒါနဲ့ မမခိုင်ခိုင်ကိုအဒူက ယောင်းမထော်ရဲဟင် ဂင် ညွှတ်ညွှတ်ညွှတ်

    • Khaing Khaing

      July 31, 2012 at 12:43 pm

      မောင်ဖိုးထောင် ဘယ်လောက်ပဲဆုံးမ ဆုံးမ မရပါလားဟယ် ……… ဟိုတိုင်မှာ ချည်ထားတဲ့ ပုဆိုးစုတ်နဲ့ လက်သွားသုတ်ခြေ ….. ဒေါက် (ခေါင်းခေါက်သံ)

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 30, 2012 at 11:07 pm

    အမလေး
    လယ်ဂွက်ဘေး ချီးပါပီး
    ဝချမ်းဗျားနဲ့ ချီးကုန်းပီး ဘယ်ဆပ်ပျာနဲ့ ရေဆေးရမလဲ 👿

    • Khaing Khaing

      July 31, 2012 at 12:45 pm

      ဘယ်ဆပ်ပြာနဲ့မှ မဆေးနဲ့ကိုအောင်ပု ……. ချောင်းဘေးသာသွားထိုင်လိုက် …….. သမီးတို့ကတော့ ဒီလိုပဲကော်စားလိုက်တာပဲ …..

  • nigimi77

    July 30, 2012 at 11:57 pm

    ကြားဖူးတာ မဟုတ်ပါဘူး

    ကိုယ်တိုင်လဲ အဲလိုပါပဲ ။

    ရောင်းရင်းတွေ အိမ်ကို သွားလယ်တယ် ။

    သောက်တယ် စားတယ် ။

    ပြီးတော့ …တက်တယ်…. အိမ်သာ တက်တယ် ။

    အိမ်သာ တက်ရင် ဘာလုပ်လဲ ဆိုတော့…. ဆေးလိပ်သောက်တယ် ။

    ဆေးလိပ်သောက်တော့ လက်ထိပ်တွေက နံတယ် ။

    ကျုပ်လို ဇိုးသမား တွေက ရောဂါပို း ဘာညာတော့ သိပ် မတွေးချင်တော့ဘူး ။

    ဘူ ဘူချင်း တစ် မဖြစ်ချင်တာလဲ ပါတာပေါ့…။

    ခက်တာက ရောင်းရင်းတွေ အိမ်က ဖင်နှစ်လုံးဖြဲ ဆောင့်ကြောင့်ထိုင် ညှစ်ရတဲ့

    ချီးခွက်တွေ များတယ် ။ လူကသာ ဘယ်သန်… ဆေးလိပ်သောက်ရင် …

    ညာနဲ ့ သောက်တယ်…။ သောက်တော့ ဘာဖြစ်သေးလဲ မမေးနဲ ့ ဇိုးသမားများ

    ချီးပါရင် လှလှပပလေး ဖင်ခေါင်းကို ခွက်ရေနဲ ့ ပက်လို ့ ချီးက ပြောင်တာမဟုတ်ဘူး ။

    ဇိုးသမား ချီး ဇိုးသမားက ဇိုးကို သစ္စာရှိသလို ဇိုးချီးကလဲ ဇိုးဖင်ခေါင်းကို အတော် သစ္စာရှိသဗျ ။

    အတော်နဲ ့ ပက်လို ့ ပြောင်တဲ့ အရာ မဟုတ်ပေဘူး ။

    ဒီတော့လဲ လှေထိုးကြီး ရိုးရိုး နည်း နဲ ့ပဲ ဘယ်သန် ညာဖင် နှိုက်ပြီး တိုက်ချွတ် ဆေးကြော

    ရသကိုး…။

    ဆေးလိပ်သာ ကြိုက်လို ့ သောက်တယ် …. ဆေးလိပ်သောက်ထားတဲ့ လက်ချောင်းတွေနဲ ့

    ဖင်ဆေးရတာဖြင့်….. ရှိန်းရှိန်း….ရှိန်းရှိန်းး…ဖိန်းဖိန်း…ဖိန်းဖိန်း နဲ ့…….. :mrgreen:

    • surmi

      July 31, 2012 at 9:44 am

      ကျုပ်တို ့ ကားဒရိုင်ဘာဘဝတုန်း ဒီလိုဘယ်နုနေနိုင်မလဲ
      ပုဆိုးအောက်နားကို လက်သုပြ်ပီး ပုဆိုးအပေါ်နားကို ပါးစပ်သုပ်လိုက်ရတာ
      တက်ရတဲ ့အိမ်သာတွေကလဲ ကိုရင်နိဂိမိပြောတဲ ့ အတိုင်းဘဲ ဆိုတော ့
      ပေပေတေတေပေါ ့ဗျာ ။

