လူအချင်းချင်း ဦးနှောက်ဆေး ခြင်း…ကင်းရှင်းကြပါစေ..

ムラカミAugust 2, 20126min26123

 

သည်အကြောင်းပြောဖို့ ဆို နည်းနည်းလေး .. လန့်တယ်ဗျို့ … နည်းနည်း ပြောသင့်တယ်ထင်လို့ … ပြောလိုက်ပါဘီ …

ကျနော်တို့ အရင်ဆုံး  အခြေခံဘက်နည်းနည်း သွားကြည့်ရအောင် …။

 

  1. 1.   Cross-Selling

သည်လိုပါ … Cross-selling ဆိုတာ  ဖိနပ်ထုတ်တဲ့ ကန်ပနီက ခါးပတ်ပါ လိုက်ထုတ်ပြီး

တွဲရောင်းဖို့ … (ဖိနပ် ကြိုက်ပြီးသား လူတွေ .. သည် brand ကထုတ်တာပဲလေ ကောင်းမှာပါ)

ဆိုပြီး လိုက်ဝယ်အောင် လုပ်တယ်ပေါ့ဗျာ ..။ ဒါဟာ related cross-selling technique ပေါ့..

ဘာလို့ related လို့ပြောလဲဆို .. အဝတ်အစား ဆိုတဲ့ sector ထဲမှာ (ထုတ်ကုန်အသစ် အဟောင်း)

၂မျိုးစလုံး ဘောင်ဝင်နေတယ် မဟုတ်လားဗျာ..။ အဲ.. ဖိနပ်ထုတ်တဲ့ ကန်ပနီကပဲ ..အဲသည့် brand နဲ့

ဘောပင် ထုတ်ရောင်းမယ်ဆိုရင်တော့ non-related cross-selling ဆိုပါတော့ .. အဝတ်အထည်နဲ့

Stationery ဆိုပြီး ကွာသွားတာကိုး ..။

 

  1. 2.   House of Brands (or) Branded-House

Line of products တွေ ပိုင်တဲ့ (ဝါ) ထုတ်ကုန် အမျိုးမျိုးထုတ်တဲ့  ကန်ပနီတွေမှာ ရွေးစရာ

Brand Strategy  ၂မျိုးပဲ ရှိပါတယ် အဲ့ဒါတွေက

House of Brands  ရှိသမျှ ထုတ်ကုန်တွေကို သီးခြား နာမည် တမျိုးစီ ပေးပြီး  ထုတ်လုပ်တာ နဲ့

Umbrella Brands (or) Branded-House ကတော့ ရှိသမျှ Brands တွေအားလုံးကို နာမည် ၁မျိုးတည်း

နဲ့ ထုတ်လုပ်တာ ဖြစ်ပါတယ်။

 

ဥပမာ ပေးရမယ်ဆိုရင်တော့.နာမည်ကျော် Proctor and Gamble ကိုပဲ ပြရမှာဖြစ်ပါတယ်။

အဖွဲ့အစည်း နာမည်ဟာ P&G ဖြစ်ပေမယ့် ..ခေါင်းလျှော်ရည်ထုတ်တော့ Pantene ဖြစ်ချင်ဖြစ်မယ်

Head & Shoulders ဖြစ်ချင်ဖြစ်မယ်. . အာလူးကြော်ထုတ်တော့ Pringles ပါတဲ့ …။ မုတ်ဆိတ်ရိပ်တဲ့

ဓား ထုတ်တော့ Gillette ဖြစ်သွားပြီး ဆပ်ပြာမှုန့်ကျတော့ Tide ဖြစ်ပြန်ပါတယ်… ပြောချင်တာ ..သူဟာ

House of Brands အစစ်ဖြစ်ပါတယ်.. P&G ဆိုတဲ့ အိမ်ကြီးထဲမှာ Pantene, Head & Shoulders,

Pringles, Gillette, Tide နဲ့အခြားမြောက်များလှစွာသော Brands တွေ နေထိုင်ကြလေသတည်းပေါ့ဗျာ။

 

ဒုတိယ Branding Technique ကိုသုံးသူကတော့ Nivea ပဲဖြစ်ပါတယ်။ သူဟာ ဘာပဲထုတ်ထုတ်

Nivea ဆိုတဲ့ နာမည် နဲ့ပဲထုတ်ပါတယ်။ Skin Care ရော Personal Care တွေပါ Nivea နာမည် နဲ့ပဲ

ထုတ်ပါတယ်။Nivea Deo, Nivea Body, Nivea Soft, Nivea for Men အစရှိသဖြင့်ပေါ့ ။

 

 

ဘာနဲ့တူသလဲ ဆို မိဘရဲ့ မျိုးရိုးနာမည်ကို သားသမီး က ဆက်ခံတဲ့ ပုံစံမျိုးပါ…။ Branded-House

ဆိုပါတော့။ ဒီ Branding Technique က Surrogate Branding နဲ့အများကြီး ဆက်စပ်လို့

ဒါကိုကြိုရေးရခြင်းပါ…။

 

  1. 3.   What is Surrogacy?

Surrogacy ရဲ့မူရင်း အသုံးကတော့ .. အငှားကိုယ်ဝန်ဆောင်ခြင်း ပါပဲ ..။ ဒီသဘောကို marketer တွေ

ဘယ်လိုယူသုံးသလဲဆိုတာတော့ .. .. ဟောသလိုပါတဲ့ ..။

 

 

ဒေသ တခုခု နိုင်ငံတခုခုမှာ မီဒီယာ တမျိုးမျိုး ..(သို့မဟုတ် အားလုံးမှာ ) ကြော်ငြာခွင့် ..တားမြစ်ပိတ်ပင်ခံလိုက်တဲ့ .. အရက်သေစာ လိုမျိုး..၊ ဆေးလိပ်ဆေးရွက်လိုမျိုး.

ဒါမှမဟုတ်လည်း ..ဒေသတွင်း ဘာသာ၊ ယဉ်ကျေးမှု common norms တခုခုကို ဖီလာဆန့်ကျင်တဲ့

ထုတ်ကုန် တမျိုးမျိုး ပေါ့ဗျာ ..။

အဲ့သည်လို တားမြစ်ပိတ်ပင်ခံလိုက်ရတဲ့ အခါ (ထုတ်လုပ်ရောင်းချခွင့်ပိတ်တယ် မဆိုလိုပါဘူးနော.)…

အဆိုပါ Brand အနေနဲ့ ..  စားသုံးသူကို ဆက်လက် communicate လုပ်ဖို့ ခက်ခဲသွားပါတယ်။

သည်အခါမှာ Surrogate Branding စလုပ်ကြပါတယ်…။ ဟုတ်ကဲ့ အထက်မှာ ပြောထားတဲ့

Branded-House technique နဲ့ပါ။

 

  1. 4.   How do they surrogate?

ဈေးကွက်ထဲမှာ ကြော်ငြာခွင့်ရှိတဲ့ ထုတ်ကုန် အမယ်သစ် တစ်မျိုးမျိုး ကို တားမြစ်ခံ Brand နာမည်နဲ့ပဲ

ထုတ်လုပ်ရင်း ကြော်ငြာတာ ဖြစ်ပါတယ်…။ ဘယ်လို ပစ္စည်း ထုတ်လုပ်သလဲ ဆိုတာကတော့ ..ထိပ်ဆုံး

မှာပြောခဲ့သလို .. related cross-selling ဖြစ်မယ့်ပစ္စည်းမျိုး ဖြစ်ချင်ဖြစ်မယ် non-related cross-selling

ဖြစ်မယ့် ပစ္စည်းမျိုး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်… အတိအကျမပြောနိုင်ပါ…။ နောက်ထပ် မပြောနိုင်တာ တခုက

တော့ ..အနှီ အငှားကြော်ငြာပေးမယ့် ပစ္စည်းကို အမှန်တကယ် စီးပွားဖြစ် ထုတ်လုပ်ရောင်းချတာလား…။

စတိ သဘောပဲ ထုတ်ပြီး (လိုချင်လို့ ရှာဝယ်ရင်တောင် လွယ်လွယ်နဲ့ မရ) တာမျိုးလား ..ပါပဲ။

ယခု မရှိတော့ပေမယ့် အရင်က နာမည်ကျော် စီးကရက်တမျိုး တေးဂီတ ထုတ်လုပ်ရေး ဆိုပြီး Brand

Logo တူ နာမည် အရောင်အသွေး အတူတူ နဲ့ .. ထုတ်လုပ်ခဲ့ကြဖူးပါတယ်..။ နောက်ပိုင်းတော့

နာမည်ပြောင်းသွားတာ သတိထားမိရဲ့…။

 

  1. 5.   Behind the Scene

ဘာလို့ Surrogate လုပ်ရသလဲ ဆိုတာရဲ့ နောက်ကွယ်က psychology ကို နည်းနည်း တူးဆွချင်ပါတယ်

နှစ်ပေါင်းများစွာ Cigarette Brand တခုအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်လာတဲ့ Brand တခုဟာ …

ဆေးလိပ်ကြော်ငြာတွေ ပိတ်တယ်ဟေ့ ဆိုတဲ့ ကာလမှာ တေးသံသွင်းပဲ ပြောင်းလုပ်လုပ် ..construction

ပဲ ပြောင်းလုပ်လုပ် မူလ စီးကရက် လို့သာ လူတွေရဲ့ စိတ်ထဲမှာ စွဲနေတတ်ပါတယ်..။

(ကျနော် Branding အကြောင်းရေးတုန်းက ပြောဖူးလို့ Branding အကြောင်း ကျော်ပါမယ်)

