ပျင်းပျင်း ရှိတာနဲ့ ရေးလိုက်တာပါ…။

black chawOctober 3, 20121min42553

ပျင်းပျင်း ရှိတာနဲ့ ထရေးလိုက်မိတာပါ…။
အလကားနေရင်း ပျင်းတယ်ဆိုတဲ့လူတွေ ဖတ်ကြည့်ကြဖို့ပါ…။
ဘလက်တို့ မြန်မာပြည်မှာ မြို့ငယ်လေးတွေ မြောက်များစွာရှိနေကြပေမယ့်
တွံတေးဆိုတဲ့ မြို့ကလေးကတော့ တခြားမြို့တွေနဲ့ မတူပါဘူး…
အနုပညာရှင် အဆိုတော်တွေထွက်ရှိရာ မြို့လေးတစ်မြို့အဖြစ်နာမည်ကြီးပါတယ် …
ဘယ်လိုနာမည်မျိုးကိုမဆို ရှေ့မှာ တွံတေး တတ်ထားလိုက်ရင်ကို တော်ရုံလူ မစော်ကားဝံ့တော့လောက်အောင်ကို
တွံတေး ရဲ့ အရှိန်အဝါက ကြီးမားလှပါတယ်…
ဥပမာ … ဘလက်ချော ဆိုတဲ့ နာမည်ရှေ့မှာ တွံတေး ထည့်ကြည့်လိုက်…
တွံတေး ဘလက်ချော …
ကဲ… ကြည့် … ဘယ်လောက် ခန့်လိုက် ထည်လိုက်သလဲ … နော့…
တခြားမကြည့်ပါနဲ့…
တွံတေးသိန်းတန် ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့တင် တွံတေးမြို့ ဆိုတာ ဒါပဲကွ လို့
လက်သီးလက်မောင်းတန်းလို့ရနေပါပြီ…
ဒါက တွံတေး ဆိုတဲ့ မြို့လေးရဲ့ ခမ်းနားထည်ဝါမှုကို နည်းနည်း မိတ်ဆက်ပေးကြည့်တဲ့ သဘောပါ…။
ဒေါက်တာ ဆောင်းဦးလှိုင်လေးကတော့ သီချင်းတစ်ပုဒ်ထဲမှာ အခုလို ရေးသွားပါရောလား ကွယ်…

ခမ်းနားထည်ဝါမှုများ နောက်ကွယ်မှာ
သူတို့ရဲ့ မာန်မာနများ ရှိနေတာ

တဲ့…
ဟုတ်တာပေါ့ ကွယ်…
ခမ်းနားထည်ဝါပြီဆိုမှဖြင့် မာန်မာနတွေက အရိပ်လို ကပ်ပါလာကြတာ ဖြစ်တတ်တဲ့ သဘောတွေပါ…
တစ်ခါသားမှာဖြင့် တွံတေး နာမည်ခံ မျိုးဆက်သစ်ပုဂ္ဂိုလ်လေးတစ်ယောက် မြန်မာ ဂီတလောကမှာ လျှမ်းလျှမ်းတောက်
ကျော်ကြားခဲ့တာ မှတ်မိဦးမှာပေါ့…
တွံတေး စိုးအောင် တဲ့ …
မယ်ဒလင်တစ်လက် ထဲနဲ့ စီးရီးတစ်ခွေ ပြီးအောင် သီချင်းကို ကိုယ်တိုင်ရေးပြီး တီးနိုင် ဆိုနိုင် တယ်ဆိုမှတော့
ထုတ်လုပ်သူတွေ ငွေထုတ်ပိုက်လိုက်ရလောက်အောင်ကို တွံတေးစိုးအောင် တစ်ယောက် အောင်မြင်ခဲ့ပြီပေါ့…
ထိုးဇာတ်မဟုတ်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် စကားစပ်လို့ ပြောပြရဦးမယ်…။
အဲဒီအချိန်က နာမည်ကျော်တေးစီးရီး စီစဉ်ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ နေဝင်း (မန္တလေး) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ
တွံတေးမြို့ကို စူပါရုဖ် ကားလေး ကိုယ်တိုင်မောင်းပြီး တွံတေးစိုးအောင် နဲ့ စီးရီးကိစ္စစကားပြောဖို့ သွားခဲ့ဘူးပါတယ်တဲ့…။
ရောင်းသူ ဝယ်သူ ဘယ်လောက် နေရာကျခဲ့သလဲ ဆိုရင် နေဝင်း (မန္တလေး) ဟာ စီးလာတဲ့ စူပါရုဖ် ကားလေးကို
တွံတေးစိုးအောင် ကို ပေးပစ်ခဲ့ပြီး လိုင်းကားနဲ့ အိမ်ပြန်ခဲ့ပါတယ်တဲ့…။
တကယ့်ဖြစ်ရပ်မှန်နော် အစ်ကို…။
စီးရီး ဘယ်နှစ်ခွေစာလောက် စာချုပ်ချုပ် နိုင်ခဲ့သလဲမှ မသိတာ…နော့…
နောက်ပြီး ရှိသေးတယ်…
တက်လာသမျှ ကောင်တွေကို တိုက်စားပေးပြီး တွဲတယ်လို့ နာမည်ကြီးတဲ့ ကျော်ဟိန်းကြီးကတောင် စိုးအောင်နဲ့ ဗီဒီယို
တွဲရိုက်ခဲ့တဲ့အထိ တွံတေးစိုးအောင်တစ်ယောက် အောင်မြင်မှု ကြီးခဲ့ပါတယ်ဗျာ…။
ဆရာသစ်စ္စာနီကတောင် မော်ဒန်ဝတ္ထုတိုတစ်ပုဒ်မှာ အခုလို ထည့်ရေး ခဲ့ရပါရောလားကွယ်…။

