ဘယ်လိုနေရမလဲ?

King of Secrets (Bo Min)July 30, 20121min15611

ဘယ်လိုနေရမလဲ

ပြုံးရွှင်ရယ်မော ဝင်ကာရောတော့ လူပေါကြီးလို. ထင်ကြတယ်။

တည်တံ့စွာနေ ရောမဝင်တော့ ဘဝင်မြင့်သည်၊ ဟန်ဝင့်သည်တဲ့။

ခေါ်ထူးမေးဖြေ မှန်မှန်နေက ဆိုလေ အတင်း ကုတ်ကမြင်းတဲ့။

အို… ပတ်ဝန်းကျင် ဝေဖန်ရှင်တို.၊ သင့် အလိုကျ ဖြစ်စေရမည်။

သဘောအမှန်၊ မောမခံနဲ.

လောကဓံက ဒီလိုဘဲ။

11 comments

  • Khaing Khaing

    July 30, 2012 at 5:02 pm

    ၁၅ ကျပ်လိုချင်လို့ မန်တော့ ဟိုဈေးသည်နဲ့ အနှိုင်းခံရတယ် ….
    မအားလို့ မမန့်တော့ လက်ရှောင်တယ်တဲ့ …
    အမှန်ကပေါချင်တာရယ် ပျော်ချင်တာရယ် လိုချင်တာရယ် ဒီလိုရယ်သုံးမျိုးကြောင့် စာတွေရေးဖြစ်နေတာပါ ….

    • ဥဥ

      July 30, 2012 at 5:43 pm

      အိုဘာတဲ့တုံးဟ
      ဘူဒွေ ဘာပြောပြော ဆယ့်ငါးကျပ်ယူပီး လစ်ပီ
      ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မွန်မွန်

    July 30, 2012 at 5:57 pm

    နေတတ်သလိုသာနေ… သားအဖနဲ့မြင်းဇာတ်လမ်းကို သိနေတာပဲ…
    ကိုယ့်မရှိတော့ အဲဒီပတ်ဝန်းကျင်က ထမင်းလာကျွေးတာမဟုတ်ဘူး… အချိန်တန်ရင် ဘယ်သူဘာလဲဆိုတာ သိလာလိမ့်မယ်…

    ပေါင်းသင်းဆက်ဆံရေးညံ့သူတစ်ဦး

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 7:39 pm

    ဘယ်လို နေရမလဲ ဆိုတော့ကာ
    နေချင်သလိုသာ နေပါ ..
    နို့ .. ဘောင်ဒေါ့ဖြင့် မကျော်ပါနဲ့လို့ ..
    ဘောင်ကျော်ရင်တော့ ရူးတာပဲတဲ့ ..
    ပြောတာ ကြားဖူးတာ …
    အမှန်က လောကဓံဆိုတဲ့ ဘောင်ကို ဘုရားတောင်မှ ကျော်လို့ မရနိုင်တာ ..
    ဟုတ်ဘူးလားနော့ …

  • သန်းထွဋ်ဦး

    July 30, 2012 at 9:01 pm

    ဒီလိုပါဘဲဗျာ လောကဓံလေဗျာ။သည်းခံခြင်းသည် အောင်နိုင်ရာ၏တဲ့ဗျာ

  • မောင်ပေ

    July 30, 2012 at 9:37 pm

    လင်းလင်းကတော့ ဆိုထားတယ်
    “ နေတတ်သလို နေပါတော့… ”

  • နေဝန်းနီ

    July 30, 2012 at 9:54 pm

    ပျော်သလိုသာနေလိုက်တော့ဆိုလား….။ သီချင်းထဲမှာ ပြောပါတယ်…။

  • နေ ့သစ်/ ဘဝသစ်

    July 31, 2012 at 8:24 am

    ကိုယ်ကောင်းရင် ခေါင်းမရွေ့တဲ့။
    ပျော်ပျော်နေ သေခဲပေါ့နော်။့

  • မမ အညာသူ

    July 31, 2012 at 9:19 am

    ပြုံးရွှင်ရယ်မော ဝင်ကာရောတော့ လူပေါကြီးလို. ထင်ကြတယ်။

    တည်တံ့စွာနေ ရောမဝင်တော့ ဘဝင်မြင့်သည်၊ ဟန်ဝင့်သည်တဲ့။
    ဟုတ်ပါတယ်အရမ်းမှန်ပါတယ်
    တကယ်အပြင်လောကမှာလဲအဲအတိုင်းပါပဲ

  • P chogyi

    July 31, 2012 at 9:28 am

    ကာလံ၊ ဒေသံ ဆိုတဲ့ ကာလ၊ ဒေသ အခြေအနေ အချိန်အခါကို
    ကြည့်ပြီး ပြောသင့်တာကိုပြော၊ ရောသင့်တာကို ရောလိုက်ရင်
    အဆင်ပြေသွားမှာပါ။

Leave a Reply