ဆိုတော့ ဒါဟာ Brand ကို Recall လုပ်တာပါ…။ သည်စီးကရက် သောက်သုံးသူတွေ ပြန်လည်

အမှတ်ရအောင် လုပ်တာ လို့ ဆိုနိုင်ပါတယ်…။ တကယ်လို့များ သည်နာမည် သုံးခွင့်မရှိဘူး

ဆိုပြီး တားမယ် ဆိုရင်လည်း ..ဒါဟာ သီးခြား စီးပွားရေးပါ… Diversification လုပ်တာပါ… ကန်ပနီ

တူလို့ နာမည် တူတာပါ ဆိုပြီး Branded House ကို non-related business sector ထဲ ချပြ

ပြီး ခုခံငြင်းဆန်လို့ ရနေပြန်ပါတယ်…။

Surrogate Branding ကို ကျင့်ဝတ် နဲ့ မညီဘူး လို့ .. Marketer အတော်များများက ကျယ်ကျယ်ပြန့်ပြန့်

လက်ခံထားကြပြီးသားပါ …။ ဒါပေမယ့် ..သိတဲ့အတိုင်း လုပ်တဲ့လူကလည်း လုပ်နေကြတုန်းပါပဲ..။

ပြောရရင် Marketing မှာ အဆင့်အမြင့်ဆုံး လို့ Branding ကို သတ်မှတ်ထားလေတော့ ..

အဲ့သည့်နယ်ပယ်ထဲက လုပ်ဆောင်မှုတွေဟာ အလွန်သိမ်မွေ့ ပညာသားပါတယ်ဆိုတာလေး..။

 

  1. 6.   Local Surrogate Branding 1.0

အင်း ..။ အတင်းပြောတဲ့ အခန်း ရောက်လာပါပြီ …။ (သဂျီး စိတ်ထိခိယက်မှာမြင်ယောင်ပါတယ်..အဟိ)

အရက် မကြော်ငြာရဘူး ပိတ်တယ် ၊ ရတယ် ..ရေသန့် ပြောင်းထုတ်တယ်.. (related sector)

အဲ… အကျင်္ ီ ပြောင်းထုတ်တယ်… (diversified) ပြောင်းထုတ်တဲ့ ဟာနဲ့ ကြော်ငြာတယ်…။

ဒါပေမယ့် လူတိုင်းက သည် brand ဟာ အရက်ဆိုတာကြီးကို သိနေတယ် Recall လုပ်မိနေတယ်…။

ကဲ ..မခက်ဘူးလား ..။ ပိတ်ရအောင်လည်း …ဘောင်ကမဝင်သလို ….။

အင်း … အဲ့သည်လောက် ဆို ထားလိုက်ဦး …ဆက်ရရင် နောက်ပိုင်း အဲ့သည့်ထဲက ၁ခု Buzz

Marketing ရယ်.. Viral Marketing ရယ်ကိုပါ အပီအပြင် သုံးလာတာတွေ့ရတယ်…။

 

  1. 7.   Buzz Marketing

ဒါကို Word of Mouth Marketing ရဲ့ မူကွဲတခု ..Online အခြေစိုက် Marketing ပုံစံကွဲ တမျိုးလို့

သတ်မှတ်နိုင်ပါတယ်…။ Harry Porter ကိုတောင် Buzz နဲ့ အစွံထုတ်ဖူးတာ ဖတ်ဖူးရဲ့ …။

လုပ်သွားတာ ရိုးရိုးလေးပါ…။ ရုပ်ရှင် ရုံမတင်ခင် နာမည်ကျော်တဲ့ Bloggers တွေကို ဖိတ်ခေါ်ပြီး

အထူးရှိုး ပြတယ် တဲ့ ..။(တကားလုံး ဟုတ်မဟုတ်တော့မသိ..) Bloggers ဆိုမှတော့ဗျာ ..ဖွပြီပေါ့…

သိတဲ့အတိုင်း .. blog တွေမှာရေး … လူတွေက ဖတ် ..ကူး ရှဲ ဖြန့် မျှဝေ … ဖွတတ်တဲ့လူကို

ခေါ်ပြီး တမင် ပွအောင် ဖွ ခိုင်းတဲ့ နည်း လို့ အလွယ်ပြောနိုင်ရဲ့ …။ ဒါ ..Active ဖွတဲ့ သဘောတရား..

အဲ… Viral ကတော့ နည်းနည်း လေး Passive သဘောတရားပါဝင်ရဲ့..။ အရီးလတ်သုံးနေတဲ့မေးလ်

ဒိုမိန်းပေါ့ … တချိန်တုန်းက Viral နဲ့ဖွပြီး သုံးစွဲသူ အရေအတွက် တက်လာအောင် ဆွဲတင်ဖူးတယ်..။

လက်ခံတဲ့ ဘက်ကိုရောက်တဲ့အခါ … အနှီမေးလ်ဒိုမိန်း သုံးပြီး ပို့လိုက်တဲ့ မေလ်းရဲ့

အောက်ခြေတနေရာမှာ ဘယ်သူ ဘယ်သူတွေကတော့ သည်မေးလ်ကို သုံးနေပြီ သင်ရော ဆိုတဲ့

စာသားမျိုးနဲ့ ..မသုံးချင် သုံးချင်လာအောင်… (မသုံးဘဲနေရင် ကိုယ်ကပဲ သည်လူစုလူဝေးနဲ့ သင်းကွဲ

ဖြစ်တော့မယောင်) ဒါမျိုး Facebook လည်း သိပ်လုပ်သပေါ့ … သူ့ Plugin ထည့်ထားတဲ့ webpage

တခုခုဝင်ကြည့်လိုက်ရင် လူဘယ်နှယောက်ကတော့ like ထားပါတယ်.. သင့်သူငယ်ချင်းတွေထဲမှာ

သင်ပထမဦးဆုံး like လုပ်တဲ့လူ မဖြစ်ချင်ဘူးလား ဆိုတာမျိုး …ကြုံဖူးကြမယ်ထင်ပါတယ်။

ထားပါတော့ Buzz ပြန်သွားရအောင်…။လွန်ခဲ့တဲ့ ၄နှစ်ကျော်က ..(အော်.. ဘာလိုလိုနဲ့

၄နှစ်တောင်ကျော်သွားပြီနော) ဟို မင်းသမီးလေး လိုးရှင်းလိမ်းတဲ့ကိစ္စ … အင်တာနက် မှာ

ပလူပျံဖူးလေရဲ့ …. ။ သိတဲ့အတိုင်း . လိုကယ် ကော်နက်ရှင်စပိ က အလွန်အင်မတန် လစ်မစ်တက်

ဖြစ်နေလေတော့ …အစောပိုင်း ကော်ကောင်းတဲ့ နေရာက လူတချို့ကလွဲရင် ပျံ့နှံ့မှု သိပ် မရှိသယောင်

… မကြာပါဘူး မန်မိုရီစတစ်လေးတွေ ..ကူးချည်သန်းချီ … (ကြည့်ချင်ဇောနဲ့ …စတစ်မှာပါတဲ့ ဗိုင်းရပ်စ်

အကိုက်ခံထိသူတောင်မနည်း … အဟိ …ဆော်ဘီ….)

အကွက်မြင်တဲ့ ခိုးကူး …အဲလေ. ..ဗြောင်ကူး ဆြာ တချို့ကတော့ …သူတို့ချန်နယ် ထဲထည့်ပြီး ….

သမထဲ့လိုက်တာ ..မင်းသမီးလည်း နေ့ချင်းညချင်း ကို အရှင်လတ်လတ် .နိုင်ငံကျော်ကြီးကို ဖြစ်ရော…

(အဲ့မတိုင်ခင်နဲ့ အဲ့နောက်ပိုင်း အောင်မြင်မှုကို ယှဉ်ကြည့်ရင် သိသာပါမယ်..ဆိုင်မဆိုင် မပြောတတ်..)

အော်..buzz… buzz…

ကျနော်တို့တောင် အဲ့ကာလက နောက်သေးတယ်… အင်းအဖွခံချင်တဲ့ သတင်းတခုခုရှိရင် ဖွချင်အောင်

(ဖွချင်စရာကောင်းအောင် လုပ်ပြီး) ခိုးကူး အဲ့လေ ဗြောင်ကူး ချန်နယ်ထဲ

ထိုးထည့်နိုင်ရင် ..ကိုယ်ပေးချင်တဲ့ မက်ဆေ့ချ် အတော်ပေါက်မယ် ဆိုပြီးတော့…

(ဆြာသမား ကတော့ Burger King ကလုပ်တဲ့  the Subservient Chicken အကြောင်းလေး

ပြောခဲ့ဖူးတာ အမှတ်တရပါပဲ) မတ္တာကဖီးက မူဗီတွေ ဟာလည်း ဒါမျိုး Buzz နဲ့ သွားနေတယ်

ဆိုတာလေး တဆက်တည်း လက်တို့ခဲ့ချင်ပါတယ်…။

 

  1. 8.   Local Surrogate Branding 2.0

အနှီ Surrogate ဆြာသမားတွေက ဒါတွေကို သိလေတော့ …Celebrity ဆိုတာရယ် ..Music ဆိုတဲ့

Entertainment ရယ် ကို လှလှပပ အသုံးချလိုက်ပါတယ်…. အားလုံး ညည်းဖူး နားထောင်ဖူးမယ်

ထင်ပါတယ်… ရွှေငွေနဲ့ ….ဘလာဘလား တို့ ..မရှိလည်း နေနိုင်ပါတယ်……ရိုးရှင်းလွန်းတဲ့ဘွဟာ