      • Khaing Khaing

        July 31, 2012 at 1:07 pm

        သမီးလည်း တစ်ခါတစ်လေ အိမ်မှာ ထမင်းစားပြီးရင် မသိမသာ ထမီလေးဝတ်လိုက်တယ် …. လက်ကအဲဒါဆိုပြောင်သွားရော ……. 🙂 🙂 🙂

    • Khaing Khaing

      July 31, 2012 at 12:24 pm

      အိမ်သာမှာ ဆေးလိပ်သောက်တာကတော့ မိမိအိမ်မှာကော အများနဲ့ဝိုင်းသုံးရတဲ့ အိမ်သာတွေမှာ အတော့်ကိုဆိုးရွားတဲ့အမူအကျင့်လို့ထင်မိပါတယ် ….. လုုံနေတဲ့အိမ်သာမှာ အရှေ့လူကအိမ်သာတက်ရင်း ဆေးလိပ်သောက်သွားရင် နောက်မှာ တက်မယ့် သူကထိုဆေးလိပ်မီးခိုးတွေကြားကနေ အိမ်သာထဲဝင်ရပါတယ် ……. နောက်တစ်ခုက အိမ်သာထဲ ဆေးလိပ်တိုထားပြီးသောက်တဲ့အကျင့်ပါ …. ရွံစရာကောင်းတယ်လု့ိ မြင်မိပါတယ် … (စာကြွင်း – ကိုယ့်တွေ့ချက်စားချက်ဖြစ်ပါသည် )

      အခုအရွယ်ရောက်လာလို့သာ သန့်ရှင်းတယ်မရှင်းဘူးပြောနေတာပါ … ငယ်ငယ်ကျောင်းတက်တုန်းကတော့ မုန့်ခိုးစားချင်ရင် အိမ်သာထဲမှာ သွားခိုးစားပါတယ် …. အဲဒီအချိန်တုန်းက ရွံရကောင်းမှန်းလည်းမသိဘူး ……

  • kai

    July 31, 2012 at 12:48 am

    တကယ်သန့်ချင်.. ရောဂါပိုးတွေသေစေချင်ရင်.. ဆပ်ပြာနဲ့လက်မဆေးရပါဘူး..။ မလုံလောက်ပါဘူး..။
    ဆနတိုက်ဇာနဲ့ဆေးစေလိုတာပါ..။ ယူအက်စ်ဆေးရုံ..အလုပ်..ရှောပင်းမောလ်တွေပါ.. ဆနတိုက်ဇာသုံးကြပါတယ်..။

    အောက်မှာနှိုင်းကြည့်ဖို့.. စာတင်ပေးလိုက်တယ်…။ မြန်မာတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးသင့်တယ်..။ အစိုးရကလည်း.. လုပ်ထုံးဥပဒေထုတ်ပြီး.. လုပ်သင့်တယ်..။
    ရှေးစွန်းစွဲ.. ပါဏာတိပါတာ သမားတွေတော့ ခဏခေါက်ထားလိုက်ပေါ့..။
    အဲဒီသက်ရှိတွေ(လူဒုက္ခပေးတဲ့ကောင်တွေ) ရည်ရွယ်ချက်ရှိရှိ..သတ်ပစ်မှဖြစ်မှာပါ…

    http://biology.about.com/od/microbiology/a/handsanitizers.htm
    Antibacterial hand sanitizers are marketed to the public as an effective way to “wash one’s hands” when traditional soap and water are not available. These “waterless” products are particularly popular with parents of small children. Manufacturers of hand sanitizers claim that the sanitizers kill 99.9 percent of germs. Since you naturally use hand sanitizers to cleanse your hands, the assumption is that 99.9 percent of harmful germs are killed by the sanitizers. Recent research suggests that this is not the case.

    How do hand sanitizers work?

    Hand sanitizers work by stripping away the outer layer of oil on the skin. This usually prevents bacteria present in the body from coming to the surface of the hand. However, these bacteria that are normally present in the body are generally not the kinds of bacteria that will make us sick. In a review of the research, Barbara Almanza, an associate professor at Purdue University who teaches safe sanitation practices to workers, came to an interesting conclusion. She notes that the research shows that hand sanitizers do not significantly reduce the number of bacteria on the hand and in some cases may potentially increase the amount of bacteria on the hand. So the question arises, how can the manufacturers make the 99.9 percent claim?

