စဉ်းစားကြစေလိုပါတယ် ( ၃ရ ) ( ဆွေးနွေး မိတာလေးပါ – ၃ )

Foreign ResidentAugust 1, 20122min31369

စဉ်းစားကြစေလိုပါတယ် ( ၃ရ )

( ဆွေးနွေး မိတာလေးပါ ၃ )

 

ရွာသူားတို့ရေ ။

 

သတင်းထူးလေး ပေးပါတယ် ။

အဘ ဘာ သဘောထား ၊

မှတ်ချက် မှ မပေးပါဘူး ။

သိသင့်တဲ့သတင်းမို့လို့ ၊

လက်တို့ပါတယ် ။

 

ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်က ၊

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် က ၊

၂၅ ရက်နေ့ ဇူလိုင်လ က လွှတ်တော်မှာ ပြောသွားတဲ့ ၊

မိန့်ခွန်း VDO ခွေ ထွက်လာပါပြီ ။

 

—http://www.youtube.com/watch?v=YTUdcLAq8ag&feature=plcp—

 

သူ့ မိန့်ခွန်း ထဲက ထင်ရှားတဲ့ စကား အချို့က ။

 

” လွှတ်တော်ထဲမှာ လူမျိုးရေး ၊ ဘာသာရေး ခွဲခြားတဲ့ စကားလုံးတွေကို ၊

အသုံးပြုသွားတာ ဝမ်းနည်းစွာတွေ့ရပါတယ် “

 

” စစ်တွေ နှင့် စစ်တကောင်းဟာ အိမ်ဦး နှင့် ကြမ်းပြင် “

” ရခိုင် ဘုရင်ဟာ စစ်တကောင်း မှာ နှစ် ၂၀ဝ အုပ်ချုပ်ခဲ့တယ် “

” ရခိုင် ဘုရင် စစ်ရှုံးတော့ ကုလားဘုရင် ဆီမှာ ခိုလှုံခဲ့တယ် “

 

” ရခိုင်ပြည်နယ်မြောက်ပိုင်း အပါအဝင် ရခိုင်အလယ်ပိုင်းမှာရှိတဲ့ ၊

လူတွေရဲ့ ရုပ်ရည် အသွင်အပြင် စကားတွေက ၊

တစ်ဖက်နိုင်ငံမှာရှိတဲ့ စစ်တကောင်း  (က လူတွေ ) နဲ့ ဆင်တူတာသည် ၊

ဒီလူမျိုးတွေက ရခိုင်ရဲ့ ဌာနေ တိုင်းရင်းသားဆိုတာ ၊

ဒါ အကြီးမားဆုံး သက်သေပါပဲ ”

 

” ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ ဘင်္ဂါလီတွေ ဟာ ၊

စစ်ဆင်ရေး အမျိုးမျိုး နှင့် အကြိမ်ကြိမ် စစ်ဆေးခဲ့ပြီးတဲ့အတွက် ၊

ထပ်စစ်ဆေးစရာ မလိုလောက်အောင် သေချာနေပါပြီ “

 

” အဲဒီလို စီစစ်ပြီးတာကို အကြောင်း အမျိုးမျိုုးကြောင့် ၊

နိုင်ငံသားကဒ် ထုတ်မပေးသေးတာ ၊

ဒီလူတွေကို နိုင်ငံသား မဟုတ်ပါဘူးလို့သတ်မှတ်တာ ၊

ယုတ္တိ မတန်ပါဘူး “

 

” နိုင်ငံသား ကဒ်ရပြီးသူမှ နိုင်ငံသားဖြစ်တာ မဟုတ်ပါ ။

နိုင်ငံသား ဖြစ်သူကို နိုင်ငံသား ကဒ် ထုတ်ပေးရတာပါ “

 

” ရခိုင် ၊ ဒိုင်းနက် ၊ ချက်နား လူမျိုးစုတွေဟာ ၊

ရခိုင် ၊ ဘင်္ဂလားဒေရှ် ၊ အိနိ္ဒယ သုံးနိုင်ငံစလုံးမှာ နေနေကြတာပါ ။

ဟိုဘက်မှာနေနေတဲ့ လူမျိုးတွေကို ၊

သူတို့အစိုးရတွေက တိုင်းရင်းသားပေးပြီး ဘာပြဿနာမှမရှိပါဘူး ၊

ကျနော်တို့ ( မြန်မာ နိုင်ငံ ) ဖက်မှာမှ ပြဿနာရှိနေတာဟာ သဘာဝ မကျပါဘူး ။

အမှန်ကတော့ လက်မခံလိုခြင်း ၊ ခွဲခြားလိုခြင်း ၊ အမွေ မပေးလိုခြင်း ၊

ကို အခြေခံပြီး ပြောနေတာပါ “

 

” အနောက်ပြင် ကျေးရွာ ကိစ္စ မှာလည်း ၊

အနောက်ပြင် ကျေးရွာသား ဘင်္ဂါလီတွေက ၊

အတိုက်ခံရမယ် ကြားလို့ သက်ဆိုင်ရာကို အကူအညီတောင်းပါတယ် ၊

ရခိုင်တွေ က ကုလားရွာကို စတင် ကျူးကျော်တယ် ၊

ကုလားတွေက သူတို့ရွာကို ကာကွယ်ရတယ် ၊

၂ ဖက်စလုံးက သေကျေကြတယ် ။

ဒါပေမယ့် ကုလားတွေကို တရာ့ငါးဆယ်ကျော်ကို ဖမ်းသွားတယ် ၊

လာရောက် ကျူးကျော်တဲ့ ရခိုင်တွေကို ကျတော့ မဖမ်းဘူး “

 

” ဂျာနယ်တွေမှာလည်း ပြောင်းပြန်တွေ ရေးသားသွားတာကို ၊

အံ့ဩစွာ တွေ့ရပါတယ် “

 

အဲဒီ အချိန်မှာ သူရရွှေမန်း ကိုယ်တိုင်က ၂ မိနစ်အတွင်း ၊

မိန့်ခွန်းကို ရပ်ပေးပါလို့ တားယူပါတယ် ။

 

ဒါပါပဲ ။

အမှန်တရားကို ရှာဖွေလိုသူတွေ နားထောင်သင့်တဲ့ မိန့်ခွန်းပါ ။

မိန့်ခွန်းပြောသွားတဲ့ ပြည်သူ့ ကိုယ်စားလှယ် ဦးရွှေမောင် ရဲ့ ၊

သတ္တိ ကတော့ အံ့မခန်းပါပဲ ။

 

နိုင်ငံရဲ့ အမြင့်ဆုံး ပြည်သူ့ လွှတ်တော်မှာ ၊

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ၊

တရားဝင်ပြောသွားတဲ့ မိန့်ခွန်းပါ ။

သမိုင်းဝင်သွားပါပြီ ။

 

လိုရင်းကတော့ ၊ ဘင်္ဂါလီတွေဘက်က ၊

အမှန်တကယ်က ဘယ်လိုတွေ ဖြစ်ခဲ့တယ် ဆိုတာကို ၊

သူတို့ရဲ့ တရားဝင် လူထု ကိုယ်စားလှယ်ကတဆင့် ရှင်းပြရင်းနှင့် ၊

တရားမျှတမှု ကို တရားဝင် ပြတ်ပြတ်သားသား တောင်းဆိုနေပါပြီ ။

 

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်တော်ကြီး လည်း ၊

ရောက်နေတော့ ၊ အချိန်ကတော့ ကိုက်နေပါပြီ ။

 

အဘ ကတော့ အဖြေကို ကြိုမြင်နေပါပြီ ။

( ဒို့တိုင်းပြည်ကြီးကတော့ ကြိုက်ကြိုက် မ  ကြိုက်ကြိုက် ၊

လူဦးရေ ၄ သိန်း ထပ်တိုးတော့မှာ ထင်ပါတယ် )

 

သူကြီးရေ ၊ မသင့်တော်ဘူး ထင်ရင် ဒီ Post ကို ဖျက်လိုက်ပါ ။

ကျနော်ကတော့ သိသင့်တဲ့ သတင်း အချက်အလက် တစ်ခုလို့ ယူဆပါတယ် ။

 

တော်သေးဘီ ။

 

အဘ Foreign Resident ။

 

မိုင်ပေါင်း ( ၁၅၂ ) မိုင် ရှည်လျှားသော နယ်စပ် ခြံစည်းရိုး ကာရံခြင်း ။

69 comments

  • aungnng87

    August 1, 2012 at 5:14 pm

    တခုလောက်သိချင်တာပါ။ ဦးရွှေမောင်က အဲဒီရွာမှာအရေးအခင်းဖြစ်နေတဲ့ အချိန်မှာ သူကိုယ်တိုင် အဲဒီမှာရှိနေတာလား။ဆိုတာလေးပါ။ ပြီးတော့ FR ကကော ဘာကြောင့် လူဦးရေ ၄သိန်းတိုးမဲ့ကိစ္စ ကို ထည့်ပြောနေရတာလဲ.။ဒီနိုင်ငံသားတွေလက်ခံသည်ဖြစ်စေ၊လက်မခံသည်ဖြစ်စေ ယူရမှာလား။ ဒီနေရာမှာဒီနိုင်ငံသားတွေရဲ့ဆန္ဒကို ဒီမိုကရေစီနည်းနဲ့မဲမခွဲသင့်ဘူးလား။ သိချင်တာလေးပါ။

    • Foreign Resident

      August 1, 2012 at 5:18 pm

      ( တိုးတော့မှာ ထင်ပါတယ် )

    • Foreign Resident

      August 1, 2012 at 5:32 pm

      အဘ ဘာ သဘောထား ၊
      မှတ်ချက် မှ မပေးပါဘူး ။
      သိသင့်တဲ့သတင်းမို့လို့ ၊
      လက်တို့ပါတယ် ။

      • Oo Oo

        August 1, 2012 at 6:38 pm

        ဒါပါပဲ ။
        အမှန်တရားကို ရှာဖွေလိုသူတွေ နားထောင်သင့်တဲ့ မိန့်ခွန်းပါ ။
        မိန့်ခွန်းပြောသွားတဲ့ ပြည်သူ့ ကိုယ်စားလှယ် ဦးရွှေမောင် ရဲ့ ၊
        သတ္တိ ကတော့ အံ့မခန်းပါပဲ ။

        နိုင်ငံရဲ့ အမြင့်ဆုံး ပြည်သူ့ လွှတ်တော်မှာ ၊
        ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ၊
        တရားဝင်ပြောသွားတဲ့ မိန့်ခွန်းပါ ။
        သမိုင်းဝင်သွားပါပြီ ။

        အဘရေ..အဲ့ဒါလေးက အဘရဲ့ မှတ်ချက်မဟုတ်ဖူးလားဟင် ????