ဘလားဘလား မို့.. . ဆိုတာလေး..။ လှတယ်နော… ရွှေ့သွားတဲ့အကွက်လေး… သီချင်းတပုဒ်လုံး

လုံးဝ သောက်တာတွေ မူးတာတွေ မပါဘူး …။ သီချင်းကောင်းကောင်းလေး ၁ပုဒ်ကို ထိပ်တန်း အဆိုရှင်

သုံးပြီး  အကျင်္ ီကြော်ငြာဆန်ဆန် အမ်တီဗီလေးတောင်ရိုက်လိုက်သေး…။ ဘယ်အခွေထဲမှာမှလည်း

ထည့်ရောင်းတယ် မကြားမိ …။ ဘယ်တွေက ပြနေ လွှင့်နေတယ်လည်း အတိအကျ မသိ. …

အဲ… ပျံ့တာတော့ အတော့်ကို ပျံ့နေတာ…။Buzz Buzz.. ဘယ်လောက်ပျံ့သလဲ ဆိုရင် ဟိုတနှစ်က

လုပ်သွားတဲ့နာမည်မေ့နေတဲ့အဆိုပြိုင်ပွဲ ..(အသံစစ်တာ ၁မိနစ်စာ ထင်တယ်..) အဲ့သည့်က အလွဲတွေကို

ရိုက်ထားတဲ့ ဟာသ မူဗီ အတိုလေး ကြည့်မိတယ်… လားလား …ယောက်ျားလေးအဆို ဝါသနာရှင်

တဝက်မရှိတောင် ၃ပုံ ၁ပုံလောက်က အနှီသီချင်းနဲ့ ပြိုင်သကိုး …။

 

အင်း … သည်နေရာမှာတော့ အနုပညာ နဲ့ ပါတ်သတ်ပြီး ပြောရတော့မယ်ဗျို့ …။

ခုနောက်ပိုင်း ..Brand Ambassador ဆိုတဲ့ စာလုံး အတော်လေး ခေတ်စားသကိုး ဗျာ…။

ကြည့်တော့လုပ်ကြပါဆြာတို့ ….။ လူငယ် Marketing Pro တွေပါတဲ့ အဖွဲ့လေး တဖွဲ့

တပိုင်တနိုင် ဆာဗေး ကောက်ကြည့်ကြတယ်…။ ကျောင်းတွေမှာပါ ..အရွယ်မရောက်သေးတဲ့

ကလေးတွေ ကို အနှီ Surrogate Brands တွေ အကြောင်း မေးကြည့် ကြတာပါ တဲ့ …။

ဟုတ်ကဲ့ …အားလုံးနီးပါးက အနှီ နာမည် ကို အသစ်ပြောင်းထုတ် ခွဲထုတ် တဲ့ product

အစား. .. အရက် အဖြစ်သာ သိ နားလည်ထားကြပါတယ် တဲ့ဗျား ….။ ကောင်းရော …။

သူတို့ အဆိုအရ ..တခြား ယမကာ ဘရန်း ၁မျိုး …စာသင်ကျောင်းတွေကို သွားပြီး

ကျောင်းခန်းတွင်း သုံးတဲ့ သင်ထောက်ကူပစ္စည်း တမျိုးလှူပါသတဲ့ … (Surrogate နာမည်နဲ့ ..)

အဲ …ဆြာဆြာမတွေက … အော်.. ပြဿနာ မရှိတဲ့ ထုတ်ကုန်ပဲလေ ဆိုပြီး လက်ခံထားလိုက်ပါသတဲ့..

တိန်….။ ပြောပြလိုက်တော့ Surrogate ရဲ့ မာယာ ကို နားမလည်လို့ လက်ခံတာပါတဲ့ ….။ဟူး …..

 

သည်လူတွေ နည်းနည်းတော့ လွန်သွားပြီ ထင်တယ်ဗျို့ …နောင်နှစ်အနဲငယ်ကြာမှ အသက်ပြည့်မယ့်

အရွယ်ရောက်မယ့် ကလေးတွေကိုတောင် အလွတ်မပေးဘဲ .. Brand Experience ကို သိအောင်

Brand Awareness ရနေအောင် Surrogate နဲ့ ထိုးဖောက် သတဲ့ …လုပ်ရက်ပါပေ့….။ (အနှီအဖွဲ့ရဲ့

စာစုပါတဲ့ link ရှဲချင်လို့ သူတို့ HP သွားကြည့်ခဲ့ပေမယ့် လက်တလော တင်ထားတာမတွေ့လို့

မရှဲနိုင်တာ ခွင့်လွှတ်ပါဗျို့ )

 

  1. 9.   Conclusion

ဒါမျိုးတွေက မရှိဘူးကွ…. နိုင်ငံခြားမှာပဲ ရှိတာ …။ စာအုပ်တွေထဲမှာပဲ ရှိတာ လို့ ငြင်းကြသူတွေကိုတော့

စိတ်မကောင်းပါဘူး လို့ပဲ ပြောချင်ပါတယ်..။ ဟုတ်ကဲ့ သေချာပေါက် ရှိကို ရှိပါတယ်…။  ရှိတယ်

ဆိုတာ မမြင်တတ်လို့  မတွေ့တာ လို့ ဆိုချင်ပါတယ်။ ဟိုတလောလေးက အူးလေးကြီးတယောက်

ပြောသွားတယ် ..ဘာတဲ့ အခွန်ကောက်တာကို နားလည်ဖို့အတွက် ..အလယ်တန်းလောက်ကတည်းက

အခွန်အကြောင်း … သင်ရိုးမှာ ထည့်သွင်းသင်ကြားပေးဖို့ လုပ်မယ် ဆိုပြီး …။ Business အခြေခံ

မှ မသင်ပေးရင် …ဘယ်လိုလုပ် အခွန်အကြောင်း စသင်ပြီး ထိရောက်မှာတုန်း..။ နောက်ပြီး

Marketing ရဲ့ အခြေခံ သဘောတရားတွေကိုလည်း … ထည့်သွင်းသင်ကြားသင့်တယ် မယူဆဘူးလား..

သိချင်မိပါရဲ့ …။လက်တွေ့ဘဝမှာ All of us are marketers မို့လို့ပါ… (ဈေးရောင်းနေတာမဟုတ်ပါ)…

 

တော်သေးဘီဗျာ…။

လူအချင်းချင်း brain wash ခြင်း ကင်းရှင်းကြပါစေ …

Ref:

http://en.wikipedia.org/wiki/Marketing_buzz

http://hbswk.hbs.edu/archive/1956.html

http://www.brandingbusiness.com/2011/07/surrogate-branding/

http://en.wikipedia.org/wiki/Brand_Ambassador

http://ja.wikipedia.org/wiki/%E5%8F%A3%E3%82%B3%E3%83%9F

http://ja.wikipedia.org/wiki/Consumer_Generated_Media

 

 

 

23 comments

  • htoosan

    August 2, 2012 at 12:24 pm

    ကရဝိတ်ကြီး နဲ့ မြန်မာ ဘဲ ရေးထားတာတွေ ပြေးမြင်မိပါရဲ့…
    ရှဲ ရှဲ ပါ ဂီဂီ…

  • pooch

    August 2, 2012 at 3:08 pm

    ကမ်ပနီ တခုထဲက လုပ်ငန်းခွဲအမျိုးမျိုးလုပ်ကိုင်နေတာကိုရော House of Brands (or) Branded-House
    ထဲ အကျုံးဝင်တယ်လို့ ပြောလို့ ရကောင်းလားမသိ ။ ဥပမာ ဘဏ်ရော ဟိုတယ်ရော ဆောက်လုပ်ရေးရော စသဖြင့်။

    နောက်တခုက အခုဖြစ်နေတဲ့ လူမျိုးရေး ပြသာနာလို ဟာမျိုးတွေ က buzz သို့မဟုတ် viral တွေကြောင့် ပျံ့နှံ့လွယ်လာတယ် လို့ လည်း ပြောလို့ ရမယ် ထင်တယ်။

    ပြောရရင် word of mouth ကို အင်တာနက်ခေတ်မှာ အသွင်ပြောင်းပြီး ရှိလာတဲ့ အသစ်ပေါ့။ သဘောတရားကတော့ အတူတူပဲ။
    သေချာကြည့်တတ်မြင်တတ်ပြီး ခေတ်စနစ်နဲ့ လိုက်လျောညီထွေစွာ အသွင်ပြောင်းလိုက်တဲ့ အရာပေါ့။

    ဒါကြောင့်မို့ မာကတ်တင်းဆိုတာ အကြောင်းအရာသစ်မဟုတ်ပဲ နဂို ရှိပြီးသားတွေကို ၂၁ ရာစုနဲ့ အံဝင်ဂွင်ကျဖြစ်အောင် အသွင်ပြောင်းရတဲ့ အတတ်ပညာတမျိုး။ တနည်းအားဖြင့် တခါတရံမှာ မကောင်းဆိုးဝါးနဲ့ တူပြီး တခါတရံမှာ အသက်ကယ်ဆေး။

    နောက်လူတမျိုးထဲက အကြောင်းအရာမျိုးစုံကို နှိုက်ထုတ်လို့ရတယ် ဆိုရင်လည်း အဲ့ဒိလူကို မာကတ်တင်းသဘောအရ man of hotch-potch (or) hotch-potch man လို့ သမုတ်လို့ ရကောင်းရမယ်ပေါ့။

