စဉ်းစားကြစေလိုပါတယ် ( ၃၇ )

( ဆွေးနွေး မိတာလေးပါ ၃ )

 

ရွာသူားတို့ရေ ။

 

သတင်းထူးလေး ပေးပါတယ် ။

အဘ ဘာ သဘောထား ၊

မှတ်ချက် မှ မပေးပါဘူး ။

သိသင့်တဲ့သတင်းမို့လို့ ၊

လက်တို့ပါတယ် ။

 

ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်က ၊

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် က ၊

၂၅ ရက်နေ့ ဇူလိုင်လ က လွှတ်တော်မှာ ပြောသွားတဲ့ ၊

မိန့်ခွန်း VDO ခွေ ထွက်လာပါပြီ ။

 

—http://www.youtube.com/watch?v=YTUdcLAq8ag&feature=plcp—

 

သူ့ မိန့်ခွန်း ထဲက ထင်ရှားတဲ့ စကား အချို့က ။

 

” လွှတ်တော်ထဲမှာ လူမျိုးရေး ၊ ဘာသာရေး ခွဲခြားတဲ့ စကားလုံးတွေကို ၊

အသုံးပြုသွားတာ ဝမ်းနည်းစွာတွေ့ရပါတယ် “

 

” စစ်တွေ နှင့် စစ်တကောင်းဟာ အိမ်ဦး နှင့် ကြမ်းပြင် “

” ရခိုင် ဘုရင်ဟာ စစ်တကောင်း မှာ နှစ် ၂၀၀ အုပ်ချုပ်ခဲ့တယ် “

” ရခိုင် ဘုရင် စစ်ရှုံးတော့ ကုလားဘုရင် ဆီမှာ ခိုလှုံခဲ့တယ် “

 

” ရခိုင်ပြည်နယ်မြောက်ပိုင်း အပါအဝင် ရခိုင်အလယ်ပိုင်းမှာရှိတဲ့ ၊

လူတွေရဲ့ ရုပ်ရည် အသွင်အပြင် စကားတွေက ၊

တစ်ဖက်နိုင်ငံမှာရှိတဲ့ စစ်တကောင်း  (က လူတွေ ) နဲ့ ဆင်တူတာသည် ၊

ဒီလူမျိုးတွေက ရခိုင်ရဲ့ ဌာနေ တိုင်းရင်းသားဆိုတာ ၊

ဒါ အကြီးမားဆုံး သက်သေပါပဲ ”

 

” ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ ဘင်္ဂါလီတွေ ဟာ ၊

စစ်ဆင်ရေး အမျိုးမျိုး နှင့် အကြိမ်ကြိမ် စစ်ဆေးခဲ့ပြီးတဲ့အတွက် ၊

ထပ်စစ်ဆေးစရာ မလိုလောက်အောင် သေချာနေပါပြီ “

 

” အဲဒီလို စီစစ်ပြီးတာကို အကြောင်း အမျိုးမျိုးကြောင့် ၊

နိုင်ငံသားကဒ် ထုတ်မပေးသေးတာ ၊

ဒီလူတွေကို နိုင်ငံသား မဟုတ်ပါဘူးလို့သတ်မှတ်တာ ၊

ယုတ္တိ မတန်ပါဘူး “

 

” နိုင်ငံသား ကဒ်ရပြီးသူမှ နိုင်ငံသားဖြစ်တာ မဟုတ်ပါ ။

နိုင်ငံသား ဖြစ်သူကို နိုင်ငံသား ကဒ် ထုတ်ပေးရတာပါ “

 

” ရခိုင် ၊ ဒိုင်းနက် ၊ ချက်နား လူမျိုးစုတွေဟာ ၊

ရခိုင် ၊ ဘင်္ဂလားဒေရှ် ၊ အိန္ဒိယ သုံးနိုင်ငံစလုံးမှာ နေနေကြတာပါ ။

ဟိုဘက်မှာနေနေတဲ့ လူမျိုးတွေကို ၊

သူတို့အစိုးရတွေက တိုင်းရင်းသားပေးပြီး ဘာပြဿနာမှမရှိပါဘူး ၊

ကျနော်တို့ ( မြန်မာ နိုင်ငံ ) ဖက်မှာမှ ပြဿနာရှိနေတာဟာ သဘာဝ မကျပါဘူး ။

အမှန်ကတော့ လက်မခံလိုခြင်း ၊ ခွဲခြားလိုခြင်း ၊ အမွေ မပေးလိုခြင်း ၊

ကို အခြေခံပြီး ပြောနေတာပါ “

 