ကောင်းစွာ မကျက်သော နံပြား၊ တွံတေးစိုးအောင်၏ မယ်ဒလင် လက်သံနှင့် ကျွန်တော့်သူငယ်ချင်း၏ စီးကရက်မီးခိုးများသည် ကျွန်တော့်ကို ကသိကအောက် ဖြစ်စေသည်။

တွံတေးစိုးအောင် ဆိုတာ မော်ဒန်ဝတ္ထုတိုထဲအထိ ခရီးပေါက်အောင်မြင်ခဲ့တာ ခင်ဗျ..။

မြန်မာပရိသတ်တွေကလည်း ခက်တယ်ဗျာ…
မယ်ဒလင်တစ်လက်ထဲနဲ့ ပရာဒို စီးနိုင်ခဲ့တဲ့ အထိ အောင်မြင်လာတဲ့ တွံတေးစိုးအောင် နဲ့ လက်ရှိချန်ပီယံကြီး
တွံတေးသိန်းတန် တို့ မတည့်သလိုလို ဘာလိုလိုတွေ ထင်ယောင်ထင်မှား ပြောကြဆိုကြ….
အဲဒီလို အချိန်မျိုးကြီးမှာ
တွံတေး သိန်းတန်ကြီးက စီးရီးတစ်ခွေ ထုတ်ချလိုက်ပါရောလား … ကွယ်…။
ပျင်းတောင် ပျင်းသေးတယ် … တဲ့ …။
ကဲ … ကြည့် …။
တစ်ဆိတ် ကို တစ်အိတ်လုပ် ပြောတတ်တဲ့ မြန်မာပရိသတ်တွေရဲ့ ပါးစပ်က သိန်းတန်ကြီးက စိုးအောင်ကို
မင်းလောက်ကတော့ ငယ်ပါသေးတယ်လို့ ကစ်ထည့်လိုက်တာ ဘာညာပေါ့ဗျာ… ပြောကြပြန်ရောဗျို့…။
ဟုတ်မဟုတ်တော့ သိဘူးလေကွယ်…။
သူ့အရပ်နဲ့ သူ့ဇာတ် ပေါ့ …
မကြာပါဘူးဗျာ …
တွံတေးစိုးအောင် ရဲ့ စီးရီးတစ်ခွေ ထွက်ချလာပြန်ပါတယ်…။
ပျင်းရင်တောပြန် … တဲ့ … ။
ဟေးဟေး …
အဲဒီ တွံတေး စိုးအောင်လေးရဲ့ ပျင်းရင်တောပြန်အမှုက တော်တော်ကြီး ကို ကြီးခဲ့ပါတယ်ကွယ် …
ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲကနေ ပရိသတ်ကို ရှင်းလင်းချက်ထုတ်ခဲ့ရတဲ့အထိ ကို အကုသိုလ်တွေ ကြီးခဲ့ပါရောလား…
တားတားက ကိုသိန်းတန်ကြီးကို လေးစားပါတယ် ဆိုတဲ့ အကြောင်း
တားတားနဲ့ ကိုသိန်းတန်ကြီးနဲ့ ဘာပြသနာမှ မရှိပါဘူး ဆိုတဲ့ အကြောင်း
တားတား ပြောတဲ့ ပျင်းရင်တောပြန် ဆိုတာ ကိုသိန်းတန်ကြီးကို ရည်ရွယ်တာ မဟုတ်ရပါကြောင်း…
ဘာညာပေါ့ဗျာ…
အသေးအဖွဲလေးကို အကြီးအကျယ် ညင်းချက်တွေ ထုတ်ခဲ့ရပါရောလား ကွယ်…