    လက်ပကျွတ်တောင် မနေ့ကမှ ဆိုင်ကနေ အိမ်ပြန်ရောက်တယ်။ သိမ်းချင်တာတွေ သိမ်း လုပ်ချင်တာတွေ စိတ်တိုင်းကျ အခိုင်းခံလိုက်ရတာရယ် အသစ်သစ်သော ဗားရှင်းမြင့်လာသော အပျော့ထည်တွေအတွက် မန်မိုရီတွေ မလိုက်နိုင်တော့လို့ ထပ်စိုက်ရမယ် ပြောတယ်။ သက်တမ်းကဖြင့် ၄ နှစ်ကျော် ၅ နှစ်လားပဲ ရှိသေးတာကို။

    ဦးနှောက်က မဆေးကောင်းဘူး ဆိုတော့ အကန့်တွေ ထပ်ထည့်ရမဲ့ သဘောလား မသိဘူး။ :mrgreen:

    စကားမစပ် ပါ။ စိတ်ပါတဲ့ အခါ Chance Factor သဘောတရားတို့

    ဘဝရဲ့ ရှုပ်ထွေးမှု ( complexity) အပေါ်လိုက်ပြီး ( Random ) ကျပန်းကိန်းတို့ ပေါ်လာတဲ့ အကြောင်းတို့

    Automatic Evolution အကြောင်းတို့ ပြောပြစေချင်ပါတယ်။ 😀

    (လောလောဆယ်တော့ မကန်းသေးဘူး မလား ) :mrgreen:

      • pooch

        August 2, 2012 at 3:32 pm

        အမလေးတော်.. ဒီတမျက်နှာနဲ့တင် ဆံပင်ဖြူလောက်တယ်။
        ဘာဆို ဘာမှ မသိဘူး။ စာအုပ်ပဲ ရှာဖတ်တော့မယ်။ စိတ်လေတယ် တကယ်ပါပဲ…….@~@

  • မောင်ဂီရေ
    အရက်မကြော်ငြာရတော့ ရေသန့်နဲ့ကြော်ငြာတာပေါ့။
    အခုတော့ အရက်ဆိုင်းဘုတ်တွေက ရေသန့်နဲ့တောင်ပုံမှားရိုက်စရာမလိုဘဲ လူမြင်ကွင်းရောက်နေတာကြာပေါ့.

  • Liquid_Sn@ke

    August 2, 2012 at 7:25 pm

    အန်တီပုချ် သည်တခါ နည်းနည်း လွဲသွားပါတယ် ….
    စိတ်မကောင်းပါ … 😛

    ဟုတ်ကဲ့ ပြန်ရှင်းပါ့မယ်…
    House of Brands (or) Branded-House
    ဘဏ်ရော ဟိုတယ်ရော ဆောက်လုပ်ရေးရောကို
    နန်းမတော် မယ်ပု အင်တာပရိုက်ဇ် အနေနဲ့ လုပ်တယ်ဆိုရင်
    (Nan Ma Daw Mae Pu Banking
    Nan Ma Daw Mae Pu Hotels
    Nan Ma Daw Mae Pu Construction ဆိုပါတော့ ..)
    ဒါဟာ Branded House ပါ …

    (တကယ်ကBranded House အသုံးဟာ လုပ်ငန်းခွဲတွေ ကို ရည်ညွှန်းတာ
    မဟုတ်ဘဲ … lines of product ကို ရည်ညွှန်းတာပါ… အနှီသဘောအရပြော
    ကြည့်ရင် )

    Pooch and Sisters အင်းစတန့် ဒညင်းသီး ဆားရည်ဆိမ်ကို ဖြန့်ချိန် တချိန်တည်း
    တင်ချာ အိပ်စတွမ်င်း .. တံဆိပ် တယော်ကင်မွန်း ခေါင်းလျှော်ရည်ကို ထုတ်လုပ်ပြီးသကာလ
    ဒီလပ်စ် ..တင်ပုချာ ကွမ်းယာ ကို အပြည်ပြည်ဆိုင်ရာ ဖြန့်တယ်ဆိုပါတော့ …
    ခြားနားတဲ့ ဘရန်းတွေ နာမည်တွေ လိုဂိုတွေ သုံးထားမှာမို့ ..လုပ်ငန်းကွဲ
    ထုတ်ကုန် ကွဲတွေရဲ့ ထိပ်မှာတော့ …အန်တီပုချ် သာ ရှိတာမို့ …ဒါကို house of brands
    ခေါ်နိုင်ပါတယ်…

    b2b ကတော့ မဆိုင်လို့ မပြောပါ
    b2c ကတော့ ..ရှေးမဆွကတည်းက ရှိခဲ့တဲ့ ချန်နယ်ပါ…
    c2c ကလည်း … (ကွန်ဇျူမာ ကွန်ဇျူမာ ကြား …ဟို ပရောဒတ် ကောင်းတယ်ဟဲ့ ..
    ဟိုဟာကတော့ မစွံဘူး ..စသည်ဖြင့် ပြောလေ့ရှိတဲ့ ရှိပြီးသားချန်နယ် မို့ …မထူးဆန်းလို့
    မဆွေးနွေးချင်ပါ… SNS သုံးလာတော့ အရင်လို စာတတန်ပေတဖွဲ့ c2c ချင်းတောင်
    မလိုဘဲ …live and exclusive ဖြစ်ကုန်တဲ့သဘော ဖြစ်ပါတယ်..)
    ယနေ့ SNS ခေတ်မှာ အသစ်ပွင့်လာတာ c2b ပါ ….အဲ့ဒါကို အကောင်းဘက်က အများကြီး
    B ဘက်ကရော C ဘက်ကပါ အသုံးချလို့ရပါတယ်…။ အဲ့ဒါ သီးခြား အချိန်ပေး လေ့လာရမယ့်
    subject တခုလို့ တင်စားချင်ပါတယ်… ..

    လက်တလော အဖြစ်အပျက်တွေက buzz ကြောင့်ပိုကြီးထွားလာတာ လား
    မေးရင်တော့ ..အာရပ်ကမာ္ဘမှာ ဖြစ်ခဲ့တဲ့ ဖေ့စဘုတ် အခြေပြု အရေးအခင်းတွေ ဖတ်ရရဲ့မှတ်လား..
    ဟုတ်ကဲ့ … အဲ့ဒါမျိုးရဲ့ အပျော့စား..(ပျော့ပြောင်းတာကိုပြောတာနော ပျော့ညံ့တာ ကိုမဆိုလို)
    ကျုပ်တို့ဆီရော ဖြစ်နေတယ် မထင်မိဘူးလား ….
    ဖြစ်တယ်ဗျို့ …နူးညံ့ပျော့ပြောင်းလွန်းပြီး အနုပညာဆန်လွန်းတဲ့ အခင်းအကျင်းတွေ
    ရှိသပေါ့ဗျာ ..(နောက်များမှ အသေးစိတ်ပြောပါဦးမယ်…)
    ဆိုလိုချင်တာလေး တခုက

    ကွန်ပူတာကိစ္စ ကတော့ ကိုယ် သုံးလိုတဲ့ demand နဲ့ သူဖြည့်စွမ်းပေးနိုင်သမျှသော
    supply ကို မျှရတဲ့ကိစ္စမို့ …. မဝေဖန်လိုပါ… တချို့ ၁နှစ်ဖြစ်ချင်ဖြစ်မယ် တချို့လည်း ၁ဝနှစ်
    ဖြစ်ချင်ဖြစ်မယ် … သက်တမ်း ဆိုတာ အသုံးချမှု အသုံးချပုံပေါ်အများကြီး တည်မှီနေတာကြောင့်
    မဆွေးနွေးတော့ပါဘူး …
    လိမ္မာပါးနပ်စွာ ..အထိရောက်ဆုံး အသုံးချနည်းတွေကိုတော့ …
    သက်ဆိုင်ရာ ကွန်ပူတာ စာအုပ်တွေမှာ ပါမယ်ထင်ပါတယ်……။

    ဦးနှောက်ဆေးတဲ့ကိစ္စ ကျော်ပြီး အောက်ဆုံးက မေးထားတာလေး ပြန်ဖြေပါမယ်…
    အဲ့သည့်စာမျက်နှာ က အတော် အကျိုးများများပေးတဲ့ စာမျက်နှာဖြစ်ပါတယ်…
    ဒါပေမယ့် ဒါဟာ ပြည့်ဝခြုံငုံမိတဲ့ ကျမ်းစာ တစ်အုပ်လိုတော့ မဟုတ်သေးပါဘူး…
    အင်ထရို သက်သက်ပဲရှိပါသေးတယ်. .. (ရေးပါလို့ မကြပ်ပါနဲ့ )
    ကျနော်အဲ့သည့်အပိုင်း ရေးဖို့ လုံလောက်တဲ့ ကွန်ဖိဒန်စ့် မရှိပါ ….
    (မရှိဘဲရေးလည်း … ။။။ ရှိလို့ရေးလည်း ဖတ်မယ့်လူ ရှိမယ်မထင်ပါ…)
    ထားပါ ..အဲ့လောက် နက်ရှိုင်းတာ တခုဖြစ်လို့ နောက်များမှ အဆင်ပြေရင်
    ဆွေးနွေးပါရစေ …

    စောစောကချန်ခဲ့တဲ့ ဦးနှောက်ဆေးတဲ့ကိစ္စ ….
    (ကိုပေါက်(မန်း) အတွက်ပါ တခါတည်း မန့်ခဲ့ပါမယ်…)
    ဖတ်ဖြစ်ပေမယ့် ပေးချင်တဲ့ မက်ဆေ့ချ်ကို မရလိုက်ဘူး လို့ပဲမြင်ပါတယ်….။
    surrogate ဟာ traditional surrogate မဟုတ်တော့ပါဘူး
    buzz နဲ့ တွဲတဲ့အခါ… သိပ်ကြောက်စရာကောင်းသွားကြောင်းပါ…
    ဆိုင်းဘုတ် ထောင်ရုံလောက်နဲ့တော့ ….