        • YUM YUM

          August 1, 2012 at 7:21 pm

          မထူးဆန်းပါဘူး Oo Oo , အဘက မြန်မာ နှင့်တိုင်းသားရင်းသား ပဋိပတ်ခ ဆို ရင် တိုင်းရင်းသား ဘက် က မြန်မာ တွေ ကို မုန်း လေ လေ အဘ ပျော် လေ လေ။ ခု တိုင်းရင်းသား နှင့် ဘင်ဂါလီ ကျ တော့ လဲ ဘင်ဂါလီဘက်က ရှေ့နေ လိုက်နေတာ ။
          ပထမ post မှာ ဘယ်သူမှအဘနောက်မပါလို့ ရှောချသွားတာ ။ အဘ ကိုငွေလှူပြရုံလေး နဲ့ မကဘဲ ရင်ထဲက နှစ်နှစ်ကာကာ ကိုယ့်တိုင်းပြည်ကို ချစ်စေချင်ပါတယ်။ ကိုယ့်တိုင်းပြည်ကို မချစ်နိုင်ရင်လဲ အဆိပ်ပင်တော့မဖြစ်စေချင်ဘူး။ အေးအေးဆေးဆေး ဩဆီသားအဖြစ်နဲ့ နေပီး မြန်မာပြည်ကြီးကို မေ့လိုက်ပါ။ အဘစာတွေမှာအဘစိတ်ကို မြင်နေရပါတယ် ။ အဘမှာ မြန်မာပြည် နဲ့မြန်မာပြည်သူပြည်သားတွေ အပေါ် နာကြည်း စရာတွေရှိ ခဲ့ မယ် ဆိုရင် လဲ အားလုံးကိုယ်စား မြန်မာပြည်သူတယောက်အနေနဲ့ တောင်းပန်ပါတယ် နော့။ စိတ် ထဲအရှိ အတိုင်းပြောမိလို့ ရိုင်းသလို ဖြစ်သွား ရင် စာဖတ်သူတွေကို တောင်း ပန်ပါတယ်။

        • Oo Oo

          August 1, 2012 at 9:06 pm

          YUM YUM ရေ.. အဘဖေါမှာ YUM YUM ထင်သလို သဘောဆိုးတော့မရှိလောက်ဘူးလို့ထင်ပါတယ်။
          အမှားပါခဲ့ရင်လဲ စေတနာအမှားပဲဖြစ်လိမ့်မယ်ထင်ပါတယ်။
          အမြင်မတူတဲ့ အကြောင်းအရာအချို့ကြောင့် အထင်မလွဲစေချင်ပါဘူး။
          အားလုံးအနေမခက်စေဖို့ ကျနော်ပဲကြားထဲကနေတောင်းပန်ပါတယ်။

        • YUM YUM

          August 1, 2012 at 10:03 pm

          ဟုတ်ကဲ့ပါ Oo Oo ရေ စေတနာ အ မှား ဖြစ် မှာ ပါ လို့ သည်း ခံ ဖတ် လာခဲ့ တာ စဉ်းစားကြစေလိုပါတယ် ( ၃ရ ) တောင် ရောက်လာပါ ပြီ။ စာဖတ်တာ သာ ဝါသနာပါ ပေမဲ့ စာရိုက်ရမှာ အလွန် ပျင်း တဲ့ ကျမ၊
          အခုလို အရေးကြီးတဲ့ အနေအထားမှာ တော့မနေနိုင်တော့ လို့ ဝင် မန့်လိုက်မိပါတယ် ။
          တိုင်းပြည်အရေး အထင်အမြင်မမှားစေချင်လို့ပါ။

        • Oo Oo

          August 1, 2012 at 10:57 pm

          ဟုတ်ကဲ့…YUM YUM ရဲ့သဘောထားကိုကျနော်နားလည်းပါတယ်..
          ကျနော်လည်း အမျိုးသားရေးကိစ္စ ဖြစ်လို့သာ နိုင်ငံသားတစ်ယောက်အနေနဲ့
          မနေသာပဲ ကွန်မန့်တွေဝင်ရေးနေမိတာပါ..တကယ်တော့ကျနော်လဲစာပဲဖတ်ချင်တာပါ
          ကျနော်လဲအားနာတတ်တဲ့လူမို့ သူတပါးကိုတော်ရုံနဲ့မပုတ်ခတ်တတ်ပါဘူး.
          ဒါပေမယ့် မနေသာလို့ အချို့နေရာတွေမှာပြင်းပြင်းထန်ထန်ရေးမိတာတွေကတော့ရှိပါတယ်
          ရေးပြီးမှ..အားနာစိတ်ဖြစ်မိတာလဲရှိတယ်ဗျာ..ပြီးမှဆိုတော့ တတ်နိုင်ဘူးလေ…ဟီးး

        • Foreign Resident

          August 2, 2012 at 2:08 am

          Oo Oo နှင့် YUM YUM ရေ ။

          စိတ်မဆိုးပါဘူးကွယ် ။
          ကိုယ့်လူမျိုးတွေဖက်က နာပြီးပြောတာပဲ ၊
          မှန်တာပြောရရင် ၊ ကြိတ်ပြီးတောင် အားတက်မိသေးတာ ။
          တချို့ကိစ္စတွေမှာ အမှန်တရား နှင့် တရားမျှတမှု အကြောင်း ၊
          ရေးနေသော်ငြားလည်း ၊ အဘ စိတ်ရင်းထဲမှာတော့ လိုလိုချင်ချင်ကို ၊
          အဘ အဆိုဖက်ကနေ အရှုံးခံချင်နေစိတ်ရှိတဲ့ အခြေအနေတွေ ရှိပါတယ်ကွယ် ။
          ဥပမာအားဖြင့် ၊ အခု Post လိုမျိုးပေါ့ ။

          Oo Oo ရေ ။
          အရမ်း ရိုးစင်း ရှင်းလင်းလွန်းတဲ့ အချက်လေးတွေပဲ ပြောမိတာပါကွယ် ။
          အဓိက ကျတဲ့ ” သူ့ မိန့်ခွန်း မှန်တယ် မှားတယ် ” အဘ မပြောရပါဘူးကွယ် ။

          ” အမှန်တရားကို ရှာဖွေလိုသူတွေ နားထောင်သင့်တဲ့ မိန့်ခွန်းပါ ”

          ဒါပေါ့ ၊ နားကို နားထောင် ရမှာပေါ့ ။
          လူမှာ နားရွက် ၂ ဖက်တပ်ထားတာပဲ ၊
          တဖက်ထဲက သတင်းပဲ နားထောင်လို့ ဘယ်ဖြစ်မလဲ ။
          သူပြောတာ အမှန်တရား လို့ ၊ အဘ မပြောဘူးလေ ။

          ” မိန့်ခွန်းပြောသွားတဲ့ ပြည်သူ့ ကိုယ်စားလှယ် ဦးရွှေမောင် ရဲ့ ၊
          သတ္တိ ကတော့ အံ့မခန်းပါပဲ ”

          ဒါပေါ့ ၊ သူ့ မိန့်ခွန်းဟာ လူကြိုက်နဲ ၊ လူမုန်းများမယ် ဆိုတာ ၊
          ဒီ မိန့်ခွန်း ကြောင့် သူ့နိုင်ငံရေး ဘဝ ပျက်သွားမယ် ဆိုတာ ၊
          သူ သိသိကြီးနှင့် အများကြားထဲမှာ သူတစ်ယောက်ထဲ ၊
          ရဲရဲဝံ့ဝံ့ ထ ပြောရဲတဲ့ သတ္တိ ကတော့ လေးစားစရာပဲ ။

          ပုံစံကတော့ ၊ သူပြင်ဆင်ပြီးပြောတာတော့ ဟုတ်ပုံမရဘူး ၊
          သူ့ လူမျိုး တွေကို ဝိုင်း အပြစ်တင်တာခံရလို့ ၊
          မခံချင်စိတ် နှင့် လက်တမ်း ထပြောနေပုံ ရတယ် ။
          ဘာပဲပြောပြော သတ္တိ ကတော့ မခေဘူး ။

          ” နိုင်ငံရဲ့ အမြင့်ဆုံး ပြည်သူ့ လွှတ်တော်မှာ ၊
          ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ၊
          တရားဝင်ပြောသွားတဲ့ မိန့်ခွန်းပါ ။
          သမိုင်းဝင်သွားပါပြီ ”

          ဒါပေါ့ ၊ တကယ့်ကိုပဲ ၊ သမိုင်းဝင်သွားပြီလေ ။

          YUM YUM ရေ ။

          ” ပထမ post မှာ ဘယ်သူမှအဘနောက်မပါလို့ ရှောချသွားတာ ”

          ဒီ အယူအဆလေးကတော့ မှားပါတယ်ဗျာ ။
          အဘ အနေ နှင့် မရေးခင်ကတည်းက ၊
          Post တစ်ခုဟာ လူကြိုက်များမယ် မများဘူး ကြိုသိတာပေါ့ကွယ် ။
          လူကြိုက်ပါစေတော့ ဆိုပြီး ရေးနေတာ မဟုတ်ရပါဘူးကွယ် ။
          ( လူကြိုက် အောင်ရေးတာများ ၊ ရေးတတ်ပါ့ )

          အဘ ချစ်တဲ့ အမှန်တရား နှင့် တရားမျှတမှု နှင့် ၊
          အဘ ဆင်ခြင်မိပုံ ၊ ခံစားမိပုံလေးတွေကိုပဲ ဖွင့်ချမိတာပါကွယ် ။

          ” အဘမှာ မြန်မာပြည် နဲ့မြန်မာပြည်သူပြည်သားတွေ အပေါ်
          နာကြည်း စရာတွေရှိ ခဲ့ မယ် ဆိုရင် လဲ အားလုံးကိုယ်စား
          မြန်မာပြည်သူ တယောက်အနေနဲ့ တောင်းပန်ပါတယ် နော့ ”

          လောလောဆယ်တော့ ၊ အဘ မှာ ၊
          မြန်မာပြည် နဲ့ မြန်မာပြည်သူပြည်သားတွေ အပေါ် ၊
          နာကြည်းစရာ ဘာတစ်ခုမှ မရှိပါဘူးကွယ် ။
          ယုံပါ လို့ပဲ ပြောပါရစေကွယ် ။

      • P chogyi

        August 2, 2012 at 11:15 am

        ၄ သိန်းတိုးတယ်လို့ ယူဆလို့မရပါဘူး
        တစ်ကယ်တမ်း ဖြစ်လာရင်နောက်ဆက်တွဲ စဉ်းစားစရာတွေက အများကြီးပါ
        ၄ သိန်းကနေ နောက်ထပ် တိုးပွားလာမှာကို ထည့်စဉ်းစားရမှာပါ
        သတင်းပေးတာကို ကျေးဇူးတင်ပါတယ်။
        ဖွတာမဖြစ်ဖို့ ဆုတောင်းပါတယ်။

