The Voice နှင့် Envoy ဂျာနယ် နှစ်စောင် အပိတ်ခံရ

the bestJuly 31, 20121min909

The Voice နှင့် Envoy ဂျာနယ် နှစ်စောင် အပိတ်ခံရ
ပြည်တွင်း၌ ထုတ်ဝေနေသော အပတ်စဉ်ထုတ် The Voice နှင့် Envoy ဂျာနယ် နှစ်စောင်ကို မြန်မာနိုင်ငံ စာပေ စိစစ်နှင့် မှတ်ပုံ တင် ဌာနက ထုတ်ဝေခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရသည်။ The Voice ဂျာနယ် ကိုမူ ဝန်ကြီးအပြောင်းအလဲ သတင်း ဖော်ပြ ၍ အကန့်အသတ်မရှိ ပိတ်ပင်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း၊ Envoy ဂျာနယ် မှာ ဦးအောင်သိန်းလင်း သတင်း အပြည့်အစုံ ဖော်ပြ၍ ပိတ်ခြင်းဖြစ်ကြောင်း၊ ပိတ်ပင်ရန် တခြားသော ဂျာနယ် တချို့ ရှိသေးသည် ဟု ကြားသိရကြောင်း ပြည်တွင်း မီဒီယာသမား တဦးက ပြောသည်။ ယနေ့ နေ့လယ်ပိုင်းတွင် စာပေစိစစ်ရေးက သတင်းမီဒီယာများကို အရေးပေါ် အစည်းအဝေး ခေါ်ထားသည်။
ဧရာဝတီ| July 31, 2012

The Voice Weekly နှင့် Envoy သတင်းစာစောင်များ ယာယီရပ်နားခံရ
ရန်ကုန်၊ ဇူလိုင် ၃၁
ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် The Voice Weekly နှင့် Envoy သတင်းစာစောင်များ လာမည့်အပတ်မှစ၍ ထုတ်ဝေခွင့်ယာယီရပ်နားလိုက်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ခေါ်ယူအကြောင်းကြားခြင်းခံရသူ အရပ်နားခံ စာစောင်တစ်ခုမှ အမှုဆောင် အယ်ဒီတာတစ်ဦးက ပြောကြားသည်။ယင်းကိစ္စနှင့်ပတ်သက်၍ Envoy သတင်းစာစောင်က မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။
The Voice Weekly

ဂျာနယ် ၂ စောင် ထုတ်ဝေခွင့်အကန့် အသတ်မရှိ ရပ်ဆိုင်း
ပြည်တွင်းထုတ် ဂျာနယ် ၂ စောင်ကို စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ ထုတ်ဝေခွင့် အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း မီဒီယာ အသိုင်းအဝိုင်းမှ သိရသည်။ ယင်း ဂျာနယ် ၂ စောင်မှာ The Voice ဂျာနယ်နှင့် Envoy ဂျာနယ်တို့ဖြစ်ပြီး” ပြည်ထောင်စုဝန်ကြီးငါးဦး ဌာန ပြောင်းရွှေ့ရန် သတင်းထွက်ပေါ်” သတင်းကို ခွင့်ပြုချက်မရရှိဘဲ ထည့် သွင်းဖော်ပြခဲ့ခြင်းကြောင့်ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနနှင့် နီး စပ်သူများထံမှ သိရသည်။” အဓိကကတော့ စာပေစီစစ်ရေးရုံးက ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာလို့ ပါ။ ဝန်ထမ်းတွေ သတင်းထောက်တွေ အတွက်ကတော့ အခက်ခဲဖြစ်သွားတာပေါ့”ဟု ENVOY ဂျာနယ်မှ သတင်းထောက်ချုပ် ဦးမြတ်သူက ပြောသည်။
Messenger News Journal •

 

9 comments

  • ကိုရင်မောင်

    July 31, 2012 at 3:32 pm

    ရေးတဲ့သတင်းတွေကမမှန်လို့လား မမှန်ယင်ပိတ်လိုက်လေ…
    မှန်ရဲ့သားနဲ့ပိတ်တာကတော့ သတင်းအမှောင်ချတဲ့ခေတ်ကိုပြန်သွားနေတာဘဲ..
    အားလုံးဝိုင်းကန့်ကွက်သင့်ပါတယ်…..

  • P chogyi

    July 31, 2012 at 4:55 pm

    ကန့်ကွက်ပါတယ်
    ရေးတဲ့သူကိုရော
    ရေးဖို့သတင်းပေးတဲ့ဝန်ထမ်းတွေကိုရောပေါ့
    သူတို့ကြောင့်အဲဒီလိုဖြစ်နေတာ
    တစ်ချို့နိုင်ငံတွေမှာဆိုရင် ပြောရေးဆိုခွင့်ရှိသူတွေကပဲ
    သတင်းထုတ်ပြန်ပေးတာပါ။

  • etone

    July 31, 2012 at 4:59 pm

    ဒါကိုကြည့်ခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်မရသေးဘူးဆိုတာ အပြည့်ဝထင်ရှားပါတယ် .. ။
    မီဒီယာတွေမှာ ကိုးလို့ကန့်လန့် မဖော်ပြစေချင်လျှင် …. အဖြေကို အဆင်ပြေအောင်ဖြေပေါ့နော် …. ။ အင်တာဗျူးကို လုပ်ကြံဖော်ပြတာလည်းမဟုတ်ပဲနဲ့ …. ။အခုဟာက နိုင်ထက်စီးနင်းလုပ်တာလို့ မြင်ပါတယ် … ။

  • ငပွကြီး

    July 31, 2012 at 9:07 pm

    ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ ရှေးစကားပုံကလဲ အလကားအားအားယားယား ထွက်ပေါ်လာတာမှမဟုတ်တာ….