    သည်လောက် စာအရှည်ကြီးရေးမနေပါ …
    လူမြင်ကွင်းတွင် ..အရက်ကြော်ငြာ ဆိုင်းဘုတ်များ နေရာယူလျက်ရှိ

    ဘာညာ ၁ကြောင်း ၂ကြောင်းနဲ့ ကိစ္စပြတ်အောင် ရေးမှာပါ …။
    iceberg scenario လိုမျိုး နောက်ကွယ်က ၉၀% ကို တူးဆွကြည့်မိတာပါ…
    မမြင်ဘူးဆိုလည်း … သဘောပါဗျာ …ထားပါ…

    နောက်ဆုံးမေးခွန်း ၁ခွန်းပဲမေးပါ့မယ်…
    သီချင်း ၁ပုဒ်အကြောင်းရေးထားတာတွေ့ပါလိမ့်မယ်…
    ကိုယ့်တူ ကိုယ့်သား အရွယ်မရောက်သေးတဲ့ချာတိတ် တွေ ..
    အနှီသီချင်းလေး ညည်းရင် ဆိုရင် … ဘယ်လိုခံစားမိမည်လဲမေးချင်ရဲ့ဗျာ …
    သည်ပိုစ့် မဖတ်ခင်နဲ့ ဖတ်ပြီး …ကွာခြားချက်တခုခု ရှိမယ် ဆိုရင်
    ရေးရကျိုးနပ်ပီထင်မိပါရဲ့…

    (လွန်ခဲ့တဲ့ ၁၅နှစ်ကျော်ကျော်က ကိစ္စတွေ ဆွေးနွေးချင်စိတ်သိပ်မရှိတာ အသေအချာပေမယ့်
    လိုအပ်ရင် ပြောကြည့်ပါဦးမယ်ဗျာ …)

    • မောင်ဂီပေးချင်တဲ့ မက်ဆေ့ချ်ကို သဘောပေါက်ပါကြောင်း။
      အပွင့်လင်းဆုံးပြောရရင် အခုအရက်ဆိုတာကို ကိုယ်တိုင်လဲရောင်းနေကြောင်း။
      အခုလက်ရှိအနေအထားမှာအရက်သေစာကိုလူကြားကောင်းအောင် ပိတ်ပင်တယ်ဆိုပေမယ့်
      အားစိုက်စရာမလိုဘဲလူငယ်များကြားမှာအလွယ်တကူရောက်နေကြောင်းသိစေချင်လို့
      မန်းပေးလိုက်တာပါ.
      ကျနော်စိတ်ထဲမှာရှိနေသောအကြောင်းအရာများနဲ့
      မောင်ဂီပြောချင်သောအကြောင်းအရာ ဖွင့်ဆိုတဲ့စကားလုံးများသာကွဲပြားပေမယ့်
      နောက်ဆုံးအချုပ်မှာ သဘောတရားကတော့ အတူတူဖြစ်ပါကြောင်း။

  • MaMa

    August 2, 2012 at 8:37 pm

    House of Brands နဲ့ Branded-House ကို သိသလိုလေး လေ့ကျင့်ခန်းလုပ်ကြည့်မယ်။
    Company တစ်ခုတည်းကပဲ ထုတ်ကုန်အမျိုးမျိုးကို brand အမျိုးမျိုးနဲ့ ထုတ်လုပ်တာကို House of Brands ၊
    Brand တစ်မျိုးတည်းနဲ့ပဲ ထုတ်ကုန်အမျိုးမျိုး (ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် စသဖြင့်) ထုတ်တာကို Branded-Houes ၊
    (မှားရင် ပြင်ပေးဦး)

    အင်းးးးးးး ပြောရမယ်ဆိုရင် SNS ကို ကြားဖူးသလိုလိုပဲ။ :mrgreen:

    Marketing ရဲ့ အခြေခံ သဘောတရားတွေကို သိထားသင့်ကြောင်း ထောက်ခံသွားပါတယ်။ [:)]

    • Liquid_Sn@ke

      August 3, 2012 at 7:04 am

      မာမားရေ
      Branded-house နဲ့ house of Brands အယူအဆ ပြည့်စုံမှန်ကန်ကြောင်းပါ…

      SNSဆိုတာ..
      SNSs- Social Networking Sites တွေပါ….
      ကျနော်တို့ အရင်က Friendster သုံးတယ်.. နောက်
      microblogging ဖြစ်တဲ့ Twitter ဖြစ်လာတယ်… အခု
      အဲ့သည့်၂ခုလုံးကိုစွန့်ပြီး Facebook မှ Facebook ဖြစ်လာတယ်..
      ခေတ်စားသလား မစားသလားကတော့ FB ပေါ်က သန်းခေါင်စာရင်းဟာ
      အင်ဒီးယားကို မှီကာနီးပြီး ချိုင်းနား ရဲ့ ၃ပုံ၂ပုံကျော်နေပါပြီ…
      (ဒါတောင် ချိုင်းနားမှာ FB ကိုပိတ်ထားလို့ ဖွင့်များပေးလိုက်ရင် နေ့ချင်းညချင်း….ဟင်း…)
      ထားပါတော့ … eCommerse လို့ အော်ခဲ့ကြတဲ့ ခေတ်ကို ကျော်ပြီး fCommerse
      လို့ ပြောကြတဲ့ ခေတ်ရောက်ပါပြီ (f- for FB ပါ)
      နောင်တချိန်မှာ pinterest ဖြစ်မလား ဘာလား မသေချာပေမယ့် …
      အိုဘားမား အစ လေဒီဂါဂါအလယ် ကိုကာကိုလာအဆုံး …
      လူထုကို communicate လုပ်နေရတဲ့ tool ဖြစ်နေလေတော့ ….
      ..အဲ့ဒါ..

  • marblecommet

    August 3, 2012 at 12:59 am

    အော် ………
    ဂီတို့အမြင်နဲ့ နော်တို့ အမြင်များ
    လမ္မတော်သားနဲ့…..ပေါက်တောဝ သားလို့ ဖြစ်နေပါပေါ့လားကွယ်
    …….ဒါပဲကောင်းဒလယ်…..
    မင်းနဲ့တို့ ၂ယောက်စလုံးက ဂွမ်းနေဘီ …ဘော်တယ်တွေ မလိုတော့ဘီ… ကဇွန်းပလိန်းများ မလိုဘူး ဘေးဖယ်ထား … ခပ်မိုက်မိုက် ကစ်ကြ ဇို့ .. ဂေ့ ………..

  • အရီးခင်လတ်

    August 3, 2012 at 4:03 am

    မောင်ဂီ

    သိတယ်ထင်သလိုလို နဲ့ မသိတာတွေ အများကြီး အတွက် ဦးညွတ် ပြီး ဖတ်သွားပါတယ်။

    P&G အိမ်ကြီး ထဲမှာ Pringles ရယ်၊ Pantene ရယ်၊ Olay ရယ် စုနေကြတာကို အခုမှ တကယ်သိသွားကြောင်း ဝန်ခံရင်း ကျေးဇူးတင်ကြောင်း လက်မှတ်လေး ထိုး ပေးသွားတယ်ရှင့်။

    ဦးနှောက်ဆေး ခြင်း ဆိုတဲ့ စာလုံး ကို ကြည့်ပြီး ဘယ်လို လူတွေဟာ ဦးနှောက်ဆေး ခြင်း ခံရသလဲ ဆိုတာ ကို သွား တွေးမိတယ်။

    သဘောကတော့ စွဲမိစွဲရာ ဘရန်း တစ်ခု ကို ဘဲ ကောင်းတယ်လို့ အသေ ယူဆ ပြီး သုံးနေတာ ဦးနှောက်ဆေးခံထားရတယ် ခေါ်မှာလား။
    အယူအဆ မူဝါဒ တစ်ခုထဲ ကို အသေဆုတ်ကိုင် ထားသမို့ တစ်ခြား ကောင်းရာ ကောင်းကြောင်း ကို မမြင်တော့ ဘဲ ရှိတာဟာ ဦးနှောက်ဆေးခံထားရတယ် ခေါ်မှာလား။

    ဘရန်းတစ်ခု ကို စွဲ မထားဘဲ ဟိုဟာစမ်းကြည့် ဒီဟာစမ်းကြည့် ဝါသနာပါရင် ဦးနှောက်ဆေး မခံ ရတဲ့ သဘောပေါ့။
    ကိုယ့်စိတ်ကို အမြဲ ဖွင့်ထားပြီး သူများ လုပ်နေတာ တွေ ကို လဲ ကောင်းနိုင်ကြောင်း စိတ်ဝင်စားဖို့ ဝါသနာပါရင် ဦးနှောက်ဆေး မခံ ရတဲ့ သဘောပေါ့။