    • Oo Oo

      August 1, 2012 at 10:12 pm

      ဟုတ်ကဲ့..အဘရေ.
      ကိုယ့်ဆွေကိုယ့်မျိုးလည်းမဟုတ်ပဲနဲ့..မဆီမဆိုင် ကြားထဲက ငထွားခါးနာရတဲ့အဖြစ်မို့
      တစ်သန်းကျော်ကြီးကိုတော့လက်မခံချင်ဘူးဗျာ..အတင်းကြီးဇွတ်လက်မခံခိုင်းပါနဲ့နော့
      တကယ်တော့ ဘင်ဂါလီကိစ္စဟာ ရခိုင်ဒေသမှာအတွင်းကျိတ်ပြီး ဖြစ်နေတာကြာပါပြီ .. အခုမှသာ
      ဘင်ဂါလီတွေရဲ့အကြမ်းဖက်မှုကြောင့် တနိုင်ငံလုံးသိသွားရတာပါ..ဒါကြောင့် အခုချက်ချင်း ပြေလည်အောင်
      ဖြေရှင်းဖို့ဆိုတာ မလွယ်လှပါဘူး။ အဘပြောခဲ့ဖူးသလို ဘင်ဂါလီ(၁၄)သိန်းလောက်ကို အသာတကြည်နဲ့လက်ခံ
      လိုက်ရင် လတ်တလောကြုံတွေ့လာရမယ့် ပြည်ပဖိအားတွေ ကနေ ရှောင်လွှဲနိုင်မှာကတော့သေချာပါတယ်။
      ဒါပေမယ့် အဲ့ဒီအကျိုးအဆက်က နောင်တချိန်မှာ ဘယ်လောက်အထိ ရှုပ်ထွေးတဲ့အကျိုုးအဆက်တွေဖြစ်လာနိုင်
      တယ်ဆိုတာ ခန့်မှန်းရခက်လှပါတယ်။
      တကယ်တော့ ဒီသန်းချီရှိနေတဲ့ ဘင်ဂါလီတွေကို ဘင်္ဂလားဒေ့(ရှ်)ကလည်း လက်မခံနိုင်ဘူးလို့ ခါးခါးသီးသီး
      ငြင်းဆန်နေတာဟာ သူ့လူမျိုးစုတွေရဲ့ လူဦးရေပေါက်ကွဲမှုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတစ်စိတ်တစ်ပိုင်း
      အား ကျနော်တို့နိုင်ငံကို လှည်းကျိုးဝင်ထမ်းခိုင်းနေတာနဲ့အတူတူပါပဲ..ဒီပြသာနာကိုကျနော်တို့နိုင်ငံတခုထဲအနေ
      နဲ့ဖြေရှင်းဖို့မသင့်တော်ပါဘူး..ကျနော်တို့ တနိုင်ငံထဲအနေနဲ့တော့ မဆီမဆိုင် လူမိုက်ကြီးမလုပ်သင့်ပါဘူး
      အကောင်းဆုံးက ကုလသမဂ္ဂ အပါအဝင် ဩဇာကြီးတဲ့ အမေရိကန်လိုနိုင်ငံမျိုးကို
      ကြားဝင်ညှိနှိုင်းပေးဖို့အကူအညီတောင်းပြီး ဘင်္ဂလားဒေ့(ရှ်) နဲ့မြန်မာ ဆွေးနွေးဖြေရှင်းသင့်ပါတယ်။
      ဒီလိုဆွေးနွေးညှိနှိုင်းတဲ့နေရာမှာမိမိတို့ဘက်မှ တရားဝင် နိုင်ငံသားအဖြစ်ခွင့်ပြုသင့်သည်များကိုသာ
      သေချာစီစစ်ပြီးလက်ခံနိုင်ခွင့်ရဖို့ အရေးကို ဦးတည်ဆွေးနွေးသဘောတူညီမှုရယူနိုင်မယ်ဆိုရင်..တစ်သန်းကျော်
      ဆိုတဲ့အရေအတွက်ထဲက အတော်လေးလျော့ပြီးလက်ခံနိုင်ခွင့်ရှိလောက်မယ်ထင်ပါတယ်..
      ဒီလို လက်ခံသင့်တဲ့အတိုင်းအတာတစ်ခုကို လက်ခံ ပြီးရင်လည်း.. နောက်ထပ် အလားတူ တရားမဝင်ခိုးဝင်
      လို့မရအောင် အသေအချာ ဂရုစိုက်ပြီးကာကွယ်တားဆီးမှု တွေကိုအမျိုးသားရေးသတိနဲ့ စနစ်တကျလုပ်သင့်
      ပါတယ်..ဒီလိုမှမလုပ်နိုင်ရင်..နောင်တချိန်မှာလည်း အလားတူကိစ္စမျိုးကို ထပ်မံကြုံတွေ့ရမှာမလွဲပါဘူး။
      လက်ခံခဲ့ရတဲ့ လူတွေကိုလည်း ဒေသခံတိုင်းရင်းသားတွေအပေါ်မှာ လူဦးရေပွါးများမှုနဲ့လွမ်းမိုးလို့မရနိုင်အောင်
      တရားမျှတမှုရှိတဲ့ ဥပဒေတွေနဲ့ထိန်းချုပ်ကာကွယ်ထားသင့်တယ်လို့ထင်ပါတယ်။
      အထူးသဖြင့်တော့..ဘင်္ဂလားဒေ့ဘက်ကနေ ခြံစည်းရိုးကျော်ပြီး ပစ်လာမဲ့ အမှိုက်ထုပ်တွေ ကျနော်တို့ခြံ
      ထဲကိုထပ်ပြီးရောက်မလာစေဖို့ ကိုအထူးသတိထားရတော့မှာဖြစ်ပါတယ်။
      (ကျနော်လက်တွေ့ကျကျတွေးကြည့်မိတာပါ..အမှားပါနိုင်ပါတယ်)

      • Foreign Resident

        August 2, 2012 at 2:32 am

        ” ဘင်္ဂလားဒေ့(ရှ်) ကလည်း လက်မခံနိုင်ဘူးလို့ ခါးခါးသီးသီး
        ငြင်းဆန်နေတာဟာ သူ့လူမျိုးစုတွေရဲ့ လူဦးရေပေါက်ကွဲမှုဖြစ်စဉ်ကြောင့်
        ့ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတစ်စိတ်တစ်ပိုင်း အား
        ကျနော်တို့နိုင်ငံကို လှည်းကျိုးဝင်ထမ်းခိုင်းနေတာနဲ့အတူတူပါပဲ ”

        ဘင်္ဂလားဒေ့(ရှ်) ဖက်က အပြော အရတော့ ၊
        ဒီ ဘင်္ဂါလီတွေဟာ စ ကတည်းက မြန်မာပြည်မှာ ၊
        ဘိုးစဉ် ဘောင်ဆက် နေလာခဲ့တယ် ပြောတာပဲ ။
        အဲဒါတော့ အဘ လည်း မသေချာ ၊ မသိ ဘူးလေ ။

        ” ကျနော် လက်တွေ့ကျကျ တွေးကြည့်မိတာပါ..အမှားပါနိုင်ပါတယ် ”

        Oo Oo ပြောသွားတာ သင့်တော်ပါတယ် ။
        အဘ လည်း အဲဒီလို အခြေအနေမျိုးကို လိုလားမိပါတယ် ။
        ဒါပေမယ့် ပြဿနာက အဲဒီလို တကယ်ဖြစ်လာနိုင်ပါ့မလား ?????

        ” ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ ဘင်္ဂါလီတွေ ဟာ ၊
        စစ်ဆင်ရေး အမျိုးမျိုး နှင့် အကြိမ်ကြိမ် စစ်ဆေးခဲ့ပြီးတဲ့အတွက် ၊
        ထပ် စစ်ဆေးစရာ မလိုလောက်အောင် သေချာနေပါပြီ “

        တွေ့လား ၊ ဦးမေါင်ရွှေက အပိုင်ကြီးကို ပြောသွားတာနော် ။
        သူလည်း လွှတ်တော်လို နေရာမျိုးမှာ ရမ်းရွှီးနေမယ် မထင်ဘူး ၊
        ပုံစံကတော့ ၊ ပြည်တွင်း ရှိပြီးသား ၉ သိန်း ရဲ့ အများစုကြီးကတော့ ၊
        သေချာ စစ်ပြီးသားတွေ ဖြစ်ပုံ ရတယ် ။
        ဟိုဖက်က နောက်ထပ်လာမယ့် ၄ သိန်းကိုသာ မှန် မမှန် စစ်ရလိမ့်မယ် ။

        ” အဲ့ဒီအကျိုးအဆက်က နောင်တချိန်မှာ ဘယ်လောက်အထိ ရှုပ်ထွေးတဲ့
        အကျိုုးအဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းရခက်လှပါတယ် ”

        စိတ် တကယ် မကောင်းပါဘူး ရွာသူား တို့ရယ် ။
        ငါတို့ တိုင်းပြည် ကံ ဆိုးရှာတယ် လို့ပဲ တွေးရတော့ မလိုပါပဲ ။

  • မွန်မွန်

    August 1, 2012 at 5:32 pm

    အိမ်မှာ မဲများတဲ့ဘက်က နိုင်ပြီး သတင်းလာရင် မကြည့်ရတာ များလို့ပါ…

    တစ်ခုသိချင်တာက ရခိုင်တိုင်းရင်းသားတွေဘက်က လွှတ်တော်အမတ်တွေကရော ဒီကိစ္စကို ထည့်မဆွေးနွေးကြဘူးလားဟင်…
    သစ်ထူးလွင်မှာ ဖတ်လိုက်ရတယ်… မုဒိန်းမှုထပ်ဖြစ်ပါတယ်တဲ့… တမင်တကာလုပ်နေတဲ့ ဒီကိစ္စတွေအတွက် တကယ်ကို သူခို်းလူဟစ် အလုပ်ခံရတော့မှာလား မသိတော့ပါဘူး…

  • nigimi77

    August 1, 2012 at 5:44 pm

    ဒါနဲ ့….အဲဒီ ဦးရွှေမောင်က ဘာ လူမျိုးလဲဗျ ။

  • nigimi77

    August 1, 2012 at 5:52 pm

    အော်…… လပ်စသပ်တော့ လိပ်ရာဇာ ကြီးပဲ ….

    :mrgreen:

    နာမည်က ရခိုင်နာမည် (ဦးရွှေမောင်)

    ဘူးသီးတောင် မဲဆန္ဒနယ် ဆိုတော့

    ဒီ ရခိုင် တော်တော် ရဲ ပါလားလို ့ တွေးလိုက်တာ…

    ရခိုင်မှ မဟုတ်ပဲ ခုနှစ်ခိုင် ဖြစ်နေတာကိုး …..ဟိုးဟိုး……

    ===========================

    ဦးရွှေမောင် (ခ) ဦးအဒူရော်ဇက်

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
    ၁၂/ပဇတ(နိုင်)ဝ၃၆၃၀၆
    မဲဆန္ဒနယ်
    ဘူးသီးတောင်

    • မွန်မွန်

      August 1, 2012 at 5:56 pm

      အော်.. ဂလိုဂိုး…
      ဘယ်ကတည်းက အကွက်ချစီစဉ်ထားလဲမသိဘူး..လွှတ်တော်ထဲတောင် သူတို့လူကို ရအောင်ထည့်ထားတယ်… ဘယ်သူ့မဲတွေနဲ့ အမတ်ဖြစ်လာတာပါလိမ့်.. (ရခိုင်တွေ ပေးလိုက်တာများလား..) 🙁

    • htoosan

      August 1, 2012 at 6:50 pm

      အဟွတ် အဟွတ် .. ကျွန်တော်က ဘဖောကို သတင်းထိန်ချမ် မထားပါနဲ့ .. ကိုယ်စားလှယ်ကြီးရဲ့ နံမည်လေး အပြည့်အစုံ လေးရေးပေးရင် ကောင်းပါမယ် ပြောမလို့ … နောက်ကျသွားပြီကိုးးးးးးးးးးးးးးး တပ်မ ၇ရ က ဦးအောင် ထုလိုက်ပြီကိုး … 😀

      • htoosan

        August 1, 2012 at 6:56 pm

        ပ ဇ တ ဆိုတော့ ပုဇွန်တောင်နော်.. ဟုတ်လားမသိ .. မြန်မာ လို ပီပီသသ ပြောတတ်ရဲ့လား လည်း နားထောင်ကြည့်ကြပါဦး….

      • Foreign Resident

        August 2, 2012 at 2:48 am

        Sorry ပါ ကို htoosan ရေ ။

        ကျနော်က ဘူးသီးတောင် မဲဆန္ဒနယ်က ဆိုလိုက်ရင်ကို ၊
        ရွာသူားတွေ သိလောက်ပါတယ် ထင်မိလို့ပါ ။

        ဘူးသီးတောင် မေါင်းတော မှာက ဘင်္ဂါလီ ၉ဝ % နေတာလေ ။
        သူတို့ ဘင်္ဂါလီ လူမျိုး ကိုယ်စားလှယ်ပဲ တက်လာမှာပေါ့ ။

        ” မြန်မာ လို ပီပီသသ ပြောတတ်ရဲ့လား လည်း နားထောင်ကြည့်ကြပါဦး ”

        အင်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်ဖို့က ၊
        မြန်မာစကား တတ်စရာမှ မလိုတာလေ ။
        သူ့ မဲဆန္ဒနယ် ကို ကိုယ်စားပြုဖို့ပဲ လိုတာကိုး ။

        ” ပ ဇ တ ဆိုတော့ ပုဇွန်တောင်နော်.. ဟုတ်လားမသိ ”

        သေချာပါတယ် ။
        ပ ဇ တ ရဲ့ ရှေ့က ( ၁၂ ) က ရန်ကုန်တိုင်း ကို ကိုယ်စားပြုပါတယ် ။
        တိုင်းနှင့်ပြည်နယ် ၁၄ ခုကို မြန်မာ အက္ခရာ နှင့် စဉ်ထားတာပါ ။
        ( ဥပမာ ကချင် ပြည်နယ် ဆိုရင် ( ၁ ) နှင့် စပါတယ် )

        • htoosan

          August 2, 2012 at 8:58 am

          ဘဖောရေ..
          (၁) ဦးရွှေမောင် မှ ပြောသည် နှင့် ဦးရွှေမောင် (ခ) ဦးအဒူရော်ဇက် ကပြောသည်ဆိုတာမှာ ယုံကြည်မှု့ ဘယ်လောက်ကွာသွား နိင်သည် ဆိုတာကို ဘဖောတို့လို ပညာရှင်တွေ ကကောင်းကောင်းသိပါသည် ။

