ရှားပါး ဆုရှင်များ—–

တကယ်တော့ တက္ကသိုလ်ဝင်တန်းဟာ ဘဝမှာ အရေးပါဆုံးနေရာတစ်ခုမဟုတ်ပေမယ့်

မိမိရည်မှန်းချက်ဆီ ရွေးချယ်တက်လှမ်းဖို ့ လှေကားထစ်တစ်ခုပါ။လက်ရှိ မြန်မာနိုင်ငံ၏

ပညာရေးစနစ်အရ အရှုံးမရှိ အအောင်ပေးစနစ်အရ နောက်ဆုံးပိတ် တက္ကသိုလ်ဝင်တန်းမှာ

ပိတ်မိနေသူ၊ကျောင်းထွက်သွားသူ အတော့်များများရှိနေပါတယ်။

တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဂုဏ်ထူးတွေ၊(၅)ခု၊(၄)-(၃)-(၂)-(၁)ခု၊ရိုးရိုးအောင်ဆို

ပြီး အသီးသီး အရည်အချင်းအလိုက်ခွဲထွက်သွားပေမယ့်၊လက်ရှိပညာရေး စနစ်တွေအရ

တက္ကသိုလ်ဝင်တန်း ရမှတ်တွေနဲ ့သက်မွေးတက္ကသိုလ်တွေ ဆက်လက်ရွေးနေရအုံးမှာပါ။

ကျနော် ဒီပို ့စ်ကို ရေးရတဲ့ရည်ရွယ်ချက်က တက္ကသိုလ်ဝင်တန်းကိုထူးချွန်စွာအောင်မြင်ခဲ့

ဖူးသူ များဖြစ်ကြတဲ့၊သံတွဲသားစစ်စစ်များထဲက ကျောင်းသား(၄)ယောက်အကြောင်းကိုပါ။

တက္ကသိုလ်ဝင်တန်းကို ပြည်နယ်အဆင့် ပထမရဖူးသူ သံတွဲသား  ကျောင်းသား(၄)ဦးဘဲရှိပါ

တယ်။ထူးထူးခြားခြား အားလုံးသူ ယောကျာ်းလေးများဖြစ်နေပါတယ်။

(၁) ၁၉၉၈-၉၉ပညာသင်နှစ် မောင်သန်းထိုက်စိုး(ယခု ဒေါက်တာ သန်းထိုက်စိုး)

-ရမှတ်(၄၀၉)မှတ်

(၂)၂၀၀၀-၀၁ပညာသင်နှစ် မောင်သန်းထွဋ်ဦး

-ရမှတ်(၄၃၂)မှတ်

+++++++++++++++++++++++++++++++++++++++++++++++++++

(၃)၂၀၀၉-၁ဝပညာသင်နှစ် မောင်ဇေယျာထွန်း(3rd M.B.B.S ဆေးမကွေး)

-ရမှတ်(၅၄၂)မှတ်

(၄)၂၀၁၁-၁၂ ပညာသင်နှစ် မောင်ရဲထက်အောင်

-ရမှတ်(၅၃ဝမှတ်

ယခု ကျောင်းသား (၄)ဦးတွင် (၁)-(၂)အမှတ်စဉ် သည် သိပ္ပံတွဲနှင့် ဝိဇ္ဇာတွဲပေါင်းဖတ်ရသော

ကိုးဘာသာ ဖတ်၍ ငါးဘာသာဖြေဆိုရသော စနစ်တွင်ဖြစ်သည်။နောက်ထပ်(၃)-(၄)အမှတ်စဉ်

သည် သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ခွဲဖြေဆိုရသော ခြောက်ဘာသာ စနစ်တွင်ဖြစ်သည်။အားလုံးသောသူ

သည် ဘာသာစုံဂုဏ်ထူးရှင်များဖြစ်သလို သံတွဲမြို ့အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)

မှချည်းဖြစ်ကြပါသည်။

သံတွဲမြို ့သည် ပညာရေးကိုအထူးအားပေးသော မြို ့ဖြစ်သည့်အပြင် ပြည်နယ်ပညာရေးမှူးများ

ကပါ ပြည်နယ့်ဂုဏ်ဆောင် မြို ့တစ်မြို ့အဖြစ်အားထားရသော ရေခံမြေခံ ကောင်းသောမြို ့ဖြစ်ပါ

သည်။ယခုနှစ်အတွက် ပြည်နယ် ပထမဆုရှင်ကို ထပ်မံမွေးထုတ်ပေးလိုက်နိင်သည့်အတွက် များ

စွာ ဂုဏ်ယူရပါကြောင်းနှင့် ကလေးသူငယ်များ အတုယူနိုင်စေရန် ရည်ရွယ်ပါသည်။

9 comments

  • ဝေးလွင့်တိမ်

    July 31, 2012 at 7:07 pm

    မောင်သန်းထွဋ်ဦး နာမည်အောက်က အပေါင်းလက္ခဏာလေးတွေက ဘာလေးတွေလဲဟင် … ။

    • Nadi Mg

      August 1, 2012 at 10:05 am

      သူ့ကိုယ်သူ အထူးဂုဏ်ပြုထားတာ ဆိုလိုရင်းကကြွားတာ
      ဆိုလိုတာက ဂုဏ်ပြုခံချင်တာ ဆိုလိုတာက ထင်ပေါ်ချင်တာ
      အဓိပ္ပါယ်အရှိဆုံးက ငါလိုလူ ဇဗျုမှာ မရှိ ဟူ၍ ဖေါ်ဆောင်ခြင်း
      ဖြစ်လို့ အထူးဂုဏ်ယူထိုက်သူ ပါတကား ။

