ကြံ့ဖွန့်ရဲအက်ကြောင်း

kokothandarJuly 31, 20121min838

ပြည်တွင်းဂျာနယ်တွေမှာဖေါ်ပြလိုက်တဲ့  ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးက တော်တော် လေးစိတ်ဝင်စားရပါတယ်။ ဒါက ကျတ်ဖွတ်အဖွဲ့ရဲ့ အပေါ်ပိုင်းမှာ အက်ကြောင်းတွေရှိနေတာကို မီးမောင်းထိုးပြလိုက်တာပါ။ သူတို့ရဲ့အတွေးအခေါ်တူညီတာက ဘယ်အပေါက်အလမ်းက ဘာအခွင့်အရေးရမလဲ ဘာကိုယ့်အတွက် ဝင်ငွေတွေ တိုးပွားမလဲဆိုတာတွေပါဘဲ။ သမ္မတက နိူင်ငံတစ်ကာကို သံခင်းတမန်ခင်းနဲ့ပါးပါးနပ်နပ် ချဉ်းကပ်လုပ်ဆောင်ချိန်မှာ လူမိုက်ဆန်ဆန် အမေရိကန်နဲ့ U N ကိုဝေဖန်လိုက်တာတောမကောင်းပါ။ ကမ္ဘာမှာ အမေရိကန်နဲ့ အစည်းကပ်အောင် မနေတတ်တဲ့ တိုင်းပြည်တွေ ဟာ တိုးတက်မှုနည်းနေတာကို

နိူင်ငံရေးအမြင်သိသိနဲ့ ဆင်ကြဉ်ရမဲ့အစား ဝေဖန်တိုက်ခိုက်တဲ့အပြောမျိုး ပြောလိုက်တာကတော့ သူ့ရဲ့ နိူင်ငံရေးမပါးနပ်မှုကို ပြလိုက်သလို သမ္မတကိုဆန့်ကျင်တဲ့စကားမျိုး

ပြောလိုက်တာကလဲ ဘယ်လို အာဃာတကြောင့်လဲ စဉ်းစားစရာပါ။ သမ္မတကို မကြိုက်ရင် မာနရှိရှိနဲ့ ထွက်လိုက်ရင် မကောင်းပေဘူးလား။ ထွက်လိုက်တာဟာ ထုတ်ခံရတာ

နဲ့စာရင် ဂုဏ်သိက္ခာရှိတာပေါ့။ သမ္မတရဲ့ ပြတ်သားမှု ကိုစောင့်ကြည့်ရမှာပေါ့လေ။ ဆက်ထားရင်တော့ မြွေပွေး ခါးပိုက် ပိုက်ထားသလိုပါဘဲ။ အာဏာရ ကြံဖွန့် ပါတီမှာ ရှင်းထုတ်သင့်တာ ရှင်းထုတ်ပါမှ ၂၀၁၅ မှာ အမတ် ၄ .၅ ဆယ်ရောက်လောက်ရနိူင်မှာ ။ ဒီလိုလူမျိုးတွေရှိ နေသေးရင် ကျတ်ဖွတ်တွေ လွှတ်တော်အပြင်မှာ ချိုမိုင်မိုင် ကနေရမဲ့ကိန်း မြင်ရောင်မိပါသေး။

 

8 comments

  • P chogyi

    July 31, 2012 at 9:42 am

    ကြံ့ဖွန့်ရဲဆိုလို့ အလန်တကြားဝင်ကြည့်လိုက်တာ
    တော်သေးတာပေါ့ မဟုတ်လို့
    ကြံ့ဖွန့်တာင်မလွယ်တာ ကြံ့ဖွန့်ရဲဆို ——–
    မစဉ်းစားရဲပါဘူး

  • ကြောင်ကြီး

    July 31, 2012 at 9:58 am

    သူ့မဲဆန္ဒနယ် တောင်ဥက္ကလာပမှာတော့ လွှတ်တော်အမတ်နေရာကနေ ပြန်ခေါ်ဖို့ လက်မှတ်ထိုးလှုပ်ရှားမှု စနေပြီတဲ့။ လက်မှတ်တထောင်ပြည့်ရင် စာနဲ့ပေနဲ့ တရားဝင်တင်မယ် ဆိုလားပဲ။ ဒါထက်အရေးကြီးတာ သူ့မိခင်ပါတီကြံ့ဖွတ်ကိုယ်၌က အားပေးအားမြောက် ပြုနေတာတဲ့။ သူတို့ကိုယ်တိုင်လုပ်မှ ဖြစ်မယ့်ကိစ္စလေ၊ အပြင်လူတွေ လုပ်နိုင်တာ နဲနဲပဲရှိတယ်။ အဲဒီဟာ အောင်မြင်ရင် ရွာမှာလည်း သဂျီးကို ဝိုင်းဆော်ရအောင်။

  • ko khin kha

    July 31, 2012 at 4:30 pm

    အမတ်ဆိုတာ မတ် ရင် မတ် ၊ မမတ် ရင် လဲတာဘဲတဲ့။

    • chityaaung

      July 31, 2012 at 7:52 pm

      မှောက်ရက်လဲရင် စောက်ရှက်ကွဲမယ်…။ စောင့်ကြည့်နေမယ် ဘယ်လိုလဲမလဲ………

  • သန်းထွဋ်ဦး

    July 31, 2012 at 10:20 pm

    အင်းးးးးးးးးဖွတ်ကြီးက အရှေ ့ကပေါက်ဖော်ကို လွမ်းသပေါ့ လို ဖြစ်နေပြီဗျာ

  • နေ ့သစ်/ ဘဝသစ်

    July 31, 2012 at 11:23 pm

    တစ်ချိန်လုံး အားကိုးပြီး နေရာပေးလာခဲ့တဲ့ အဖေဆိုတော့
    လွမ်းမှာပေါ့။

  • kokothandar

    August 1, 2012 at 9:00 am

    ပိုစ် တင်စဉ်က ရကောက်ရဲ့အောက်ခြေထိကြည့်လို့ မရလို့ပါ ကြံ့ဖွန့် ရဲ့ အက်ကြောင်း လို့ကျေဇူးပြုပြီး ဖတ်ပေးဖို့ ပန်ကြားပါတယ်။

  • TNO

    August 1, 2012 at 7:16 pm

    ကျွန်တော်ကတော့မထင်ပါဘူး၊ အောင်သိန်းလင်းဆိုတာလည်း နယ်ရုပ်တစ်ရုပ်ပါ၊ တကယ်ပြောတယ်ဆို
    ရင်တောင်သူ ့သဘောနဲ ့ပြောတာမဟုတ်ပါဘူး၊ အက်ကြောင်းရှိတယ်လို ့ထင်အောင်လုပ်ပြီးချွေးသိပ်ထားတာပါ

Leave a Reply