one candle စေတနာရှင်လူငယ်များ အဖွဲ့၏ ခရီးစဉ် (၁၅) (၃၁.၇.၂၀၁၂)

kotun winlattAugust 1, 20124min1809

one candle စေတနာရှင်လူငယ်များ အဖွဲ့ဝင်များ စုပေါင်း အမှတ်တရ….

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသမှ one candle
စေတနာရှင်လူငယ်များ အဖွဲ့သည်
၃၁.၇.၂၀၁၂ ရက်နေ့တွင် မော်လူးဒေသ စီးမော်အုပ်စု ညောင်ပင်သာကျေးရွာ
မူလတန်းကျောင်းသို့ စာရေးကိရိယာများသွားရောက်လှူဒါန်းခဲ့ကြပါသည်။

ညောင်ပင်သာရွာမှ စေတနာရှင်များကလည်း ကျောင်းသူကျောင်းသားများအား
အာဟာရဒါနများ တိုက်ကျွေးခဲ့ကြပါသည်။ ထို့နောက် ညောင်ပင်သာရွာ
ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ကြပြီး ဝါဆိုသင်္ကန်း
ကပ်လှူခဲ့ကြပါသည်။ one candle စေတနာရှင်လူငယ်များ အဖွဲ့သည် ၂၀၁၂-၂၀၁၃
ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအပါအဝင် မူလတန်းကျောင်း
၁၅ကျောင်းသို့ စာရေးကိရိယာအလှူသွားရောက်ခဲ့ပြီး ဖြစ်ပါသည်။

9 comments

  • kotun winlatt

    August 1, 2012 at 8:26 am

    ခရီးစဉ်(၁၄) ကျန်နေပါသေးတယ်…လောလောဆယ်ဆယ် သတင်းလေးကို အမြန်သိစေချင်လို့ ခရီးစဉ်(၁၅)ကို အရင်တင်လိုက်ပါတယ်… ခရီးစဉ် (၁၄)ကို တော့ ညပိုင်းကွန်နက်ရှင်ကောင်းရင် ဆက်ပြီး တင်မှာ ဖြစ်ကြောင်းပါခင်ဗျာ..
    ရွာသူ/သားအပေါင်း ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ…
    အားလုံးကိုခင်မင်လေးစားလျှက်…
    T.W.L

  • YE YINT HLAING

    August 1, 2012 at 10:29 am

    ချိုချင်လည်း ခါးရင် ခါးမယ် —- မလိုချင်လည်း ရနေမှာပဲ —- မသွားချင်လည်း သွားလို့နေရမဲ့ ဘဝ ခရီးထဲ မညည်းညူနဲ့ —- မှောင်လွန်းတဲ့ အခြား တဖက်မှာ အလင်း အာရုံ လာစမြဲပဲ —-
    တလှေတည်း သွားတဲ့ခရီးသည် —- တယောက်လဲ ဖေးကူကာတွဲ —- မခွဲအစဉ် အမြဲ သွားလို့နေရမဲ့ ဘဝ ခရီးထဲ နွှဲယှဉ်တိုက်ပွဲ — မျှော်လင့်ရင်း ခရီး အဆုံးမှာ အရှုံး အနိုင်ဟာ သင်ခါရပဲ —
    တလှေတည်းစီး တခရီးတည်း သွားနေတယ် —- စာနာတရား နဲ့ ဖေးမတွဲကူဖွယ် — အဖ ဘုရား ရဲ့ ထားရှိ မစ်တာဝယ် — ခိုလှုံရင်းနဲ့ ငြိမ်းအေးကြစေကွယ် —- လူသား အဓိပါယ် စာနာမှူ ပဲ —-
    တလှေတည်းစီး တခရီးတည်း သွားနေတယ် —– အမှောင်ကို ခွင်းရင်း အလင်းသစ် ဒို့ရှာမယ် —-( လူသားအဓိပါယ် —- စာနာမှု နဲ့ ဒွန်တွဲထားတယ် ) ၂

    ( ၂၀၀၆ ခုနှစ် က ကျွန်တော် ရေး စပ်ခဲ့တဲ့ ” လူသား အဓိပါယ် ” ဆိုတဲ့ သီချင်းရဲ့စာသား လေးတွေ နဲ့ အကို နဲ့ အကို့ အဖွဲ့ သားတွေကို ဂုဏ်ပြုလိုက်ပါတယ် ။ )

    • kotun winlatt

      August 1, 2012 at 5:18 pm

      ဝိုးးးးးး ကောင်းလှချည်လားးးးကိုယ့်ဆရာရ…
      အဲ့သီချင်းလေးကြိုက်တယ်ဗျာ…
      ဆိုပီး အသံသွင်းပီးသားရှိရင် ရချင်စမ်းပါဘိ..
      ဆရာသမားရယ်…..
      ကျေးဇူးဗျ..အခုလို သီချင်းလေးနဲ့ ဂုဏ်ပြုပေးတာကို..

  • marblecommet

    August 1, 2012 at 12:27 pm

    တော်ရုံလူတွေ မလုုပ်နိုင်တဲ့
    အလုပ်ကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေကြတဲ့
    ကိုထွန်းနဲ့ အဖွဲ့ကို
    လေးစားအားကျမိပါရဲ့ဗျာ…….
    ခင်တဲ့..
    ကမ်းကြီး

    • kotun winlatt

      August 1, 2012 at 5:22 pm

      အာ..ကိုကမ်းရ..
      အဲ့ဂလောက်ကြီးလည်းး မဟုတ်ရပါဘူးဗျာ…
      တတ်နိုင်သလောက်လေးကို တတ်နိုင်တြ့ဘက်ကနေ လုပ်ပေးနေတာပါ..

  • မောင်ပေ

    August 1, 2012 at 6:11 pm

    ကိုထွန်းဝင်းလတ်ရေ
    ကျောင်းမှာမိုးထားတဲ့ သွပ်တွေမှာ အဖြူကွက်လေးတွေမြင်ရတယ်
    အပေါက်တော့ မဟုတ်လောက်ပါဘူးနော

    • kotun winlatt

      August 1, 2012 at 6:31 pm

      ဟီးးးအပေါက်တွေပါ..ကိုပေရ…
      ကျောင်းဆောင်သစ်ကြီးဆောက်နေပီလေ…ယူနီဆက်စ်ကလား…
      နိုင်ငံတော်ကလားတော့ မသိဘူး သိန်း ၃၆ဝ ချပေးထားတာလေ…
      အခုဟာက ယာယီပေါ့..ကျောင်းဆောင်ကြီးကို ပြီးစီးအောင် ဆောက်လုပ်နေကြကြောင်းပါ..
      ဒါနဲ့..ကိုပေ..မော်လူးကို မလာဖြစ်ဘူးပေါ့……

  • သဌ္ဇာနာဂရ

    August 1, 2012 at 6:44 pm

    ကိုထွန်းဝင်းလတ်ရေ အားလုံးကိုယ်စား ဂုဏ်ပြုပါတယ်ဗျာ။ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေဗျားးးး

  • etone

    August 1, 2012 at 8:40 pm

    ကိုထွန်းဝင်းလတ်ရေ … အခုလို စေတနာထက်သန်စွာနဲ့ ပရဟိတ္တလုပ်သူတွေရှိလို့ …… လောကကြီးပိုပြီးနေချင်စရာကောင်းလာသလိုပါပဲ …. ။ one candle အဖွဲ့က လူတွေကို လေးစားအားကျမိပါတယ် …….. ။

Leave a Reply