စဉ်းစားစရာလေးများ (၉)…

Ko out of...August 2, 20121min763

၁။ ဘုရားသည် လူ့သံသရာကိုဟောသူမဟုတ်…ကံသံသရာကို ဟောသူဖြစ်သည်…

၂။ လူကိုပိုင်းခြားပြီး အားထုတ်ရမှာမဟုတ်ဘူး…ဒုက္ခကို ပိုင်းခြားပြီး အားထုတ်ရမှာ…

၃။ ဘုရားသည် ဖြစ်လိုက်ပျက်လိုက် အဆက်မပြတ်ဖြစ်ပျက်နေသည့် ရုပ်နာမ် ဒုက္ခကို ဟောသူမဟုတ်…
ကိလေသာ၊ ကံ၊ ဝိပါက် တခုနှင့်တခု အဆက်မပြတ်လှည်ပတ်နေသည့် ဒုက္ခကိုဟော သူဖြစ်တယ်…

၄။ ခံစားချက်အရ အကောင်းပြပေမဲ့…လက္ခဏာအရ မကောင်းတာကို မမြင်ကြလို့ လူတွေ
ဒုက္ခရောက်နေကြရတာပါ…ဘိန်း၊ အရက်၊သူခိုး(ကာမအကုသိုလ်)၊ ပေးကမ်းမှုပေါ်သာယာတဲ့ (ကာမကုသိုလ်) ၊ ရူပါရူပစသည့်အပေါ်မှာ ရစ်မူးတဲ့ လူတွေဟာခံစားချက်အရ သိပ်ကောင်းတာပေါ့…ဒါပေမဲ့ လက္ခဏာကို မမြင်ကြလို့ ဒီဒုက္ခသံသရာက မထွက်နိုင်ဘူး ဖြစ်နေကြရတယ်မဟုတ်လား…

၅။ လက္ခဏူပနိဇ္ဖျာနဈာန် ဆိုတာ ပျက်စီးဆိုးဝါး အစစ လက္ခဏာတွေ ကံပြုသူတွေမှာ
ဖြစ်နေတာကို ချည်းကပ်ရှု့ကြည့်မှုရဲ့ နာမည်ပေါ့…

၆။ သတ္တဝါမြင်၊ ဉာဏ်နှင့်ယှဉ်၊ သိမြင်လက္ခဏာ၊
သတ္တဝါသေ၊ လူမသေ၊ မှတ်လေ အရိယာတဲ့…

၇။ လူဒုက္ခရောက်တယ်ဆိုတာ ပတ်ဝန်းကျင်လောက အပေါ်မှာ အမြင်တွေဖေါက်ပြန်ချို့ယွင်းပြီး တုံ့ပြန်ချက်တွေ လွန်ကျူးတာရဲ့နာမည်ပါဘဲ…

၈။ လူငြိမ်းချမ်းလွတ်မြောက် နိဗာန်ရောက်တယ်ဆိုတာလည်း ပတ်ဝန်းကျင်လောကဖြစ်တဲ့ လူတွေအပေါ်မှာ အမြင်အတွေးတွေ မှန်ကန်ပြီး လျှော်ကန်လျောက်ပတ်တဲ့ တုံ့ပြန်ချက်တွေ
ဖြစ်တာရဲ့ နာမည်ပါဘဲ…

3 comments

  • YE YINT HLAING

    August 2, 2012 at 12:14 pm

    ဖတ်ပီး စဉ်းစားသွားပါတယ်ခင်ဗျား !

  • ရဲစည်

    August 2, 2012 at 3:52 pm

    ဟုတ်အခုလို
    ရှင်းရှင်းလင်းလင်းနဲ့ တွေးစရာတွေ ပေးလာလို့
    ကျေးဇူးအများကြီး တင်ပါကြောင်း

  • မောင်ပေ

    August 2, 2012 at 7:58 pm

    ကိုအောက်အော့ဖ်ရေ
    စဉ်းစားစရာ အကြောင်းတွေ အများကြီး ဖတ်ရပါတယ်
    ကျေးကျေးပါဗျို ့

Leave a Reply