အဏ္ဏဝါနီမှ မိုးတိမ်အတွေး၊ အရေး (၁)

koyin sithuJuly 31, 20121min23224

မိမိမွေးရပ်မြေမှ ကျွန်တော်ထွက်လာလိုက်တာ ဒီနေ့နဲ့ဆို တစ်လတင်းတင်းပြည့်တော့မည်။ ရန်ကုန်မှာနေစဉ်တုန်းက အလုပ်မရှိ၊ အချိန်ကလည်းရသည်မို့ စာတွေ ပို့စ်တွေရေးလိုက်တာ ခုတော့ ပြန်ဖတ်ကြည့်တာ ကိုယ့်ကိုယ်တောင် ငါ ဒီလောက်တောင် ရေးနိုင်ပါလားလို့ အံ့ဩသင့်မိသည်။ ဂေဇက်ရွာကိုကော၊ မိတ်ဆွေ ရွာသူားများကိုပါ ဘယ်ပင်လယ်ပြင်ထဲ ရောက်ရောက်သတိရနေမိသဖြင့် ဂေဇက်ရွာကိုလည်း အချိန်မရသည့်ကြားမှ အင်တာနက်လိုင်း ရရင်ရသလို ရွာသူားများ ပို့စ်တွေကို အမြဲဖတ်၍ အားပေးနေမိသည်။ ယခုကိုယ်တိုင်တော့ စာရေးဖို့ အချိန်သိပ်မပေးသလို Duty နားရင်လည်း ပင်ပန်းလို့ အိပ်ပျော်သွားသလို၊ ပို့စ် ရေးနေတုန်း Walkie-talkie မှ ဟိုခိုင်းဒီခိုင်းဆိုရင်လည်း Mood ကပျက်သွားပြီး စာသိပ်မရေးဖြစ်တော့။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် ဖားပြုတ်(ဖိလစ်ပိုင်)၊ အီဂျစ်၊ အိန္ဒိယ၊ ရွှေ စတဲ့ လူမျိုးတွေပါဝင်သလို ရွှေမြန်မာကလည်း ကျွန်တော်ပါ အပါမှ ၃ယောက်တိတိသာရှိလေသည်။ ရွှေသုံးရွှေထဲမှာ ကျွန်တော် AB ရာထူးလေးသာ သုံးယောက်ထဲတွင် အကြီးဆုံးဖြစ်ပြီး ကျန်နှစ်ယောက်မှာ OS နှင့် Fitter တို့သာဖြစ်သဖြင့် ကျွန်တော်တို့ လက်အောက်တွင် သံပြားသာ ရှိတော့သည်။ သင်္ဘောပေါ်တွင် မူဆလင်နှင့် (ဖား) ခရစ်ယာန် များပြီး ဗုဒ္ဓဘာသာဆိုလို့ ကျွန်တော်တို့ ရွှေသုံးယောက်သာရှိသည်။

မြန်မာသင်္ဘောသားများ နိုင်ငံရပ်ခြားလူမျိုး သင်္ဘောသားများနှင့် ရင်ဘောင်တန်း အလုပ်လုပ်ကိုင်နေရသည့်အခါ လိုအပ်သည့် အတွေ့အကြုံ၊ စိတ်ရှည်သည်းခံခြင်း၊ အင်္ဂလိပ်စာကျွမ်းကျင်ပြောဆိုနိုင်မှု စသည့်အချက်များမှာ မြန်မာသင်္ဘောသားတိုင်း မဖြစ်မနေ ရှိရမည့်အရည်အချင်းများ ဖြစ်နေသည်ဟုမြင်မိပါသည်။ Uniteam မှာ သင်တန်းတက်ခဲ့စဉ်အခါတုန်းက ကျွန်တော့်တို့ဆရာ Captain တစ်ဦးဆုံးမခဲ့သည်များကို ပြန်လည် သတိရမိသလို ကျွန်တော်နှင့်အတူ လိုက်ပါလာသော ဂျူနီယာညီနောင်နှစ်ယောက်ကိုလည်း ပြန်လည်ပြောနေကျစကားဖြစ်သည်။ “သင်္ဘောပေါ်မှာ ခက်ခဲတဲ့အလုပ်တော့ ဘာမှမရှိဘူး။ မင်းတို့ကောင်တွေ သင်္ဘောပေါ်ရောက်ရင် ငါတို့ မြန်မာလူမျိုး သိက္ခာကျမယ့် အလုပ်မျိုးလုပ်မှ ထမင်းဝမယ်ဆိုရင် မလုပ်ပဲ ထမင်းသာ အငတ်ခံနေကြကွာ… သင်္ဘောသားလောကမှာ မြန်မာလူမျိုးတွေ ဘယ်တော့မှ သိက္ခာမကျစေနဲ့” တဲ့။ မှန်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများ ကမာ္ဘအလယ်တွင် ချမ်းသာတော့သည်ဆိုလို ပညာ၊ ကိုယ်ကျင့်တရား၊ ဇွဲလုံ့လ ဂုဏ်သိက္ခာသာ ကျန်တော့သည်။ သခင်မျိုးဟေ့ တို့ဗမာ ဆိုတာ အတိတ်မှာ ခဏထားပြီး တိုင်းတစ်ပါးတွင် သူများလက်ညိုးညွှန်ရာ အလုပ်လုပ်နေကြသူများလည်း ဖြစ်မှန်းမသိ ဖြစ်နေကြသည်မှာ ကြာနေပါပြီ။