    How can the manufacturers make the 99.9 percent claim?

    The manufacturers of the products test the products on inanimate surfaces hence they are able to derive the claims of 99.9 percent of bacteria killed. If the products were fully tested on hands, there would no doubt be different results. Since there is inherent complexity in the human hand, testing hands would definitely be more difficult. Using surfaces with controlled variables is an easier way to obtain some type of consistency in the results. But as we are all aware, everyday life is not as consistent.
    ==
    ကယ်လီဖိုးနီးယားမှာ.. လက်ဆေးဖို့ဆိုတာ.. ဥပဒေနဲ့ကိုရှိတာပါ..
    http://www.health.ny.gov/environmental/indoors/food_safety/washing.htm
    Article 4. Handwashing :: Health and Safety Code :: 2010 California …
    law.justia.com › … › 2010 California Code › Health and Safety Code
    2010 California Code … Employees shall wash their hands in all of the following instances: (1) Immediately before engaging in food preparation, including …

    • ဦးဦးပါလေရာ

      July 31, 2012 at 1:09 am

      အရေးကြီးတာတခုက အဲဒါက ဘယ်လောက်ကုန်ကျမလဲဆိုတာ …

      ရှေးရိုးစွဲ ဟိန္ဒူနဲ့ဂျိန်းဝါဒီတွေကိုတော့ ခေါက်ခင်ခေါက်ထားပါသူကြီးမင်း
      ဗုဒ္ဓဘာသာတွေအတွက်တော့ မလိုပါဘူးခင်ဗျ
      ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနဲ့ ပရိုတိုဇွာ တွေဟာ ဗုဒ္ဓဘာသာအရ ပါဏာတိပါတကံထိုက်တဲ့အသက်မျိုး မရှိတာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများမှာပါ သုံးသင့်ကြောင်းပါ… 😀 😀

    • htoosan

      July 31, 2012 at 7:51 am

      သူကြီး ကို တံဆိပ်ကပ်လိုက်ဦးမယ် .. သူများ marketing လုပ်တာလား မသိ .. 😀

      Antibacterial hand sanitizers are marketed to the public as an effective way to “wash one’s hands” when traditional soap and water are not available.

      ရေသုံးစရာ မလိုလို့ အသုံးများကြတာလား ?

      These “waterless” products are particularly popular with parents of small children.

      Boots ကထုတ်တဲ့ Cleansing hand gel တော့ ရှိတယ် .with Antibacterial Agent လို့တော့ ရေးထားတာဘဲ ။ ရေမလိုဘူး ။

      • Khaing Khaing

        July 31, 2012 at 12:52 pm

        ကိုထူးဆန်းရေ ……. အပေါ်မှာ ဒေါ်ပန်ပန်(ယောက်မလေး) ကိုပြောခဲ့သလို သူ့ကို သုံးပြီးရင်တောင် လက်ကပိုးတွေသေ သွားတာမှန်ပါတယ် ……. အဲဒီလက်နဲ့အစားအသောက်တွေစားရင်ကော Cleansing hand gel တွေက သူရဲ့ size affect များရှိမလားလို့ …. အထွန့်တက်တယ်တော့မထင်စေချင်ဘူး … အိမ်မှာသမီးလေးအတွက် ဝယ်ထားပြီး စိတ်ထဲမသန့်လို့ မသုံးဖြစ်ဘူး ……

    • Khaing Khaing

      July 31, 2012 at 12:39 pm

      တကယ့်ကို ဗဟုသုတရေစေတဲ့ အကြံပြုချက်လေးပါ ………
      မြန်မာနိုင်ငံက ဆေးရုံတွေ ဆေးခန်း တွေမှာ ဒါမျိုးတွေသုံးသင့်တယ်လို့ ထင်ပါတယ် ……

  • P chogyi

    July 31, 2012 at 9:22 am

    လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးတာတော့ကောင်းပါတယ်
    ရောဂါပိုးကူးစက်မှာကြောက်လို့ဆိုရင်တော့
    ဖန်ပေါင်းချောင်ထဲဝင်နေမှရမယ်
    လေထုအတွင်း(သောက်သုံးရေတွေမှာ) ရောဂါပိုးတွေကအမြဲပါနေတာ
    အပေါ်မှာ တစ်ယောက်ပြောထားသလိုပါပဲ
    ကိုယ်ခံအားမြင့်နေလို့ရောဂါ မဖြစ်တာပါ
    ဒါကြောင့် ရောဂါပိုးမွှားလည်းမကူးအောင်နေ
    ကိုယ်ခံအားလည်းမြင့်အောင်ကြိုးစားပေါ့

