Translate

nigimi77July 30, 20121min17813

ရွာထဲမှ

 

စာတတ် ပုဂ္ဂိုလ်များ  ခင်ဗျား  ။

 

ကျွန်တော်  နိဂိမိ  အင်္ဂလိပ်စာ အလွန် ညံ့ဖျင်းပါသဖြင့်

 

အောက်ပါ  ဥပဒေ စကားရပ်များကို  အင်္ဂလိပ် ဘာသာသို  ့

 

ကူညီ ပြန်ဆိုပေးစေလို ပါကြောင်း……..။

 

 

===============================

 

 

တစ်ပတ် တစ်ရက်  နားခွင့်  (ပုဒ်မ – ၆)

အလုပ်ဋ္ဌာနကို  တစ်ပတ်လျင် အနည်းဆုံး တစ်ရက် ပိတ်ရမည် ။

နားခွင့်ပေးသည့် အတွက် လုပ်ခကို လစာမှ မဖြတ်ရ ။

အလုပ်သမား အားလုံး အတွက် တစ်ဦးစီ၏ နားရမည့် နေ ့ရက်ကို ကြိုတင် သတ်မှတ်ထားရမည် ။

တစ်ပတ် တစ်ရက် ပိတ်ရန် မလိုသည့် အလုပ်ဋ္ဌာနများ  ( ပုဒ်မ – ၅(၂) )

တစ်ပတ် တစ်ရက် ပိတ်ရန် မလိုသော်လည်း အလုပ်သမား များအား တစ်ပတ် တရက်

လုံးဝအနားပေးခြင်း ၊ အလုပ်ချိန် ၊ နားချိန် ၊ သတ်မှတ်ချက်များ နှင့် အညီသာ ခိုင်းစေခြင်းပြုရပါမည် ။

အကျုံးဝင်သော အလုပ်သမားများ     ပုဒ်မ ၂ (၄)  ဇယား

(က)  ရေနံမြေ ဥပဒေ ။

အများ အလုပ် ပိတ်ရက် ။   ပုဒ်မ (၃)

အများ အလုပ် ပိတ်ရက်တွင် လုပ်ခ အပြည့်ဖြင့် အနားပေးရမည်  ။

ပိုင်ရှင်  အပြောင်း အလဲ ။  ပုဒ်မ  ၁ဝ (၁)

ပိုင်ရှင် အပြောင်းအလဲ ကြောင့်   ဥပဒေပါ အခွင့်အရေးများကို မထိခိုက်စေရ ။

ပြစ်ဒဏ်

ဥပဒေပါ ပြဌာန်းချက်ကို  ချိုးဖောက်ပါက ထောင်ဒဏ် (၂ ) နှစ် အထိ  တရားရုံးမှ အပြစ်ပေးနိုင်သည် ။

13 comments

  • မောင်ပေ

    July 30, 2012 at 8:46 pm

    ရှေ ့နေ ကောင်းကောင်းသာ ငှားပြီး
    နစ်နာကြေး ဒေါ်လာ၂သန်းလောက်
    ရအောင်တောင်းပေတော့ ကိုယ့်လူ

  • ဦးဦးပါလေရာ

    July 30, 2012 at 8:56 pm

    အဲဒါကတော့ ရှေ့နေ/ ဥပဒေသမားမှ ပြန်လို့ဖြစ်မယ်ထင်တယ်ကိုရင်…

    စကားမစပ်-
    အဲဒီမှာ ဘေးကင်းရန်ကင်းရှိပါစေဗျာ..၊

  • သန်းထွဋ်ဦး

    July 30, 2012 at 8:58 pm

    MPC section တွေက တလုံးလောက်အထားအသိုလွဲရင် အဓိပ္ပာယ်လွဲသွားတာမို ့
    ဂရုစိုက်သင့်ပါတယ်။

  • nigimi77

    July 30, 2012 at 10:19 pm

    အချက် အလက်က ပါးပါးလေးပါ

    ဘာသာပြန် ပေးမဲ့ ပုဂ္ဂိုလ်ကို စောင့်လိုက်ဦးမယ် ။

    :mrgreen:

