ဘွန္တော

ပုိင္ေလးAugust 2, 20121min29714
” ဘွန္တော….တရားချစ်ခင်၊ စိတ်ကောင်းရှိကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်းတို့ခင်ဗျား.. ယနေ့ – မြန်မာနှစ် ၁၃၇၄- ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ ” ဓမ္မစင်္ကြာအခါတော်နေ့ “နေ့ထူးနေ့မြတ်ကြီး ဖြစ်သဖြင့် – ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ဘာဝနာ ကုသိုလ်မှုတို့ မိမိတို့စွမ်းနိုင်သမျှ ပြုလုပ်နိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်ခင်ဗျား။  “
  ဘုရားလောင်း ပဋိသန္ဓေနေသောနေ့
 ဘုရားလောင်း တောထွက်တော်မူသောနေ့
 ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့
-ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်ခင်ဗျား။

14 comments

  • Pye Kun Zaw

    August 2, 2012 at 8:06 am

    အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့ညနေဘုန်းကြီးကျောင်းသွားအုံးမှ..

  • ဦးဦးပါလေရာ

    August 2, 2012 at 8:17 am

    မင်္ဂလာရှိသော ပိုစ့်ပါ
    ကျေးဇူးတင်ပါတယ်။
    ပိုစ့်တင်သူလဲ ချမ်းမြေ့ပါစေ……
    ရွာသားအားလုံးလဲ ချမ်းမြေ့ပါစေ……

  • the best

    August 2, 2012 at 8:34 am

    ကျက်သရေ မင်္ဂလာအပေါင်းနဲ ့ပြည့်စုံလိုက်တာဗျာ။
    မြင်လိုက်တာ စိတ်ကြည်နူး ချမ်းမြေ့ပြီး ကုသိုလ်စိတ်တွေဖြစ်မိပါတယ်။
    တစ်ရွာလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ။

  • ကြောင်ကြီး

    August 2, 2012 at 9:27 am

    ဘွန္တော
    ဘွန္တော
    စိတ်မှာထော
    ရိပ်သာတကြော
    လိပ်ပြာတော၊
    ဖိတ်စာမစော
    အိပ်ယာပေါ
    တိတ်ပါငချော
    ပြိတ္တာမျော..။

  • မဟာရာဇာ အံစာတုံး

    August 2, 2012 at 10:29 am

    သူကျ အွန်လိုင်းတက်နေပြီး
    သူများဒွေကျ သွားခိုင်းနေဒယ် .. 😀

    နောက်ဒါဘာ …

  • YE YINT HLAING

    August 2, 2012 at 10:51 am

    နှိုးဆော်စာနဲ့ ပုံတော်လေးများကြောင့်စိတ်ချမ်းမြေ.ရပါတယ်ဗျာ !

  • P chogyi

    August 2, 2012 at 10:57 am

    သာဓု၊ သာဓု ပါဗျာ တစ်ကြိမ်ကတော့ ပိုင်လေးဘုရားသွား ကုသိုလ်လုပ်ပြီးကြောင်းသိရမှ
    ထပ်ခေါ်လိုက်မယ်။
    ကျွန်တော်လည်း ပိတ်ရက်မှာ အလုပ်လာရှိနေလို့ မသွားနိုင်သေးဘူး။
    ညနေပိုင်းကြမှ သွားတော့မယ်။

  • ပင်လယ် ပျော်

    August 2, 2012 at 11:36 am

    ိနိဗ္ဗန်ဆော် ကိုပိုင်လေး ကုသိုလ်အများကြီး ရပါစေဗျာ…

  • aye.kk

    August 2, 2012 at 5:38 pm

    “ဝါဆိုလပြည့်နေ ့”
    ၁။ဘရားလောင်းပဋိသန္ဓေယူတော်မူသောနေ ့
    ၂။တောထွက်တော်မူသောနေ ့
    ၃။ဓမ္မစကြာဟောတော်မူသောနေ ့(ဓမ္မစကြာအခါတော်နေ ့)
    ၄။ရေမီးအစုံတန်ခိုးဗျာဋိယာတို ့ကိုပြတော်မူသောနေ ့

  • မောင်ပေ

    August 2, 2012 at 7:51 pm

    သာဓု သာဓု သာဓု ပါ ကိုပိုင်လေးရေ
    ဒီပိုစ့်လေးဟာ ကျုပ်တို ့ဗုဒ္ဓဘာသာဝင်တွေအတွက်
    တစ်ကယ်ကို စိတ်ကြည်နူးစရာ စိတ်ချမ်းသာစရာ
    ကောင်းမှုကုသိုလ်ပွားများဖို ့အတွက် လမ်းညွှန်ပေးတဲ့ ပိုစ့်လေးပါ

Leave a Reply