စဉ်းစားရင်းတွေးရင်းမေးခွန်းလေးတွေပေါ်လာ

silver heroAugust 2, 20121min874

 

မီဒီယာလောကအတွက်ခြောက်ခြားစရာပုံရိပ်တွေပေါ်လာပြီ၊မီဒီယာလွတ်လပ်ခွင့်ရပြီ

လို့ကြွေးကြော်သံတွေဆိတ်သုန်းစရာစဉ်းစားစရာတွေကပေါ်လာပြီလို့တော့ထင်ရ

သည်။နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့လမ်းညွှန်မှုမိန့်ခွန်းတွေနဲ့စာပေစီစစ်ရေး

ရဲ့လုပ်ရပ်တွေကတော့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာတွေရပြီ။၂၀၁၁ခုနှစ်ဩဂုတ်

လ၂၃ရက်နေ့ကျင်းပပြုလုပ်တဲ့ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်၊ဒုတိယပုံမှန်အ

စည်းအဝေးပထမနေ့တွင်ပြောကြားခဲ့သောမိန့်ခွန်းများအနက်မှ“ဒီကနေ့၊ဒီအချိန်ကျွန်

တော်တို့နိုင်ငံမှာပြည်သူလူထုတစ်ရပ်လုံးကတစ်ခဲနက်ထောက်ခံအတည်ပြုပေးထားတဲ့

ဖွဲ့စည်းပုံအခြေခံဥပဒေရှိပါတယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရထွက်ပေါ်လာပြီဖြစ်တဲ့အ

စိုးရရှိနေပါတယ်။အပြန်အလှန်ထိန်းကျောင်းရေးမဏ္ဍိုုင်ဖြစ်တဲ့လွှတ်တော်အရပ်ရပ်ရှိနေပါပြီ။

သီးခြားတည်ရှိနေတဲ့တရားစီရင်ရေးမဏ္ဍိုင်၊ရှိနေပါပြီ။စတုတ္တမဏ္ဍိုင်ဖြစ်တဲ့မီဒီယာ

တွေပိုမိုဖွံဖြိုးလာနေပြီဖြစ်ပါတယ်။ဒီအခြေအနေတွေကိုမယုံကြည်သေးတဲ့သူတွေယုံ ကြည်လာအောင်၊မမြင်ကြသေးတဲ့သူတွေကိုကိုယ်တိုင်ကိုယ်ကျမြင်တွေ့လာအောင်

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ကျွန်တော်တို့အသင့်

ရှိနေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်

ကန်ဥပဒေနဲ့အညီပေးအပ်နိုင်အောင်ကြိုးစားလုပ်ဆောင်နေပြီဖြစ်ပါတယ်”။သမ္မတကြီး

ကဖွံဖြိုးတိုးတက်လာတဲ့မီဒီယာအပေါ်လက်ခံပြီးဒီမိုကရေစီနိုင်ငံတော်ကိုထူထောင်ရာမှာ

မီဒီယာကိုစတုထ္တမဏ္ဍိုင်အဖြစ်ရပ်တည်ခွင့်ပေးထားခဲ့ပြီးဖြစ်ပါတယ်။သို့သော်မြန်မာနိုင်ငံမီ ဒီယာလောကမှာလွတ်လပ်စွာတွေးခွင့်၊လွတ်လပ်စွာရေးခွင့်၊လွတ်လပ်စွာကွဲလွဲခွင့်၊

စသောမီဒီယာနှင့်ဆိုင်သောလွတ်လပ်အခွင့်အရေးများအထင်အရှားပျောက်ဆုံးနေ

သည်ကိုThe  Voice  နှင့် Envoyဂျာနယ်တို့အကန့်အသတ်မရှိယာယီပိတ်သိမ်းခြင်းခံ

ရခြင်းကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။စာပေလွတ်လပ်ခွင့်ကိုစာပေစီစစ်ရေး၊ပြန်

