မိမိမွေးရပ်မြေမှ ကျွန်တော်ထွက်လာလိုက်တာ ဒီနေ့နဲ့ဆို တစ်လတင်းတင်းပြည့်တော့မည်။ ရန်ကုန်မှာနေစဉ်တုန်းက အလုပ်မရှိ၊ အချိန်ကလည်းရသည်မို့ စာတွေ ပို့စ်တွေရေးလိုက်တာ ခုတော့ ပြန်ဖတ်ကြည့်တာ ကိုယ့်ကိုယ်တောင် ငါ ဒီလောက်တောင် ရေးနိုင်ပါလားလို့ အံ့ဩသင့်မိသည်။ ဂေဇက်ရွာကိုကော၊ မိတ်ဆွေ ရွာသူားများကိုပါ ဘယ်ပင်လယ်ပြင်ထဲ ရောက်ရောက်သတိရနေမိသဖြင့် ဂေဇက်ရွာကိုလည်း အချိန်မရသည့်ကြားမှ အင်တာနက်လိုင်း ရရင်ရသလို ရွာသူားများ ပို့စ်တွေကို အမြဲဖတ်၍ အားပေးနေမိသည်။ ယခုကိုယ်တိုင်တော့ စာရေးဖို့ အချိန်သိပ်မပေးသလို Duty နားရင်လည်း ပင်ပန်းလို့ အိပ်ပျော်သွားသလို၊ ပို့စ် ရေးနေတုန်း Walkie-talkie မှ ဟိုခိုင်းဒီခိုင်းဆိုရင်လည်း Mood ကပျက်သွားပြီး စာသိပ်မရေးဖြစ်တော့။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် ဖားပြုတ်(ဖိလစ်ပိုင်)၊ အီဂျစ်၊ အိန္ဒိယ၊ ရွှေ စတဲ့ လူမျိုးတွေပါဝင်သလို ရွှေမြန်မာကလည်း ကျွန်တော်ပါ အပါမှ ၃ယောက်တိတိသာရှိလေသည်။ ရွှေသုံးရွှေထဲမှာ ကျွန်တော် AB ရာထူးလေးသာ သုံးယောက်ထဲတွင် အကြီးဆုံးဖြစ်ပြီး ကျန်နှစ်ယောက်မှာ OS နှင့် Fitter တို့သာဖြစ်သဖြင့် ကျွန်တော်တို့ လက်အောက်တွင် သံပြားသာ ရှိတော့သည်။ သင်္ဘောပေါ်တွင် မူဆလင်နှင့် (ဖား) ခရစ်ယာန် များပြီး ဗုဒ္ဓဘာသာဆိုလို့ ကျွန်တော်တို့ ရွှေသုံးယောက်သာရှိသည်။

မြန်မာသင်္ဘောသားများ နိုင်ငံရပ်ခြားလူမျိုး သင်္ဘောသားများနှင့် ရင်ဘောင်တန်း အလုပ်လုပ်ကိုင်နေရသည့်အခါ လိုအပ်သည့် အတွေ့အကြုံ၊ စိတ်ရှည်သည်းခံခြင်း၊ အင်္ဂလိပ်စာကျွမ်းကျင်ပြောဆိုနိုင်မှု စသည့်အချက်များမှာ မြန်မာသင်္ဘောသားတိုင်း မဖြစ်မနေ ရှိရမည့်အရည်အချင်းများ ဖြစ်နေသည်ဟုမြင်မိပါသည်။ Uniteam မှာ သင်တန်းတက်ခဲ့စဉ်အခါတုန်းက ကျွန်တော့်တို့ဆရာ Captain တစ်ဦးဆုံးမခဲ့သည်များကို ပြန်လည် သတိရမိသလို ကျွန်တော်နှင့်အတူ လိုက်ပါလာသော ဂျူနီယာညီနောင်နှစ်ယောက်ကိုလည်း ပြန်လည်ပြောနေကျစကားဖြစ်သည်။ “သင်္ဘောပေါ်မှာ ခက်ခဲတဲ့အလုပ်တော့ ဘာမှမရှိဘူး။ မင်းတို့ကောင်တွေ သင်္ဘောပေါ်ရောက်ရင် ငါတို့ မြန်မာလူမျိုး သိက္ခာကျမယ့် အလုပ်မျိုးလုပ်မှ ထမင်းဝမယ်ဆိုရင် မလုပ်ပဲ ထမင်းသာ အငတ်ခံနေကြကွာ… သင်္ဘောသားလောကမှာ မြန်မာလူမျိုးတွေ ဘယ်တော့မှ သိက္ခာမကျစေနဲ့” တဲ့။ မှန်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများ ကမာ္ဘအလယ်တွင် ချမ်းသာတော့သည်ဆိုလို ပညာ၊ ကိုယ်ကျင့်တရား၊ ဇွဲလုံ့လ ဂုဏ်သိက္ခာသာ ကျန်တော့သည်။ သခင်မျိုးဟေ့ တို့ဗမာ ဆိုတာ အတိတ်မှာ ခဏထားပြီး တိုင်းတစ်ပါးတွင် သူများလက်ညိုးညွှန်ရာ အလုပ်လုပ်နေကြသူများလည်း ဖြစ်မှန်းမသိ ဖြစ်နေကြသည်မှာ ကြာနေပါပြီ။

(ဆက်ရေးပါဦးမည်….) :cool: :cool:

အပျင်းပြေ ကာတွန်း ပုံလေးတွေပါကြည့်ရအောင် ဖေ့ဘွတ်မှ ကူးပြီး တင်ပေးထားပါတယ်ခင်ဗျာ…။

 

မြန်မာနဲ့ ရွာကို လွမ်းတရ်… :D :D

မျက်နှာများတဲ့ ကိုရွှေကြောင်များ… :P :P

လူတစ်ယောက်ကို အပေါ်ယံကြည့်ပီး မဆုံးဖြတ်ပါနဲ့.
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေက ဘီလူးခေါင်းဆောင်းထားတဲ့ မင်းသားတွေထက် ပိုဆိုးနေတတ်ပါတယ် ……

အဏ္ဏဝါနီကို ဗဟိုပြု၍ ….

About koyin sithu

has written 140 post in this Website..