    ဒီတော့ ဦးနှောက်ဆေးခံထား တာ လို့ အပြောမခံ ချင်ရင် ဘာလုပ်သင့်လဲ။

    တဖက်က ကြည့်ရင်
    ဦးနှောက်ဆေးခံထားရရင် ခေါင်း သိပ်မ ရှုပ် လို့ တမင် အဆေးခံ လိုက်တာ လဲ ဖြစ်နိုင်ပါသေးတယ်။
    ဘရန်းတစ်ခု ကို ဘဲ စွဲသုံးနေတော့ အဲဒါ ကုန် ချိန် ဘာ ပြောင်းသုံး မယ် လို့ စဉ်းစားစရာမှ မလိုတော့ တာကိုး။

    ဒီတော့ ဆုတောင်း မနေနဲ့။
    တစ်ချို့ က တမင် ကို ခေါင်းထိုး ပေးပြီး ကို ဦးနှောက်ဆေးခိုင်းထားတာ နေမှာ။ 😉

    တွေးမိတာပါ။
    ဦးတည်ချက် နဲ့ များ သွေဖီသွားပြီလား မသိ။ 😀

    • Liquid_Sn@ke

      August 3, 2012 at 7:34 am

      အရီးရေ ..သည်လိုပါ …
      ဦးနှောက်ဆေးတာ နဲ့ပါတ်သတ်လို့ …
      မူရင်း ရည်ရွယ်ချက်ဖြစ်တဲ့ အရက်သေစာပေါ့ဗျာ…
      ကျနော် အပါအဝင် …အသောက်သမားများအားလုံးကတော့…
      မဆင်ခြင်ရင် ..မဆင်ခြင်သလို အနှေးနဲ့ အမြန် သွားမှာပါ …
      သည်လူတွေ အတွက် မရေးချင် မပြောချင်ပါဘူး …
      ဘာကြောင့်လဲဆို အရက်ရဲ့ မကောင်းကြောင်းကို အရက်တစက်မှ
      မသောက်ဖူးတဲ့ ငယ်ဖြူ သိက္ခာတော်ရ ဆရာတော်ကြီးတွေထက်စာရင်
      အရက်သမား ကမှ ကောင်းကောင်း အပ်ချမတ်ချ သိတာ ကိုးဗျ …
      (သိလျက်နဲ့ မဆင်ခြင်ရင်တော့ …ကိုယ့်ကိုကိုယ်အပါအဝင် ဘယ်သူမှ သနားဇယာမကောင်း..)

      ခုဟာက မသောက်တတ်သူတွေကို သောက်ချင်လာအောင်…
      အရွယ်မရောက်သေးသူတွေကို .. အရက်Brand နဲ့ ရင်းနှီးလာအောင် လုပ်သလို
      တွန်းအား ဖိအား ဆွဲအား တွေ သက်ရောက်နေလို့ ရေးဖြစ်တာပါ…

      အပေါ်က ရေးခဲ့တဲ့ ကွန်းမန့်ထဲက စာလိုပဲ …(အရက်သမားတွေ ဖယ်ထားလို့..)
      အနှီသီချင်းကို ကိုယ့်တူ ကိုယ့်သား အရွယ်မရောက်သေးတဲ့ ကလေးငယ်တယောက်ယောက်
      ဆိုညည်းနေတာ မြင်ရ ကြားရ ရင် ဘယ်လိုခံစားရမယ် ဆိုတာလေးပါပဲ ….

      သိပ်ကြီးကြီးကျယ်ကျယ် ပြောရမယ်ဆိုရင် … ဂျော်နီလမ်းလျောက် ငမဲတူ တံဆိပ်
      စတေရှင်နရီ တို့ … မာလ်ဘိုရို မန်သော် စပို့ရှပ် တို့ … ကမာ္ဘမှာ ဘာလို့ ပေါ်မလာသလဲ
      သိချင်သားဗျာ …(Promotion items ကို မဆိုလိုပါ .. Surrogate Products ကို ညွှန်းချင်တာပါ)

      သည်တော့ ဖြစ်နိုင်ခြေ ကို ပြန်တွေးရရင် ၂ခု ပဲရှိရဲ့ …။

      ၁။ တရားဥပဒေ ဖြစ်ပါတယ်။
      တားမြစ်ကန့်သတ် မူးယစ်ဆေးဝါး နွယ်ဝင် brand တမျိုးမျိုးရဲ့ logo နဲ့ နာမည်နဲ့ …
      အခြား (ဘောင်ဝင်တဲ့) လူသုံးကုန် တမျိုးမျိုး ထုတ်လုပ်ရောင်းချခွင့် မရှိ ဆိုတဲ့ ဥပဒေ မျိုး …ဖြစ်ပါလိမ့်မယ် .. (လော်ယာ မဟုတ်လို့ စာလုံးအသုံးအနှုံး လွဲမှာပါ- ပြင်ပေးကြပါ..)

      ၂။ လူတွေရဲ့ အဝဲယားနက်စ် ဒါမှမဟုတ် Soft-power တမျိုးမျိုး ဖြစ်ပါလိမ့်မယ်..။
      သည်ဘရန်းက ငါတို့ကို အောက်လမ်းနည်း သုံးတယ်ဟ .. .ဆိုတာမျိုး လူအတော်များများက
      ကျိန်းသေပေါက် နားလည်သဘောပေါက်ပြီး ချဉ် သွားကြမှာ ကို စိုးထိတ်လို့ .. (ဝါ)
      သည်လို အပြုအမူကို အောက်တန်းကျတဲ့ ဘရန်း တခုလို့ ပြိုင်ဘက်တွေက ဝိုင်းသမ ကြမှာ
      စိုးထိတ်လို့.. (ဥပဒေ မရှိရင်တောင်မှ) မလုပ်(ရဲ)ကြတာ လို့ ယူဆပါတယ်…။

      တကယ်တော့ ၂ခုလုံးလည်း ရှိနေနိုင်ပါတယ်… ။ ကမာ္ဘမှာ ရှိရင် ကျနော်တို့ ဆီမှာလည်း ရှိသင့်ပါတယ်.
      အဲ့ဒါ…

      • ကြောင်ဝတုတ်

        August 3, 2012 at 9:25 am

        ပလန်နာအနေနဲ့ အလုပ်လုပ်နေတဲ့လူတစ်ယောက်နေရာကနေ ပြောရရင်…
        မောင်ဂီပိုစ့်က အတော်ကိုတာသွားတဲ့အကြောင်းပါ…
        ကိုယ်သာဆိုရင် ဘယ်လိုယူသုံးလိုက်မယ်ပေါ့…
        မာကက်တင်းသည် ကျွန်ုပ်သိမီပိုင်ဆင်သောအပိုင်းမဟုတ်သောကြောင့်…
        ခပ်ကုတ်ကုတ်လေးထောင့်မှာထိုင်ရင်း… ယူစရာရှိသည်များကို
        အချွင်းမချန်မှတ်သားသွားကြောင်း…
        ပြန်မလာတော့ဘူးနော်… အဲဒါတွေနားလည်ဖို့ တော်တော်အချိန်ယူရဦးမယ်…
        သို့ပေမယ့်… စာရေးသူရဲ့စေတနာနဲ့ ရည်ရွယ်ချက်ကို နားလည်သွားကြောင်းဝန်ခံပါသည်…

        သူငယ်ချင်း-
        ကြောင်ဝတုတ်

  • Moe Z

    August 3, 2012 at 10:03 am

    Believe me, you can trust in me then blah blah blah …….. 😀
    ပို့စ်ရော .. ကွန်မန့်တွေရော သေသေချာချာဖတ်သွားကြောင်း သတင်းပို့ပါတယ်

  • ရဲစည်

    August 3, 2012 at 11:55 am

    အဟမ်း … အဟမ်း
    ဒီနယ်ပယ်က အနော်မကျွမ်းလို့ သိပ်တော့ ဝင်မဟရဲဘူး၊ ဒါပေသိ လေ့လာရင်း ဝင်ပြောရင်း ပြင်ပေးမဲ့သူ ရှိတုန်း တိုးတက်မှုရှာတဲ့ သဘောပေါ့ဗျာ၊ ဒီတော့ ခင်ဗျားပြောတာတွေကို ကျနော်ဖတ်လိုက်တော့ အပိုင်း ၂ပိုင်းနဲ့ အဓိကပေးချင်တဲ့ အကြောင်းအရာ တချက်ပါတယ်လို့ ထင်တယ်၊ မှားကောင်းလည်း မှားနိူင်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ့ Terms တွေကို မြင်တာနဲ့ မျက်လုံးထဲ တန်းပေါ်လောက်အောင် မရင်းနှီးသေးဘူး…….

