“ Happy Birthday ´´ လို့အော်လျှက် ကပ်ထားတဲ့ ပန်းစည်း လေးကိုလှမ်းအကြည့်မှာ ပန်းစည်းလေးနေရာမှာ စာရွက်လေးတစ်ရွက် အစားထိုးဝင်ရောက်ကပ်ထားတာကိုဘဲ တွေ့လိုက်တယ် ဆိုရင်ဘဲ မာမီစံတစ်ယောက် “ ဟောတော့——´´ ဆိုပြီး စာရွက်လေးမှာ ရေးထားတဲ့ စာကိုဖတ်ဖို့ စာရွက်အနီးတိုး၍ ဖတ်လိုက်တယ်။ စာမှာရေးထားတာက ———။

မာမီ ခုနလေးကမှ သူငယ်ချင်းနဲ့ဖုန်းပြောရင်း ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေးရဲ့ မွေးနေ့က မနက်ဖြန်ဆိုတာသိရလို့ လက်ဆောင်ပန်းဆိုင်တွေဖွင့်သေးလား လိုက်ကြည့်တာ ဘယ်ဆိုင်မှမဖွင့်တော့လို့ မာမီဆိုင်ရှေ့လိပ်တံခါးကို စိတ်ပျက်ပြီးမှီထိုင်လိုက်တာ၊ လိပ်တံခါးက အပေါ်ကိုကြွ သွားတာနဲ့ မာမီမပြန်သေးဘူးဆိုပြီး လိပ်တံခါး မပြီး ဆိုင်ထဲကြည့်မိတော့  မီးပိတ်ထား တာတွေ့ရတုံး မှန်မှာကပ်ထားတဲ့ ပန်းစည်းအသစ်လေးမို့ ယူသွားလိုက်ပြီနော်။ မနက်ဖြန်မနက်ဆိုင်ဖွင့်မှ ပန်းဖိုးလာပေးရင်း မာမီကိုတောင်းပန်တော့မယ်၊ လိပ်တံခါးတော့ပြန် ချခဲ့ပါမယ်။ ဒါနဲ့ မာမီ လိပ်တံခါးကဘာလို့ သော့မခတ်တာလဲ။ ကျေးဇူးဘဲ မာမီရေ။

မာမီစံ လည်းစာလေးကို ဖတ်ပြီးဖြုတ်ယူလိုက်ရင်းနဲ့ “အမလေး ငါ့ဘ၀ကလည်း၊ မွေးနေ့လက်ဆောင်ပန်း စည်းပေးမယ့်သူမရှိလို့၊ ကိုယ့်ဖာသာပေးတဲ့ ပန်းစည်းတောင် ကိုယ်အတွက်မဖြစ်ဘူး၊ သူများအတွက် ပြင်ပေးတာဖြစ်ရသတဲ့၊ စိုးလိုက်နာနော်၊ တော်ပြီ ရွှေကျီးမြင်ဘုရားသွားပြီး ပန်းကပ်ပြီးဆု သွားတောင်း ဘဲကောင်းတယ်´´ လို့ မြည်တွန်၍ လိပ်တံခါးပြန်ဆွဲချနေတုံး၊ “မာမီ ဒီနေ့ဆိုင်ဖွင့်တာစောတယ်၊ အတော်ဘဲ သားက မာမီဆိုင် မဖွင့်လောက် သေးဘူးထိုင်တော့ စောင့်နေရပြီထင်တာ၊ ပေး သားကူဖွင့်ပေးမယ်´´ ဆိုပြီးကောင်းလေးက လိပ်တံခါးကိုအပေါ်ကိုပြန်မ မာမီစံက “ ဟဲ့ ကလေး ဆိုင်မဖွင့်သေးဘူး ပိတ်တာလို့´´ ပြောပြီး လိပ်တံခါးပြန်ချ “ မာမီကလည်း ဖွင့်လိုက်ပါ ဒီနေ့က သားရဲ့ကောင်မလေးမွေးနေ့လေ အခုကွန်ပျူတာသင်တန်း ၇ နာရီက ၉ နာရီ တက်နေတာ၊ သူသင်တန်းဆင်းရင် ပန်းစည်းလေးပေးရင် လျှောက်လည်ဖို့ခေါ်မလို့ ဖွင့်လိုက်ပါမာမီနော်´´ ဆိုပြီးကောင်လေးက လိပ်တံခါးပြန် တင်နဲ့ အဲဒီမှာ “ မာမီဘုရားခဏသွားမလို့  ပြီးတော့လာ ဖွင့်ပေးမယ်နော်´´ ဆို၊ ကောင်းလေးက “မာမီရယ်လုပ်ပါ ကျူရှင်ဆင်းတာနဲ့ ပေးချင်လို့ပါဆိုနေ´´ ဒါနဲ့ဘဲမာမီစံမှာ “ ဖွင့်တော့ဟာ´´ ဆိုပြီးဆိုင်ဖွင့်လို့  ကောင်းလေးအတွက်ပန်းစည်းလေးလုပ်ရောင်း၊ နောက်ပန်းစည်းဝယ်သူတွေ ရောက်လာ ဒါနဲ့ မာမီစံ တစ်ယောက်လဲ အလုပ်လေးတွေကြားထဲလုပ်နေရင်း ထိုနေ့ညဖက်ဆိုင်ပိတ်ပြီးတော့မှ အောင်တော်မူဘုရား သွား၍ ဘုရားကိုပန်းကပ် ဆုတောင်း လုပ်ရကြောင်းလို့ ပြောပြခဲ့တာပေါ့။

ကျွန်တော်လည်းသူပြောတဲ့ သူ့အကြောင်းလေး နားထောင်ရင်းစောင့်ခဲ့တာ ကျွန်တော်မှာတဲ့ ပန်းခြင်းလေးပြီးပြီမို့ ကျသင့်တဲ့ငွေရှင်းပြီး မာမီစံကို နှုတ်ဆက်ကာ ဆိုင်လေးမှထွက်ခဲ့လာပါတော့တယ်လေ။

ဖတ်ရှု့အားပေးသူအပေါင်း ကျေးဇူးပါ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..