စိုးအောင် လေးရဲ့ အနေအစား မတတ်၊ အခေါ်အပြောမတတ်လို့ နေရင်းထိုင်ရင်း ဖြေရှင်းခဲ့ရတာလေးတွေကို
ပြန်ပြောပြတဲ့ သဘောပါ ဗျာ…။
အစပြန်ဆွဲထုတ်ရရင် …
တွံတေးသိန်းတန်ရဲ့ ပျင်းတောင်ပျင်းသေးတယ် ဆိုတဲ့ စကားလုံးမှာ လှောင်သံပြောင်သံတွေ ပါနေပါတယ်…။
ရိုးရိုးသားသား ပျင်းတယ်ဆိုတာထက် မင်းလောက်ကတော့ ငါက မမှုပါဘူးဆိုတဲ့ သဘောအဓိပ္ပာယ်က ပိုနေခဲ့ပါတယ်…။
အဲဒီလိုပဲ
တွံတေးစိုးအောင် ရဲ့ ပျင်းရင် တောပြန် ဆိုတဲ့ စကားလုံးမှာလည်း တုန့်ပြန်မှုကို သိသိသာသာ ခံစားရပါတယ်…။
ခင်ဗျားကြီးက ပျင်းတောင် ပျင်းသေးတယ် လို့ပြောရင် ကျုပ်ကလည်း ပျင်းရင်တောပြန်ပေါ့ ဆိုတာမျိုးပေါ့…။
တွေးလုံးတွေနော် အစ်ကို…။ ပရိသတ်ရဲ့ တွေးလုံးတွေခင်ဗျ…။
ဒီပို့စ်ကိုရေးနေတဲ့ တွံတေး ဘလက်ချောအနေနဲ့ ဘယ်ဘက်မှ မလိုက်ပဲ ပြောရရင်
ကိုသိန်းတန်ကြီးရဲ့ သီချင်းနာမည် ရော…
မောင်စိုးအောင်လေးရဲ့ သီချင်းနာမည်ရော က
Image မကောင်းလှပါဘူးကွယ်…။
လှတော့လှတယ် ယောက်ျားမရဘူးဆိုတဲ့ အပေါက်မျိုးကြီးတွေပေါ့…။
တွံတေးရဲ့ လက်ရှိချန်ပီယံ ကိုသိန်းတန်ကြီးနဲ့ တွံတေးရဲ့ လူငယ်ခြေတက် ကိုစိုးအောင်လေးတို့
စီးရီးခေါင်းစဉ်တွေ နဲ့ အပြန်အလှန်စကားတွေပြောခဲ့ကြတယ်လို့ စွပ်စွဲခဲ့ရင်…
မပြေးသော်လည်း ကန်ရာကရှိနေခဲ့ပြီမဟုတ်လား ဗျာ…
မျိုးဆက်အဟောင်းနဲ့ မျိုးဆက်အသစ် တို့ရဲ့ နားလည်မှုအလွဲလေးတစ်ခုကို …
ပျင်းလို့ ပြန်ရေးကြည့်နေတာပါ…
မပျင်းသေးရင် ဆက်ဖတ်ပေးပါဦး အစ်ကို …
အခုတစ်ခါကျတော့ မျိုးဆက် အဟောင်းနဲ့ မျိုးဆက်အသစ် တို့ရဲ့ အပေးအယူမျှတမှုလေးတစ်ခုကို တူးဖေါ်တင်ပြ ပေးခွင့်
ပြုပါဗျာ…
ပုသိမ်သား ထူးအိမ်သင် နဲ့ တောင်ကြီးသား မောင်မောင်ဇော်လတ်
အဲဒီ ပုသိမ်သားကြီးက အမေ့ရဲ့ဒုက္ခအိုးလေး သီချင်းထဲမှာ သူ့ကိုယ်သူ အပျင်းကြီးသူတစ်ယောက်ဖြစ်တဲ့အကြောင်း ဒီလို ဝန်ခံသွားခဲ့ပါတယ် …။