          (၂) လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မြန်မာစကား တတ်ရမယ်လို့ မဆိုလိုပါဘူး ။ မှတ်ပုံတင်က မောင်းတော မှတ်ပုံတင်ဖြစ်နေရင်လည်း ဒီစကား ကျွန်တော်မဆိုပါဘူး ။ ပုဇွန်တောင် ဖြစ်နေတယ်ဆိုလို့ ဒီစကား ပြောတာပါ ။
          ပုဇွန်တောင် ခံထားပြီး ပုဇွန်တောင်သား ဟုတ်ရဲ့လား ဆိုတာကို ညွှန်းလိုက်တာပါ။
          အင်းလေ ပုဇွန်တောင် ဆိုတာကလည်း တစ်ဝက်လောက်က ကုလားရပ်ကွက်ဖြစ်နေပြီဆိုတော့ သူမပီလဲ ဒါကြောင့်ပါ ဆိုတဲ့ စိတ်ချမ်းသာ စရာ အယူ အဆ ဘဲ ယူလိုက်ပါ့မယ်။

        • Foreign Resident

          August 2, 2012 at 9:12 am

          ကို htoosan ရေ ။

          အဘ တင်တုန်းကတော့ ဦးရွှေမောင် (ခ)
          ဦးအဒူရော်ဇက် မှန်းတော့ မသိပါဘူးကွယ် ။
          သူ့ မဲဆန္ဒနယ် နှင့် သူ့ ပြောပုံ ဆိုပုံအရတော့ ၊
          ဘင်္ဂါလီ လူမျိုး အမတ် ဖြစ်လောက်တယ်လို့တော့ ၊
          မှန်းလို့ ရတာလေးပဲ ရှိတာပါကွယ် ။

          အခု တပ်မ (၇၇) ပြောမှသာ သေချာ သိရတာလေ ။

    • ကိုရင်မောင်

      August 1, 2012 at 7:20 pm

      ဟာ….စိန်ဗိုက်ဗိုက်ရေ နာမည်က အဒူလဒစ် ဆိုပါလား …..
      ဒို့ကတော့ ဒီမိန့်ခွန်းကိုကန့်ကွက်ပါတယ်…….
      ဗူးသီးတောင်မောင်းတောကရခိုင်တွေ နည်းချင်လို့နည်းသွားရတာမှမဟုတ်ဘဲ..
      ဘင်္ဂလားဒေးကကုလားတွေ ခိုးဆိုးတိုက်ခိုက်လွန်းလို့ ကျေးရွာတွေစွန့် အိုးပစ်အိမ်ပစ်
      ပြေးကြရတာလေ…လွန်ခဲ့တဲ့အနှစ်၇ဝလောက်ပြန်ကြည့်သင့်ပါတယ်….ဒီနေရာတွေမှာ
      ဒေသခံတွေပျောက်သွားရတဲ့အကြောင်းတွေကိုပါ……
      ဗြိတိသျှခေတ်၌ တံခါးမရှိ ဓါးမရှိ ဝင်ရောက်အခြေစိုက်ကြသော စစ်တကောင်းသား ဘင်္ဂါလီတို့၏ဒဏ်ကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ရခိုင်များ အကြီးအကျယ်ခံခဲ့ရသည်။ စစ်အတွင်း ၁၉၄၂ ခု၌ လူမျိုး အဓိကရုဏ်းဖြစ်၍ ဒေသခံရခိုင်များ သေသူသေ၊ ပြေးသူပြေးဖြစ်ခဲ့ပြီး ထိုနယ်ကို စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များ ရာနှုန်းပြည့် အုပ်စိုးမိသွားသည်။ လွတ်လပ်ရေးခေတ်ဦး၌ မိမိကျေးရွာသို့ ပြန်လာ ကြသော ရခိုင်တို့အား မူဂျာဟတ်သူပုန်များ မောင်းထုတ်ခဲ့သောကြောင့် ပြေးကြရပြန်သည်။ ရခိုင်ကျေးရွာ (၆၁)ရွာ ပြိုပျက်ခဲ့သည်။ ၁၉၄၂ ခုကာလ ရခိုင်ဒုက္ခသည်များနှင့် မူဂျာဟတ် သူပုန်ထသည့်ကာလ (၁၉၄၈-၅၈) ရခိုင်ဒုက္ခသည်များမှာ လူမသိသော ရွာပုန်းရွာရှောင် (IDP)အဖြစ် မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေမြို့များ၌ ခိုလှုံခဲ့ကြသော ဒုက္ခသည်များမှာ သိန်းချီရှိနေ သည်။ ထို IDP များအရေးကို လူ့အခွင့်အရေးရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် လူ့အခွင့်အရေး ဆုံးရှုံးနေသော တိုင်းရင်းသား ဒုက္ခသည် အစစ်အမှန်များ ဖြစ်သည်ဟု ဆိုရပါမည်။ ထိုရခိုင်ဒေသခံတို့အား ဗြိတိသျှခေတ်၌ စစ်တကောင်းနယ်မှ တံခါးမရှိ ဓါးမရှိ ဝင်လာကြသော ဘင်္ဂါလီနယ်ချဲ့သမားတို့က အကြမ်းဖက်မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယခု ဒေသခံရခိုင်များနှင့် အခြားတိုင်းရင်းသား မြို၊ သက်၊ ခမီး၊ ဒိုင်းနက် လူမျိုးစုအားလုံးအရေအတွက်မှာ မောင်တောမြို့နယ်၌ (၁၀%)ပင် မရှိချေ။ ဘူးသီးတောင်မြို့နယ်၌ (၁၅%)ခန့်သာ ကျန်တော့သည်။ ဤအခြေအနေမှာ ရခိုင်ဒေသခံတို့အတွက် ရင်လေးစရာဖြစ်သည်။ ဤသမိုင်းဖြစ်ရပ်မှန်များကို ပြင်ပသတင်းမီဒီယာများ လေ့လာတင်ပြသင့်သည်။ လူမသိသူမသိသော အမေ့ခံ ရခိုင်ရွာပုန်းရွာရှောင် IDP များ၏ ခံစားချက်များကို မေးမြန်းစုံစမ်း၍ ကမာ္ဘ့မီဒီယာပရိသတ်အား အသိပေးသင့်သည်။ ထိုမီဒီယာပရိသတ်၏ ကရုဏာသက်မှု၊ ကိုယ်ချင်းစာမှုကို ရခိုင်ရွာပုန်း ရွာရှောင်များ ခံစားထိုက်သည်။ ယခု ပြောင်းပြန်ဖြစ်နေသည်။ ပြည်ပ မီဒီယာသတင်းထုတ်လွှင့်ချက်များ၌ “ရိုဟင်ဂျာ” အမည်ခံသူတို့သာ အဖိနှိပ်ခံ ဒုက္ခသည်များအဖြစ် ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင် မီးမောင်းထိုးပြ နေကြသည်။ ဒေသခံ တိုင်းရင်းသား ရခိုင်ဗုဒ္ဓဘာသာများ “ရိုဟင်ဂျာ”အမည်ခံသူတို့ထံ နှစ်ပေါင်း (၆၀)ခန့် ခြိမ်းခြောက်၊ အနိုင်ကျင့်၊ မောင်းထုတ်ခံခဲ့ရပုံများကိုမူ တလုံးတပါဒမျှ မထုတ်လွှင့်ခဲ့ကြဖူးချေ။ ဤရခိုင် ရွာပုန်း ရွာရှောင် ဒုက္ခသည်များကိစ္စ မှန်/မမှန်ကို ဒေသခံသတင်းထောက်များထံမှတစ်ဆင့် စုံစမ်းသိရှိ နိုင်ပါသည်။ ၎င်းဒုက္ခသည်တို့ မြို့ပေါ်ရပ်ကွက်များသို့ ထွက်ပြေးလာရခြင်း အကြောင်းရင်းကို စုံစမ်းကြည့်ပါ က စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များကြောင့်ဖြစ်ကြောင်း၊ ထိုစစ်တကောင်းသားတို့မှာ အဖိနှိပ်ခံများ မဟုတ်ဘဲ လူ့အခွင့်အရေး အရေခြုံထားသော တိုင်းရင်းသား အယောင်ဆောင် နယ်သစ်ချဲ့ထွင်သူများသာ ဖြစ်ကြောင်း၊ ရွာပုန်းရွာရှောင်များမှ ထိုစစ်တကောင်းသားများ၏ ခြိမ်းခြောက်နှိပ်စက်မောင်းထုတ်ခံရသော ဒုက္ခသည်များဖြစ်ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိလာလိမ့်မည်ဟု ယုံကြည်ပါသည်။

      “ရိုဟင်ဂျာ”အမည်ခံသူတို့အား “နယ်သစ်ချဲ့ထွင်သူများ”ဟု သုံးနှုန်းခဲ့ခြင်းမှာ စာရေးဆရာကြီး မောင်ထင် နောက်သို့လိုက်၍ သုံးနှုန်းခြင်းသားဖြစ်ပါသည်။ ဆရာကြီးမှာ လွတ်လပ်ရေးရစ၌ ရခိုင်တိုင်းမင်းကြီးအဖြစ် အမှုထမ်းခဲ့ဖူး၍ ရခိုင်ဒေသအခြေအနေကို ကောင်းစွာသိသူဖြစ်သည်။ ဆရာကြီးက “ရခိုင်ပြည်နယ် အစီရင်ခံစာ”၌ “စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ဝါဒသည် နတ်မြစ်တစ်ဖက်ကမ်းရှိ မယူတောင် တန်းဒေသနှင့် ကုလားပန်ဇင်းမြစ်ဝှမ်းဒေသတို့ကို နယ်မြေသစ်အဖြစ်ဖြင့် အခြေစိုက်ရန်ဟူသော ဝါဒ ဖြစ်သည်”ဟု ရေးသားခဲ့သည်။(မြဝတီ ၁၉၆၀၊ဇူလိုင်) မှန်ပါသည်။ သူတို့ နယ်ချဲ့ကြခြင်းသာဖြစ်သည်။ ကျွန်တော်တို့ဒေသခံ ရခိုင်ဗုဒ္ဓဘာသာများ ကိုယ့်ရပ်ကိုယ့်ရွာများမှ အသက်လု ထွက်ပြေးလာကြရသည်။ ယခု မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များကို သူတို့လူဦးရေ အသာစီးဖြင့် လွှမ်းမိုးထားနှင့်ပြီး ဖြစ် သည်။ ထိုလူဦးရေ လွှမ်းမိုးမှုကို လက်နက်သဘွယ်အသုံးပြု၍ မြန်မာအစိုးရ အဆက်ဆက်ထံ “မူဆလင် ပြည်နယ်”ထူထောင်ပေးရန် ၎င်းတို့ တောင်းဆိုခဲ့ကြသည်။ မူဂျာဟစ် သူပုန်ထခဲ့ကြသည်။ RIF, RSO အစရှိသော မြေအောက်အဖွဲ့အစည်းများ ထူထောင်၍ မြန်မာအစိုးရကို အမြဲတမ်း အနှောင့်အယှက် ပေးခဲ့ကြသည်။ ၎င်းတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် ဒေသခံတို့မျာ ကျီးလန့်စာစား ဖြစ်နေရသည်။ ၁၉၈၈ ခု၊ မေလ(၁၃)ရက်နေ့၌ မောင်တောမြို့ပေါ်ရှိ ရခိုင်ဗုဒ္ဓဘာသာတို့အား အကြမ်းဖက် သုတ်သင်ပစ်ရန် “ရိုဟင်ဂျာ”အမည်ခံသူ မူဆလင်တို့ အားထုတ်ခဲ့ကြသေးသည်။ လုံထိန်းတပ်က ကာကွယ်ကယ်တင်ခဲ့၍သာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ကြသည်။ ဤဖြစ်ရပ်ကို ကြည့်လျှင် “ရိုဟင်ဂျာ”တို့၏ အန္တရာယ် မည်မျှကြီးကြောင်း မှန်းဆနိုင်သည်။