  • သန်းထွဋ်ဦး

    July 31, 2012 at 9:10 pm

    ကျနော့်အထင်တော့ သူ ့ထက်ငါသတင်းဦးအောင် မတင်သင့်တော့ဘူးထင်ပါတယ်။
    သတင်းကိုအလျင်အမြန်သိစေချင်လို ့တင်ပြပေမယ့် ခုလိုမလွတ်လပ်သေးတဲ့အခြေ
    အနေမှာဖြင့်——–

  • မောင်ပေ

    July 31, 2012 at 9:39 pm

    ဦးအောင်သိန်းလင်း ကိတ်စ က အခွေတောင် ရှိတယ်ဆိုဘဲ
    အန်ဗွိုင်းဂျာနယ်တော့ သိပ်မဖတ်ဖူးဘူး
    ဒီဗွိုက်စ်ဂျာနယ်ကတော့ မကြာခဏ ဖတ်ဖြစ်လို ့
    သူ ့အရေးအသားတွေဖော်ပြချက်တွေ အတွက် နှမြောမိတယ်ဗျာ….

  • လူလေး

    July 31, 2012 at 9:51 pm

    အကောင်ကြီးကြီး အမြီးရှည်ရှည် အတွင်းရေးများကိုသတိထားကြပါ ဂျာနယ်တို့ ၊
    အဖြစ်က မနှစ်ကနဲ့ အတူတူဘဲမို့ ။

  • Thanlwinoo

    August 1, 2012 at 10:16 am

    သတင်းစာ၊ ဂျာနယ်၊ မီဒီယာတွေဟာ တိုင်းပြည်တစ်ခုရဲ့ အဓိကမဏ္ဍိုင်တွေပါ…။
    ပြည်သူတွေ အသိပညာဗဟုသုတရအောင် အလိမ်မခံရအောင် မျက်စိဖွင့်နားဖွင့်ပေးတဲ့ ပြည်သူ့မျက်စိ၊ နားတွေလည်း ဖြစ်ပါတယ်..။

    အာဏာရှင်တွေ မတော်မတရားကြီးစိုးတဲ့ တိုင်းပြည်တွေမှာ လွတ်လပ်ပြီး တာဝန်သိတဲ့ သတင်းမီဒီယာတွေကို တားဆီးပိတ်ပင်တာ သဘာဝပါ…။ သတင်းမီဒီယာတွေကို လူလိမ်လူညာတွေပါ..၊ လူသတ်ကောင်တွေပါလို့တောင် သွေးရူးသွေးတမ်း ပြောတတ်ကြပါတယ်..။

    ဒီမိုကရေစီနိုင်ငံလို့ဆိုတဲ့ မြန်မာပြည်မှာ လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်မရှိတဲ့အပြင် အစိုးရတာဝန်ရှိသူတွေက ဂျာနယ်တွေကို ခြိမ်းချောက်ဖျက်ဆီးမှုတွေလုပ်နေတာ အရုပ်ဆိုးအကျည်းတန်လွန်းပါတယ်..။ ဖက်ဆစ်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေလို သတင်းအမှောင်ချဖို့ ကျိုးစားနေတယ်လို့ ယူဆရမှာပါ..။

    အခုလို ကချင်နဲ့ ရခိုင်မှာ အရေးအခင်းတွေဖြစ်နေချိန်မှာ သတင်းအမှောင်ချဖို့ ကျိုးစားမယ်ဆိုရင် အစိုးရအတွက် အန္တရာယ်များပါတယ်။ ကိုယ့်တိုင်းသူပြည်သားတွေကရော အပြည်ပြည်ဆိုင်ရာကရော အယုံအကြည်ကင်းမဲ့လာရင် လက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေကို ပြေပြေလည်လည်ဖြေရှင်းဖို့ အချိန်နှောင်းသွားပါလိမ့်မယ်…။

    တိုင်းပြည်ရဲ့ မဏ္ဍိုင်ကို ရိုက်ချိုးနေတာတွေ၊ ပြည်သူ့နားမျက်လုံးတွေကို ထိုးဖောက်နေတာတွေကို အမြန်ဆုံးရပ်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းပါတယ်..။

    • ပင်လယ် ပျော်

      August 2, 2012 at 6:24 pm

      နားတွေ မျက်လုံးတွေပိတ်လိုက်တော့မှ လုပ်ချင်တာလုပ်လို ့ရမှာပေါ့..ဟုတ်ဖူးလား…ဟီးဟီး

Leave a Reply