ကံအကျိုးပေး နည်းရတဲ့အထဲ သူ အပျင်းကလည်း ကြီးသေး
အိုး… ခက်ရချည့်ရဲ့ …

တဲ့ … ။
သူ့ကိုယ်သူ ကံကနိမ့်ရတဲ့အထဲ အပျင်းကြီးသူတစ်ယောက်လည်း ဖြစ်ကြောင်း ရိုးသားပွင့်လင်းစွာ ညည်းတွားခဲ့တဲ့
သဘောပါ…။
တစ်စုံတစ်ယောက်ကို လှောင်ပြောင်ခြင်း ပျက်ရယ်ပြုခြင်း မပါဘူးဆိုတာ သိသာပါတယ်…။
ဒါက … ပုသိမ်သား ထူးအိမ်သင် ကြီးရဲ့ အပျင်းကြီးမှု ပါ…။
တောင်ကြီးသား ကျတော့ တစ်မျိုးဗျ …။
အယ်လ်ဖြူ တို့နဲ့ The Ants ဆိုတဲ့ အဖွဲ့လေးကိုဖွဲ့ပြီး ရောင်စုံချောကလက် ဆိုတဲ့ ဂရု(ပ်)စီးရီးလေး တစ်ခွေ
ထုတ်ခဲ့တယ်ပေါ့ဗျာ…။
အဖွဲ့နာမည်ကတော့ The Ants ပေမယ့် ဝိုင်းဝန်းသီဆိုပေးကြသူတွေက ဒိတ်ဒိတ်ကျဲတွေ ခင်ဗျ … ။
လေးဖြူပါတယ် … ထူးအိမ်သင် ပါတယ် … အငဲ ပါတယ် … ဒိုးလုံးပါတယ် … ဘိုဘိုပါတယ် … ဟယ်ရီလင်းပါတယ်
စသည်ဖြင့်ပေါ့ဗျာ … ဇော်လတ် တို့ အယ်လ်ဖြူလေးတို့ကို ချစ်ကြခင်ကြသူ အဆိုတော်တွေအားလုံး ဝိုင်းကြဝန်းကြ ကူညီ
သီဆိုပေးခဲ့ကြတဲ့ ချစ်စရာကောင်းတဲ့ အယ်လ်ဘမ်လေး တစ်ခုပေါ့ … ။
အဲဒီ အယ်လ်ဘမ်ထဲမှာ ဇော်လတ်လေး ရေးတဲ့ ငပျင်း ဆိုတဲ့ သီချင်း ရဲ့ စာသားလေးတွေက ဒီလိုဗျ…။

မနက်ခင်းဆိုလည်း လာမနှိုးနဲ့ အိပ်ယာထဖို့ ပျင်း
ပျင်းလွန်းလို့ မင်းနဲ့ အပျင်းပြေ ရည်းဇားထားဖို့ပျင်း
မွေးစ ကလေးကတည်းက မျိုးနဲ့ ရိုးနဲ့ပျင်း
နေဖို့ပျင်း သေဖို့ပျင်း ငါ့မှာ ပျင်းရမှာကိုပျင်း … ငပျင်း

တိုက်ဆိုင်မှု …
ဟုတ်ပါတယ် … ဒါဟာ တိုက်ဆိုင်မှု တစ်ခု ဖြစ်ကောင်းဖြစ်မှာပါ…
ဒါပေမယ့် အလွန်လှပတဲ့ တိုက်ဆိုင်မှုတစ်ခု လို့ပဲ ကျွန်တော်က ခေါင်းစဉ်တတ်ပေးလိုက်ပါရစေ…
အဲဒီ ငပျင်း သီချင်းကို ပါဝင်ကူညီ သီဆိုပေးခဲ့လေသူကတော့
အပျင်းကြီးသူကြီး ထူးအိမ်သင်ပါပဲ …။
ထူးအိမ်သင်ကလည်း အပျင်းကြီး တယ် …။
မောင်မောင်ဇော်လတ် လေးကလည်း အပျင်းကြီး တယ် …။
ထူးအိမ်သင်က ကိုယ်တိုင်ရေးတဲ့ သီချင်းထဲမှာ အပျင်းကြီးသူတစ်ယောက်ဖြစ်တဲ့အကြောင်း ရိုးရိုးသားသား
ထည့်သွင်း သီဆိုခဲ့တယ် … ။
တစ်ခါ… မောင်မောင်ဇော်လတ်လေး ရေးတဲ့ ငပျင်း ဆိုတဲ့ သီချင်းမှာလည်း အပျင်းကြီးသူကြီးတစ်ယောက်
ဖြစ်တဲ့အကြောင်း ကူညီသီဆိုပေးခဲ့တယ် … ။
ဘယ်လောက်လှလိုက်ပါသလဲ … ။
ဇာတ်ပေါင်းရအောင်ဗျာ…။
လိုရင်းရောက်မရောက်တော့ မသိ …
ကိုသိန်းတန်ကြီးနဲ့ ကိုစိုးအောင်
သူတို့အမှုက ပျင်းတဲ့အမှု ခင်ဗျ…။
ထူးအိမ်သင်ကြီးနဲ့ မောင်မောင်ဇော်လတ်
သူတို့အမှုကလည်း ပျင်းတဲ့အမှုပဲ ခင်ဗျ…။
ဘာများကွာခြားနေတယ်လို့ ထင်ပါသလဲ အစ်ကို…။
ပျင်းလို့လျှောက်ရေးထားတာကို ပျင်းပျင်းနဲ့ လျှောက်ဖတ်ပြီး
ပျင်းစရာကောင်းလိုက်တာလို့တော့ မညည်းမိစေနဲ့နော်..
အခန့်မသင့်ရင် ပျင်းရင်တောပြန်လို့ အပြောခံရမှ စိတ်မဆိုးနဲ့ ဗျ…။