(ဆက်ရေးပါဦးမည်….) 😎 😎

အပျင်းပြေ ကာတွန်း ပုံလေးတွေပါကြည့်ရအောင် ဖေ့ဘွတ်မှ ကူးပြီး တင်ပေးထားပါတယ်ခင်ဗျာ…။

 

မြန်မာနဲ့ ရွာကို လွမ်းတရ်… 😀 😀
မျက်နှာများတဲ့ ကိုရွှေကြောင်များ… 😛 😛
လူတစ်ယောက်ကို အပေါ်ယံကြည့်ပီး မဆုံးဖြတ်ပါနဲ့.
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေက ဘီလူးခေါင်းဆောင်းထားတဲ့ မင်းသားတွေထက် ပိုဆိုးနေတတ်ပါတယ် ……
အဏ္ဏဝါနီကို ဗဟိုပြု၍ ….

24 comments

  • ကိုရင်စည်သူ

    July 31, 2012 at 6:49 pm

    နောက်ရက်ပိုင်းတွေတော့ ကိုရင် ရွာထဲ သိပ်လည်ဖြစ်တော့မည်မဟုတ်ပါ။
    င်္ဘောင်္ဘောက ခပ်ဝေးဝေးထပ်သွားဖို့ အော်ဒါရထားပါပီ… အင်တာနက်ရတော့မည်မထင်ပါ။
    ရေးထားတာ တစ်ပိုင်းတစ်စနဲ့ အမြန်တင်ပြီး သံချောင်းခေါက်ခဲ့ပါတရ်ခင်ည…
    ရွာနဲ့ မိမိုး (မိုးရာသီ – မိုးမပါရင် စာကိုမရေးတတ်ဖြစ်နေတာ… 😛 ) ကိုလွမ်းတဲ့ ဒဏ်နဲ့ ဆေးလိပ်တွေ အတောင့်လိုက် စွတ်သောက်၊ အချိန်မရှိအချိန်ရှိမှ
    ရေတွေထချိုးလုပ်နေလို့… ချောင်းဆိုး၊ ရင်ကြပ်ဖြစ်နေတာလွဲရင်
    အလတ်ကြီးကျန်ပါသေးတယ်ခင်ည…။ 😳 😳
    နောက်ဆိပ်ကမ်းကပ်တော့မှပဲ ရွာက ဘတ်လာတဲ့ ဘတ်ငွေဒေါ်လှလေးနဲ့
    နှာဆီးချောင်းဆိုးလေးပျောက်အောင် အီဂျစ်မှာ
    အပီကစ်တော့မယ်… ဟီးး.. 😀 😀
    ရွာသူားများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ.. 😎 😎

    • ကိုရင်စည်သူ

      July 31, 2012 at 6:53 pm

      တိုက်တိုက်ဆိုင်ဆိုင် သတိထားမိတာ…
      ခုပို့စ်ကလည်း ၁၁၁ တစ်သုံးလုံး မြောက်
      ကွန့်မန့်ကလည်း ၁၁၁ တစ်သုံးလုံး
      ကိုရင်ကလည်း ၁၁၁ တစ်သုံးလုံး မွေးဂဏန်းသမား..
      ဪ… နိမိတ်၊ တဘောင် အတိတ်ဆောင်တွေ
      သိပ်ဆန်းကျယ်ပါ့ဂလား…။ ။
      တစ်သုံးလုံးတွေ တိုက်ဆိုင်နေရင် ကိုင်ရိုစာအုပ်ထဲမှာ
      ဖတ်ဖူးတယ်… ဘာဖြစ်တော့မယ်ဆိုလားပဲ… 😕 😕 🙄