    • Khaing Khaing

      July 31, 2012 at 1:11 pm

      ရောပိုးကူးစက်တာကို ကြောက်တာရယ်မဟုတ်ပါ ….. ကိုချိုကြီး …… လက်ဆေးရင်လက်သန့်တယ် ပိုးမွှားကင်းစင်တယ်ဆိုပြီးဆပ်ပြာနဲ့ဆေးကြောပြီး ကိုယ်က သန့်သွားပြီလို့ယုံကြည်စိတ်ချစွာနေသွားလို့ရလား ….. မိမိသုံးလိုက်တဲ့ဆပ်ပြာကိုပေ့ါနော် …….

      • P chogyi

        July 31, 2012 at 5:09 pm

        ဆပ်ပြာနဲ့ စနစ်တက်ဆေးပြီးရင်တော့ နည်းနည်းစိတ်ချလို့ရတာပေါ့
        ဆပ်ပြာမှာ အဓိက ပိုးသတ်ဆေးနဲ့ ချွတ်ဆေးပေါင်းထားတယ်လေ။
        ဲပြီးတော့ ဆရာဝန်တွေပြောတာက စီးတဲ့ရေ ဥပမာ-ရေဘုံပိုင်ပေါ့နော်
        အဲဒါဆိုရင်ကောင်းတယ်တဲ့ ခွက်ထဲနိုက်ဆေးတာမကောင်းဘူးတဲ့။

  • ကြောင်ကြီး

    July 31, 2012 at 10:03 am

    အဲဒီ့ဆပ်ပြာကို ဘာနဲ့ဆေးမတုန်း သဂျီးထက် နာမည်နှစ်ဆများသူဂျီးရဲ့…..

    • Khaing Khaing

      July 31, 2012 at 1:13 pm

      ဘာဆပ်ပြာနဲ့သုံးရင် ပိုကောင်းမယ်မသိလို့မေးနေတာပေါ့ရှင့် …… ကိုကိုကြောင်ကြီးရဲ့ ……

  • ma me kyaw

    July 31, 2012 at 10:26 am

    ဆပ်ပြာနဲ့လက်ဆေးတော့သန့်သွားတာပေါ့စိတ်လဲရှင်းတယ်လေ ဒါပေမဲ့. ဆိုက်ကိုဝင်သွားမယ်ကိုတွေ့နော်

    • Khaing Khaing

      July 31, 2012 at 1:29 pm

      ဟုတ်ပ တစ်ချို့ဆိုဆိုဒ်ကို ဝင်တဲ့လူတွေရှိတယ် ….

  • ဒုတ်ထိုး

    July 31, 2012 at 12:34 pm

    ဂျန်းချင်း ချကွဲယား မှာ အိမ်သာတက်ရင် တစ်သျှူးဘဲ ရှိတယ် ၊ ဒီတော့ ရေသန့်ဗူး
    ယူသွားရတယ် ၊ ဆပ်ပြာတော့ အိမ်ရောက်မှပဲ ( သတိရရင်ပေါ့နော် )

    • Khaing Khaing

      July 31, 2012 at 1:30 pm

      အိမ်သာကထွက် ……. ကြားထဲမှာ မုန့်တွေဘာတွေဝယ်စား ….. 🙂 အိမ်ပြန်ရောက်ရင်တော့ လက်က သူ့အလိုလိုသန့်ပြီးသားဖြစ်သွားမှာပါ …..:)

  • ကိုရင်စည်သူ

    July 31, 2012 at 12:51 pm

    ကိုယ်တွေ ဘဝကတော့ ဂျမ်းနေပီ… လက်တွေက ဆီဂျေးတွေကော
    သံချေးတွေကော ပေနေတော့… ဆပ်ပြာလောက်နဲ့ ပိုးကမသေဘူး…
    (တခါတလေ ပင်လယ်ငါးသူများဖမ်းလို့ရတာကို လက်ကြမ်းနဲ့ ဖက်နမ်းလိုက်သေးတယ်… အဟီးးး)
    ဆပ်ပြာမုန့် ကြမ်းကြမ်းနဲ့ ဂျမ်းတိုက်ပစ်မှ ဂျမ်းချောဖြစ်သွားတာ…။
    လက်ကပိုးသေလားမသေလားတော့ မသိဘူး.. လက်တော့ တော်တော်ဂျမ်းလာတယ်….
    ပြန်ရောက်ရင် လက်ကြမ်းသွားတဲ့… မောင်ဂျမ်းကို ရှောင်နမ်းသွားမှဖြစ် ရင်ကျိုးရချည်ရဲ့… 🙁 🙁

