အိုပျိုကညာ

Pye Kun ZawJuly 30, 20121min1629

အိုပျိုကညာ

အချစ်ဆိုတာ

သိလိုပါလျှင်

ကျွန်ုပ်ရင်ခွင်

ခိုဝင်လှည့်ပါ။

 

အိုပျိုကညာ

မြတ်နိုးယုယ

ကြင်နာသမှု

အစဉ်ပြုမည်

လေးနက်တည်ကြည်

သစ္စာဆိုသည်။

 

အိုပျိုကညာ

အပိုအလို

အဆင်တန်ဆာ

မာယာမပါ

ဖြူစင်သန့်ရှင်း

ရင်နှင့်နှင်းသော

ချစ်ခြင်းအားဖြင့်

တစ်ဘဝစာ

ယုံလှည့်ပါတော့

အိုပျိုကညာ။

9 comments

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 10:08 pm

    ခင်ဗျား ကဗျာက
    ချစ်ခွင့်ပန်တဲ့ ကဗျာပေါ့နော် …
    အားပေးသွားပါတယ်ဗျာ ..

    • Pye Kun Zaw

      July 30, 2012 at 10:21 pm

      ကျေးဇူးတင်ပါတယ်ဗျာ..

  • ဥဥ

    July 31, 2012 at 8:54 am

    အိုပျိုကညာဆိုတာက
    အိုနေတဲ့ကညာနဲ့
    ပျိုကညာနဲ့ပေါင်းထားတာလားဟင် :mrgreen:

  • မမ အညာသူ

    July 31, 2012 at 9:03 am

    အားပေးဖတ်ရှု့သွားပါဂျောင်း

  • မောင်ပေ

    July 31, 2012 at 9:20 am

    ကို pye kun zaw ကဗျာက ဂွတ်တယ်
    ဒါပေမယ့် အပေါ်မှာ ဥဥ မန့်ခဲ့သလိုပဲ
    အိုပျိုကညာ ဆိုတာက ဆက်ရေးထားတော့
    အဓိပ်ပါယ် လွဲဖို့ဖြစ်သွားတယ်
    အို…ပျိုကညာ ဆိုရင် ကွဲပြားမယ် ထင်ပါတယ်
    ခင်မင်စွာဖြင့်
    မောင်ပေ

    • Pye Kun Zaw

      July 31, 2012 at 4:09 pm

      ဟုတ်ကဲ့အစ်ကို အို..ပျိုကညာ ဖြစ်ရမှာပါ။ ဟီး

  • Shwe Ei

    July 31, 2012 at 12:10 pm

    ချစ်ခွင့်ပန်ကဗျာတော့ ဟုတ်ဟန်မတူဘူး။ ရှိဘီးသားတယောက်ကို လွမ်းနေတာဖြစ်ရမယ် 😀

  • maung khinmin

    July 31, 2012 at 12:35 pm

    အိုတာ ပျိုတာ
    မလိုပါဗျာ
    ကညာ ဆိုက
    လာသာ လာပါ

    အထာမကိုင်
    ညှာမခိုင် လည်း
    ဘာလဲ ညာလဲ
    မရွေး ပါဘဲ
    ပေးချင် တဲ့အသဲ
    ပေးစမ်း ကွယ်

Leave a Reply