      “ရိုဟင်ဂျာ”အမည်ခံသူတို့၏ အန္တရာယ်မှာ ဒေသခံ (ရခိုင်၊ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်) တို့နှင့်သာ ဆိုင်သည် ဟု မမြင်ဘဲ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားအားလုံးနှင့်ဆိုင်သော “ဘုံပြဿနာ”ဖြစ်သည်ဟု မြင်ဖို့လိုပါသည်။ သို့မဟုတ်ပါက ထိုဒေသမှာ “ရိုဟင်ဂျာ”အမည်ခံ တိုင်းရင်းသားအယောင်ဆောင် ဘင်္ဂါလီ မူဆင်တို့၏ လူဦးရေ ဆူနာမီလှိုင်းတံပိုးများအောက်၌ စုံးစုံးမြှုပ်သွားမည်မှာ သေချာသည်။ ထိုအန္တရာယ်ကြီး ကို ညီအစ်ကို တိုင်းရင်းသားအပေါင်း လက်တွဲဟန့်တားနိုင်ပါမှ ၎င်းတို့၏ နယ်သစ်ချဲ့ထွင်မှုကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း တင်ပြရပါသည်။
      http://myanmargazette.net/130870/uncategorized-other/copypaste
      ဒီပို့လေးကိုပြန်ဖတ်ကြည့်သင့်ပါတယ်……

    • P chogyi

      August 2, 2012 at 11:19 am

      ဪ အဲဒီလူမျိုးကို
      သမိုင်းဝင်မိန့်ခွန်းပြောတဲ့လူလို့ သတ်မှတ်မှာတဲ့တား
      မှားနေပြီထင်တယ်။

  • Oo Oo

    August 1, 2012 at 6:27 pm

    ဘူးသီးတောင်မြို့နယ်က ဆိုတော့ အဲ့ဒီ ဦးရွှေမောင် ဆိုတဲ့အမတ် ရဲ့ မျိုးရိုးရာဇဝင်ကို စစ်ဆေးကြည့်သင့်ပါတယ်။
    ခေတ်မှီနည်းနဲ့ DNA စစ်ကြည့်လိုက်ပါ.. ရခိုင်လား ဘင်ဂါလီလားဆိုတာ အဖြေ တိတိကျကျထွက်လာပါလိမ့်မယ်။
    ဗွီဒီယိုဖိုင် ကိုကျနော်ကြည့်ပြီးပါပြီ.. သူ့ရုပ်က ရခိုင်ရုပ်မှမဟုတ်တာ..သူ့စကားသံကိုသေချာနားထောင်ကြည့်ပါ
    ရခိုင်သံဝဲသလိုရှိပေမယ့် ကုလားသံ ပိုဝဲနေတာတွေ့ရပါလိမ့်မယ်.. ရခိုင်စကားတတ်တဲ့ကုလားတစ်ယောက်ရဲ့
    စကားပြောသံ နားထောင်ဖူးသူတိုင်း သိကြပါလိမ့်မယ်။
    သူပြောဆိုသွားတာတွေက ဘင်ဂါလီဖက်ကနေ တစ်ဖက်သတ် ပြောဆိုသွားတာတွေ့နိုင်ပါတယ်..လက်တွေ့မကျတာတွေ
    အများအပြားပါဝင်နေတယ်လို့ထင်ပါတယ်..အဲ့ဒီထဲကတချက်ကိုပြရရင်..
    ” ရခိုင်ပြည်နယ်မြောက်ပိုင်း အပါအဝင် ရခိုင်အလယ်ပိုင်းမှာရှိတဲ့ ၊
    လူတွေရဲ့ ရုပ်ရည် အသွင်အပြင် စကားတွေက ၊
    တစ်ဖက်နိုင်ငံမှာရှိတဲ့ စစ်တကောင်း (က လူတွေ ) နဲ့ ဆင်တူတာသည် ၊
    ဒီလူမျိုးတွေက ရခိုင်ရဲ့ ဌာနေ တိုင်းရင်းသားဆိုတာ ၊
    ဒါ အကြီးမားဆုံး သက်သေပါပဲ ”
    ရခိုင်အစစ်နဲ့ ကုလားအစစ်ကို မြင်ဖူးသူတိုင်း သိကြမှာပါ..သူပြောသလို ရခိုင်နဲ့ကုလား ရုပ်ရည်အသွင်အပြင် ဘယ်နေရာမှာ
    သွားတူနေလို့လဲ…စကားကရော..ရခိုင်စကားနဲ့ ကုလားစကား တူနေလို့လား .. စာပေ ကိုရော တူတယ်လို့ပြောချင်အုံးမလား..
    ကူလီကူမာနဲ့ အတင့်ရဲလွန်းပါတကား… ဒွတ်ခ..ဒွတ်ခ
    ရိုဟင်ဂျာလက်တံတွေ ဘယ်လောက်များပြီး ဘယ်လောက်ရှည်နေပြီလဲ… လွတ်တော်ထဲအထိထိုးဖေါက်ထားပြီလား…
    စဉ်းစားစရာပဲ..
    အနိစ္စ အနိစ္စ

    • Foreign Resident

      August 2, 2012 at 2:59 am

      ” ဗွီဒီယိုဖိုင် ကိုကျနော်ကြည့်ပြီးပါပြီ.. သူ့ရုပ်က ရခိုင်ရုပ်မှမဟုတ်တာ..
      သူ့စကားသံကိုသေချာနားထောင်ကြည့်ပါ ”

      အမ်မာလေးဗျာ ၊ အမ်မာလေးဗျာ ၊
      မြန်မာပြည်က Connection နှင့် ၊
      အဲဒီ You Tube VDO မိနစ် ၂ဝ စာ ကြီးကို ကြည့်ဖို့ မလွယ်လှဘူးထင်လို့ ၊
      အဘ မှာဖြင့် အဲဒီ VDO ကြီးကို ၅ ခေါက်လောက် ၊
      နားထောင်လိုက် ရေးလိုက် လုပ်လိုက်ရတာ ဇက်ကြောကို တက်ရော ။
      အဲလို မြန်မာပြည်ကနေ လွယ်လွယ် ကြည့်လို့ ရနေမှန်းသိရင် ၊
      Link Address လေးပဲ ပေးလိုက်တာပေါ့ ။
      အခုတော့ ။ အဟင့် ၊
      လူမုန်းလဲ ခံရသေး ၊ ဇက်ကြောလဲ တက်သေး ။ 🙁

      • Oo Oo

        August 2, 2012 at 10:11 am

        အဘရေ…ကျနော်သုံးနေတာမြန်မာပြည်က ကွန်နရှင်မဟုတ်ဖူးလို့ပဲမှတ်လိုက်ပါနော့..
        အဘအပင်ပန်းခံပြီး ရေးပေးတာ အလကားမဖြစ်ပါဘူးဗျာ..မြန်မာပြည်ကွန်နရှင်နဲ့လည်း
        ဖွင့်ကြည့်ဖို့မလွယ်လောက်ဘူးထင်ပါတယ်..အခုလိုရေးပေးတော့ အားလုံးသိရတာပေါ့ဗျာ

  • Nadi Mg

    August 1, 2012 at 7:39 pm

    ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်
    (ခ) ဦးအဒူရော်ဇက် ဟာ ရခိုင်မဟုတ်ပါဘူး ၊ ဘင်္ဂလီစစ်စစ်ဖြစ်ပါတယ် ၊ ချီးထုပ်
    ကြံ့ဖွတ်တွေက မဲအောင်နိုင်ချင်ဇောနဲ့ ကုလားများတဲ့နေရာမှာ မဲရလိုမှုနဲ့ အမတ်ဖြစ်သွား
    တယ်လို့ သိရတယ် ၊
    ဒီလိုမိန့်ခွန်းပြောရဲတဲ့ ဘင်္ဂလီအမတ် အမြန်ဆုံး ဖယ်ရှားခံရတော့မှာပါ ။

  • Oo Oo

    August 1, 2012 at 7:53 pm

    ဦးအဒူရော်ဇက် တို့များကွယ် .. အခွင့်အရေးတန်းတူ ပေးးမိတာနဲ့
    သူတို့ရဲ့အမျိုးသားရေးအကျိုးအတွက် .. အူယားဖါးယားကိုလုပ်တော့တာပဲ
    ဒွတ်ခ ဒွတ်ခ

  • Nadi Mg

    August 1, 2012 at 8:03 pm

    ဒီကောင်တွေ အတွင်းစည်းအထိဝင်လာနိုင်တာ ငကြံ့ဖွတ် တရားခံ ၊
    ဘင်္ဂလီလိပ်မျိုးက ကိုယ့်ဖက်ကိုယ်ယက်တော့တာဘဲ ၊ ခုတော့ ကောင်းပီပေါ့ ၊
    ဒါက အစဘဲရှိသေးတာ ၊ နောင်ဆိုရင် ငယ်ထိပ်ပေါ်တက်ပီး သေးပေါက်မှာ ။

  • ဥဥ

    August 1, 2012 at 8:06 pm

    ဒီလိုလေးလုပ်လိုက်ရင် အဆင်ပြေမလားမသိဘူး……….
    ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းကို တရုတ်ကိုပေးလိုက်
    အနောက်ဖက်ခြမ်းကို ကုလားကိုပေးလိုက်
    အောက်ပိုင်းတနင်္သာရီဒေသကို ယိုးဒယားကိုပေးလိုက်
    ကျုပ်တို့နိုင်ငံသားတွေက …….
    တတိယနိုင်ငံမှာ သွားနေကြတာပေါ့ ခွီးးးး

    • Shwe Phyu

      August 2, 2012 at 9:22 am

      Dear Oo Oo,
      I realized you meant to be funny but are we going to forget how our old generations sacrificed for us to be a country like this??

    • ko win

      August 3, 2012 at 6:58 pm

      ဂွဒ်တယ်ဗျာ။ ဥဥရဲ့ စိတ်ကူးက။

      • linnlinnn

        August 3, 2012 at 8:07 pm

        ဒီ comment ကိုဖတ်ပြီး ဟိုတလောက ကျမစိတ်ကူုးထဲမှာ မြန်မာပြည်မြေပုံဆွဲကြည့်မိတာကိုသတိရမိသေးတယ်.. မလှတော့ဘူးရှင်..ပိန်လိမ်ပြီး ဘာပုံထွက်နေမှန်းမသိဘူး… 🙂

  • ကိုသင်း

    August 1, 2012 at 11:41 pm

    ဘိုး ဘေ စဉ်ဆက်နေတိုင်းသာ
    တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရမယ်ဆိုရင်
    ငဇင်ကာနဲ့ သူ့အမျိုးတွေကို မှတ်ပုံတင်
    ထုတ်ပေးရလိမ့်မယ် ထင်တယ်။

    • P chogyi

      August 2, 2012 at 11:21 am

      ဒါလဲမှန်တာပဲ။

  • မိုးတိမ်

    August 2, 2012 at 12:46 am

    အင်း ဆက်ဖက်လာပါတယ်အဘရေ…
    အမျိုးသားရေးမို့ ဝင်မန့်ရပါဦးမယ်(စိတ်ကုန်နေတာတော့အမှန်)
    ဘင်္ဂလီအမတ်က လွှတ်တော်ထဲရောက်နေတာကတော့ လုံးဝ(လုံးဝ)မဖြစ်သင့်တဲ့ကိစ္စတစ်ရပ်ပါ။
    မဲနိုင်ချင်ဇောနဲ့ နိုင်ငံကို သစ္စာဖောက်ပြီးရောင်းစားနှိုင်သော စိတ်ဓါတ်ပိုင်ရှင်များကိုလဲ အံ့ဩမဆုံးပါဘူး။
    အဲဒီ အဒူရော်ဇက် ဆိုတဲ့ ခွေးကုလားဟာ လွှတ်တော်ထဲမှာ ရှိမနေသင့်ပါဘူး။
    ကျွန်တော့ အထင် ဒီကောင်ပြုတ်ဖို့တော့ တော်တော်နီးစပ်နေလောက်ပါပြီ။
    တစ်နိုင်ငံလုံးက လက်မခံတာကို လက်ခံအောင်သောက်ရှက်မရှိ အတင့်ရဲသကိုး။

    • win khine

      August 2, 2012 at 4:58 am

      u shwe maung was graduated from YIT 1994, B.E ( mechanical).in 1988 uprising,he was student union leader in Buthi daung,he was in fourth year.his father was police officer in Kyauk Taw town ship, U Har Di.after graduated he worked in UNHCR in northern Rakhine state.He knew very well about this situation,Muslims in Rakhine state are live in so many years like 6 or 7 generations,Normally they can get citizenship, according to basic human right.Rakhines, mro, dinet, maranmar gyi, chakma who live in bangladesh and India are get citizenship of their country,can get special chance from Bangladesh government.bangladesh ambassador to myanmar is chakma tribe,is very clear about Bangladesh government decision about minority.when i was in twelve year old i visited to rakhine state because my father work in sittwe hospital and i saw Rakhine buddhist discrimanated to muslim peoples,like a animal,my father want to settle in sittwe but i refuse to settle in this discrimnated people, like they use to treated to muslim in south africa aperthied,not rules of law in Ralkhine state, mostly rakhine budhist men are drinking too much.i was in sittwe i was swimming in kispa nadi river, rakhine young man asked me who are u, i answered i am from Taungoo and speak to them burmese language and thay said, here is Rakhine state do not speak burmese language,call me (auck shee) it means they delivever waste to river mostly burmese live in down of the river,so the waste in reach to burmese peoples.Rakhine also discriminated even in burmese ordinary people.i travel all over the country ,i was never treated other minorities to burmese people, now they are protesting in UN head quarter in New York to get independent Rakhine nation.Muslims in rakhine state demanding to get citizenship, not independent nation.but chinese are occupied the whole mandalay city and shan state and kachin state, beware of burmese people and they are just new comer to get citizenship but nobody in hluttaw compainted about chinese invasion in burma.north rakhine state muslims they used official lan guage is burmese language and burmese kyats but in wa state mostly wa are used chinese language and chinese yuan.