” အနောက်ပြင် ကျေးရွာ ကိစ္စ မှာလည်း ၊

အနောက်ပြင် ကျေးရွာသား ဘင်္ဂါလီတွေက ၊

အတိုက်ခံရမယ် ကြားလို့ သက်ဆိုင်ရာကို အကူအညီတောင်းပါတယ် ၊

ရခိုင်တွေ က ကုလားရွာကို စတင် ကျူးကျော်တယ် ၊

ကုလားတွေက သူတို့ရွာကို ကာကွယ်ရတယ် ၊

၂ ဖက်စလုံးက သေကျေကြတယ် ။

ဒါပေမယ့် ကုလားတွေကို တရာ့ငါးဆယ်ကျော်ကို ဖမ်းသွားတယ် ၊

လာရောက် ကျူးကျော်တဲ့ ရခိုင်တွေကို ကျတော့ မဖမ်းဘူး “

 

” ဂျာနယ်တွေမှာလည်း ပြောင်းပြန်တွေ ရေးသားသွားတာကို ၊

အံ့သြစွာ တွေ့ရပါတယ် “

 

အဲဒီ အချိန်မှာ သူရရွှေမန်း ကိုယ်တိုင်က ၂ မိနစ်အတွင်း ၊

မိန့်ခွန်းကို ရပ်ပေးပါလို့ တားယူပါတယ် ။

 

ဒါပါပဲ ။

အမှန်တရားကို ရှာဖွေလိုသူတွေ နားထောင်သင့်တဲ့ မိန့်ခွန်းပါ ။

မိန့်ခွန်းပြောသွားတဲ့ ပြည်သူ့ ကိုယ်စားလှယ် ဦးရွှေမောင် ရဲ့ ၊

သတ္တိ ကတော့ အံ့မခန်းပါပဲ ။

 

နိုင်ငံရဲ့ အမြင့်ဆုံး ပြည်သူ့ လွှတ်တော်မှာ ၊

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ၊

တရားဝင်ပြောသွားတဲ့ မိန့်ခွန်းပါ ။

သမိုင်းဝင်သွားပါပြီ ။

 

လိုရင်းကတော့ ၊ ဘင်္ဂါလီတွေဘက်က ၊

အမှန်တကယ်က ဘယ်လိုတွေ ဖြစ်ခဲ့တယ် ဆိုတာကို ၊

သူတို့ရဲ့ တရားဝင် လူထု ကိုယ်စားလှယ်ကတဆင့် ရှင်းပြရင်းနှင့် ၊

တရားမျှတမှု ကို တရားဝင် ပြတ်ပြတ်သားသား တောင်းဆိုနေပါပြီ ။

 

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်တော်ကြီး လည်း ၊

ရောက်နေတော့ ၊ အချိန်ကတော့ ကိုက်နေပါပြီ ။

 

အဘ ကတော့ အဖြေကို ကြိုမြင်နေပါပြီ ။

( ဒို့တိုင်းပြည်ကြီးကတော့ ကြိုက်ကြိုက် မ  ကြိုက်ကြိုက် ၊

လူဦးရေ ၄ သိန်း ထပ်တိုးတော့မှာ ထင်ပါတယ် )

 

သူကြီးရေ ၊ မသင့်တော်ဘူး ထင်ရင် ဒီ Post ကို ဖျက်လိုက်ပါ ။

ကျနော်ကတော့ သိသင့်တဲ့ သတင်း အချက်အလက် တစ်ခုလို့ ယူဆပါတယ် ။

 

တော်သေးဘီ ။

 

အဘ Foreign Resident ။

 

မိုင်ပေါင်း ( ၁၅၂ ) မိုင် ရှည်လျှားသော နယ်စပ် ခြံစည်းရိုး ကာရံခြင်း ။

Foreign Resident

About Foreign Resident

Foreign Resident has written 203 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။

   Send article as PDF