one candle စေတနာရှင်လူငယ်များ အဖွဲ့ဝင်များ စုပေါင်း အမှတ်တရ….

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသမှ one candle
စေတနာရှင်လူငယ်များ အဖွဲ့သည်
၃၁.၇.၂၀၁၂ ရက်နေ့တွင် မော်လူးဒေသ စီးမော်အုပ်စု ညောင်ပင်သာကျေးရွာ
မူလတန်းကျောင်းသို့ စာရေးကိရိယာများသွားရောက်လှူဒါန်းခဲ့ကြပါသည်။

ညောင်ပင်သာရွာမှ စေတနာရှင်များကလည်း ကျောင်းသူကျောင်းသားများအား
အာဟာရဒါနများ တိုက်ကျွေးခဲ့ကြပါသည်။ ထို့နောက် ညောင်ပင်သာရွာ
ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ကြပြီး ၀ါဆိုသင်္ကန်း
ကပ်လှူခဲ့ကြပါသည်။ one candle စေတနာရှင်လူငယ်များ အဖွဲ့သည် ၂၀၁၂-၂၀၁၃
ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအပါအ၀င် မူလတန်းကျောင်း
၁၅ကျောင်းသို့ စာရေးကိရိယာအလှူသွားရောက်ခဲ့ပြီး ဖြစ်ပါသည်။

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။

   Send article as PDF