    ဆိုတော့ ဒီအကြောင်းအရာကို ဆွေးနွေးတယ် ဆိုတာထက် အူးလေးရေးထားတာကို မြန်မာပြည်က လူတိုင်းသိနိူင်လောက်တဲ့ ပရောဒက်တွေနဲ့ မျက်လုံးမြင်သလောက် ထပ်ဆင့် ဘာသာပြန်ကြည့်တဲ့ သဘော(ကနဦး ကြိုးစားခြင်းပေါ့)၊ လိုတိုရှင်းသွားအောင် ခရော့ဆဲလင်းကို နောက်က house of brands နဲ့ branded- house တခါတည်း တွဲသုံးခဲ့တဲ့ (၁ဝနှစ်ကျော်လောက်ကတည်းက) ဘရမ်း၂ခုနဲ့ ကျနော်မြင်ကြည့်မယ်ဗျာ ပြီးမှ လိုတာပြင်ပေးပေတော့

    မြန်မာပြည်ရဲ့ မားကတ်ကို ကိုယ်ပိုင်နယ်မြေခွဲပီး ရှဲယားထားတဲ့ ကော်ဖီမစ် ကုမ္ပဏီတွေနဲ့ စပြောကြည့်ရအောင်

    ဥပမာ(၁) Mixing Style One (Cross Selling+Non Related CS)+(HoB+B-H)
    စူပါဆိုပါစို့ သူ့ ဘရမ်းနိမ်းအောက်မှာဘဲ အရောင်အမျိုးမျိုး အရသာအမျိုးမျိုး ထုတ်ပိုးမှုပုံစံ အမျိုးမျိုးနဲ့ မားကတ်ကို ဝင်တယ်ဗျ စူပါကော်ဖီမစ်၊ စူပါတီးမစ်၊ လီမွန်တီး၊ ကွေကာပေါ့ ပြီးမှ sub တွေထပ်ခွဲတာတွေလဲ ရှိသဗျ brand name တခုအောက်မှာဘဲသွားနေတယ်။
    နောက်ပိုင်းမှ ဂေါ်ဇီလာဆပ်ပြာတို့ အိုက်တိုးပဂေးဆံတို့ လေဆာသွားတိုက်ဆေးတို့ စသဖြင့် အဲနို့ဆီလဲ ပါသေးတယ် ဆိုတော့ CS ကိုရော NCS ကိုပါတပြိုင်တည်းမှာ လုပ်နေတယ်။ အမှန်တော့ သူ့ဘရမ်းကို ထိန်းတာထက် သူရဲ့ မားကတ်ပေါ်ကို ဘယ်လောက်ထိ အုပ်စီးနိူင်သလဲ ဆိုတာကို ဦးတည်နေတယ်။ ဒီလ မန်းလေးမှာ စူပါ အရောင်းကျရင် ယူကေမင့်လ်ခ်နဲ့တွဲရောင်းတယ်၊ ဂေါ်ဇီလာအရမ်းရောင်းရတယ် ဒါပေမဲ့ လိုသလောက်မပေးဘူး စူပါနဲ့ ပြန်တွဲတယ် အမှန်တိုင်းပြောရရင် သီအိုရီထက်ကို ပိုပီး လက်တွေ့ကျကျ ရောသမမွှေတာ အစပိုင်းတော့ Customer နဲ့ Consumer တွေကြား မျက်စေ့လည်သလိုနဲ့ နောက်ပိုင်း မားကတ်တာတွေ ကိုယ်တိုင် လည်ထွက်ကုန်တယ် ထင်ပါတယ်။
    ဆိုချင်တာက ကိုဂီပြောတဲ့ tech & Steg: တွေကို တဆင့်ခြင်းသုံးသွားတယ်။ဒါပေမဲ့ နောက်ပိုင်းမှာ ရောထွေးသွားတယ်( မလေးရှားကုမ္ပဏီရဲ့ step by step and complex steg: ပေါ့)

    ဥပမာ(၂) Mixing Style Two Cross Selling+( House of Brands)(Branded-House)
    တူမယောင်နဲ့ ကွဲတဲ့ မီကိုကျတော့ မီကိုကော်ဖီ၊ မီကိုကွေကာ၊ အဲပီးမှ ဟိုင်းတီး ၊ လီမွန်ဟိုင်းတီး ၊ စပါယ်ရှယ်ကော်ဖီ၊ အန်နဂျီကွေကာ ဆိုပီး သူများဈေးကွက် သူ့ဘရမ်းအရင်းနဲ့ လိုက်တိုးတယ်၊

    သူ့ဈေးကွက်မှာ ရောင်းအားကျနေတဲ့ အိုင်တန်ကိုကျ ဘရမ်းအသစ်နဲ့ ပြန်လိုက်တယ်၊ ပြီးတော့ ပြောင်းပြန်ပြန်လုပ်တယ် အဲတော့ ဘာကွာလဲ ဘာမှတော့ မကွာဘူး ဒါပေမဲ့ ကာစတန်မာထက် စားသုံးသူအရင်းက သူ့ဘရမ်းအလိုက် တွဲသိနေတော့ အထက်က စူပါထက်စာရင် တူမယောင်နဲ့ နည်းနည်းကွဲသွားတယ်လို့ ဆိုချင်ပါတယ်။ ဆိုတော့ အစကတည်းက သီးသန့်သွားတယ် နောက်ပိုင်း
    မှာလဲ ရောထွေးမှုမရှိဘူး ဘယ်သူ့မှ မျက်စေ့မလည်ဘူး

    ဒါကတော့ အာစိပို့စ်ဖတ်ပီး ကျနော့်မျက်လုံးထဲ မြင်လာတာကို ချရေးတာ၊ ကိုယ့်ဘာသာ တယောက်တည်း တိုင်ပတ်ကနေသလိုဘဲ ဟိဟိ 😀
    ——————————————————————————————————————-
    Brain Wash ကိုဒီလိုမြင်တယ်ဗျ
    ကျနော်တို့ ကျောင်းတုန်းက ဖရက်ရှာတွေကို ဟောခန်းထဲမှာစုပီး အတန်းကြီး၊ အတန်းလတ်တွေက လာတွေ့တယ် ဒီလိုနဲ့ ဘုမသိ ဘမသိ မြို့တွေ အရပ်တွေ အမျိုးစပ်နေတုန်း… ဖျတ်ခနဲဆို မီးမှောင်သွားတယ်ဗျ အဲ့မှာ ခုနရှိနေတဲ့ အတန်းကြီးသမားတွေက သတင်းစက်က္ကူလိပ်တွေနဲ့ …ဖြောင်း..ဖြောင်းနဲ့ ရိုက်တာ ၂မိနစ်လောက်ကြာမယ် ပီးလဲ ပီးရော မီးပြန်ဖွင့်လာပီး ကျနော်တို့လဲ ချွေးတွေပြန် လန့်ဖြန့်ပီး ကိုယ့်နာမည်တောင် မေးရေပြန်မဖြေနိူင်တော့ဘူး မျက်လုံးထဲလဲ ကြယ်တွေလတွေဘဲ မြင်နေတယ်၊ နာတော့ မနာဘူးဗျာ ဘယ်လိုပြောရမလဲ ရှော့အက်ရှင်ဝင်ပီး ကြောင်ကုန်တာပေါ့။ ဆိုတော့ အဲဒါကို ဘရိန်းဝက်ရှ်တဲ့ဗျ မမိုးရီကို ဖလက်လုပ်တာတဲ့ဗျာ ဟီး…ဟီး
    ဒီတော့ နဂိုရှိပီးသား မှတ်မိပီးသား အကြောင်းအရာတွေဟာ တဒင်္ဂအတွင်းမှာ အားလုံးပျောက်ကွယ်သွားတာပေါ့ အဲဒါကို မားကတ်တင်းမှာ အထက်ကသီအိုရီနဲ့ ပြန်ချိန်ရင် လက်တွေ့မှာ နည်းနည်းလွဲမယ်ထင်တယ်။
    ဆိုတော့ဗျာ အထက်ဖတ်ခဲ့ရတဲ့ ကတ်တဂိုးရီတွေရယ် အခုကျနော် မျက်လုံးထဲ မြင်ယောင်ကြည့်နေတဲ့ အငှားကိုယ်ဝန်ဆောင်နည်းနဲ့ buzz theo: တွေများ တွဲသုံးသင့် မသုံးသင့် အဲဒါ ကျနော် မရှင်းဘူး ဖြစ်နေတယ် … 🙁

    ဆိုတော့ ဒီပို့စ်ရဲ့ အဓိကပေးချင်တဲ့ အကြောင်းအရာကတော့ အပေါ်က ကွန်းမင့် ၂ခုမှာ ဖတ်ပီးလို့ သိပီးသွားပါပီ ကျနော်က မျက်လုံးထဲမြင်တဲ့ဟာကို ချရေးပြတာပါ ဘယ်လိုပြောမလဲ … ကျနော်ဒီလို နားလည်တာ ဘယ်နားမှာ လွဲသလဲပေါ့ အဲဒါလေး

    ——————————————————————————————————————-
    ဆိုတော့
    ကျနော့် အနေနဲ့ဗျာ မားကတ်တင်း ဘယ်ကလာ ဆွန်ဇုကလာ
    ယနေ့မားကတ်တင်း ဘာစနစ်သုံး ကာမသျှတ္တရနည်းကို သုံးလို့ဘဲမြင်ပါကြောင်း
    ဃိန် …. ဂိန် …. ကိန် :mrgreen:

    မှတ်ချက်။ ။အပေါ်ကအားလုံးအတည်
    အောက်က နောက်တာ
    ဟီး..ဟီး 😛 😀

    • Liquid_Sn@ke

      August 3, 2012 at 12:26 pm

      ကိုရဲစည်ရေ …
      House of Brands နဲ့ Branded House အယူအဆတွေ
      ပြည့်စုံမှန်ကန်ပါကြောင်း ..ဗယာကြော်ပါဗျို့ …
      အဲ့သည့် FMCG ဆြာတွေ … ဟိုလို သည်လို တွဲအထိန်းကောင်းလို့…
      မျှခြေ အယူကောင်းလို့ …Brand Dilute ဖြစ်ကုန်တာတွေ
      Brand Misleading ဖြစ်ကုန်တာတွေ တပုံတခေါင်းဗျာ …
      Brand Rejuvenation ပြန်လုပ်သင့်တာတွေပေါ့ …
      အဲ့သည့် Rejuvenation သက်သက်ကြီးကိုပဲ ကြေးကြီးကြီးနဲ့ လုပ်စားတဲ့ မာကတ္တာတွေ
      ကွန်ဆာ့လ်တန့် တွေ တွေ့ဖူးကြောင်း …

      သည်လိုဗျ … သည်ပိုစ့် စရေးဖို့ ..စိတ်ကူးစရတာက ..
      ဟိုနေ့က အစ်ကို ကိုဆန်နီ တင်လိုက်တဲ့ …
      ကိုလေး သီချင်းကောင်းလေး က စတာလို့ ပြောရမယ်ဗျ…
      အဲ့ဒါ Buzz ကိုသုံးထားတာ…
      သီချင်းလေး ကောင်းတယ်ဟ ..ဆို လိုက်ရှာ နားထောင်ရင်း
      ကြည့်ရင်း ကနေ ဘာကြော်ငြာတယ် ဆိုတာ ကိုပါ ကျွဲကူးရေပါ
      ဖြစ်အောင်လုပ်ထားတာပါ…။
      (ခရက်ဒစ် ပါ ..ကိုဆန်နီ)

      အဲ့သည့်ကြော်ငြာခေါ်မလား ..သီချင်းကတော့ နောက်ကွယ်ကပစ္စည်းဟာ
      နာရီမို့လို့ ..ရှော့ မရှိဘူးပေါ့ဗျာ..