      • pooch

        August 1, 2012 at 11:24 pm

        ဝမ်းချုပ်ချင်လို့ လားမှ မသိတာ။ ဝမ်းနှုတ်ဆေးလေး ဘာလေး ဆောင်ထားပါ့လား ကိုရင်။ 😀

        ဘီလူးလား မင်းသားလား သိရအောင် ဘယ်နှယ့်လုပ်ရမလဲ ကိုရင်။ မျက်နှာကို လက်သဲနဲ့ ကုတ်ကြည့်ရမှာလား ။ မကွာမခြင်း ။ ဟီး … :mrgreen:

      • Moe Z

        August 2, 2012 at 10:11 pm

        ပင်လယ်ထဲရောက်နေလို့ သိပ်မပြောချင်ဘူး
        ကံကောင်းတယ်မှတ် 👿

    • Solid_Sn@ke

      July 31, 2012 at 6:55 pm

      ဘာဘီကျု ဖြစ်တော့မယ်ထင့် …
      ဟီဟိ . ……

      😀

  • ပင်လယ် ပျော်

    July 31, 2012 at 7:47 pm

    ကိုရင်ရေ…ကိုယ့်လူမျိုးထဲမှာ စည်းကမ်းပျက်တဲ့လူတွေက အများကြီးပါ ….. သူများကို ပြောလို့မလွယ်ကူလို့ ကိုယ်ကိုတိုင်ပဲ စည်းကမ်းရှိအောင် နေပြပြီး သိက္ခာဆယ်ရမှာပါ … ဒါပေမယ့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တဲ့စကားပုံလည်းရှိပါတယ် ….

  • ဝေးလွင့်တိမ်

    July 31, 2012 at 8:05 pm

    ညစာ စားတဲ့ပုံလေး အရမ်းသဘောကျတယ်

  • ဝေးလွင့်တိမ်

    July 31, 2012 at 8:06 pm

    ကိုရင်လဲ ကျန်းမာပြီး သွားလမ်းသာ၍ လာလမ်းဖြောင့်ပါစေဗျား …..

  • MaMa

    July 31, 2012 at 9:30 pm

    ဟုတ်ပ့ါ။
    ကိုရင်တောင် ပိုစ့် 111 ဖြစ်သွားပြီလို့ ပြောတော့မလို့။
    (တစ်သုံးလုံးတွေ တိုက်ဆိုင်နေရင် ကိုင်ရိုစာအုပ်ထဲမှာ
    ဖတ်ဖူးတယ်… ဘာဖြစ်တော့မယ်ဆိုလားပဲ…)
    ဆိုပြီး မသိနားမလည်တဲ့သူတွေကို တပိုင်းတစကြီး မလုပ်နဲ့လေ။
    ကောင်း၏ ဆိုး၏ လေး ပြောပေးဦးမှပေ့ါ။

    :roll eyes:

  • marblecommet

    August 1, 2012 at 2:19 am

    ငစီ့ရေ့…နင့်ကို လွမ်းနေတယ်အေ့….

  • အရီးခင်လတ်

    August 1, 2012 at 3:15 am

    111 ဆိုတာ Make a wish! တဲ့။
    လိုရာဆုတောင်း ကိုရင်။
    ပြည့်လိမ့်မယ်။ 🙂

    Have a nice and safe journey! မောင်စည် ရေ့။

  • htoosan

    August 1, 2012 at 8:00 am

    ကိုရင့်လို ပင်လယ်ပျော် ET တစ်ယောက်လည်း ပျောက်နေပေါ့ ။

    • ကိုရင်စည်သူ

      August 1, 2012 at 11:37 am

      ကိုထူးဆန်းရေ.. ပင်လယ်ပျော့အီးတီက ကိုရီးယားဘက်ရောက်နေတယ်ကြားပါဒယ်…
      ကျနော်နဲ့ ရက်ပိုင်းပဲကွာပီး ထွက်သွားတာပါ..။ 🙂 🙂