ပျင်းတော့ပျင်းတယ်
တောတော့မပြန်ချင်တဲ့
တွံတေး ဘလက်ချော …

53 comments

  • blackchaw

    October 5, 2012 at 10:18 am

    ကျွန်တော့်ပို့စ်လေးမှာ ကွန်းမန့်ဝင်ရေးပေးကြတဲ့…
    အစ်ကိုတွေ.. အစ်မတွေ.. ညီတွေ.. ညီမတွေ ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ…။
    ပေါ့ပေါ့ပါးပါး ဖတ်လို့ရခဲ့တယ် ဆိုရင်…
    ဖတ်ပြီးတော့ နည်းနည်းလေးပဲ ဖြစ်ဖြစ် ပြုံးမိခဲ့ကြတယ်ဆိုရင်…
    ကျွန်တော် ရေးရကျိုးနပ်ပါတယ်…။
    ဆိုတော့…
    လေးလေးနက်နက် ထပ်ပြောရရင်
    ကျေးဇူးတင်တယ်ပေါ့ဗျာ…။
    ကံမကုန်သေးလျှင်တော့
    ပြန်ဆုံချင်သေးတဲ့
    တွံတေးက ဘလက်ချော …။

  • lynnsatyar

    October 5, 2012 at 11:18 am

    ပေါ့ပေါ့ပါးပါး အရေးအသားနဲ့ လေးလေးနက်နက်တွေးစရာတွေကို ပုံဖော်သွားတာ ဖတ်လို့ အရမ်းကောင်းတယ် အစ်ကို..။ အားကျလိုက်တာဗျာ….။

  • R Ga

    October 5, 2012 at 3:40 pm

    ပျင်းတဲ့နေရာမှာတော့ အနော်က အတော်လေးကို ပျင်းတဲ့လူတစ်ယောက်ပါ။ ပြောရင်းနဲ့…..ကွန့်မန့်ကို ပြီးအောင်ရိုက်ဖို့တောင် ပျင်းလာလို့…. ဖြည့်ဖတ်တော်မူကြကုန်။

    မဟာအပျင်းနွယ်ဝင် မောင်အာဂပျင်း

  • အလင်းဆက်

    October 5, 2012 at 8:59 pm

    တွံတေး အလင်းဆက်…..
    ကဲ.. ခန့် ့သလား…။
    ။ မခန် ့။
    ဒီတော့…..
    ကိုယ်မွေးဖွားရာ ဇာတိကိုပဲ.. ပြောတော့မယ် ။
    ဒလ အလင်းဆက်

    ဟုတ်သွားပြီ ။

    နေဥိး ထပ်ဖြည့်မယ် .။

    ဒလ အလင်းဆက် ( ငပျင်း )

    ကဲ..ဘယ်လောက် လှ သလဲ…

    လေးလေးဘလက်ရေ…

    တားတား..က ပျင်းပျင်းရှိလို ့..ရေးမိတာပါ ။
    အဟိ ။
    ပြေးြုပီ ။

    • ရွှေ ကြည်

      October 8, 2012 at 11:20 am

      လဒအလင်းဆက်ရေ အဲလေမှားလို့ ဒလအလင်းဆက်(ငပျင်း) မပျင်းကြောင်းရေးနေတဲ့စာတွေကသက်သေ..။

  • eipu

    October 8, 2012 at 11:27 am

    ပျင်းပျင်းနဲ့ဘဲ ရေးလိုက်တယ်နော်

  • အလင်းဆက်

    October 8, 2012 at 8:31 pm

    အော်…. စီအိုင်ဒီ ရွှေကြည်…..ရယ်….

    ဒါကတော့…. ပုလိပ်ဘက်ကအမြင်ကိုး…ဗျ ။

    ( အဟဲ.. ဗိုလ်အောင်ဒင့် လေသံ )

Leave a Reply