      ဒါပေသိ ..ဟို အစိမ်းရောင် ဘရန်းကတော့ ..သိတဲ့အတိုင်း
      ဟိုအရည် ဆိုလေတော့ ..အဲ့ဒါမျိုး.. မလုပ်သင့်ဘူးဗျ …

      ကိုပေါက်(မန္တလေး) ပြောထားတဲ့

      အားစိုက်စရာမလိုဘဲလူငယ်များကြားမှာအလွယ်တကူရောက်နေကြောင်း

      အချက် က မမှန်ပါကြောင်း …
      ရေရေလည်လည် အထူးပြု အားစိုက်ထားလို့ သည်အဆင့်
      ရောက်နေတယ်ဆိုတာ … သိစေချင်လို့.. သည်စာတွေကို တင်ပြီးကာမှ
      ရေခဲတုံးပုံ ကို အဆက်အစပ် မရှိဘဲ ကောက်တင်ထားတာ ဖြစ်ကြောင်း…
      ပြောချင်တဲ့အကြောင်းအရာ အနှစ်ချုပ် လည်း မတူပါကြောင်း …

      • ရဲစည်

        August 3, 2012 at 1:16 pm

        ဟုတ်သဗျ
        ကျနော်အောက်က ရေခဲတုံးကို သေချာမကြည့်မိလိုက်ဘူး
        အဝဲယားနက်စ်ပေါ်မှာ ထင်သာမြင်သာ ရှိနေတဲ့ အပ်ိုင်းက
        အလွန်သေးနေပေမဲ့ အဲဒိအဆင့်ရောက်ဖို့ စိမ့်ဝင်နေမှုက
        အောက်ခြေမှာ နည်းတဲ့ အစိုင်အခဲကြီး မဟုတ်ဘူးဗျ……
        ဒီတော့ ကျနော်တပိုင်းတော့ တည့်သွားဘီ ဆိုတော့ ခင်ဗျားပြောချင်တဲ့ အကြောင်းအရာ အနှစ်ချုပ်ကို ကွန်းမင့် ၂ခုနဲ့
        ရေခဲတုံးပုံ ကြည့်လို်က်တော့မှ သဘောပေါက်သွားပီ ဒါပေမဲ့ အာစိရယ် ဒဲ့မရေးတော့ လည်ထွက်ကုန်တာပေါ့ ကျနော့်မှာ
        tpe: တွေနဲ့ tech: တွေလျှောက်ပေါင်းပီ ချာလည်ပတ်လည် ရမ်းသွားတယ်ဗျာ နည်းနည်းပြောဖို့ များများ အချိန်ယူရ၏
        မလွယ်ဘူး ကိုယ့်ဆြာ

        ဒါနဲ့ ဇဂါးမစပ် ဟိုဆေးလိပ်က အထင်ကရနိူင်ငံကြီးရဲ့ နာမည်ကို ယူသုံးထားလို့ အပိတ်ခံရတာထင်တယ်
        ကျုပ်တို့ အမျိုးတွေများ ရွှေဉာဏ်တော်စူးချက် ကိုယ့်နိူင်ငံ အမည်ကို အရက်ထုတ်တာ အားမရလို့ တကယ့်
        နိူင်ငံကြီးရဲ့ နာမည်နဲ့တောင် ဆေးလိပ်ထုတ်ကြသေး ခုခေတ်မှာ အိုင်ပတ်လို နာမည်လေးတောင် သွားငြိသေးတာ
        အင်း… တော်သေးတာပေါ့
        အမေရိကန် ဘရာဇီယာတို့
        ရုရှားတံဆိပ် အတွင်းခံဘောင်းဘီတို့ မထုတ်တာ ကံကောင်း 🙁

  • Shwe Ei

    August 3, 2012 at 12:42 pm

    ဂီဂီပြောတဲ့ “ရွှေ ငွေ နဲ့ ဘလာ ဘလာ ဘလာ ” သီချင်းက အိုင်စီ ရှိုးလုပ်တိုင်း မျိုးကြီးဆိုနေကျ သီချင်းဗျ။ ရှိုးပွဲကြည့် ပိတ်သတ်(လူငယ် လူလတ် လူကြီး လေဒီ) အားလုံး ဘီဘီအားပေးချင်လာအောင် ဆွဲဆောင်တယ်ထင်ပ။ ဒါပေမဲ့ ပထမတဖြတ်နားချိန်မှာတင် လူတိုင်းကိုယ်စီ ဘီဘီခွက်ကလေးတွေနဲ့ ဖစ်ကုန်ဘီ။ ခုနက သီချင်းဆိုပြတဲ့အချိန်ထိတောင်မစောင့်ကြပါဘူး 😀 ဒါလဲ မားကက်တင်းဘဲဆိုရင် အတော်အောင်မြင်တဲ့နည်းဗျ။

    • Liquid_Sn@ke

      August 4, 2012 at 6:42 am

      အဲ့သီချင်း မထွက်ခင်ကတည်းက ကျနော် ရန်ကုန်မှာ မရှိတော့တာမို့
      ရှိုးလည်း မကြည့်ဖြစ်တော့ပါ … ရှိုးမှာ ဆိုတယ် ဆိုရင်တော့ …
      Promotion ဘက်ရောက်သွားပါပြီ…

      သိပ်မပြောလိုဘူးဗျာ …
      နောင် ၅နှစ် ဒါမှမဟုတ် ၁ဝနှစ်လောက်ဆိုရင် …
      ကိုယ် စိုက်တဲ့အပင် ကိုယ်စိုက်တဲ့အသီး
      ကိုယ်ခူးစားရမှာမို့ပါပဲ …

      တော်သေးဘီ …

  • Phaung Phaung

    August 3, 2012 at 2:45 pm

    မားကတ်တင်းပညာတွေ တော်တော်လေးရလိုက်ပါတယ်…. ဆရာကြီးတွေကိုကျေးဇူးပါ…။
    ဒီပို့စ်ကိုဖတ်မိတော့လည်း စီးပွားရေးပညာရှင်တွေဟာ လောဘသမားတွေပါလားလို့လည်း မြင်မိပါတယ်။
    သူတို့မားကတ်တင်းအောင်မြင်သလို သောက်သုံးသူတွေလည်းအောင်မြင်စွာဖောသွပ်ကုန်ကြပါပြီ…
    ဒီလောဘသမားတွေကို ဘီလိုလုပ်ရမလဲဟင် ??? အဲဒီပညာရောရှိလားဟင် ???

    • Liquid_Sn@ke

      August 3, 2012 at 3:00 pm

      ဟုတ်…ကျေးကျေးပါချင့်..
      ဒီရွာထဲမှာ ဖားသက်ပြင်း ဆိုတဲ့ ဖားတကောင်ရှိသေးတယ်..
      သူလည်း အီဗဲလ် မာကတ္တာပဲ … သတိထား ..
      ရှိသမျှ အကုန်ရောင်းစားနေတယ် ကြားတာပဲ
      :mrgreen:

  • Phaung Phaung

    August 3, 2012 at 5:09 pm

    ဟုတ်လား ???
    Snake တွေပါဖမ်းပြီးရောင်းစားနေဦးမယ် ….အာဟိ ဟိ
    လွတ်အောင်ရှောင်ဦးနော်…. 😀

  • pooch

    August 4, 2012 at 11:38 pm

    ဒီနေ့မှရွာဝင်ဖြစ်လို့ ခုမှပြန်ဖတ်ရတယ်။ ရေခဲတုံးလည်း ခုမှ တွေ့တယ်။ အပေါ်က စာရယ် အောက်က ကွန်းမန့်တွေရယ် ရေခဲတုံးရယ် ပေါင်းဖတ်ပြီး ပြောချင်တာကိုဆိုလိုရင်းကို သဘောပေါက်သွားပါတယ်။

    မေးထားတဲ့အကြောင်းအရာလေးတွေက ဟိုတစ ဒီတစတွေ့ရင်း မြင်မိဖတ်မိပြီး သေချာမပေါက်တာမို့ မေးမိတာပါ။ ပြောပြရင်တောင် ကိုယ်လည်း နားလည်ဖို့ အတော် ကြိုးစားရမှာ။

    အန်းနီးဝေး သိုင်းကျူးပါ။

Leave a Reply