  • ကြောင်ကြီး

    July 31, 2012 at 8:27 am

    တစ်ပတ် တစ်ရက် နားခွင့် (ပုဒ်မ – ၆)
    ears leave once a week (stinky female – 6)
    အလုပ်ဋ္ဌာနကို တစ်ပတ်လျင် အနည်းဆုံး တစ်ရက် ပိတ်ရမည် ။
    The work must be closed at least one day per round.
    နားခွင့်ပေးသည့် အတွက် လုပ်ခကို လစာမှ မဖြတ်ရ ။
    Don’t cut wages for taking ears leave.
    အလုပ်သမား အားလုံး အတွက် တစ်ဦးစီ၏ နားရမည့် နေ ့ရက်ကို ကြိုတင် သတ်မှတ်ထားရမည် ။
    Ears getting day for each worker must be scheduled (in advance).
    တစ်ပတ် တစ်ရက် ပိတ်ရန် မလိုသည့် အလုပ်ဋ္ဌာနများ ( ပုဒ်မ – ၅(၂) )
    Work/section/department that are not related to weekly day off requirement (stinky female – 5/2)
    တစ်ပတ် တစ်ရက် ပိတ်ရန် မလိုသော်လည်း အလုပ်သမား များအား တစ်ပတ် တရက်
    Workers/employees ought to be fairly treated to take a day off per week by the
    လုံးဝအနားပေးခြင်း ၊ အလုပ်ချိန် ၊ နားချိန် ၊ သတ်မှတ်ချက်များ နှင့် အညီသာ ခိုင်းစေခြင်းပြုရပါမည် ။
    standard labor rules and regulation.
    အကျုံးဝင်သော အလုပ်သမားများ ပုဒ်မ ၂ (၄) ဇယား
    Relevant workers (stinky female 2/4 chick)
    (က) ရေနံမြေ ဥပဒေ ။
    stinky wet ground law.
    အများ အလုပ် ပိတ်ရက် ။ ပုဒ်မ (၃)
    Public observance day. (stinky female 3)
    အများ အလုပ် ပိတ်ရက်တွင် လုပ်ခ အပြည့်ဖြင့် အနားပေးရမည် ။
    Full wages must be paid on observance day when ears given
    ပိုင်ရှင် အပြောင်း အလဲ ။ ပုဒ်မ ၁ဝ (၁)
    Changing and Falling Owner/employer (stinky female 10/1)
    ပိုင်ရှင် အပြောင်းအလဲ ကြောင့် ဥပဒေပါ အခွင့်အရေးများကို မထိခိုက်စေရ ။
    The rights prescribed by labor rules and regulations must not be altered due to changing and falling owner/employer
    ပြစ်ဒဏ်
    Punishment
    ဥပဒေပါ ပြဌာန်းချက်ကို ချိုးဖောက်ပါက ထောင်ဒဏ် (၂ ) နှစ် အထိ တရားရုံးမှ အပြစ်ပေးနိုင်သည် ။
    Breaching rules and regulations may suffer a maximum two year of sentence in prison.

    • ကြောင်ဝတုတ်

      July 31, 2012 at 8:49 am

      ဘာသာပြန်ပေးထားတဲ့အတိုင်း နဲနဲပြင်သုံးရင်ရပြီ…ဟိဟိ
      ဒါပေမယ့် ဘယ်နားကိုပြင်ရမှန်းတောင်မသိတော့ဘူး… အင်္ဂလိပ်လိုနဲ့ဗမာလိုတွဲဖတ်ရင်း မူရင်းအင်္ဂလိပ်စာတောင်ပျောက်တောက်တောက်၊ မေ့တေ့တေ့ဖြစ်သွားပြီး ကိုကြောင်ကြီးရေ….
      ကြောင်အချင်းချင်းမို့… ဗယာကြော်….အဲ… ငါးကြော်… (ကြောင်များဗယာကြော်မကြိုက်ပါ)….
      ညောင်…ညောင်……….ညောင်…………

      ခင်မင်လျက်-
      ကြောင်ဝတုတ်

    • nigimi77

      July 31, 2012 at 9:02 am

      တော် တော် နောက်တဲ့ လူ ပဲ :mrgreen:

    • မမ အညာသူ

      July 31, 2012 at 9:24 am

      တော်လိုက်တာကိုကြောင်ကြီးရယ်
      ညာနီးနီးပဲ
      ဟီးးးးးးးး
      စတာနော် အတည်

  • Gipsy

    July 31, 2012 at 8:44 am

    ဝေး .. ဒါမှ ငဒို့ယွာက ကိုကြောင်ကြီး …
    အဟီး အခုမှ ဝင်မန့်ရဲတာ .. ကျုပ်လဲ ဘာမှ မူတိ ….။ :mrgreen:

  • etone

    July 31, 2012 at 10:57 am

    အွန် .. ဂဏန်းကြီး ……. အရက်သောက်ပြီး ဒီပို့စ်ကို ဇောက်ထိုးဖတ်လိုက် … အလိုလိုထရန်စလိတ်လုပ်တတ်သွားလိမ့်မယ် .. ခွိခွိ …. 😛

    ဦးကြောင်ရေ .. ဖတ်ပြီး ရယ်လိုက်ရတာ ……. ခွက်ထိုးခွက်လန်ပါပဲ 😆
    ဟာသဉာဏ်နဲ့ ဖြတ်ထိုးဉာဏ်ကိုလည်း ချီးကျူးမိပါတယ် ………… ဒါတောင် ….. မိန်းမ .. အဲ ကြောင်မ မရသေးဘူး ……. ခွိခွိ :mrgreen:

  • yan lay

    July 31, 2012 at 11:57 am

    I would like to know. What do you mean section 5, 6, etc… in your post. Do you refer any Law or Act? Any agreement between owner and worker?

  • မွန်မွန်

    July 31, 2012 at 1:46 pm

    ှShops and Establishment Act, 1951 Sr. (v)

    Weekly holidays
    Section. 6(1) Every shops and commercial establishment shall be entirely close on at least one day in each week and an employee there of shall be allowed holiday on that day and no deduction shall be made from his wages for his being granted holiday for that day.

    DBL course, Paper (4), Law of Employment မှာသင်ရတာ..အောက်မှာရှိသေးတယ်။ ကျန်တဲ့ အက်ဥပဒေတွေတော့ မသင်ရသေးဘူး။ 🙂

Leave a Reply