    • Khaing Khaing

      July 31, 2012 at 1:31 pm

      ဟုတ်တယ်နော် ကိုရင်စည်သူ ……. အိမ်ကတစ်ယောက်ဆို သင်္ဘောပေါ်မှာလေ လူကသာ မဲတာ အသန့်ကညီမထက် ကြိုက်တယ် …. သူကကိုယ်တိုက်ဆပ်ပြာတောင် တစ်လကို ၃ ၄ ခဲကုန်တာတဲ့ …….

  • Shwe Ei

    July 31, 2012 at 1:03 pm

    hand sanitizer ဆောင်တတ်တဲ့အကျင့်ရှိရင်တော့ ကောင်းတာပေါ့။ ဆပ်ပြာသုံးတဲ့ ကိတ်စက အထက်မှာမန့်ခဲ့ကျသလိုဘဲ ကျန်းမာရေးအသိရှိသူတိုင်း ဂရုတစိုက်သုံးနေကြတာပါဘဲ။ ပိုးမွှားကာကွယ်တာ မကွယ်တာထဲ့မတွက်ပဲပြောရရင် လက်သန့်ပြီး အနံ့ဆိုးပျောက်သွားတာကို အတော်ကောင်းနေပါဘီ။ တောနယ်တွေဘက်မှာတော့ သန့်လေးသန့် ပရိုဂရမ်တွေ လက်ရှိအချိန်ထိ လုပ်နေကြရတုံးပါဘဲ။ ဆပ်ပြာသုံးရမှာ နှမြောကြတဲ့လူတွေ ရှိနေသေးလို့လေ 🙂

    • Khaing Khaing

      July 31, 2012 at 1:40 pm

      တောမှာတော့ ဆပ်ပြာသုံးဖို့မပြောနဲ့ ခရီးသွားတုန်းကဆို မြစ်ထဲချောင်းထဲမှာ ပျော်ပျော်ပါးချိုးနေ အဝတ်လျှော်နေတဲ့လူတွေကြည့်ပြီး စိတ်ညစ်ခဲ့ရတယ် …… အဲဒီနားက စားသောက်ဆိုင်တွေကို မြစ်ရေကိုပဲသုံးကြ သောက်နေကြလေရဲ့ …….. အခိုင်တောင် ပန်ကန်ကို ရေနွေးနဲ့ဆေးလို့ မင်းကွန်းနားက မြစ်ဆိပ်မှာ ဖွင့်ထားတဲ့ဆိုင်က အဖွားကြီး ပြောတာဆိုတာ ခံလိုက်ရသေးတယ် …… သူက အဖွားတို့ကော ဒီက ကလေးတွေရော က ဒီရေနဲ့ပဲစားသောက်နေထိုင်ကြတာတဲ့လေ …… 🙁

  • Solid_Sn@ke

    July 31, 2012 at 1:10 pm

    the United States Centers for Disease Control and Prevention and many other world public health authorities recommend alcohol hand sanitizers as an acceptable alternative to soap and water for hand hygiene.

    The CDC Clean Hands campaign instructs the public how to use hand sanitizer properly:
    When using an alcohol-based hand sanitizer:
    – Apply product to the palm of one hand.
    – Rub hands together.
    – Rub the product over all surfaces of hands and fingers until hands are dry.
    Mayo Clinic adds:

    Apply enough of the product to the palm of your hand to wet your hands completely.
    Rub your hands together, covering all surfaces until they’re dry.
    If your hands are visibly dirty, however, wash with soap and water.


    For health care, optimal disinfection requires attention to all exposed surfaces such as around the fingernails, between the fingers, on the back of the thumb, and around the wrist. Hand alcohol should be thoroughly rubbed into the hands and on the lower forearm for a duration of at least 30 seconds and then allowed to air dry. To minimize carryover, jewelry should be removed from hands during use.