      • Foreign Resident

        August 2, 2012 at 6:04 am

        ကိုဝင်းခိုင် ပြောပြတာကတော့ ၊
        ဦးရွှေမောင် က YIT က ၁၉၉၄ ခုနှစ် မှာ ၊
        BE ( Mechanical ) နှင့် ပြီးတဲ့ အင်ဂျင်နီယာပါတဲ့ ။
        ၈၈ တုန်းက ဘူးသီးတောင် က ကျောင်းသား သမဂ္ဂ ခေါင်းဆောင်ပါတဲ့ ။
        UNHCR မှာ လုပ်ခဲ့ပါတယ်တဲ့ ။

        အသက် သိပ်မကြီးသေးဘူးထင်တယ် ။

        ကျန်တာတော့ အဘ ဘာသာဆက်မပြန်ရဲတော့ဘူး ။ 😛
        ကိုဝင်းခိုင် ရေးထားတာ အားလုံးကိုသာ
        ဘာသာပြန် လိုက်လို့ကတော့ ။ ဟီဟိ ။

        အဘ တောင် ကြောက်ကြောက် ။
        ကိုယ့်ဖာသာကိုယ်သာ ဖတ်ကြည့်ကြတော့ ။

        • htoosan

          August 2, 2012 at 9:08 am

          တော်တော် ကို အတွေးတွေ ပေးတာဘဲနော် .. 😀
          (၁) ၁၉၈၈ ကျောင်းသားခေါင်းဆောင် တစ်ယောက်က YIT မှာ ကျောင်းဆက်တက်ပြီး ဘွဲ့ရခဲ့တယ် ……. အင်း အင်း အမြင်မှန် ပြန်ရသွားလို့လား … သူလျှို အဖြစ်ထည့်ထားလို့လား …
          (၂) ၁၉၈၈ ကျောင်းသားခေါင်းဆောင် တစ်ယောက်က ကြံ့ ဖွတ် ကိုယ်စားလှယ်တစ်ယောက်ဖြစ်နေတယ် …. အင်း အင်း အမြင်မှန် ပြန်ရသွားလို့ လား.. ဒို့လူကြီးများ ခွင့်လွှတ်တတ်လို့လား …

          တော်ပြီ .. ဆက်မတွေးတော့ဘူး .. ဂီဂီ့ အိမ်စာတွေ သွားလုပ်တာကမှ မျက်စိအေး စိတ်ချမ်းသာစရာ ကောင်းသေးတယ် …. ဘိုင့် ဘိုင် ..ဘိုင် .. 😀

      • P chogyi

        August 2, 2012 at 11:23 am

        မျက်စိနောက်လို့ အကုန်မဖတ်တော့ဘူး
        မြန်မာဆိုရင်(ရခိုင်အပါ)ဘယ်သူမှ
        ကုလားနာမည် မမည့်ထားဘူး
        အသိသာကြီးပါ

  • Shwe Phyu

    August 2, 2012 at 5:45 am

    Yes, that kalar is in parliment due to Aung Thein Lin… Aung Thein Lin has the main responsibility of this matter. Both 2 kalars at Parliment are responsibility of Aung Thein Lin.

    • Foreign Resident

      August 2, 2012 at 6:07 am

      Shwe Phyu ရေ ။

      ဦးအောင်သိန်းလင်းကြောင့်လို့ ၊
      ဘာကြောင့် ပြောနိုင်တာလဲကွယ် ။

      ကျနော် နားမရှင်းလို့ပါ ။
      ရှင်းပြပေးနိုင်မလားကွယ် ။

      • Shwe Phyu

        August 2, 2012 at 9:05 am

        The whole Maungdaw people knew Aung Thein Lin promised those kalar to let them build mosques as well as they would be granted NRC if they vote for USDP…

      • Shwe Phyu

        August 2, 2012 at 9:14 am

        There were some muslims parties registered for election but why those kalars would vote only USDP instead of their brotherhood parties ???…

        Aba For, I have been saying this in my comments, those certain people from USDP would not mind to sell Myanmar to anyone for their own good. It’s very very disgusting.

  • ဒုတ်ထိုး

    August 2, 2012 at 9:00 am

    ဒေပိုင် ကိစ္စတိကို ငြိမ်ခံနီလို့ မဖြစ်ပါဒေ ၊ ငရို့တိမှာ တာဝန်ဟိန့်ရေ ။

    • Foreign Resident

      August 2, 2012 at 9:22 am

      ဆရာ ဒုတ်ထိုး ရေ ။
      အခု အချိန်ဟာ တိုက်ခိုက်ရမယ့် အချိန်မဟုတ်တော့ဘူး ထင်ပါတယ် ။
      သင်္ခန်းစာ ယူပြီး ၊ ပိုကောင်းတဲ့ အခြေအနေကို ၊
      တည်ဆောက်ရမယ့် အချိန် လို့ထင်ပါတယ် ။

      • ဒုတ်ထိုး

        August 2, 2012 at 10:40 am

        တိုက်ခိုက်ဖို့ စွာ မဟုတ်ပါရှန့်
        တာဝန် ဟိန့်ရေ အကြောင်း အဂေါင့်ပြောကတ်စွာပါ

  • three colors

    August 2, 2012 at 9:13 am

    Win Khine is a Bangali & he is making Bull-shit stories about U Shwe maung.
    He is planning to put a wedge between Bamar & Rakhine.
    Be aware of this.

  • Foreign Resident

    August 2, 2012 at 9:36 am

    နောက်ဆုံးရ သတင်းလေး ထပ်တင်ပေးပါတယ် ။
    ဟုတ်မဟုတ် မသေချာသေးပါ ။
    ပုံလေးပါ ၊ ထပ်ထည့်ပေးလိုက်တယ် ။ 😛

    ” မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရံသည့်
    လုပ်ငန်းစဉ်မှာ ထက်ဝက်ခန် ့ပြီးစီးနေပြီဖြစ်ကြောင်း ပထမဆုံး
    ထုတ်ဖော်ပြောဆို……

    ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာ
    အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက်
    သမ္မတ၏ အမိန် ့ဖြင့်
    မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေးရှည်လျှားသော
    နယ်စပ်မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုးကာရံခြင်းကို
    စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါသတင်းနှင့်ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု ့လက်မှု ့
    ဖွံဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
    ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု ့ကြီးကြပ်ရေးနှင့်
    ပြည်သူ ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီတို ့မှ
    ( ၃၀-၇-၂၀၁၂ ) ရက်နေ ့တွင် အတည်ပြုပြောကြားခဲ့သည်။

    ” တိုင်းပြည်လုံခြုံရေးအတွက်ပါ… အိနိ္ဒယ နဲ ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က
    ခြံစည်းရိုးလိုပါဘဲ… လုံခြုံအောင်ဆောင်ရွက် သွားမှာပါ… ” ဟု
    ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ မှ ပြောကြားသည်။

    ခြံစည်းရိုးမှာ သုံးထပ်ပါဝင်ပြီး ခြံစည်းရိုးတလျှောက် နယ်စပ်
    လုံခြုံရေးကို တင်းကျပ်စွာ ကိုင်တွယ်မှု ့များဆောင်ရွက်နေပြီ
    ဖြစ်ကြောင်နှင့် ခြံစည်းရိုးကျော်ဝင်လာသူများကို ပြင်းထန်သော
    အရေးယူမှု ့များ၊ ပစ်ခတ်မှု ့များပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည် “

  • ဦးဦးပါလေရာ

    August 2, 2012 at 9:43 am

    ကျုပ်လဲကွန်မင့်ဝင်ရေးချင်ပါတယ်..။
    ကျုပ်အမြင်ကိုရေးရင် နှစ်ဖက်လုံးက ဝိုင်းဆဲမှာမို့ ပိုစ့်ရုပ်ပျက်သွားမှာစိုးလို့ ချိန်ဆနေတာ..။
    သတ်သတ်ပဲ ပိုစ့်တင်ပါတော့မယ်။
    စာမြည်းလေး အဘဖေါရေ….:D

    (၁) မြန်မာနိုင်ငံသားဘင်္ဂါလီဟာ မြန်မာနိုင်ငံသားပါ။ ပြန်ဖျက်လို့မရပါဘူ….။
    (၂)အဲဒီ ဘင်္ဂါလီအမတ်ပြောသွားတာ မျက်နှာပြောင်တိုက်ပြီး လိမ်ပြောတာဖြစ်တယ်။
    လုံးဝ လက်ခံစရာမရှိ…။

    ကိုင်း….. နှစ်ဖက်လုံးက ဝိုင်းဆဲကြပေတော့ ….. 😀 😀

    • Foreign Resident

      August 2, 2012 at 9:45 am

      အရမ်းတော်တဲ့ ဦးဦးပါလေရာ ကို ၊
      Best Comment ပေးလိုက်ပြီ ။ 😛

    • Foreign Resident

      August 2, 2012 at 9:48 am

      ဦးဦးပါလေရာ ၊
      သိချင်လို့ ၊ ရန်ကုန်ကနေ ၊
      ကျနော်ပေးတဲ့ You Tube VDO Link ကို ကြည့်လို့ရလား ။

        • Foreign Resident

          August 2, 2012 at 10:11 am

          ဒါဆိုရင်တော့ ကျနော် အပင်ပန်းခံ ဇက်ကြောတက်ခံပြီး ၊
          ရိုက်တင်ပေးခဲ့တာ အကျိုး မမဲ့ဘူးပေါ့ ။

          မူရင်း VDO ကို ကြည့်စေချင်လိုက်တာ ။

  • Shwe Phyu

    August 2, 2012 at 9:46 am

    Dear Aba,
    Please also confirm (if you can) that the wall is made of steel and bar wires and not made of bamboo and wood….