  • ကြောင်ကြီး

    August 1, 2012 at 10:04 am

    တစ်သုံးလုံး
    ချစ်ဆုံးပြုံး
    ညှစ်တုံးမရုန်း
    ကစ်ကြုံးဝုန်း..။

  • Foreign Resident

    August 1, 2012 at 11:15 am

    Tanker ဆိုတော့ Pay ကောင်းမှာပဲ ။
    ကိုရင် ဒီတစ်ခါ စာမေးပွဲဖြေဖို့ ၊
    ငွေကော Sea time ကော ၊
    သည်းခံပြီး ဖြည့်လာခဲ့နော် ။

    • ကိုရင်စည်သူ

      August 1, 2012 at 11:46 am

      အဘရေ… Pay ကတော့ အရမ်းကြီးမကောင်းဘူး…။
      Tanker ခုမှစလိုက်ဖူးတာဆိုတော့ သတိလေးနဲ့
      လုပ်ကိုင်နေရတယ်။ Tanker တို့က မဖြစ်ရင်လည်းမဖြစ်ဘူး
      ဖြစ်ရင်လည်း လုံးဝအပျောက်လေ… 🙁 🙁
      တိုင်းတပါးသားတွေနဲ့ အလုပ်လုပ်လို့ အဆင်မပြေတဲ့အခါတိုင်း
      အဘမျက်နှာပဲ ပြေးမြင်ပီး… မြန်မာထဲမှာ အဘလို လှေသူကြီးတစ်ယောက်
      ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းထားရတာပဲဂျာ… 🙄 🙄
      စာမေးပွဲဖြေဖို့ကတော့ ငွေရယ်၊ ရေကြောင်းဦးစီးက ဘာလုပ်မှာလဲ အခြေအနေရယ်
      ကြည့်ပြီး လုပ်ရမယ်အဘရေ… ခုတောင် စာမေးပွဲတွေ နားထားလို့
      ကျနော် ဘော်ဘော်တွေ ဂန့်နေကြတယ်… ကြားတယ်… 🙁

      • Foreign Resident

        August 3, 2012 at 10:29 am

        တချို့ကိစ္စတွေကတော့ ကံ ပေါ့ ကိုရင်ရယ် ။
        အဘ သူငယ်ချင်းတွေ အဘ ကို လာလာကြွားနေတဲ့ ၊
        ကမာ္ဘပေါ်မှာ Accident ဘယ်တုန်းကမှ မဖြစ့်ဘူးတဲ့ သင်္ဘော Type ၊
        ( No Accident, No Incident, The Chemical Tanker )
        Chemical Tanker သင်္ဘော ဆိုတာလေ ၊
        ပြီးခဲ့တဲ့ အပတ်ကပဲ ကုန်ချနေတုန်း ၊
        မိုးကြိုး ပစ်ခံရတာ မီးထလောင်ပါလေရော ။
        ကံ ပေါ့ကွယ် ။

        ရန်ကုန်မှာ 2nd Mate တွေတော့ ၊
        ကျောင်း ပြန်ဖွင့်တော့မယ် ကြားတယ် ။

  • surmi

    August 1, 2012 at 1:00 pm

    ကွန်မန်းလေးတွေဘဲပြောက်ြကြားပြောက်ကြားတွေ ့ရပြီးပျောက်နေတာဒါ ့ကြောင် ့ကိုး
    ပြန်လာရင်တော ့အတွေ ့အကြုံ လေးတွေ ဖတ်ရတော ့မယ်ထင်ပါ ့

  • pazflor

    August 1, 2012 at 1:04 pm

    ရေသူမလေးတွေနဲ့ တွေ့စေသော်:D

  • မောင်ပေ

    August 2, 2012 at 8:41 pm

    သင်္ဘောကြီးက တယ်ကြီး တယ်ကောင်းသကိုး
    ကြိုးစားကိုရင်ရေ
    ကြိုးစားပါ
    လိုက်ရာ ဘောပေါ်မှာလဲ ကြိုးစားရမှာဖြစ်သလို
    ဆိုက်ရာ ဆိပ်ကမ်းမှာလဲ အဟမ်းအဟမ်း….။

  • min min san

    August 4, 2012 at 11:32 am

    Hi
    ko yin
    please take care!
    be mindful for your health!
    still rating your post
    good luck and
    have a nice journey ahead,,,,,,,,,,,,,,,

  • Zu

    August 28, 2012 at 1:24 pm

    ဒုတိယပုံက ကိုရင်နဲ့ တူတယ်..
    နောက်တာနော်..ချိတ်ချိုးနဲ့… 😛

Leave a Reply