    The Mayo Clinic recommends washing hands or sanitizing

    – before preparing food, eating, treating wounds or giving medicine, touching a sick or injured person, inserting or removing contact lenses
    – after preparing food (especially raw meat or poultry), using the toilet, changing a diaper, touching an animal or animal toys, leashes or waste, blowing your nose, coughing or sneezing into your hands, treating wounds, touching a sick or injured person, – handling garbage or something that could be contaminated, such as a cleaning cloth or soiled shoes.

    http://en.wikipedia.org/wiki/Hand_sanitizer

    ပြောရရင် ဂျီးတော်ခိုင်ရေ…
    မီသိုင်း အယ်လ်ကိုဟော 60% ကနေ 85%. ပါသတဲ့ဗျ..
    အငွေ့ ပျံလို့ လက်ခြောက်သွားရင် …. စိတ်သန့်သန့်နဲ့ ..အစားအစာ ကိုင်တွယ်နိုင်ပါရဲ့ဗျာ …
    လက်မခြောက် ခင်သာ လက်မစုပ်မိစေနဲ့ပေါ့ …
    မီသိုင်း အယ်လ်ကိုဟော က သောက်မိရင် သေတတ်တယ်..
    အဲ… မီသိုင်း အယ်လ်ကိုဟော ပွိုင်ဇင်းနင် းအတွက် အကောင်းဆုံးသော ကုထုံးက
    အီသိုင်းအယ်လ်ကိုဟော (အရက် ကိုပြောတာ..) စစ်စစ် လောင်းထည့်ပေးရသတဲ့ ..
    လူ့အသည်းက ဆဲလ် တွေ က ..methanol ထက် ethanol ကို ပိုမိုနှစ်သက်တဲ့အတွက်
    capture လုပ်ထားတဲ့ methanol molecules တွေကို ပြန် release လုပ်ပြီး ethanol ကိုစုပ်ယူတဲ့အတွက်

    သေတတ်တဲ့ methanol အစား မူးတတ်တဲ့ အရက်ကိုပဲ အစားထိုးစုပ်ယူစေခြင်းဖြင့် ..လူကို အသက်ကယ်နိုင်ပါတယ်ကွယ်.
    (အရက် မကောင်းကြောင်း သိပ်မပြောကြပါနဲ့ ..သည်နေရာမှာတော့သူက ….အသက်ကယ်ဆေးပါ…)

    • Khaing Khaing

      July 31, 2012 at 1:50 pm

      ဒီတစ်ခါတော့ ကိုဂီကိုကျေးဇူးတင်ပါတယ် ……. စိတ်ထဲမရှင်းတာလေးကို သိအောင်ရှင်းပြပေးတဲ့ အတွက် ဘရာကြော်လို့ပြောရမလား ……… ဒီပို့စ်တင်ရတဲ့အဓိအကြောင်းရင်းက ကျွန်မသိချင်တာလေးတွေကို ရွာသူရွာသားတွေကို မေးမြန်ပြီး ဗဟုသုတယူလိုက်တာပါ …. ဝက်သားဒုတ်ထိုးရောင်းပြီးရင်လည်း လက်သန့်ဆေးသုံးပြီးဆေးတော့မယ်နော် ……:) 🙂

      • Solid_Sn@ke

        July 31, 2012 at 2:13 pm

        အင်း …
        သုံးကောင်းတိုင်းလည်း စွတ်မသုံးနဲ့ဦးဗျို့…
        တန်ဆေး လွန်ဘေး ..သူ့မှာလည်း ဆိုက်အက်ဖက် ရှိတယ်..
        အဲ့ဒါကတော့ အသားအရည် မွဲခြောက်စေနိုင်တာ စကင်း မွိုက်စကြာရွိုက်ဇာ ကို
        ထိခိုက်တာတို့ ဖြစ်တတ်တယ်ဗျို့ ….။
        :mrgreen:

        • ကြောင်ဝတုတ်

          July 31, 2012 at 3:20 pm

          လက်ဆေးတာဟာ သန့်ရှင်းရေးကိုအားပေးသပေါ…
          ဒါပေမယ့်… အားအားနေလက်ဆေးတတ်တယ်… မဆေးရမနေနိုင်ရင် စိတ်ကျန်းမာရေးဆရာဝန်တို့ဘာတို့နဲ့ ပြသင့်တယ်ညီမလေးရေ… (နောက်တာမဟုတ်ပါ…)
          အဲဒါမျိုးကြပြန်တော့ စိတ်ရောဂါနဲ့လဲဆိုင်ပြန်ရော…
          ဘာပဲပြောပြော… တန်ဆေးလွန်ဘေးလေကွယ်… အရာရာဟာ သင့်သလောက်… တန်သလောက်ပဲကောင်းပါတယ်…

          ခင်မင်လျက်-
          ကြောင်ဝတုတ်

Leave a Reply