    • Foreign Resident

      August 2, 2012 at 10:04 am

      Shwe Phyu ရေ ။

      Wall မဟုတ်ရပါကွယ် ၊ Fence လေးရယ်ပါ ။
      Steel လည်း ဟုတ်ပုံမရပါဘူး ၊ Wood ထင်ပါတယ် ။
      Bamboo မဖြစ်တာပဲ ကံကောင်း ။ 😛
      Blade Wire မတတ်နိုင်လို့ ၊ Barbed Wire ပဲတပ်ထားပုံပဲ ။
      ဟိုဘက်က စောင်ထူထူခင်းပြီး ဝင်လာရင် အေးဆေးပဲ ။ 😛
      မိုင်းထောင်ထားမလားတော့ မသိဘူး ။
      တိုင်းပြည်က ဆင်းရဲပါတယ်ဆိုမှ ၊ ဘာတွေ လာမေးနေသတုန်း ။ 😛

      ကြားထားတဲ့ သတင်းတွေအရ ဆိုရင် ၊ တချို့ဆောက်ပြီးသား နေရာတွေမှာ ၊
      ဟိုဘက်က သံဆူးကြိုးတွေကို လာဖြတ်ပြီး ရောင်းစားကြတယ်ပြောတယ် ။ 🙁

  • ဦးဦးပါလေရာ

    August 2, 2012 at 9:59 am

    ဓါတ်ပုံထဲက ခြံစည်းရိုးကတော့ ကုလားတွေ ဖြုတ်ရောင်းစားဘို့ ရိက္ခာဆက်ပေးထားသလိုပဲ …. 😀

    ခြံစည်းရိုးခတ်ပြီးရုံနဲ့မပြီးဘူးနော်..
    ခြံစည်းရိုးကိုလဲ စောင့်နိုင်ရမယ် ..
    ဝင်ဖျက်စီးရင်လဲ အရင်တုန်းကလို မသိချင်ယောင်ဆောင်မနေပဲ ဘယ်သူ့ကိုမဆို ဘာအဝတ်အစားဝတ်ထားသည်ဖြစ်စေ ပစ် ရဲရမယ်..။
    ဖြစ်ပါ့မလား …. 😀

  • P chogyi

    August 2, 2012 at 11:31 am

    ဦးဦးပါလေရာပြောသလိုပါပဲ
    အခုပြသနာမဖြစ်ခင်ကတည်းက ခြံစည်းရိုးတွေ ဖြုတ်ရောင်းခံရကြောင်း
    ဖတ်ခဲ့မိပါတယ်။ ကိုယ်အိမ်ကခြံစည်းရိုးကို သူများလာဖြုတ်ရင်ကြိုက်ကြမှာ
    မဟုတ်ဘူး။ မိမိနိုင်ငံပိုင်ဆိုင်မှုကို ကာကွယ်တဲ့ ခြံစည်းရိုးကို လာဖြုတ်တာ
    မသိချင်ယောင်ဆောင်ပြီး ကြည့်နေတာ သူတို့ ကိုယ်တိုင်တစ်ဆင့်ခိုင်းတာ
    လားလို့ တွေးမိတယ်။ (ငွေသာလျှင်ပဓာနပေါ့လေ)

  • abc mgmg

    August 2, 2012 at 2:42 pm

    လူဦးရေ သန်း (၁၃၇၀) ရှိတဲ့တရုတ်၊ သန်း (၁၂၆၀) ရှိတဲ့ကုလားနဲ ့ (၁၆၂)သန်း ရှိတဲ့ ဘင်္ဂလီကုလား
    သုံးနိုင်ငံကြားမှာ (၅၅) သန်းပဲရှိတဲ့ကျွန်တော်တို ့ ငြိမ်နေရင်တိုင်းပြည်ပျောက်သွားမယ်။ လူ ့သမိုင်းမှာ
    သူတို ့ဘိုးဘေးတွေ အသုံးမကျတဲ့အတွက် ကနေ ့လူဦးရေ သန်း (၃၀) ရှိတဲ့ (ကနေဒါနိုင်ငံရဲ့လူဦးရေ
    ရှိတဲ့) ကာဒ့်စ် (Kurds) လူမျိုးတွေ တူရကီ ဆီးရီးယား အီရန်နဲ ့အီရတ်အကြားမှာတိုင်းပြည်ပျောက်သွား
    ခဲ့ပြီး ကမ္ဘာပတ် refugee လုပ်ပြီး တောင်းစားနေရပြီ။ နယ်ချယ့်စံနစ်နဲ ့ကိုလိုနီပိုင်ရှင်တွေဆွဲလိုက်တဲ့
    မြေပုံကြောင့်လို ့အပြစ်တင်နေပေမဲ့ ကာဒ့်စ်တွေညံ့ခဲ့လို ့ပဲ။ ကနေ ့ကျွန်တော်တို ့မြန်မာတွေ ညံ့ရင်
    ကျွန်တော်တို ့သားမြေးတွေ ကာ့ဒ်စ် တွေလိုဘဝရောက်ဖို ့လွယ်လွယ်လေးရယ်။ သည်အတိုင်းငြိမ်နေ
    ရင်မလေးရှားလိုမလေးတဝက် တရုတ်တဝက် ဖြစ်သွားမယ်။ ပါလက်စတိုင်းခြောက်သန်း ဘယ်ဘဝ
    ရောက်နေလဲဆိုတာသင်္ခန်းစာယူရမယ်။(ဒါတောင်မဟာသီလိုလူမျိုးကောင်းလို ့မဟာသီရဲ့မလေးဌာနေ
    တိုင်းရင်းသားဥပဒေတွေကောင်းလို ့သည်နေ ့မလေးတွေကံကောင်းခဲ့တာ အဲသည်လိုမှမဟုတ်ရင်
    တရုတ်ကြီးစိုးတဲ့တိုင်းပြည်ဖြစ်သွားမယ်။ သီရိလင်္ကာမှာ လ္ဘက်ခူးဖို ့ခေါ်ခိုင်းခဲ့တဲ့တမီးလ်တွေတိုင်းပြည် ထထောင်လို ့ နောက်ဆုံးဘယ်လိုလုပ်လိုက်ရသလဲဆိုတာမြင်အောင်ကြည့်ကြပါ)။

    လူမျိုးရေး အဘယ်မည်သော ဘာသာရေး – ဘယ်ခွဲခြားရေးပေတံတွေနဲ ့မှတိုင်းစရာမရှိပါ။ကျွန်တော်
    တင်ပြချင်တာက မိမိတိုင်းပြည်နဲ ့လူမျိုးကို သည်ပြည်ထောင်စုကိုကျွန်တော်တို ့လက်ထဲကိုကျွန်တော်တို ့
    ဘိုးဘေးတွေ အသက်သွေးချွေးရင်းပြီး အမွေပေးခဲ့တဲ့အတိုင်းကျွန်တော်တို ့ရဲ့သားစဉ်မြေးဆက်ကို –
    (status quo) ကျွန်တော်တို ့ရထားတဲ့အတိုင်း လက်လွှဲပေးဖို ့သည်ထက်အမျိုးအစားကောင်းအောင်
    သန် ့ရှင်းအောင် ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ပြီးအမွေပေးခဲ့ကြဖို ့ကို …. တင်ပြခြင်းပါပဲ။
    မကြာသေးမှီနှစ်တွေထဲမှာပဲ တရုတ်က ငါးနိုင်ငံအငြင်းပွါးနေတဲ့ Spratly Islands တွေကို အဓမ္မတက်
    သိမ်းယူခဲ့တယ်။ သည်နေ ့ကမ္ဘာကြီးဟာ ကွန်ပြူတာနဲ ့ဂြိုလ်တုဆက်သွယ်ရေးစံနစ်တွေထဲမှာပဲ
    ပြားနေပြီး – နိုင်ငံခြားရေးမူဝါဒတွေ လူဝင်မူကြီးကြပ်ရေးဥပဒေတွေဟာ ဒေါင်လိုက်ကြီးဖြစ်နေတယ်
    ဆိုတာ ကမ္ဘာအရပ်ရပ်မှာရောက်ရှိနေကြတဲ့ မြန်မာ ငါးသန်းကျော် အသိဆုံးဖြစ်ပါလိမ့်မယ်။

    (ဒီမိုကရေစီလူ ့အခွင့်အရေး နဲ ့အမျိုးသားရေး ကွဲပြားနားလည်အောင်ကြိုးစားကြ။ မိမိလူမျိုးနဲ ့တိုင်းပြည် မိမိပြည်တောင်စုကိုကာကွယ်ကြပါ)။ အမျိုးသားရေးနဲ ့ အမျိုးသားရေးဝါဒ Nationalism ဆိုတာ ဟာ
    တိုးတက်နေတဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ ပိုပြီးတော့ သန်စွမ်းခိုင်မာတယ်ဆိုတာ အားလုံးသတိပြုကြ
    ပါ။ ခင်ဗျားတို ့ကိုတင်ပြချင်တာက ဒီမိုကရေစီလူ ့အခွင့်အရေးဆိုတာ ကမ္ဘာ့အခွင့်အရေးမဟုတ်ဘူး။
    သဘောကောင်းပြီး ကိုယ့်တိုင်းပြည်ကို သာလယံဇရပ်ပျက်လို ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းလုပ်ရ
    လောက်အောင် လာပြီး လူဝါးဝရလောက်တဲ့ အချင်းအရာမဟုတ်ဘူး ဆိုတာပါပဲ။ ခင်ဗျားတို ့ကိုင်တဲ့
    မြန်မာ Passport ဟာ အဲသည် တိုးတက်ပါတယ်ဆိုတဲ့ ဒီမိုကရေစီတိုင်းပြည်တွေကိုဝင်တဲ့အခါ ဘယ်လို
    အတိုင်းအတာအထိမျက်နှာငယ်ရသလဲ နိုင်ငံခြားထွက်တဲ့မြန်မာတွေအားလုံးခံစားမိကြဖူးမှာပဲ။ ကျွန်
    တော်တို ့ဘယ်ကိုပဲသွားနေနေ ကျွန်တော်တို ့ဘိုးဘွားပိုင်အိမ်ကိုတော့ မပျောက်ပျက်အောင်ဆက်ပြီး
    ထိမ်းသိမ်းထားကြရမှာပဲ။ ခုတောင် ဖဲ့ပြီး ငှားစား ရောင်းစားလို ့ ကျင်းတွေ ချိုင့်တွေနဲ ့ တော်တော့်ကို
    အပျိုရည်ပျက်ခဲ့ပြီ။ သည်ထက်ပိုပြီး ကုလားတွေ တရုတ်တွေ ဘင်္ဂလီတွေနဲ ့ပေးစားကြမယ်ဆိုရင်
    တော့ ကျွန်တော်တို ့ဟာ အင်မတန်ညံ့ဖျင်းတဲ့မျိုးဆက် တိုင်းပြည်ကိုဖျက်တဲ့မျိုးဆက်ဖြစ်တော့မယ်။
    (သည်နေရာမှာ မျိုးဆက်ဆိုတာ ကနေ ့အသက်ရှင်နေ အသက်ရှိနေတဲ့ ကြီးကြီး ငယ်ငယ် ရွယ်ရွယ်
    အရုတ်အလတ် အမြတ် ရာထူးမရွေး မြန်မာတိုင်းရင်းသားစစ်စစ်အားလုံးကိုဆိုလိုတာပဲ)။

    မီဒီယာခေတ်ကြီးမှာ ပေါ်လာတဲ့အကြောင်းချင်းရာရဲ့ အရေးပါမူကိုလူတွေကလိုက်ကြတာများတယ်။
    နာဂစ်၊ ဂီရိ၊ မြစ်ဆုံကိစ္စ၊ အကျဉ်းသားလွတ်မြောက်ရေးကိစ္စ၊ ဖွဲ ့စည်းပုံကိစ္စ၊ လျှပ်စစ်မီးကိစ္စ အစရှိ
    သည်ဖြင့် – သည်နေရာမှာ ကျွန်တော်တင်ပြချင်တာက ဘာပြီးမှဘာလုပ်ရမယ် ဘယ်ဟာကပိုပြီးအ
    ရေးကြီးတယ် အရေးပါတယ် ဆိုတာကို ကျွန်တော်တို ့အတွင်းမှာ ငြင်းခုံဖို ့အချိန်မရှိတော့တာအမှန်
    ပဲ။ အားလုံးဟာ သေရေးရှင်ရေးလိုတပြိုင်တည်းမှာ အရေးကြီးနေတယ် – အဲသည်လိုလစ်လျှူရှူခဲ့တာ
    တွေကြောင့် မန္တလေးကိုပြည်ကြီးတရုတ်တွေသိမ်းသွားပြီ။ ဘယ်တုံးကဘယ်သူက ဒါကိုရေးကြီးခွင်
    ကျယ်လုပ်ခဲ့ကြသလဲ။ (ဆက်သွယ်ရေးစံနစ်တွေကောင်းမွန်မှ တိုင်းပြည်တိုးတက်မှာလား တိုင်းပြည်
    တိုးတက်မှဆက်သွယ်ရေးစံနစ်တွေကောင်းလာမလားဆိုတာကို ဘယ်ဟာအရင်ဆိုပြီးငြင်းနေကြတာ
    နဲ ့အလားတူနေမယ် … နှစ်ခုစလုံးတပြိုင်နက်လုပ်ရမယ် … ဘယ်ဟာအရင်လုပ်ရမယ်ဆိုရင် ဘာမှ
    ဖြစ်မလာတော့မှာသေချာတယ်)။