ကြားရေးဝန်ကြီးဌာနမှကျန်ခဲ့ပြီဖြစ်သောခေတ်ဟောင်းမှစနစ်ဟောင်းအတိုင်းကိုင်တွယ်

နေဆဲကာလဆိုတာကိုမီဒီယာလောကသားများဖြစ်သောသတင်းသမားတွေသတိထား

ိုသင့်ပြီ။ပြည်သူများသိသင့်သောသတင်းများကိုရေးသားတင်ပြခွင့်မရခြင်း၊စာဖြင့်ပြောပြ

ချင်သည်များကိုပြောပြခွင့်မရခြင်းသည်မီဒီယာလောကအတွက်မျိုသိပ်စိတ်ကိုဖြစ်ပေါ်

စေသည်။မျိုသိပ်အောင့်ထားခြင်းများလျှင်စိတ်ဓါတ်ဖွံဖြိုးတိုးတက်မှုကိုကမောက်ကမဖြစ်

၍ယိမ်းယိုင်သွာစေသည်ဟူသောကမ္ဘာကျော်ဒသာနိကဗေဒပညာရှင်ဘာထရမ်ရပ်ဆဲလ်

(BERTRANDRUSSELL)ဧ။်ယုံကြည်မှုအတိုင်းပင်မျိုသိပ်မှု၊ဖိစီးမှုများလွန်းလျှင်မီဒီယာ

လောဖွံဖြိုးတိုးတက်မှုယိမ်းယိုင်၍အမှန်တရားများပျောက်ဆုံးပြီးအမှန်တရားကိုမဖော်ပြရဲ

တော့တဲ့အမှားဦးဆောင်သောမီဒီယာလောကဖြစ်သွားနိုင်သည်။(၁.၈.၂၀၁၂)နေ့လည်

(၃)နာရီအချိန်တွင်စာပေစီစစ်ရေးမှအမိန့်အာဏာဖြင့်Envoyဂျာနယ်မှတင်ထားသော

Envoyအင်တာနက်ဂျာနယ်ဝက်(ဘ)ဆိုက်ကိုပါပိတ်ခိုင်းသဖြင့်ဝက်(ဘ)ဆိုက်ပိတ်ပေး

လိုက်ရသည်ကိုသိရှိခဲ့ရသည်။ဒီအခြေအနေတွေကိုမယုံကြည်ကြသေးတဲ့သူတွေလည်း

ယုံကြည်လာအောင်၊မမြင်ကြသေးတဲ့သူတွေကိုလည်းကိုယ်တိုင်ကိုယ်ကျမြင်တွေ့လာ

အောင်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သမ္မတ

ကြီးရဲ့ရည်မှန်းချက်တွေကိုစာပေစီစစ်ရေးကအကောင်အထည်ဖော်ပေးနေသလားမသိ

ပါ။၎င်းတို့ဧ။်အာဏာမှာအွန်လိုင်းပေါ်အထိကျယ်ပြန့်သည်ကိုသိရှိနားလည်ထားရန်လို

ပေသည်။ကမ္ဘာမှာမြန်မာဟေ့လို့မကြွေးကြော်နိုင်သေးပေမယ့်မြန်မာမှာကမ္ဘာကဖန်တီး

ထားတဲ့ကမ္ဘာ့နည်းပညာအပေါ်အထိဩဇာညောင်းတယ်ဆိုတာလက်ခံပေးကြပါ။ပြောင်း

လဲတိုးတက်လာပါပြီဆိုတဲ့မြန်မာမီဒီယာလောကအကြောင်းကိုစဉ်းစားရင်းတွေးရင်းဖြင့်

မေးခွန်းများစွာပေါ်လာခဲ့ရလေသည်။

 

4 comments

  • P chogyi

    August 2, 2012 at 10:53 am

    အမှန်တော့ နိုင်ငံတော်နဲ့ ပြည်သူတွေအကျိုးရှိမယ့်
    သတင်းတွေကိုပွင့်ပွင့်လင်းလင်းရေးသားဖော်ပြတာကို ကြိုက်ပါတယ်။
    အဲဒီလိုမဟုတ်ဘဲ၊ လူစိတ်ဝင်စားအောင် စောင်ရေများအောင်
    တိကျမှုမရှိတဲ့ ကောလဟသ သတင်းတွေ၊ အခြေအမြစ်မရှိဘဲ
    ကိုယ်တိုင်ဝေဖန်ရေးသားချက်တွေရေးပြီး အမြတ်ထုတ်ရင်တော့မကောင်းဘူး
    (ဘယ်သူမှားပြီး၊ ဘယ်သူမှန်တယ်လို့မပြောပါဘူး)

    • silver hero

      August 3, 2012 at 10:19 am

      သတင်းသမားဆိုတာ ကိုယ်ရေးတဲ့သတင်းအပေါ်မှာတာဝန်ယူရပါတယ်။စာနယ်ဇင်းကျင့်ဝတ်
      ကိုလေးစားလိုက်နာရမယ်လို့ရှေးဆရာတွေအဆက်ဆက်ကပြောကြားခဲ့တာတွေရင်ထဲမှာရှိ
      နေပြီးသားပါ။envoyဂျာနယ်သတင်းမှားရေးတယ်ဆိုရင် ဘယ်အချက်မှာမှားရေးတယ်ဆိုတာ
      ရှင်းလင်းဖော်ပြပြီးရေးတဲ့သူကိုအရေးယူပေါ့။စာအုပ်တစ်အုပ်မှာတစ်ကြောင်းအမှားကြောင့်
      တစ်အုပ်လုံးလွှင့်ပစ်ရမယ်ဆိုတာသဘာဝကျပါ့မလား။တိကျမှုမရှိ၊အခြေအမြစ်မရှိ၊ကောလဟာ
      လတွေရေးမယ်ဆိုရင်ကိုယ့်လူရေစိတ်မပူနဲ့စာပေစီစစ်ရေးမှတ်ပုံတင်ဌာနကဒီအတိုင်းကြည့်မနေ
      ပါဘူး။ဝေဖန်တယ်ဆိုတာတတ်တဲ့သူတွေမှလုပ်လို့ရတာပါ။ကိုယ့်လူပြောတာလဲမှန်ပါတယ်
      ခုခေတ်မှာကအမြတ်ထုတ်ချင်တဲ့သူကခပ်များများရယ်။

  • ပင်လယ် ပျော်

    August 2, 2012 at 11:18 am

    အမှန်တကယ်တမ်းက မြန်မာနိုင်ငံမှာ ဥပဒေ (၂) မျိုးပဲရှိပါတယ်..အခုတစ်မျိုးတော်ကြာတော်ကြာတစ်မျိုးပါ…

Leave a Reply