      ဆိုတော့ ကိုရင်ကအမှန်ကို မမြင်နိုင် ပြောချင်ရာပြောနေပီဗျာ။ကျနော်က ဘာမဟုတ်တာ
      လေးကို ကြွားရအောင် ခင်များလို ပိုင်းလုံးကောင်၊လူလိမ်မဟုတ်ဘူးဗျ။

  • ဝေးလွင့်တိမ်

    July 31, 2012 at 7:10 pm

    (၃)၂၀၀၉-၁ဝပညာသင်နှစ် မောင်ဇေယျာထွန်း(3rd M.B.B.S ဆေးမကွေး)

    -ရမှတ်(၅၄၂)မှတ်
    ကိုသန်းထွဋ်ဦးပြောတာမှာ ကျန်ခဲ့လို့ပါ မောင်ဇေယျာထွန်းက ဂျပန်နိုင်ငံကပေးအပ်တဲ့ စကောလားရှစ် ကိုလဲရရှိခဲ့ပါတယ်ဗျ … ။

  • မောင်ပေ

    July 31, 2012 at 9:34 pm

    အင်မတန် ထူးချွန်ထက်မြက်လှတဲ့ မျိုးဆက်သစ်တွေ ထွက်ရှိရာ မြို ့ပေပါကလား

  • MaMa

    July 31, 2012 at 9:41 pm

    သံတွဲမြို့ဂုဏ်ဆောင်တွေပေ့ါ။
    ချီးကျူးပါတယ်။
    ကိုယ့်မြို့ကတော့ တိုင်းအဆင့်ပညာရေးမှာ အမြဲတမ်း ၁-၃ ရတယ်။
    နောက်ဆုံးကရေရင်။ [:-((]

  • ကြောင်ကြီး

    August 1, 2012 at 10:46 am

    အဲလိုကြွားဂျေးဆို ဦးကြောင်ကြီးလည်း ၂၈၅ပါကွဲ့…။

  • သန်းထွဋ်ဦး

    August 1, 2012 at 2:32 pm

    @အကို၊အမတို ့ရေ
    ကျနော်၂၀၀ရမှာ ဆေးမကွေးကနေအထုတ်ခံရပြီးတော့ သံတွဲပြန်ရောက်တဲ့နောက်ပိုင်း
    ပညာရေးလောကထဲမှာ တနိုင်ဝင်တာဝန်လေးယူပြီး စာသင်ပေးတဲ့ အလုပ်ကို အဖေ့ကို
    ကူပြီးလုပ်ပေးနေပါတယ်။ဒါပေမယ့် လူငယ်ပီပီတချို ့နေရာတွေမှာ မှားတဲ့အခါရှိသလို၊
    အဆဲ၊အဆူခံ မလွတ်ပါ။ကျနော့် ညီငယ်တွေဖြစ်တဲ့ မောင်ဇေယျာထွန်းနဲ ့ရဲထက်အောင်
    တို ့ဟာ ကျနော့်အဖေနဲ ့ကျနော့် လက်ထွက် တပည့်အရင်းအချာတွေပါ။ကျနော် ကျောင်း
    မပြီးခဲ့၊ဘွဲ ့မရခဲ့ပေမယ့် တဖက်က လူသားအကျိုးကိုနိုင်သလောက်ထမ်းဆောင်နိုင်တယ်
    မှတ်ယူပါတယ်။
    @ကိုဝေးလွင့်တိမ်ရေ
    ဂျပန်ကနေချီးမြှင့်တာ မင်္ဂလာဖောင်ဒေးရှင်းဆုပါ။တနိုင်ငံလုံး top ten တွေရယ်၊ပြည်နယ်
    တိုင်း ပထမဆုရှင်အားလုံး ခံစားခွင့်ရှိပါတယ်။တနှစ်လုံးအတွက် တော့FEC37-8ပါ။

  • ဝေးလွင့်တိမ်

    August 2, 2012 at 9:18 pm

    ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော်က သေချာမသိဘူးအကိုရ ဂျပန်ကပေးတဲ့ ပညာသင်ဆုလို့ပဲသိလိုက်လို့ပါ။ ရှင်းပြတဲ့အတွက် ကျေးဇူးပါဗျို့။

  • အတိသဌ္ဇနာဂရ

    August 4, 2012 at 5:59 pm

    မသိသေးတာကိုပြောပြခွင့်ရလို ့ပါ။ရပါတယ်ဗျ အကိုရ။
    ကျနော်မသိတာလေးတွေလဲ ရှင်းပြပါဗျာ။လေးစားပါ၏။

Leave a Reply