    ကုလားအရေး ဓါးသွေးစရာမလိုသေးဘူးလို ့အချို ့ကစောဒကတက်ကြတယ် – ဖြစ်လာမှဓါးသွေးရင်
    သိပ်နောက်ကျသွားပြီ။ တင်ပြချင်တာက ကျွန်တော်တို ့အားလုံးကို တပြိုင်တည်းလုပ်ရမှာပဲ။
    ဒါပြည်သူပြည်သားတိုင်းရဲ့တာဝန်ပဲ။ သည်နေ ့ရှိနေတဲ့အစိုးရဆိုတာ ဘာခွန်အားမှမရှိသေးပါ။
    ငါတဘို ့သမားတွေနဲ ့ကိုကိုလှိုင်လိုအဆံမရှိတဲ့သင်္ကြန်အမြှောက်တွေ အောင်သောင်းလို
    စက်ရုံတခုလုံးဖြုတ်ရောင်းသူတွေ ကျော်ဆန်းလိုမိသားတစုလုံးခိုးကူးခွေထုတ်ပြီးဆင်ဆာဖြတ်
    နေသူတွေ ဇော်မင်းလိုခရစ်(စ်)တီးနားကျွန်းလူသတ်သမားကဧရာဝတီကိုထပ်ပြိီးသတ်ဖို ့
    လုပ်သူတွေ မာဖီးယားဂိုဏ်းချုပ်သန်းရွှေကိုအကာအကွယ်ပေးနေသူတွေ ကများနေတယ်။ ကိုယ့်
    တိုင်းပြည်အတွက် ကိုယ့်မှာတာဝန်ရှိတယ် အားလုံးကိုတတ်နိုင်တဲ့ဘက်က တပြိုင်နက်သတိ အထပ်ထပ်ချပြီးလုပ်ကြရမယ်လို ့သာမှတ်ထားပါ။ အခုကျွန်တော်သည် message ကိုရေးနေတဲ့
    အချိန်မှာပဲ ရခိုင်က ဘူးသီးတောင်မောင်းတောမှာ ဘင်္ဂလီတစ်ထောင်လောက် ထပ်ပြီးလူ ့လောက
    ထဲကိုရောက်လာခဲ့ပြီ။

  • စိန်ဗိုက်ဗိုက်

    August 2, 2012 at 2:45 pm

    ခွီး…
    ဒီအမတ်
    ပက်စက်လှချည့်လား အောင့်မေ့တာ
    ဘယ်ဟုတ်မဒုံး
    အဒူLဒစ်ပဲကိုးဟ 🙂
    တပ်မ ဂဏန်းကြီး ကယ်လို ့ပေါ့ကွာ.ညှင်း.ညှင်း..

    အဘားနော်..အဘား..
    အဒူLဒစ်တွေ သံဆူးကြိုးဖြတ်ရောင်း၊ မြန်မာပြည်ထဲခိုးဝင်၊ ဘေဘီတွေမွေးပြီးမျိုးစေ့ချ၊ အဒူLဒစ်နိုင်ငံဂျဖစ်တွားမှ အဘားအဘား မလုပ်နဲ ့
    အဘားအဘား ဖြစ်သွားမယ်။

    အခု
    ကြတ်ဖွတ်က အဒူLဒစ်တစ်နေယောက်နဲ ့တောင် ရွာလည်နေတာကို 🙄
    ဟာဘဲ..ဟာဗျဲ

    • Foreign Resident

      August 2, 2012 at 3:13 pm

      စိန်ဗိုက်ဗိုက် ရေ ။

      သိတယ် ။ စိုးရိမ်တာတောင် မဟုတ်ဘူး ၊ ကြောက်တယ် ။
      လိုချင်တာက ၊ ဘယ်လိုလုပ်ကြမလဲပြော ။
      မတရားတဲ့ ၊ အကြမ်းဖက်မယ့် ၊ မဖြစ်နိုင်တဲ့ နည်းတော့ မပြောနှင့်လေ ။
      လူဆန်ဆန် နှင့် ဘယ်လိုလုပ်ကြမလဲပြော ။

      လူဆန်ဆန် နှင့် ဖြစ်နိုင်တာ တစ်နည်းပဲရှိတယ် ။
      သူရဲကောင်း အနစ်နာခံမယ့်လူတွေ အများကြီး လိုတယ် ။
      ၁ ။ နယ်ခြားရွာမှာ သွားဇါတ်မြုပ်နေပေးရမယ် ။
      ၂ ။ အသက် အန္တရာယ် ရှိမယ် ၊ ပင်ပန်း ဆင်းရဲမယ် ။
      ၃ ။ ကလေးတွေ အများကြီး မွေးရမယ် ။
      ၄ ။ ဒါကြောင့် ကိုယ့် Next Generation ကလေးတွေ
      အစစ အရာရာ နိမ့်ကျသွားမယ် ။

      လိုအပ်မယ့် ငွေကြေး အရင်းအနှီး ကို အဘ တို့လို ပြည်သူတွေက ထောက်ရမယ် ။
      လိုအပ်မယ့် လုံခြုံရေးကို အစိုးရက တာဝန်ယူရမယ် ။
      မလုံလောက်ရင် နယ်ခြားစောင့် ပြည်သူ့စစ်ဖွဲ့ရမယ် ။
      အဓိက ရှေ့ဆုံးက အနစ်နာခံ သင့်တာ ရခိုင်တွေပဲ ။
      ရခိုင်တွေ အားလုံး နိုင်ငံခြားကနေ ရခိုင်ပြည်နယ်ကို ပြန်လာသင့်ပြီ ။

      • nicolus agral

        August 3, 2012 at 5:39 pm

        မတရားတဲ့ ၊ အကြမ်းဖက်မယ့် ၊ မဖြစ်နိုင်တဲ့ နည်းတော့ မပြောနှင့်လေ ။
        လူဆန်ဆန် နှင့် ဘယ်လိုလုပ်ကြမလဲပြော ။

        သူတို ့ကတော့ မတရားတဲ့နည်းလမ်းတွေသုံးတယ် ၊ အကြမ်းဖက်တယ် ၊ မုဒိန်းကျင့် ၊ အိုးအိမ်တိုက်တာ အဆောက်အအုံတွေကို မီးရှို ့တယ် ။ ပီးတော့ မီဒီယာတွေ သုံးပြီး ပြောင်းပြန်လိမ် ၊ နိုင်ငံတကာ ဖိအားတွေပေး ၊ အကြမ်းဖက်အဖွဲ ့တွေကချိန်းခြောက် ။

        ကျွန်တော်တို ့က လူ ့အခွင့်အရေးတွေ ၊ စာနာမှုတွေ ပြန်ပေးရမယ်ပေါ့ ။
        NO ပဲ

  • sitminnaing

    August 2, 2012 at 3:56 pm

    ဦးဖော ဆိုသူ(F.R)ကြီးရေ….ဘင်္ဂါလီတွေ(၄)သိန်းလောက် မြန်မာနိုင်ငံသားပေးလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ ခင်များကြီး သိရဲ့လား …စဉ်းစားကြစေလိုပါတယ်ဆိုတာ ခင်ဗျားကြီး ထမင်းစားပီးကြီးလာတာမဟုတ်တော့ မစဉ်းစားတတ်ဘူးပေါ့ဗျာ၊
    ဘင်္ဂါလီယောက်ကျားတစ်ယောက်၊မိန်းမလေးယောက် ခလေး အယောက်(၂၀)မွေးတယ်၊ အဲဒီ ခင်ဗျားကြီးပြောတဲ့ (၄)သိန်းထဲမှာ ယောက်ကျားတစ်သိန်းပဲပါတယ်ထား၊ဘယ်လောက်ဖြစ်သွားမယ်ထင်လဲ…
    ခင်ဗျားကြီး ဝမ်းသာအားရနဲ့ ရေးပြီးအခုမှ အဖျားမရူးနဲ့…
    ခင်ဗျားတို့လို ဘေးတီးသမားတွေ ကျုပ်တို့တိုင်းပြည်နဲ့ ဝေးဝေးမှာနေရင်ကောင်းမယ်…

    • chityimhtoo

      August 2, 2012 at 8:42 pm

      ပွဲခရလို့နေမှာပေါ့…ဟိဟိ..တိုင်းပြည်ဘေးကျပ်နံကျပ်ဖြစ်လေအဘဖေါတို့ကြိုက်လေဘဲ။
      ရိုဟင်ဂျာဘက်ကဒီလောက် အာမခံပေးနေတာ အကြံအစည်တစ်ခုခုတော့ရှိရမယ်..ဟိဟိ..
      ကြည့်ရတာမြန်မာတွေမျိုးပြုတ်စေချင်လို့ထင်တယ်..

  • three colors

    August 3, 2012 at 12:01 am

    အရေးကြီးလို့ ဲ ၁၂၅မိုင်ဘဲ ရှိတာမို့အိန္ဒိယလိုအပြည့်ကာပြီးကျုးကျော်ဝင်လာရင် အိန္ဒိယလို အရေးယူရဲပမလား၊
    မဟုတ်ရင် ကျွေးမွေးရတာ ဘဏ္ဏာငွေ အလကား အပိုကုန်တယ်။

  • ko win

    August 3, 2012 at 7:14 pm

    လွှတ်တော်ထဲမှာ အဒူလဒစ်တစ်ယောက်တည်းမဟုတ်။ သူ့လိုလူမျိုးတွေရှိပါသေးသည်။
    သိရသလောက် ကြံ့ဖွံ့ကလူတွေဖြစ်သည်။

  • uncle gyi

    August 3, 2012 at 11:18 pm

    အောက်လမ်းဆရာသူ့သရဲမနိုင်တဲ့ဇာတ်လမ်းလေးတပုဒ်ပါ

  • မွန်မွန်

    August 3, 2012 at 11:44 pm

    သူတို့ရဲ့ စစ်ဆင်ရေးတွေက အခုမှ အကောင်အထည်စပေါ်နေတာ… အနှစ်နှစ်အလလက သူလျှိုတွေသွင်း.. NGO တွေထဲ သူတို့လူတွေလွှတ်…မြန်မာနိုင်ငံထဲမှာ မျိုးဆက်တွေဖြန့်… ဘယ်အချိန်လောက်ကတည်းက အကွက်ချထားသလဲမသိဘဲနဲ့ အခုမှ စစ်ဆင်ရေးလည်းစရော တို့တွေအကုန် ပျားတုပ်နေရပြီ… သူတို့လက်တံရှည်တွေက ဘယ်အထိသိမ်းပိုက်ထားပြီလဲ… ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့ စစ်အစိုးရလက်ထက်ကို အခွင့်ကောင်းယူပြီး တတိတိနဲ့အကွက်တွေရွှေ့ခဲ့တာ အခုမှပွဲစတုန်းရှိသေး.. 21 ရာစုဆိုတာ ဘာသာလွှမ်းမိုးမမိုးတော့ မသိဘူး.. ရိုဟင်ဂျာကတော့ ရခိုင်ကိုလွှမ်းမိုးတော့မယ်…

    ရိုဟင်ဂျာကိုသာ မဲနေတုန်း… ဟိုဘက်က ဆွေမျိုးပေါက်ဖော်တွေနဲ့လည်း တကယ့်ကိုဆွေမျိုးတော်ပြီး နိုင်ငံကမြေတွေပါ လက်ဖွဲ့အနေနဲ့ ရွှေလမ်းခင်းပေးရတော့မယ်…

    ဟင်း.. အလင်းရောင်လေး မြင်မယ်ကြံလိုက်…တိမ်မည်းတွေဖုံးလိုက်နဲ့…. …

Leave a Reply